arial" action="like" colorscheme="light">

Thursday, June 26, 2014

ဘယ်တစ်ခုရွေးမလဲ

 
ကာယလေ့ကျင့်ခန်းပြုလုပ်ရန်အတွက်လေ့လာရန်အားကစားခန်းမများသို့ ဝင်ရောက်စုံစမ်းလျင်ပထမ
ဆုံးကြုံရသည့်အဖြစ်အပျက်တစ်ခုမှာ၊ထိုသင်တန်းတွင်လေ့ကျင့်ကစားနေသောကစားသမားများသည်
အလေးမဆန့် မပြဲမကာငယ်သံပါအောင်အော်ဟစ်ပြီးခန္ဓာကိုယ်ကိုနတ်ဝင်သည်လိုရှေ့ နောက်ဘယ်
ညာတိမ်းရင်းယိမ်းရင်းလေ့ကျင့်နေကြသည်ကိုအထူးအဆန်းသဖွယ်မြင်ဖူးကြပေလိမ့်မည်ဖြစ်သည်။
ယခုဆောင်းပါးသည်ထိုသရုပ်ပျက်၊rocker ကစားသမားများ၏လုပ်ဆောင်ချက်ထိရောက်မှုရှိမရှိ
သုတေသနပြုထားသောဆောင်းပါးဖြစ်သည်။
အလေးဖြင့်လေ့ကျင့်ခန်းပြုလုပ်မည်ဆိုပါက၊ အလေးဖြင့်လှုပ်ရှားမှုအချိန်အဆ(range of motion)
ကိုသိထားရမည်ဖြစ်သည်။ဥပမာ-ရင်အုပ်တွန်းသည်ဆိုပါကအလေးတန်းကိုရင်အုပ်နှင့်ထိနေရာမှအ
ပေါ်သို့ တဖြည်းဖြည်းခြင်းညှစ်တွန်းပြီးလက်တစ်ဆန့် အရောက်တွင်ခဏထိန်းကာအလေးကိုဖြည်း
ဖြည်းခြင်းရင်အုံနှင့်ထိသည်အထိပြန်ချခြင်းကိုအပြည့်အ၀ချိန်ဆလေ့ကျင့်ခြင်း (full range of motion) ဟုခေါ်သည်။ဤစနစ်ဖြင့်လေ့ကျင့်ပါကအလေးများများမနိုင်မည်မဟုတ်ပါ။သို့ သော်
ကြွက်သားများပိုမိုလှပပုံစံကျစွာပေါ်လွင်လာမည်ဖြစ်သည်။ဂျင်မ်များတွင်တွေ့ ရတတ်သည့်
အလေးမဆန့် မပြဲပုံမကျပန်းမကျ၊လှုပ်ရှားမှုတစ်ဝက်တစ်ပျက်လေ့ကျင့်ခြင်းကို (partial or shorter range of motion) ဟုခေါ်သည်။ထိုစနစ်သည်အလေးများများပို၍မနိုင်သည်ဖြစ်သည့်အတွက်လူသစ်
များပို၍သဘောကျတတ်ကြသည်။ဤစနစ်သည်အခန့် မသင့်ပါကဒဏ်ရာအလွယ်တကူရစေနိုင်သည်။
More weight =More muscle ဟူသောအဆိုကလည်းရှိပြန်ရာမည်သည့်စနစ်ဖြင့်လေ့ကျင့်ရမည်
နည်းဟူသောမေးခွန်းသည်၊ကစားသမားများအကြားဒွိဟအဖြစ်စေနိုင်ဆုံးသောမေးခွန်းတစ်ခု
ဖြစ်မြဲဖြစ်နေရခြင်းဖြစ်သည်။
ထိုမေးခွန်း၏အဖြေအတွက်၊သုတေသီများကရက်သတ္တပါတ်ရှစ်ပါတ်အကြာ၊ကစားသမားများကိုအုပ်စု
နှစ်စုခွဲပြီးလေ့လာကြည့်ရာ၊ဖော်ပြအံ့သောရလာဒ်များထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။Full range of motion ဖြင့်လေ့ကျင့်သူများသည်အလေးများများစားစားမနိုင်သော်လည်း၊ကြွက်သားအပေါ်အလေး
ဝန်ဖိအားပေးချိန်ကြာသည့်အတွက်ကြွက်သားမျှင်များကြီးထွားမှုပိုမိုလွယ်ကူသည့်အပြင်၊သန်စွမ်းမှု
လည်းတိုးလာနိုင်ကြောင်းတွေ့ ရှိရသည်။Short range of motion ဖြင့်လေ့ကျင့်သူများသည်အဓိက
အားဖြင့်ခွန်အားပိုမိုသန်စွမ်းလာပြီးကြွက်သားကြီးထွားမှုအပေါ်သက်ရောက်မှုအနည်းငယ်သာရှိသည်
ကိုလည်းတွေ့ ရှိရသည်။
ထို့ ကြောင့်ခန္ဓာကိုယ်ကြီးထွားလိုသူများသည်၊လူအထင်ကြီးစေရန်အလေးများများဖြင့်တစ်ဝက်တစ်
ပျက်မကစားဘဲစနစ်တကျသာလေ့ကျင့်သင့်ပါကြောင်း၊တက်ကြွမှုသက်သက်ဖြင့်ရွှေသမင်အလိုက်
မမှားမိစေရန်တင်ပြလိုက်ရခြင်းဖြစ်ပါသည်။


ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
 Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com

No comments:

Post a Comment