arial" action="like" colorscheme="light">

Sunday, June 9, 2013

အားနည်းသောကြွက်သားများအတွက် heavy and light

သန်းခုနှစ်ထောင်သောလူသားတစ်ဦးချင်းစီသည်မတူကွဲပြားမှုများရှိသကဲ့သို့ ၊လူတစ်ဦးတည်းတွင်ပင်
များစွာသောမတူညီမှုများရိှနေတတ်သည်ကသဘာဝအလှတရားတစ်ခုဖြစ်သည်။သို့ သော်ထိုအလှတ
ရားကိုအပြည့်အ၀လက်မခံနိုင်သူများမှာ၊ခန္ဓာကိုယ်ကိုပန်းပုထုသကဲ့သို့ အလှဆုံးအချိုးအစားဖြစ်
အောင်ထုဆစ်ပုံဖော်ထားသောကာယဗလနှင့်ကြံ့ခိုင်မှုအားကစားသမားများပင်ဖြစ်သည်။စင်မြင့်
ထက်တွင်ဖြစ်စေ၊လူအများအရှေ့ တွင်ဖြစ်စေမိမိခန္ဓာကိုယ်ကို၊အကောင်းဆုံးတင်ဆက်လိုသော
ထိုအားကစားသမားများကိုလည်းအပြစ်တော့မဆိုချင်ပါ။ကာယဗလနှင့်ကြံ့ခိုင်မှုနည်းပြဖြစ်သည့်
အားလျော်စွာလည်းကောင်းတို့ ၏အားနည်းချက်များကိုကူညီဖြည့်စွက်ပေးရန်ဤဆောင်းပါးကိုတင်
ဆက်လိုက်ခြင်းဖြစ်ပါသည်။
ပထမဦးစွာပြောလိုသည်မှာ၊လူသည်စက်ရုပ်မဟုတ်ပါဆိုသည့်အချက်ပင်ဖြစ်သည်။စက်ရုပ်သာလျင်
ခန္ဓာကိုယ်ဘယ်ဖက်ခြမ်းနှင့်ညာဖက်ခြမ်းသည်ခေါက်ချိုးညီတူညီနိုင်ပေမည်။မနုဿလူသားများကား
ထိုသို့ လုံးဝမဖြစ်နိုင်ပါ။အနည်းငယ်လွဲချော်မှုများရှိမည်ဖြစ်သည်။ကမ္ဘာ့ကာယဗလလောက၏ရှစ်ထပ်
ကွမ်းမောင်အိုလံပီယာရွန်နီကိုလ်းမင်းသည်ပင်လျင်၊နောက်ကျောဝင်းသားဘယ်နှင့်ညာထပ်တူမတူညီ
ပါ။ထို့ အပြင်၎င်း၏လက်မောင်းနှစ်ဖက်သည်လည်းမတူညီပါ။မတူညီမှုများကိုပြောရမည်ဆိုလျင်ကုန်
တော့မည်မဟုတ်ပါ။ထို့ ကြောင့်အပျက်ဘက်မှမတွေးဘဲအဖြစ်ဘက်မှတွေးကြပါစို့ ။

ကျွန်တော့်ကိုအမေးများသောမေးခွန်းများထဲတွင်ကြွက်သားအုပ်စုတစ်ခုအားနည်းသည့်အကြောင်းပါသလို
၊ကြွက်သားတစ်ဖက်ခြင်းမညီမျှသည့်အကြောင်းလဲပါ၏။ထိုသူအားလုံးအတွက်ဤဆောင်းပါးဖြင့်
ဖြေဆိုပေးပါမည်။ကြွက်သားအုပ်စုတစ်ခုအာနည်းရသည့်အကြောင်းမှာထိုကြွက်သားသည်ယေဘူယျ
အားဖြင့်တုံ့ ပြန်မှုနှေးကွေးသော၊သိပ်သည်းသည့် slow twitch muscle fiber များဖြင့်ဖွဲ့ စည်းထား
သည့်အတွက်ဖြစ်သည်။ထို့ ကြောင့်ထိုကြွက်သားအုပ်စုကိုသာမာန်လေ့ကျင့်မှုပုံစံများဖြင့်လေ့ကျင့်လျင်
မထူးခြားနိုင်ပါ။ထို့ ကြောင့်ယခုကျွန်တော်တင်ပြသော heavy and lightဆိုသောဤလေ့ကျင့်နည်း
သီအိုရီဖြင့်လေ့ကျင့်ကြည့်ပါ။ဥပမာတင်ပြရမည်ဆိုပါက၊ရင်အုပ်အားနည်းသူ၊ဘယ်ညာမညီသူဆို
ပါစို့ ။ထိုသူ့ အတွက်ဤသီအိုရီဖြင့်မည်သို့ လေ့ကျင့်ရမည်ကိုညွှန်ပြပေးလိုက်ပါသည်။
အားနည်းသည့်ကြွက်သားအုပ်စုကိုတစ်ပါလျင်နှင့်ကြိမ်လေ့ကျင့်ပါ။heavy နေ့ တွင် compound လေ့
ကျင့်ခန်းသုံးခုလောက်ကိုဖရီးဝိတ်(ဒမ်ဘယ်၊ဘာဘယ်လ်)များဖြင့်၊ဆယ်ကြိမ်မှဆယ့်နှစ်ကြိမ်အတွင်း
လေ့ကျင့်ပါ။သုံးရက်လောက်နားပြီးလျင်ထိုကြွက်သားအုပ်စုကိုပင် light theory ဖြင့် isolation movements (cable,bands )များဖြင့်၎င်း၊ကိုယ်အလေးချိန်ဖြင်၎င်းလေ့ကျင့်ပါ။

နမူနာလေ့ကျင့်နည်းပုံစံမှာ---
တနလာင်္-ရင်အုပ်-(heavy)-ခြေသလုံး-ဗယ်လီ
အင်္ဂါနေ့ -နောက်ကျော-ဂုတ်ပိုးသား-လက်ဖျံ
ဗုဒ္ဓဟူးနားပါ။
ကြာသပတေးနေ့ - အောက်ပိုင်း
သောကြာနေ့ - ဆုံ-လက်မောင်းနောက်-ရှေ့  ကစားသည်ဆိုပါစို့ ။
စနေနေ့ တွင်-ရင်အုပ် (Light)လေ့ကျင့်ပါ။
တနင်္ဂနွေ-နားပါ။
Light လေ့ကျင့်ရမည့်နေ့ တွင်၊ကစားချိန်ကိုနာရီဝက်ထက်မပိုစေဘဲ၊လေ့ကျင့်ခန်းသုံးမျိုးလောက်ကိုနှစ်
ကျော့သုံးကျော့လောက်ကိုအကြိမ်များနိုင်သမျှများများလေ့ကျင့်ပေးပါ။တစ်ကျော့နှင့်တစ်ကျော့ကြား
နားချိန်လျော့ပါ။ရေများများသောက်ပါ။ဖြည့်စွက်ဆေးသုံးပါကထိုနေ့ တွင်ဖြစ်နိုင်လျင် Creatine ကို
နှစ်ကြိမ်၊(မလေ့ကျင့်မှီနှင့်လေ့ကျင့်ပြီး)တွင်သောက်ပါ။ထိုနေ့ တွင် Cheat food များကိုလည်းအနည်း
ငယ်ပိုမိုစားသုံးနိုင်ပါသည်။
ရင်အုပ် light အတွက်လေ့ကျင့်ခန်းများမှာ၊
ဒိုက်ထိုး-push up ဖြစ်နိုင်လျင် သားရေကြိုး bands များကိုသုံးပါ။
မတ်တပ်ရပ်ပြီးနံရံတွင်reverse push up လက်နှစ်ဖက်ထောက်ပြီးဒိုက်ထိုးပါ။ကြွက်သားနှစ်ဖက်မညီ
ပါကအားနည်းသောဖက်ကိုလက်ထောက်ပြီးကျန်လက်ကိုကိုယ်နောက်ပစ်ကာလက်တစ်ဖက်တည်း
ဖြင့်ဒိုက်ထိုးပါ။
သမားရိုးကျဒိုက်ကို၊ကိုယ်ခံပညာရှင်များထိုးသလိုလက်တစ်ဖက်တည်းဖြင့်ထိုးပါ။
လေ့ကျင့်မှုဘောလုံးပေါ်တွင်ဒမ်ဘယ်ပေါ့ပေါ့ဖြင့်ဖလိုင်းခွဲလေ့ကျင့်ပါ။
ဖြစ်နိုင်လျင်၊ရင်အုပ်ကစားသည့်စက် pec deck fly စက်ရနိုင်ပါကထိုစက်ဖြင့်အထိုင်အနိမ့်အမြင့်
အမျိုးမျိုးပြောင်းပြီး၊ဖလိုင်းခွဲပါ။

အထက်တင်ပြပါလေ့ကျင့်ခန်းများကိုအလျဉ်းသင့်သလိုလေ့ကျင့်ပါ။ယခုတင်ပြပေးထားသောပရိုဂရမ်
သည်ကြားဖူးနေကျသမားရိုးကျပုံစံမဟုတ်သည့်အတွက်၊အခက်အခဲတစ်စုံတစ်ရာကြုံရလျင်သော်၎င်း၊
အခြားသောကြွက်သားအစိတ်အပိုင်းများအတွက်ပရိုဂရမ်ရယူလိုလျင်သော်၎င်း၊ကျွန်တော့်အီးမေလ်း
intensemuscle@gmail.com သို့ ၎င်း၊ဤဘလော့ဂ်တွင်၎င်းကောမင့်ရေးပြီးမေးမြန်းနိုင်ပါသည်။
ဤဘလော့ဂ်တွင်ကောမင့်ရေးပြီးမေးမြန်းခြင်းကသိလိုသူအများအတွက်ပါထိရောက်သည့်အပြင်
တုံ့ ပြန်မှုပို၍မြန်မြန်ရသည့်အတွက်ကောမင့်ရေးပါဟုအကြံပြုချင်ပါသည်။

လေးစားလျက်--
နိုင်ဦး---၁၁၉                           
Email---intensemuscle@gmail.com       
Email---muscleprofessor@gmail.com       
Email---myanmarfitnesstrainer@gmail.com
www.myanmarfitness.com

8 comments:

  1. Sai Thiha Kyaw SanWednesday, June 12, 2013

    အားနည်းတဲ.ကြွှက်သားရှိနေသူတွေအတွက်လိုအပ်တဲ.ဆောင်းပါး၊ကောင်းတယ်ဗျာ ။ကိုနိုင်ဦး
    ကာယဗလလေ.လာလိုက်စားသူများအားလေးစားလျက်
    စိုင်းသီဟကျော်စန်း

    ReplyDelete
  2. ကျေးဇူးပါ။ကိုသီဟရေ--၀ဲလ်ကမ်းပါဗျာ။
    လေးစားလျက်---
    နိုင်ဦး---၁၁၉

    ReplyDelete
  3. လူသစ်လေကျင့်သမားတွေဘယ်လိုပရိုဂရမ်မျိုးနဲစကစားသင့်လဲမသိဘူးကျနော်ကစားတဲgymမှာနည်းပြမရှိလိုပါစက်တွေကတော့အများကြီးပဲဘာမှမလုပ်တတ်လို့ကူညီပါအုံးကိုနိုင်ဦး

    ReplyDelete
  4. ညီလေးအနေနှင့်ပထမဦးဆုံးကိုယ်ရေးထားတဲ့***ကာယဗလစတင်လေ့ကျင့်တော့မည်ဆိုလျင်***စာအုပ်အပါအ၀င်ကျန်ကိုယ်ရေးထားတဲ့စာအုပ်အားလုံးကိုဒေါင်းလုပ်ဆွဲပြီးလေ့လာကြည့်ပါ။ညီလေးရဲ့  ကာယဗလခရီးလမ်း
    ကံကောင်းပါစေဗျာ။သိချင်တာလေးတွေမေးပါဦး။
    လေးစားလျက်---
    နိုင်ဦး----119

    ReplyDelete
  5. thank you so much Ko Naing Oo!! :D

    ReplyDelete
  6. welcome brother.Thanks,
    Naing Oo

    ReplyDelete
  7. ကျေးဇူးတင်ပါတယ်စာအုပ်တွေထဲကနည်းအတိုင်းလေကျင့်ကြည့်တာသိသာပါတယ်သဘောတရားတွေကလည်းနာလည်လွယ်ပါတယ်ဒါပေမဲ့သိချင်တာတစ်ခုရှိသေးလိုပါကျနော်ကစားဖော်သူငယ်ချင်းတစ်ယောက်ကတားမြစ်ဆေးစတီးနွိုင်ကိုတစ်ခါသုံးဖူးထားတယ်မသုံးတဲအခါမှာပြန်ကျလာတော့ဖြေဆေးပြန်ထိုးထားတာကျနော်တို့လိုသမရိုးကျကစားရင်ထုပြန်တက်နိုင်မလားဘယ်လိုလုပ်ရမလဲဆိုတာအကြံပေးပါအုံးအကိုရေးထားတဲစာအုပ်ထဲကဆေးအကြာင်းကျနော်ပြောပြလိုက်တော့သူကစားနေတာ၇လလောက်ရှိပြီဘာမှမတိုးတက်ဘူးဆေးသုံးကာစကတော့အတက်မြန်ပြီးဆေးမသုံးတော့ကမတက်တဲအပြင်ပြန်ကျနေလိုအဲဒါနည်းလမ်းလေပေးပါအုံးအမြဲလေးစားလျှက် pong

    ReplyDelete
  8. ဆုံတွေအတွက်လုပ်ပါဦး
    မန်းလေးကပါemailလုပ်လို့မရလို့ Shwegyi.win@Gmail.comကိုမေးပို့ပေးပါ ကျွန်တော်သုံးလပိုင်း မှာလူသစ်တန်းတက်ချင် လို့ပါ

    ReplyDelete