arial" action="like" colorscheme="light">

Tuesday, June 25, 2013

ပရိုတိန်းပုံပြင်

 ကမ္ဘာ့ကာယဗလနှင့်ကြံ့ခိုင်မှုအားကစားနယ်ပယ်တွင်၊ရေပန်းအစားဆုံးသောအာဟာရနှင့်ပါတ်သက်
သည့်ယုံတမ်းစကားများမှာတစ်ရွာတစ်ပုဒ်ဆန်းနှင့်ဘယ်ဟာအမှန်၊ဘယ်ဟာအမှားဟူ၍ပင်မသိနိုင်
လောက်အောင်များပြားလွန်းလှသည်။ထိုပုံပြင်များထဲမှကိုယ်ကာယကြံ့ခိုင်မှုအားကစားသမားများ
အတွက်လွယ်မယောင်နှင့်ခက်၊တိမ်မယောင်နှင့်နက်နေသောပရိုတိန်းနှင့်ပါတ်သက်သည့်မေးခွန်း
လေးများကိုစုစည်းကာသိပ္ပံနည်းကျစုစည်းတင်ဆက်ပေးလိုက်ပါသည်။
မေး။        ။ပရိုတိန်းများများစားရင်ကျောက်ကပ်ကိုဒုက္ခပေးနိုင်ပါသလား။
ဖြေ။        ။ဒီအမေးမျိုးကိုမျှော်နေတာကြာပြီဗျ။ကာယဗလလေ့ကျင့်သူများအတွက်အဓိကအရေး
        ပါသောအာဟာရဓါတ်တစ်မျိုးဖြစ်သည့်ပရိုတိန်းအကြောင်းကိုကျွန်တော်သိသလောက်
တင်ပြပေးလိုက်ပါသည်။သင်စားသုံးလိုက်သောပရိုတိန်းများသည့်ကိုယ်တွင်းတွင်အမိုင်နိုအဖြစ်သို့ 
ပြောင်းလဲပြီးနောက်ထိုအမိုင်နိုများသည်လည်းအမိုးနီးယားအဖြစ်သို့ ပြောင်းလဲသွားပါသည်။ထိုအမိုးနီး
ယားသည်သင့်ကျောက်ကပ်ကိုဖြတ်သန်းပြီးနောက်ဆီးအဖြစ်သို့ ပြောင်းလဲကာခန္ဓာကိုယ်မှအပြင်သို့ 
ထုတ်လွတ်လိုက်သော်လည်း၊ထိုအမိုင်နိုသည်သင့်ကိုဘေးဥပါဒ်မဖြစ်စေပါ။သို့သော်အချို သော့အာ
ဟာရပညာရှင်များကကျောက်ကပ်အနေနှင့်မိမိ၏သမားရိုးကျတာဝန်ထက်ပိုပြီးအလုပ်လုပ်ရသော
ကြောင့်ကျောက်ကပ်ကိုဝန်ပိမည်စိုးရိမ်ကြပေသည်။သို့ သော်ထိုသို့ စိုးရိမ်မှုများသည်မည်သို့ မျှ
ထိရောက်မှုမရှိကြောင်းကိုအောက်ဖော်ပြပါလေ့လာတွေ့ ရှိချက်များကထောက်ပြနေပါသည်။
International Society of Sports Nutrition ၏ 2005-ခုနှစ်အပြည်ပြည်ဆိုင်ရာကွန်ဖရင့်တွင်
ပရိုတိန်းနှင့်ပါတ်သက်သောစာတမ်းတစ်ခုကိုတင်ပြခဲ့ပေသည်။ထိုစာတမ်းတွင်ပညာရှင်များက
77-ဦးသောကာယဗလလေ့ကျင့်သူအမျိုးသားများကိုနေ့ စဉ်မိမိတို့ ကိုယ်အလေးချိန်တစ်ပေါင်
လျင်ပရိုတိန်း0.8ဂရမ်နှုန်းစားသုံးစေပြီးသူတို့ ၏သွေးနှင့်ကျောက်ကပ်များကိုစစ်ချက်များယူကြည့်
ရာလည်းကောင်းတို့ ၏ကျောက်ကပ်ကျန်းမာရေးမှာဒေါင်ဒေါင်မည်ကောင်းကြောင်းကိုတင်ပြခဲ့
သည်။
နောက်ထပ်လေ့လာမှုတစ်ခုကို University of Brussels (Belgium) မှတင်ပြခဲ့သည်မှာလည်း
ကောင်းတို့ ကလည်းအမျိုးသားများကိုမိမိတို့ ကိုယ်အလေးချိန်တစ်ပေါင်လျင်ပရိုတိန်း 1.3ဂရမ်
နှုန်းစားသုံးစေပြီးစမ်းသပ်ရာအထက်ပါအတိုင်းပဲအဖြေထွက်ခဲ့ကြောင်းတင်ပြခဲ့သည်။နောက်တစ်
ချက်သိထားရမည်မှာကာယဗလလေ့ကျင့်ခန်းပြုလုပ်သူများစားသုံးလိုက်သောပရိုတိန်းများသည်
ကြွက်သားထုတည်ဆောက်ရာတွင်ဖြစ်စေ၊ကိုယ်တွင်းမှအဆီများကိုလောင်စာအဖြစ်လောင်ကျွမ်း
ရာတွင်ဖြစ်စေအသုံးပြုသောကြောင့်လည်းကောင်းတို့ စားသုံးသောသာမန်ထက်ပိုသည့်အသားဓါတ်
များသည်သာမန်လေ့ကျင့်ခန်းများမပြုလုပ်သူများကဲ့သို့ ကျောက်ကပ်ကိုဝန်ပေးစေခိုင်းစရမလိုဘဲ
မည်သည့်ဘေးဥပါဒ်မျှမဖြစ်စေပါ။ထိုကြောင့်သာမန်ထက်ပရိုတိန်းပိုစားသုံးသည့်ကာယဗလလေ့ကျင့်သူများ
သည်ကျောက်ကပ်အတွက်မည်သို့ မှမစိုးရိမ်ရပါ။

မေး။        ။ပရိုတိန်းများများစားခြင်းကြောင့်အရိုးများကြွပ်ဆပ်ပြီးအလွယ်တကူကျိုးနိုင်ပါသလား?
ဖြေ။        ။ဤအမေးမျိုးပေါ်ပေါက်လာရသည်မှာမကြာသေးခင်ကပေါ်ထွက်ခဲ့သောလေ့လာတွေ့ 
ရှိချက်တစ်ခုဖြစ်သည့်***ပရိုတိန်းများများစားသုံးခြင်းကြောင့်ခန္ဓာကိုယ်မှဆီးများများစွန့် ထုတ်ရာတွင်
ပါသွားသောကယ်လစီယမ်ဓါတ်များကအရိုးသိပ်သည်းဆကိုလျော့နည်းစေပြီး၊အရိုးပွခြင်းနှင့်ကြွပ်ဆပ်
ခြင်းတို့ ကိုဖြစ်စေသည်***ဟူသောအဆိုကြောင့်ဖြစ်သည်။ထိုစာတမ်းတွင်ပါဝင်သည့်ပရိုတိန်းဟူသည်
ကားလုံးဝသန့် စင်ပြီးသားပရိုတိန်းစစ်စစ်များဖြစ်သည်။သင်နေ့ စဉ်စားသုံးနေသောပရိုတိန်းများဖြစ်
သည့်အသားများ၊ငါးများနှင့်ဥများမပါဝင်ပါ။ဒါဆိုရင်စောဒကတစ်ခုကထပ်တက်လာပြန်ပါပြီ။ကျွန်တော်
ကတစ်နေ့ ကိုပရိုတိန်း shake သုံးခွက်လောက်သောက်သည်ဒါဆိုလျင်ရောအကျုံးဝင်ပါသလားဟုမေး
ကြပါဦးမည်။မှန်ပါတယ်။ဒါပေမဲ့သိပ်စိုးရိမ်စရာမလိုပါဘူး။ဘာဖြစ်လို့ လဲဆိုတော့သင်နေ့စဉ်စားနေတဲ့အ
သားများ၊ငါးများတွင်ကိုယ်တွင်းမှကယ်လစီယမ်ဆုံးရှုံးမှုကိုကာကွယ်ပေးနိုင်သောဖော့စဖရပ်နှင့်အခြား
ဓါတ်များကလုံလုံလောက်လောက်ပါဝင်သောကြောင့်ဖြစ်ပါသသည်။2003-ခုနှစ်ထုတ် Journal of Nutrition ကလည်းအစမ်းသပ်ခံလူများကိုရှစ်ပါတ်ကြာပရိုတိန်းများများစားသည့်ကာလနှင့်ပရိုတိန်း
နည်းနည်းစားသည့်ကာလခွဲပြီးလေ့လာကြည့်ရာကယ်လစီယမ်စွန့် ထုတ်မှုရလာဒ်မှာကွာခြား
မှုမရှိကြောင်းသိရပါသည်။

ဒါတောင်စိုးရိမ်တုန်းပဲလား?ကောင်းပြီထပ်ပြောဦးမယ်။Warsawa Agricultural University (Poland) ကလည်းကြွက်များကိုအသားဓါတ်များများကျွေးပြီးစမ်းသပ်
ကြည့်ရာထိုကြွက်များသည်သာမာန်ကြွက်များထက်ပို၍အရိုးသန်မာကြောင်းကိုတင်ပြခဲ့သည်။နောက်
တစ်ခုမှတ်ထားရမည်ကကာယဗလလေ့ကျင့်ခန်းများသည်သင့်အရိုးများကိုသန်မာစေသောအကောင်း
ဆုံးသောအရာများဖြစ်သည်ကိုမှတ်ထားပါ။ဒါကြောင့်ကျွန်တော်နိဂုံးချုပ်ပြောချင်တာကတော့သင့်ကိုယ်
အလေးချိန်တစ်ပေါင်ကိုပရိုတိန်းတစ်ဂရမ်နှုန်းလောက်နေ့ စဉ်စားပြီး၊လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပြီး၊လေ့
ကျင့်ခန်းမပြုလုပ်မှီနှင့်ပြုလုပ်ပြီး protein shake တစ်ခွက်စီလောက်သောက်ခြင်းကသင့်ကိုဘေးဘ
ယာဝေးကွာပြီးကျန်းမာသန်စွမ်းစေမည်ဖြစ်ပါကြောင်း။        ။
လေးစားလျက်--
နိုင်ဦး---၁၁၉                          
Email---intensemuscle@gmail.com      
Email---muscleprofessor@gmail.com      
Email---myanmarfitnesstrainer@gmail.com
www.myanmarfitness.com

1 comment:

  1. ကျနော်က ၀ါသနာပါလို့ ကစားနေတာပါ ..အသက်ကတော့ ၂၀ ပါ ..အရပ်ကတော့ ၅ ပေ ၈ လက်မ ပါ ...ပြီးတော့နယ်ကဆိုတော့
    ဖြည့်စွက်ဆေးမှုန့် ပရိုတင်းမှုန့်တွေ မသောက်ဖြစ်ပါဘူး ..ဒါပေမယ့်
    gym ကပြန်လာရင် နယ်မှာဆိုတော့ နွားနို့ပေါတာနဲ့ နွားနို့တစ်ခွက် (တခါတလေ ပဲနို့ )နဲ့ ငှက်ပျောသီး သုံးလုံးလောက်စားပါတယ်..အိပ်ယာဝင်ခါနီး အိုဗာတင်းတစ်ခွက်လောက်သောက်ပါတယ်.. ကျနော့်လို ဖြည့်စွက်ဆေး မသုံးတဲ့ ၀ါသနာရှင်တစ်ယောက်အနေနဲ့ ဆိုရင် ဘာတွေများထပ်ပြီးလိုအပ်ပါသေးလဲခင်ဗျာ ... လိုအပ်တာလေးတွေကို လမ်းညွှန်ပေးစေချင်ပါတယ် ..

    ReplyDelete