arial" action="like" colorscheme="light">

Sunday, June 1, 2014

စားသုံးသင်.သောအစားအစာ(၂)မျိုး



ကျန်းမာရေးနှင်.ညီညွတ်ပြီးစားသုံးရန်သင်.လျှော်သောအစားအစာ(၂)မျိုးမှာဆန်လုံးညိုနှင်.ဖရဲသီးတို.ဖြစ်ပါ
သည်။ဆန်လုံးညိုသည်ကိုယ်တွင်းအင်ဆူလင်ပမာဏပုံမှန်ဖြစ်စေသည်။၎င်းတွင်အမိုင်နိုအက်ဆစ်တစ်
မျိုးဖြစ်သော gamma –aminobutyric မြင်.မားစွာပါဝင်ပြီး GH ကြီးထွားဟိုမုန်းအဆင်.ကို ၄၀၀%ခန်.အထိမြင်.တက်စေပါသည်။ဆန်လုံညိုကိုရေခမ်းမချက်ခင်(၂)နာရီခန်.ရေပူဖြင်.စိမ်ထားပါကပါ
ဝင်နေသောအာဟာရများပြည်.၀စွာရရှိနိုင်ပါသည်။ဆန်လုံးညိုသည် ကာဒီရို လေ.ကျင်.ခန်းများအတွက်ကောင်းမွန်သောအစာအာဟာရတစ်မျိုးဖြစ်ကြောင်းLouisiana State University ၏(၆ ပတ်အကြာသုတေသနပြုချက်များအရ) “Nutrition Research” February 2008 တွင်ထုတ်ပြန်ခဲ.ပါသည်။
ဆန်လုံးညို(၁ခွက်)တွင်ပါဝင်သည်များကိုဖော်ပြရသော်
ကယ်လိုရီ ၂၁၈
ပရိုတင်း ၅ ဂရမ်
ကာဗိုဟိုက်ဒရိတ် ၄၆ ဂရမ်
အဆီ ၂ ဂရမ်စသည်တို.ပါဝင်ပါသည်။နောက်ထပ်စားစရာသစ်သီးတစ်မျိုးဖြစ်သော
ဖရဲသီးကိုအချိန်မရွှေးစားသုံးရန်သင်.သကဲ.သို. လေ.ကျင်.ခန်းပြုလုပ်ပြီးအချိန်များတွင်စားသုံးရန်လည်းသင်
.တော်ပါသည်။၎င်းတွင်Amino Acid citrulline မြင်.မားစွာပါဝင်ပြီး ထိုမှတစ်ဆင်.သန်မာခြင်းကိုအားပေးသောကြီးထွားမှုကိုအထောက်အကူပြုသောArginine သို.ပြောင်းပေးပါသည်။Arginine များစွာပါဝင်ခြင်းသည်GH ကြီးထွားဟိုမုန်းနှင်.Nitric Oxide တို.ကိုမြင်.တက်စေသည်။ကြွက်သားများသို.သွေးများပိုမိုစီးဆင်းစေပြီး ပြန်လည်အားပြည်.မှုနှင်.ကြီး
ထွားခြင်းကိုများစွာလျှင်မြန်စေပါသည်။
ဖရဲသီးစိပ် (၂)စိပ်တွင် ပါဝင်သည်များမှာ
၁၇၂ ကယ်လိုရီ
၎ ဂရမ် ပရိုတင်း
၁ ဂရမ် အဆီ
၃ ဂရမ် citrulline စသည်တို.ပါဝင်ပါသည်။ ဖော်ပြခဲ.သောအစားအစာ(၂)မျိုးတွင် ဖရဲသီးသည်လေ.ကျင်.ခန်းများပြုလုပ်ပြီးစားသုံးသင်.သောစားစရာအသီးတစ်မျိုးဖြစ်ပါသည်။ကျန်စားစရာ
တစ်မျိုးဖြစ်သောဆန်လုံးညိုကိုမူ နေ.လည်စာ၊ညစာစသည်အချိန်များတွင်အခြားသောအာဟာရပြည်.၀သော
အစားအစာများနှင်.တွဲဖက်စားသုံးသင်.ပါသည်။
Ref :Healthy foods to eat from foods resources
ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများကိုအစဉ်လေးစားလျှက်-
စိုင်းသီဟကျော်စန်း


email---thihakyawsan@gmail.com
phone----၀၉-၅၂၄၀၁၄၅
http://www.facebook.com/thihakyawsan




No comments:

Post a Comment