arial" action="like" colorscheme="light">

Thursday, June 6, 2013

အခက်အခဲများနှင့်Sea Games ကာယဗလလမ်း


ကျွန်တော်တို့ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲကြီးဟာ တဖြည်းဖြည်းနဲ့ နီးကပ်လာပါပြီ။ ပြိုင်ပွဲ အကြို လှုံဆော်မှု တေးသီချင်းများလည်း တီဗီ ဖန်သားပြင်ပေါ်ကနေ့ ညစဉ် ကြားမြင်နေရပါပြီ။ ပြိုင်ပွဲ အတွက် စခန်းသွင်းလေ့ကျင့်မှု အစီအစဉ်များလည်း ထုတ်လွင့်ပေးနေတာ တွေ့ရပါတယ်။အရှေ့တောင် အာရှ ( ၁၀ )နိုင်ငံမှာ အိမ်ရှင် အဇြစ် အများဆုံးကို ထိုင်းနိုင်ငံက ( ၆ ) ကြိမ် လက်ခံကျင်းပဖူးပါတယ်။ ယနေ့ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲလို့ နာမည်မပြောင်းလဲခင် ကွှန်းဆွယ် အားကစား ပြိုင်ပွဲ နာမည်နဲ့တုန်းက ( ၃) ကြိမ် နှင့် နာမည်ပြောင်းလဲပြီး နောက်ပိုင်း ( ၃ ) ကြိမ် စုစုပေါင်း ( ၆ )ကြိမ်ပါ။ မလေးက ဒုတိယ အများဆုံးနှင့် နာမည် မပြောင်းခင် ( ၂ ) ကြိမ ပြောင်းပြီး  ( ၃ )ကြိမ် စုစုပေါင်း ( ၅ ) ကြိမ်ပါ။အခြား အင်ဒိုနီရှား နှင့် မြန်မာ နိုင်ငံတို့လည်း အိမ်ရှင် အဖြစ် လက်ခံ ကျင်းပဖူးပါတယ်။ အရှေ့ တီမော နိုင်ငံကတော့ ၂၀၀၃ ဆိးဂိမ်းစ် မှ စ၍ ပါဝင် ယှဉ်ပြိုင်လာခဲ့ပြီး ယနေ့ အချိန်ထိ အိမ်ရှင် အဖြစ် ကျင်းပခွင့် မရရှိသေးပါဘူး။ဘယ်လိုပဲဖြစ်ဖြစ် အိမ်ရှင် ဆိုတာ တပန်းသာနေတာတော့ အမှန်ပါ။ ဒါကြောင့် လည်း ယခုလိုမျိုး အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခွင့်ရချိန်မှာ အခွင့်ကောင်းကို လက်လွတ်မခံပဲ မိမိတို့ အစွမ်း ကို ပြသသင့်ပါသည်။အခြား နိုင်ငံများဧ။် အလယ်တွင် မြန်မာ ဟေ့လို ရိုးရိုးသားသား နှင့် ယှဉ်ပြိုင်ပြီး အောင်လံကို ဆွတ်ခူး အောင်သရဖူ ကို သိမ်းပိုက်လိုစိတ်များ မွေးမြူ၍  ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီး ခိုင်မာသော စိတ်ဓာတ်ဖြင့် ပြိုင်ပွဲကို ထူးထူးချွန်ချွန် နှင့် နိုင်ငံတကာ အလယ်တွင် ရဲရဲဝံ့ဝံ့ ယှဉ်ပြိုင်နိုင်ရန် လိုအပ်သည်ဟု ထင်မြင်မိပါသည်။နိုင်ငံတော်မှလည်း လိုအပ်သည့် အကူအညီများ ပေးအပ်ပြီး ထူးချွန်သည့် လက်ရွှေးစင်အားကစား သမား များကို စခန်းသွင်းလေ့ကျင့်ပေးနေပါသည်။ အားကစား သမားများ အနေနှင့်လည်း မိမိတို့ နိုင်ငံဧ။် ဂုဏ်ကို မြင့်တင့်ရန် အားကစားစိတ်ဓာတ် အပြည့်နှင့် ယှဉ်ပြိုင်သင့်ပါသည်။

မိမိ တာဝန်သည် နိုင်ငံတော်အတွက် ရွှေတံဆိပ် ဆွတ်ခူးပေးနိုင်ရန် ဖြစ်သည်။ ရင်လောက်မှန်းမှ ဒူးလောက် တော်ကာကျမည် ဖြစ်သည်။ တစ်ဖက် အားကစားသမားများ အပေါ် အထင်သေးစိတ်ထားပြီး လျှော့မတွက်မိဖို့ အရေးကြီးသလို တစ်ဖက် အားကစားသမားကို နစ်နာလိုသည့် အပြု အမှု အပြောအဆိုမျိုးကိုလည်း တတ်နိုင်သရွှေ့ ရှောင်ကျဉ်သင့်ပါသည်။ ကိုယ်တစ်ယောက်ကြောင့် တစ်နိုင်ငံလုံးဧ။်  သိက္ခာကို ထိခိုက်စေမည့် အပြု အမူမျိုးကို ရှောင်ရှားသင့်ပါသည်။ ဘာမဟုတ်သည့် ပြည်တွင်း ဘောလုံးပြိုင်ပွဲ အချို့တွင်ပင် တစ်ဖက် တစ်သင်းနှင့် တစ်သင်း မကြားဝံ့မနာသာ အပြောအဆိုများ အပြုအမူများ ကို ကြားနာနေရသည်မှာ အမှန်ပင်ဖြစ်သည်။ထိုကဲ့သို အပြုအမှုမျိုးကို ပြိုင်ပွဲဝင်များသာမက ပရိသတ်များလည်း သတိပြုသင့်ပါသည်။ယခုနှစ် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည့် မြန်မာနိုင်ငံတွင် မြန်မာရိုးရာအားကစား နည်း အချို့ နှင့် အရှေ့တောင် အာရှ အားကစားနည်းအချို့ ထည့်သွင်းခဲ့သော်လည်း အိမ်ရှင် ဖြစ်သည့် မြန်မာနိုင်ငံဧ။် အခွင့်အရေးဖြစ်သည့် စိတ်ကြိုက် အားကစားနည်း အချို့ ထည့်သွင်းမှု အပေါ် ဖိလစ်ပိုင် နိုင်ံက အပြင်းအထန် ကန့်ကွက်ပြီး  ၅၀ ထက်မပိုသော အားကစားသမား ဦးရေသာ စေလွတ်မည်ဟု အတိအလင်း ပြောကြားလိုက်သည်။ ယခင် အင်ဒိုနီးရှား တွင် ကျင်းပစဉ်က အားကစားသမားဦးရေ  ၅၀၀ ကျော်ဖြင့် ယှဉ်ပြိင်စေခဲ့သော်လည်း  မြန်မာနိုင်ငံဧ။် အားကစား ရွှေးချယ် ကျင်းပမှု အပေါ် မကျေနပ်၍ ဖြစ်ကြောင်း ဖိလစ်ပိုင် အားကစား ကော်မရှင် ဥက္ကဌ ရစ်ချီဂါဆီယာ ထုတ်ဖော်ပြောကြား လိုက်သည်။ မကျေနပ်ရသည့် အကြောင်းရင်းမှာ အိုလံပစ် အားကစားနည်း ဖြစ်သည့် တင်းနစ် ၊ ကျွမ်းဘား ၊ သဲသောင်ပြင် ဘောလီဘော တို့ကို ချန်လှပ်ပြီး မြန်မာရိုးရာ ခြင်းလုံးအားကစား နှင့် ကာယဗလ အပါအ၀င် အချို့ အားကစား အချို့အပေါ် မကျေနပ်၍ ဖြစ်သည်။ ကျွန်တော်တို့ ကာယဗလ အားကစားကတော့ နေရာတကာ ငပွကြီး လို့ ဆိုရလောက်အောင်  လူမုန်းများနေသော အားကစား ဖြစ်နေပြီလား ဒါမှမဟုတ် အပယ်ခံများလား ဆိုတာတော့ ဝေခွဲမရ ဖြစ်နေပါသည်။ လူပုံ အလယ်တွင်လည်း ဘယ် အားကစား ၀ါသနာပါလဲ မေးလိုက်လို့ ၀ိတ်မတာ ၀ါသနာပါတယ် မပြောလိုက်နှင့် ဘာလုပ်မှာလဲ ကာယဗလ ရွှံ့စရာကြီး ကြွက်သားတွေနှင့် ဘာလုပ်မှာလဲ ဆိုသည့် လူစားမျိုးက ၁၀ ယောက်မှာ ၈ ယောက်လောက်ရှိသည်။ ယခုလည်း ကြည့်ပါအုံး ကာယဗလ ကို ရွှေးချယ်လို့တဲ့ ကန့်ကွက်နေကြပြီ မတတ်နိုင်ပါ ပြိုင်ပွဲ ကော်မတီ စည်းကမ်းအရ အိမ်ရှင် တွင် အခွင့်အလမ်း ရှိပါသည်။ ထို့ကြောင့်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခွင့်ရချိန် တွင် အခွင့်ကောင်းကို လက်လွတ်မခံပဲ ကာယဗလ လက်ရွှေးစင် အားကစား သမားများ အနေနှင့် နိုင်ငံဂုဏ်ကို မြင့်တင့်နိုင်စေရန်  မိမိတို့ နှစ်ရှည်လများ ကြိုးပမ်း တည်ဆောက်လာခဲ့သော  ကြွက်သား အလှခန္ဓာကိုယ် ကြီးကို အခွင့်သာတုန်း စင်မြင့်ပေါ်တွင် ၀င့်ကြွားလိုက်ပါ။ယနေ့ အချိန်မှစပြီး  အဓိက ပြိုင်ဘက် နိုင်ငံများ ဖြစ်သည့် ထိုင်း ၊ မလေး ၊ ဗီယမ်နမ် ၊ အင်ဒို တို့ကို ကျော်လွားနိုင်ဖို့ အစွမ်းကုန် လေ့ကျင့်ပါ။ ၅၅ ကီလို ၊ ၆၀ ကီလို ၊ ၇၀ ကီလို ၊ ၈၀ ကီလို ၊ ၉၀ ကီလို ဆိုတဲ့ အတန်း ( ၅ ) တန်းမှာ မိမိ အတန်းမှာ မိမိသာ လျင် ဗိုလ် ဖြစ်စေဖို့ အခုကတည်းက ရည်မှန်းချက် ထား လေ့ကျင့်သင့်ပါပြီ။မြန်မာနိုင်ငံ ကာယဗလ အဖွဲ့ချုပ်ဧ။် ထိပ်ပိုင်း တာဝန်ရှိသူ တစ်ဦးလည်းဖြစ် ပြည်တွင်း ပြိုင်ပွဲများတွင် ဒိုင်အဖြစ်လည်း ဆောင်ရွက်နေသူ လက်ရှိ မြန်မာ လက်ရွေးစင် ကာယဗလ အသင်းဧ။် နည်းပြ တာဝန်ယူထားသူ ဦးကျော်စိန်သန်း က ပြောကြားရာမှာ ရွှေတံဆိပ် ( ၅ )ခု ချီးမြှင့်မဲ့ ကာယဗလပြိုင်ပွဲမှာ ရွှေ ( ၃ )ခု မျှော်မှန်းထား ကြောင်းပြောပါတယ်။ပြီးခဲ့တဲ့ ဆိးဂိမ်းစ် ( ၂ ) ကြိမ်လုံးမှာ ကာယဗလ မပါဝင်ပဲ ၂၀၁၃ ဆိးဂီမ်းစ် မှာ ကာယဗလ ပြိုင်ပွဲ ပြန်လည် ၀ါဝင်လာလို့ အောင်မြင်ဖို့ မျှော်မှန်းထားကြောင်း ပဏမလက်ရွှေးစင် ( ၇ )ဦး ရွေးချယ်ပြီး ရန်ကုန်မြို့ မင်္ဂလာတောင့်ညွန် မြို့နယ် စည်ပင်အားကစားဝင်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်လျက်ရှိကြောင်း ပြောကြားပါတယ်။

လက်ရွေးစင် ( ၇ ) ဦးကတော့
(၁ )။ သိန်းထွန်းဦး
(၂)။ထွန်းမင်း ( ခ) မောင်ကျော်
(၃)။အောင်ခိုင်ဝင်း
(၄)။စိုးမိုးအောင်
(၅)။ခင်မောင်ကျော်
(၆)။မင်းဇော်ဦး
(၇)။အောင်ဆွေနိုင် တို့ဖြစ်ပါတယ်။ တကယ့်ကို မြန်မာပြည်ရဲ့ ထိပ်တန်းမောင်တွေဖြစ်ပြီး အများစုသည် နိုင်ငံတကာ ပြိုင်ပွဲ အတွေ့အကြုံ များရှိပြီး ဆုတံဆိပ် ဆွတ်ခူးနိုင်ခဲ့သူများဖြစ်သည်။လက်ရွေးစင်မောင်လောင်းကြီးတွေ လို့ ဆိုရလောက်တဲ့ မင်းဇော်ဦး ၊ စိုးမိုးအောင် တို့ဆိုရင် ကျွန်တော်တို့ ငယ်စဉ် ကလေးဘ၀ ကတည်းက နိုင်ငံတကာပြိုင်ပွဲ များကို ၀င်ရောက်ယှဉ်ပြိုင် ပြီး အောင်ပန်း ဆွတ်ခူးနိုင်ခဲ့သူများဖြစ်သည်။ ကိုအောင်ခိုင်ဝင်း ၊ ကိုအောင်ဆွေတိုင်တို့ဆိုလျင်လည်း ဒီဘက်ခေတ် ကာယဗလ ၀ါသနာရှင် တော်တော်များများ သိပြီးဖြစ်သည့် ထိပ်တန်း မောင်မြန်မာများ ဖြစ်သည်။ ၁၉၉၇ခုနှစ် တောင်ကိုရီးယား နိုင်ငံ ဆိုးလ် မြို့တွင် ကျင်းပသော အာရှကာယဗလ တံခွန်စိုက် ပြိုင်ပွဲတွင် ကိုစိုးမိုးအောင် သည် အငယ်တန်း တံခွန်စိုက် ပြိုင်ပွဲတွင် ဒိုင် ( ၅ ) ဦးစလုံးဧ။် ပထမ ပေးခြင်းခံရပြီး နိုင်ငံတော် အတွက် ထိုအချိန်က  ၃ နှစ်ဆက်တိုက် ဂုဏ်မြှင့်စေခဲ့သည်။ တစ်နည်းဆိုရသော် ထိုအချိန်က အာရှ အငယ်တန်း ပြိုင်ပွဲတိုင်းတွင် မြန်မာ လူငယ်ကာယဗလ သမားများက ရွှေတံဆပ်ကို ( ၃ ) နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့သည်။၁၉၉၅ ခုနှစ်တွင် ထွန်းထွန်းအောင် (တပ်မတော်ရေ ) ၁၉၉၆ ခုနှစ်တွင် အောင်နိုင် (မြို့တော်စည်ပင်)တို့ဖြစ်ပြီး ကိုစိုးမိုးအောင်က ၁၉၉၇ ခုနှစ်တွင် တတိယ အကြိမ် မြောက် ရွှေ တံဆိပ် ဆွတ်ခူးပေးနိုင်ခဲ့သည်။ထိုအချိန်က ကာယဗလ အဖွ့ချုပ် ဥက္ကဠ ကလည်း လိုလေးသေးမရှိ ထောက်ပံ့ခဲ့သည်ဟု မောင်ဟောင်းတစ်ချို့ဧ။် ပြောပြမှု အရ သိရှိရပါသည်။ ပြိုင်ပွဲဝင် မောင်လောင်းများမှ အောင်မြင်မှု ရယူနိုင်သူ များကိုငွေကျပ် ( ၃)သိန်း ( ၁ )သိန်း အချို့ ဆိုလျင် တိုက်ခန်းတစ်ခန်း ရရှိသည်အထိ ထိုက်ထိုက်တန်တန် ချီးမြှင့်ခြင်း ခံခဲ့ရသည်။

ကြိုးစားလေ့ကျင့်ရကျိုးနပ်ပါသည်။ ယခု အချိန်နှင့်တော့ ကွာခြားပါသည်။ထိုအချိန်က ဥက္ကဠြီ့း ဦးကျော်ဝင်းသည် ကိုယ်တိုင်လည်း ကာယဗလ အားကစား ကိုဝါသနာပါ လေ့ကျင့်လိုက်စားသူ တစ်ဦး ဇြစ်သည်ဟု သိရှိရပါသည်။ ကာယဗလ ဧ။် ရွှေ ခေတ်လို့တောင် ဆိုနိုင်ရမည် ဖြစ်ပါသည်။ ထို ခေတ် ထိုအချိန်က အောင်မြင်မှု များလည်း တော်တော်လေး ရရှိခဲ့ပါသည်။၁၉၉၅ မှ ၁၉၉၇ နှစ်ဝက်အတွင်း အာရှ အငယ်တန်းတွင် ရွှေ ( ၃) ၊ ငွေ ( ၂ ) ၊ ကြေး ( ၁ )
နှင့် အရှေ့တောင်အာရှတွင် ရွှေ ( ၃ ) ငွေ ( ၁ ) ၊ ကြေး ( ၁ )တို့ ရရှိခဲ့ပါသည်။ကိုစိုးမိုးအောင် ( သမ၀ါယမ )သည် ဗရာဝတီ တိုင်း ပုသိမ်မြို့ မောင်မြန်မာဟောင်း ဦးအေးမြင့်( သမ၀ါယမ )ဧ။် တပည့်ရင်း တစ်ဦး ဖြစ်ပြီး ဦးကျော်ဝင်း ဧ။် စခန်းသွင်း မြေတောင်မြှောက်ပေးမှုကြောင့် အောင်မြင်မှုများ ရရှိလာသူဖြစ်သည်။ထိုကဲ့သို့ပင် မကွေးသား ကိုအောင်ခိုင်ဝင်း သည်လည်း နိုငငံတကာ အတွေ့အကြုံများစွာ ရရှိထားပြီး အောင်မြင်မှုများနှင့်  ချန်ပီယံတစ်ဦးဖြစ်သလို တစ်ကျော့ပြန် မောင်ဟောင်းကြီး လို့ ခေါ်ဆိုရမဲ့ တစ်ချိန်က ကိုယ်ကာယ အလှဆုံးဆုရရှိခဲ့ပြီး အရှေ့တောင်အာရှ အကောင်းဆုံးဆုကို သိမ်းပိုက်နိုင်သူ ကိုမင်းဇော်ဦး ၊ မောင်လောင်းများတွင် နိုင်ငံတကာ အတွေ့အကြုံရြှိ့ပီး ကိုယ်တိုင်လည်း ကာယဗလ ဗဟုသုတ ကြွယ်ဝသူ ကာယဗလ အားကစားကို မက်မောခင်တွယ်သူ ကိုအောင်ဆွေနိုင ( ခ )ကိုဝိုင်းချစ် သူသည်လည်း မြန်မာပြည်ဧ။် ထိပ်တန်း မောင် တစ်ဦး ဖြစ်သလို ပြည်တွင်း ချန်ပီယံ တစ်ဦးလည်းဖြစ် ပြည်ပ အတွေ့အကြုံလည်း ရှိနေသူဖြစ်သည်။ကိုမောင်ကျော် ( ခ )ထွန်းမင်းကတော့ လူကောင်သေးပေမယ့် သူ့ကို တစ်ချို့က မြန်မာပြည်ရဲ့ ဒက်တာဂျက်က်ဆင် လို့  ပြည်ထောင်စု ဖလား ပြိုင်ပွဲနေ့က ခေါ်ဆို ကြတာ ကြားရပါတယ်။သူကလည်း လက်ရှိ ချန်ပီယံတွေ ကို ကျော်လွှားပြီး ပြည်ထောင်စု ဖလားမှာ ထိပ်ဆုံး ချန်ပီယံ ဆုကို ရယူနိုင်ခဲ့သလို ပြည်ပ ပွဲတွေမှာလည်း သူ့ အတန်းမှာ သူတာဝန်ကျေတဲ့ မောင်မြန်မာ တစ်ဦးပါ။ ခင်မောင်ကျော် နှင့် သိန်းထွန်းဦး တို့ကတော့ ကျန် ( ၅ ) ဦးနှင့် နှိုင်းယှဉ်လျင် ပြည်ပ အတွေ့အကြုံ မရှိသလောက် နည်းပါတယ်။ဒါပေမယ့်လည်း ပြည်တွင်း ပြိုင်ပွဲဝင်တွေကြားမှာ ဇွဲ အရှိဆုံး နှင့် ကာယဗလ အားကစား ကို မက်မောတွယ်တာပြီး ကာယဗလ အားကစားနှင့်သာ အသက်မွေးဝမ်းကြောင်းပြုနေကြတဲ့ မောင်မြန်မာလောင်းကြီးတွေပါ။ ခင်မောင်ကျော်က တော့ ကျွန်တော် အရင်က  ကိုနိုင်ေ၀၀င်း ဆိုက်မှာ အင်တာဗျူး ဆောင်းပါးလေး ရေးဖူးပါတယ်။ ဒါကြောင့် ကွှန်တော်တို့ မြန်မာ နိုင်ငံရဲ့ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခွင့်ရချိန် အခါကောင်းမှာ ကာယဗလ အားကစားကို လူအထင်သေးနေတာတွေ ၊ လူတွေရဲ့ အပယ်ခံ အားကစားနည်းကနေ နိုင်ငံ အတွက် အများဆုံး ရွှေ တံဆိပ် ကို ရယူပေးနိုင်တဲ့ ကာယဗလ အားကစားသမားကောင်းတွေ အဖြစ် ကြိုးစားပြသင့်တဲ့ အချိန်ကောင်းပါ။ သိန်းပေါင်း ထောင်သောင်း အကုန်ကျခံပြီး ကြိုးစားမတည်ပေမယ့် နိုင်ငံတကာ အလယ်မှာ ဂုဏ်မ၀င့်နိုင်တဲ့ အားကစားမျိုးကိုတော့ အတု မယူပါနှင့်။ကျွန်တော်တို့ ကာယလေ အားကစား အတွက် သိန်းပေါင်း ထောင်သောင်း မကုန်ပေမယ့် နိုင်ငံအတွက် ရွှေ တံဆိပ်တွေ အများကြီး ရယူပေးနိုင်တယ် ဆိုတာ လက်တွေ့ ပြလိုက်ကြပါစို့။ နောင်တော် ပြိုင်ပွဲဝင် မောင်မြန်မာများ မိမိတို့ရဲ့ အတန်းတိုင်းမှာ အကောင်းဆုံး ဆု ကို ရယူပြီး နိုင်ငံအတွက် ဂုဏ်မြှင့် နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။
  တင်ဆက်သူ----အောင်အောင်(လှိုင်)
email----intensemuscle@gmail.com
www.myanmarfitness.com

6 comments:

  1. သိပ်ကောင်းတယ် ကိုအောင်အောင် အခုလို သိခွင့်ရတာ ကျေးဇူးပါ။

    ReplyDelete
  2. welcome လို့ကိုအောင်အောင့်ကိုယ်စားကိုယ်ကပဲပြောပါရစေညီလေး။အခုတစ်လောမင်ဘာတွေထဲမှာအတက်ကြွ
    ဆုံးကညီလေးပါပဲ။လေးစားလျက်---
    နိုင်ဦး---119

    ReplyDelete
  3. ဒီလို အကြောင်းအရာ လေးတွေ များများတင်ပေးပါနော်....

    ReplyDelete
  4. ကျေးဇူးအရမ်းတင်ပါတယ် အကို

    ReplyDelete
  5. welcome nyi nyi.Thank you.
    Naing Oo

    ReplyDelete
  6. ကျေးဇူးပဲအကိုရေ

    ReplyDelete