arial" action="like" colorscheme="light">

Sunday, December 21, 2014

လေ့လာမှတ်သား အချက်အလက်များ အပိုင်း-၂

 
ယနေ့ ကြွက်သား ကမ္ဘာတွင် ကြွက်သားများ ကျစ်လစ်သိပ်သည်း ကြီးထွားသူတို့က ဘုရင်ဖြစ်ပြီး ကြွက်သား ဖွံ့ဖြိုးကြံ့ခိုင် ကျစ်လစ် သိပ်သည်းသူများက အချွေ အရံများဖြစ်သည်ဟု ပြောဆိုရေး သားကြသူများရှိသလို ကာယအလှ တည်ဆောက်ရာမှာ ကြွက်သားများ ကြီးထွားသင့် သည်ထက် ကြီးထွားအောင် လေ့ကျင့်တည်ဆောက် ဖို့လိုပါသလား။ အချိုးအစား ညီညွတ်ပြေပြစ် လှပ ခြင်းဆိုသည်ကို မည်သို့ အဓိပ္ပာယ် ဖော်ဆောင်၍ အကဲခတ်ပါ သလောဆိုသည့် အမေးပုဒ်စာနှင့် ငြင်းချက်ထုတ် ပြောဆိုရေးသား ကြသူများလည်း ရှိပေသည်။ ထို အယူဆနှစ်ရပ် သည် ကြွက်သား ကမ္ဘာတွင် ၀ိယောဓိ အသွင်ဆောင် ကျယ်ပြန့်လာသည်မှာ နှစ်ပေါင်း များစွာကြာ ခဲ့ပြီဖြစ်သော်လည်း ယခုအခါတွင် ပိုမို၍ အငြင်းပွားပြော ဆိုလာကြလေသည်။ ယင်းအယူအဆနှစ် ရပ်သည် ရှေးနှစ် ပေါင်းများစွာကပင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ၁၉၄၈ ခု၊ မောင်စကြ်ာဝဠာ ပြိုင်ပွဲတွင် နာမည်ကျော် ကာယဗလမောင် များဖြစ်သည့် ဂျွန်ဂရိ မက်နှင့် စတီးဗ်ရီးဗ်တို့သည် အမှတ်ခြင်း တူနေသဖြင့် ပြန်လည်ရွေး ချယ်ရခြင်းသည် ယင်းအယူ အဆနှစ်ရပ် တည်ရှိမှု၏ သာဓက တစ်ရပ်ဖြစ်ကြောင်း လေ့လာမိပေသည်။ ဂျွန်ဂရိမတ်၏ ကိုယ်ကာယ တည် ဆောက်မှုသည် ကြီးထွားကြံ့ခိုင်မှုအား သာပြီး စတီးဗ်ရီးဗ်၏ ကိုယ်ကာယပညာ တည်ဆောက်မှုသည် ဖွံ့ဖြိုးကြံ့ခိုင် ပြေပြစ် လှပခြင်းပင် ဖြစ်သည်။ ထိုနှစ်မျိုးနှစ်စားကို အကဲခတ် ဆုံးဖြတ်ရာတွင် ဒိုင်လူကြီးများ၏ သဘောထားအမြင် အားပြိုင်နေကြောင်း အထင်အရှားတွေ့ မြင်ရလေသည်။ သို့ဖြစ်၍ ထိုစဉ်အခါကပင် ထိုအယူအ ဆနှစ်ရပ်၏ ၀ိယောဓိ ဖြစ်မှု တည်ရှိနေပေသည်။
ကာယဗလမောင် ပြိုင်ပွဲများ၌ အကဲခတ်ဆုံးဖြတ်ရွေး ချယ်ရာတွင် တည်ဆောက်မှု အပိုင်းနှင့် တင်ပြမှုအပိုင်း တို့အပေါ် အခြေခံ ရွေးချယ်ခြင်းဖြစ်လေသည်။

တည်ဆောက်မှုအပိုင်းတွင် -
၁။ အရပ်အမောင်းအလိုက် ကိုယ်ကာယဖွံ့ဖြိုးကြံ့ခိုင်ကြီးထွားမှုရှိခြင်း
ခြေသလုံးကြွက်သားမှ လည်ပင်း ကြွက်သားအထိ ကြွက်သားများ အစိတ်အပိုင်းအလိုက် ဖွံ့ဖြိုးကြီးထွားခြင်း ဖြစ်သည်။
၂။ ကိုယ်ကာယ အချိုးအစား ညီညွတ်ပြေပြစ်ခြင်း
ခါးအပေါ်ပိုင်း ရင်အုပ်၊ ကျောပြင်၊ လက်မောင်း၊ လက်ဖျံ၊ လည်ပင်း စသည်တို့နှင့် ခါးအောက်ပိုင်း ပေါင်၊ ခြေသလုံး၊ တင်ပါး စသည့် ကြွက်သား အစိတ်အပိုင်းများ ဖွံ့ဖြိုးကြီးထွားမှု အချိုးအစား ညီညွတ် ပြေပြစ်ခြင်းဖြစ်သည်။ ထပ်မံ အနုစိတ်ရသော် (ဥပမာ) ပေါင်ရင်းပေါင်ဖျား ရှေ့နောက်ဘေးရှိ ကြွက် သားများ ရင်အပ် ကျယ်ပြန်မှု အပေါ် အောက်၊ ဒု မို့မောက်မှုနှင့် လက်မောင်းရှေ့ သား နောက်သား မောင်းအိုးရှေ့နောက်ဘေး စသည်တို့ ညီ ညွတ်ပြေပြစ်ခြင်း ဖြစ်ပေသည်။

၃။ ကြွက်သားများ ဖွံ့ဖြိုး ကြီးထွား ကျစ်လစ် သိပ်သည် ကွဲပြားပေါ်လွင် ပြတ်သားမှုရှိခြင်း။
အစိတ်အပိုင်း လိုက်ရှိ ကြွက်သားများအားလုံးသည် ဖွံ့ဖြိုးကြီးထွားမှုနှင့် အတူ ကျစ်လစ် သိပ်သည်းခြင်း၊ ကြွက်သား တစ်ခုနှင့်တစ်ခု ကွဲပြားပေါ်လွင်ပြတ် သားခြင်းဖြစ်၏။ အဆီများ ဖုံးလွှမ်းမှုရှိပါက ကွဲပြားပေါ် လွင်ခြင်းနှင့် ကျစ်လစ် သိပ်သည်း မှုများ အားနည်းခြင်းဖြစ်ပေ သည်။
တင်ပြမှုအပိုင်းတွင် -
(က) သတ်မှတ် ကိုယ်ဟန်ပြ (၇)မျိုး ပြသခြင်း။
( ခ) မိမိကြိုက်နှစ် သက်ရာ ကိုယ်ဟန်များ (၉၀ စက္ကန့်) ပြသခြင်းတို့ ဖြစ်ပေသည်။ သတ်မှတ်ကိုယ်
ဟန်ပြ (၇)မျိုးသည် အခြေခံတည်ဆောက်မှု ပြည့်စုံခြင်း ရှိမရှိကို အကဲခတ်ခြင်းဖြစ်၍ ကြီးထွား သည်ထက်ကြီးထွားသူများရော၊ အဆင့်မီ ဖွံ့ဖြိုးကြီးထွားပြေပြစ်သူများအားလုံး မပြမနေရ တင်ပြ မှုဖြစ်ပေသည်။ ကြိုက်နှစ်သက်ရာ ကိုယ်ဟန်ပြသည် မိမိတို့၏ တည်ဆောက်ထားမှု အရည်အသွေး တို့ကို ပေါ်လွင်အောင်၊ အချိုးကျ၊ ပြေပြစ် လှပအောင် တင်ပြခြင်းဖြစ်လေသည်။

ကာယဗလလေ့ ကျင့်တည်ဆောက် မှုတွင် ကြွက်သားများ ကြီးထွားသည် ထက်ကြီးထွားပြီး အတုံးလိုက်၊ အတစ်လိုက် ပေါ်လွင်ပြတ် သားအောင် လေ့ကျင့်မှု အပိုင်းနှစ်ပိုင်း ဖြစ်ပေါ်နေသလို အကဲခတ် ဆုံးဖြတ်သူတို့နှင့် ၀ါသနာရှင် များကလည်း အပိုင်းနှစ်ပိုင်း၊ ဘက်နှစ်ဘက်တွင် အားပြိုင် လျက်ရှိပေသည်။ ယင်းအယူ အဆ၏ အငြင်းပွားမှုသည် အထူးသဖြင့် ကာယကံရှင်၏ အငြင်းပွားမှုသည် ကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာတော့မည့် အရိပ်လက္ခဏာ များပေါ် ပေါက်လျက်ရှိ၏။ အငြင်းပွား မကျေနပ်မှုသည် ကြီးထွား လာနိုင်ပေသည်။ အဘယ့်ကြောင့် ဆိုသော် ဆုကြေးစား ပြိုင်ပွဲများ၏ ချီးမြှင့်ငွေသည် မက်မောဖွယ်ရာ ဒေါ်လာ သိန်းသောင်းချီ၍ ရသော ကြောင့်ပင်ဖြစ်၏။ ထို့အပြင် ဈေးကွက် စီးပွားရေး စနစ်၏ ကြော်ငြာ အခန်းကဏ္ဍတွင် ရေပန်းစား အားကစားသမားတို့၏ တန်ဖိုးသည်လည်း အရေးပါ အရာရောက်သောကြောင့် ဖြစ်တော့သည်။
ကာယဗလ ဖွံ့ဖြိုးကြံ့ခိုင်မှုကို ရှေးရာစုနှစ်ပေါင်း များစွာကပင် လူသားတို့သည် နှစ်သက်မြတ်နိုး တန်ဖိုးထားကြ သည်။ စက်မှုသိပ္ပံခေတ် မတိုင်မီခေတ်များက ဆိုလျင် ကာယဗလကြံ့ခိုင် သန်စွမ်းမှုသည် လူသားတို့ အသက်ရှင် နေထိုင် နိုင်ရေးအတွက် အဓိကလိုအပ်ချက် တစ်ရပ်ဖြစ်ခဲ့လေ သည်။ ကာယဗလကို ရှုဒေါင့် အမျိုးမျိုးမှ ပုံဖော်ကြသည်။ ကာယဗလအလှ တည်ဆောက်မှု အားကစားသည် အနုပညာ ယှက်နွယ် ပါဝင်မှုရှိသည်နှင့်အမျှ အနုပညာ ကမ္ဘာ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်၊ ဂီတ စသည့် နယ်မြေတို့နှင့် ဆက်သွယ်ပေါင်းကူး မှုများလည်း ရှိပေသည်။ အီတလီနိုင်ငံရော မမြို့ရှိ ကမ္ဘာကျော် ပန်းချီ၊ ပန်းပု၊ အနုပညာရှင်များ ၏ ပန်းချီကားချပ်များ၊ ကျောက်ဆစ်ပန်း ပုရုပ်ထုများက အထင်အရှား သက်သေ သာဓကများပင်ဖြစ်လေ သည်။ ရှေးနှစ်ပေါင်း များစွာကပင် ကာယဗလအလှ၏ အကျိုး သက်ရောက်မှုသည် စံနှုန်း တစ်ရပ် အဖြစ် တည်ရှိခဲ့လေသည်။ ရှေးနှစ်ပေါင်း များစွာကပင် ကာယဗလ အလှတည်ဆောက်မှုကို ရှုဒေါင့်နှစ်မျိုး၊ ခံစားမှုနှစ်ရပ်ရှိကြောင်း ရောမခေတ်ကျောက် ဆစ်ရုပ် ထုများနှင့် ပန်းချီကားချပ်များကို ပိုင်းခြား စိပ်ဖြာ လေ့လာ ဆန်းစစ်ပါက တွေ့ရှိရမည်ဖြစ်သည်။ ကြွက်သားကြီး ထွားမှုကို အလေးပေး ဖွဲ့စည်းထားသည့် ကျောက်ဆစ်ရုပ် ထုများနှင့် ကြံ့ခိုင်ဖွံ့ဖြိုး မှုနှင့်အတူ ပြေပြစ်လှပမှုကို အခြေပြု ဖွဲ့စည်းထားသည့် ပန်းချီ၊ ပန်းပု ရုပ်ထုများ တွေ့မြင်ရလေ သည်။ ကာယဗလအလှ တည်ဆောက်မှုတွင် ကမ္ဘာကျော် ပန်းချီ၊ ပန်းပု အနုပညာရှင် ကြီးများပင် ခံစားဖွဲ့စည်းမှု မတူ ကွဲပြားခြားနားကြောင်း ပြဆိုလျက်ရှိပေသည်။ တူညီသောအချက်ကား ကာယဗလအလှ အဖွဲ့စည်း တည်ဆောက်ခြင်း ပင် ဖြစ်လေသည်။

ကာယဗလအလှမောင် မယ်ပြိုင်ပွဲများသည် ယခုအခါ တွင် ကာယဗလကြွက်သားဘုရင် ဗိုလ်လုပွဲအသွင် ဆောင်လျက်ရှိပေသည်။ ထို့ကြောင့် ကြွက်သား၊ ကြီးထွားသည် ထက် ကြီးထွားသူတို့က ဘုရင်၊ ကာယဗလ အလှကြီး ထွားသူတို့က အချွေအရံဆိုသည့် ပြော ဆိုရေးသား အငြင်း ပွားမှုများ ပေါ်ထွက်လာခြင်းဖြစ်သည်။ ၁၉၈၀ ပြည့်လွန်နှစ် များ (၁၉၈၀-/၉၀ ဆယ်စု တစ်ခေတ်)က ကာယဗလ အလှမောင်များကို အကဲခတ် ဆုံးဖြတ်ရွေးချယ်ရာတွင် ကြွက်သားများ ကြီးထွားပေါ် လွင်ပြတ်သားမှုနှင့် ပြေပြစ်လှပမှု တို့ကိုအချိုးညီနှုန်း စံထားရှိ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အာနိုး၊ ဖရန့်ဇိန်း၊ ဆာဂျီယို အိုလီဖာ၊ ဖရန်ကို ကိုလံဘူ စသူတို့ အောင်ပွဲခံ ခဲ့ပေသည်။ မျက်မှောက်ခေတ်တွင် ကာယဗလ အလှ ပြိုင်ပွဲများ၌ ပြေပြစ်လှပ ခြင်းနှုန်းစံထက် ကြွက်သားများ ကြီးထွား မှုနှုန်းစံကို အလေးပေးရွေးချယ်လျက်ရှိပေသည်။ နာမည်ကျော် ထိပ်တန်းကာယဗလမောင်များဖြစ်ကြသည့် ဒိုရီယံရိတ်စ်နှင့် ရှောင်ရေးတို့၏ ကာယဗလအလှတည်ဆောက်မှုဖြစ်စဉ်ကို ပိုင်းခြားစိပ်ဖြာဆန်းစစ်ပါက ထိုအဖြစ်ကို တွေ့မြင် ရမည်ဖြစ်ပေ သည်။ ရှောင်ရေးသည် မောင်အိုလံပီယာ ပြိုင်ပွဲများတွင် စတုတ္ထ၊ တတိယ အဆင့်မှ ဒုတိယအဆင့် အထိ တက်လှမ်းနိုင် ခဲ့သော်လည်း ဒိုရီယန်ဆိုသော အုတ်တံတိုင်းကြီးကို မကျော်နိုင်ပဲ ဒုတိယ ၊တတိယ နေရာ၌သာပင် ရပ်တည်နိုင်ခဲ့သည်။ ဒိုရီယံ၏ ကာယဗလကို ချစ်မြတ်နိုးကြသူများက ကမ္ဘာဦး
ဒိုင်နိုဆောလ်သတ္တ၀ါကြီးများဖြင့်လည်းကောင်း၊ ကျောက်ဆောင်ကျောက်တောင်ကြီး တို့ဖြင့်လည်းကောင်း တင်စားပြောဆိုခဲ့ကြလေသည်။ တွေ့မြင်ခံစားချက်မှ ပေါ်ထွက်လာသော တင်စားမှုများဖြစ်၍ ဒိုရီယံ၏ ကာယဗလ ကြွက်သား ထုထည်ပမာဏ သည် ပြေပြစ်လှပခြင်း အချိုးရာနှုန်း ထက် ကြီးထွားခိုင်ခန့်မှု ရာနှုန်းက လွှမ်းမိုးလျက် ရှိခဲ့သည်မှာ ထင်ရှားလှပေသည်။
- ကြွက်သားကြီး ထွားသည်ထက် ကြီးထွားသူတို့ကသာ ဘုရင်ဖြစ်နိုင်သလား ……။
- ကြွက်သား အဆင့်မီ ကြီးထွားမှုနှင့် ပြေပြစ်လှပသူတို့က အချွေအရံပဲ ဖြစ်ရမှာလား …..။
– ကာယဗလအလှ လေ့ကျင့်တည်ဆောက် ရာမှ ကြွက်သားများ ကြီးထွားသင့်သည်ထက် ကြီးထွားအောင် လေ့ကျင့်သင့်ပါ သာလား …..။
- ကြီးထွားမှုနှင့် ပြေပြစ်လှပခြင်းတို့ ပေါင်းစပ်မှု အချိုးအစား မည်သို့ ရှုမြင်အကဲခတ် ဆုံးဖြတ်ပါသလဲ …..။

စသည့် စသည့် အမေးပုဒ်စာတို့ဖြင့် ပြောဆိုရေးသား အငြင်းပွားလျက် ရှိပေသည်။ နိုင်ငံတကာ ကာယဗလ မောင်ပြိုင် ပွဲများသည် ယခု မျက်မှောက်ခေတ် အကဲခတ် ဆုံးဖြတ်ရွေးချယ်ရာ၌ ကြွက်သားများ ကြီးထွားသည်ထက် ကြီးထွားသူတို့က အခွင့်အလမ်း သာခဲ့သည် ကတော့ ဓိဋ္ဌဓမ္မပင်ဖြစ်လေ သည်။ နှစ်တွေခေတ်တွေပြောင်း လာသည်နှင့် အမျှ တွေ့မြင် ခံစားချက်တို့ ပြောင်းလဲ လာသောကြောင့် စနစ် စနစ်တို့သည်လည်း ပြောင်းလဲ လာခဲ့ခြင်းဖြစ်ပေသည်။ အမျိုးသမီးတို့၏ အလှတရားကို ခံစားရာတွင် မျက်မှောက်ခေတ် သည် ရှေးခေတ်များနှင့် မတူချေ။ ဟန်မူယာ နွဲ့နွဲ့နောင်းနှင့် ခြေတစ်လှမ်း ကုဋေတစ်သန်း တန်သည့် အလှခံစားမှုမျိုး မဟုတ်တော့ချေ၊ အားနှင့်အလှ ခံစားမှုကို ဖွေရှာနေကြလေသည်။ အမျိုးသမီး ဘောလုံးပြိုင်ပွဲများ၊ ဘောလီဘောပြိုင်ပွဲများ၊ အလေးမပြိုင်ပွဲများ၊ ကာယအလှမယ် ပြိုင်ပွဲများ၊ ကာယ ဗလမယ်ပြိုင်ပွဲများ စသည့် နိုင်ငံတကာ အမျိုးသမီး အားကစားပြိုင်ပွဲများ ဖွံ့ဖြိုးတိုးတက်ဖို့က အားနှင့်အလှ ဖွေရှာမှုသာဒက များပင်ဖြစ်ပေသည်။
မည်သို့ပြင်ဖြစ်စေ၊ ယနေ့ ကြွက်သား ကမ္ဘာနှင့် ဖြစ်ပေါ် တိုးတက်ပြောင်းလဲ မှုများကို မိမိတို့ မျက်ချေ မပြတ် စူးစမ်းလေ့ လာကြရမည်ဖြစ်သည်။ မိမိနှင့် ရင်ဘောင် တန်းပြေးနေသူများအား မိမိက မျက်စေ့ တစ်မှိတ်ကလေး ရပ်လိုက်ပါက ထိုသူများသည် မိမိနှင့်မည်မျှ အလှမ်းဝေးသွား မည်ကို မြင်တွေ့ရ မည်ဖြစ်သည်။ ယနေ့ ကမ္ဘာကြီးသည် လျင်မြန်သော အရှိန်နှုန်းဖြင့် တိုးတက်ပြောင်း လဲလျက်ရှိပေသည်။ တစ်နေ့ တစ်လံ ပုဂံ ဘယ်ပြေးမလဲဆိုသည့်ထုံး နှလုံးမူပြီး မပြေးသော် ယနေ့ ခေတ်နှင့် အမှီတိုး တက်နေသော ရှေ့ကိုပြေးနေ သည့်နိုင်ငံ တကာကို အမှီ လိုက်နိုင်မည်ဟုတ်ပေ။ မာရသွန် သက်လုံမွေး၍ မီတာ(၁၀၀)အပြေးစံနှုန်းဖြင့် ကြိုးပမ်း ကြရမည်ဖြစ်သည်။ ထို့ကြောင် ယနေ့ ပြိုင်ပွဲဝင် ကာယဗလ မောင်များ၊ မယ်များသည် မိမိတို့ နိုင်ငံတွင်း အောင်မြင်မှုများ ရရှိနေသည်ကို တင်းတိမ်ရောင့်ရဲပြီး ဆက်လက်ကြိုးပမ်း အားထုတ်မှု များ မပြုလုပ်ပဲ ၀ါးလုံးခေါင်းထဲ လသာနေပါက နိုင်ငံတကာ တွင် ၀င်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် စိတ်ဓာတ် အားမာန် အပြည့်ဖြင့် ကြိုးပမ်းလေ့ ကျင့်ပြီး နိုင်ငံတကာ တွင်အောင်မြင်မှု ပန်းတိုင် အထွတ် အထိပ်သို့ ရောက် ရှိနိုင်စေရန် ရည်ရွယ်ပြီး ကြိုးစား တင်ဆက်ရေး သားပေးလိုက်ခြင်း ဖြစ်ပါသည်။
အောင်အောင်(လှိုင်)
aungaung.aung24@gmail.com

No comments:

Post a Comment