arial" action="like" colorscheme="light">

Sunday, June 1, 2014

Halle Berry၏ Fitness လေ.ကျင်.ခန်း(၃)မျိုး

Halle Berry ကို ၁၉၆၆ သြဂုတ်၁၄ တွင်မွေးဖွားခဲ.ပြီး အရပ် ၅ပေ ၆လက်မ ကိုယ်အလေးချိန်၁၁၅ပေါင် ကိုယ်လုံးအချိုးအစားအနေဖြင်.ရင် ၃၆လက်မခါး၂၆လက်မတင်၃၇လက်မရှိပါသည်။Halle သည် Fitness Bodyshapeအတွက်လေ.ကျင်.ခန်းများပြုလုပ်ပါသည်။ထိုလေ.ကျင်.ခန်းများအနက်မှတစ်ပတ်လျှင်(၃)ရက်
ကစားသောလေ.ကျင်.ခန်း(၃)မျိုးကိုဖော်ပြလိုက်ပါသည်။
ပထမနေ.လေ.ကျင်.နည်း(၁)
(၁)Bodu ball နှင်.ဒိုက်ထိုး (၁၀)ကြိမ် ×၃ကျော.

(၂) Lunge and bicep curlsခြေခွဲထိုင်ပြီးလက်မောင်းရှေ.သားကွေး(၁၀)ကြိမ်×၃ကျော.
(၃) step ups with dumbbells ဘားတိုကိုင်ခြေတစ်ဘက်ခြင်းလှေကားတက်(၁၀)ကြိမ်×၃ကျော.
(၄)Stability ballနှင်.Leg curlပေါင်နောက်သားကွေး (၁၂)ကြိမ်×၃ကျော.

ဒုတိယနေ.လေ.ကျင်.နည်း(၂)

(၁)Dumbbellဘားတိုကိုင်ပြီးအပြည်.ထိုင်(၁၂)ကြိမ်×၃ကျော.
(၂)Bosu ball ဖြင်. စက်ဘီးနင်းသကဲ.သို.Crunch×၃ကျော.
(၃) (3)မိနစ်ကြိုးခုန်ခြင်း×၃ကျော.
(၄)တစ်ဘက်ခြင်းစီ(၃၀)စက်ကန်.Plank ×၃ကျော.

တတိယနေ.လေ.ကျင်.နည်း(၃)

(၁)ထိုင်လျှက်နောက်ကျောကြွက်သားအတွက်Cableဖြင်.လှေလှော်(၁၂)ကြိမ်×၃ကျော.
(၂)ဘားရှည်ဖြင်.ဘေးသို.ခြေခွဲထိုင်Lung (10)ကြိမ်×၃ကျော.
(၃)Side Wood Chooperဘော်လုံး(သို.)အလေးပြားကိုင်ပြီး
အပေါ်ဘေးဘက်ဆီသို.ကိုင်မြှောက်ခြင်း(၁၀)ကြိမ်×၃ကျော.

(၄)Stabilityball ဖြင်.နောက်ကျောဆန်.တင်(၁၂)ကြိမ်×၃ကျော.စသည်လေ.ကျင်ခန်းများဖြစ်သည်။ဖော်ပြ
ခဲ.သောလေ.ကျင်.နည်း(၃)မျိုးကိုတစ်ပတ်လျှင်(၃)၇က်ကစား ပထမနေ.လေ.ကျင်.နည်း(၁)
ဒုတိယနေ.လေ.ကျင်.နည်း(၂)
တတိယနေ.လေ.ကျင်.နည်း(၃) စသည်.လေ.ကျင်.ရက်များဖြင်.တစ်ရက်ကစားတစ်ရက်နားပုံစံဖြင်.ကစားနိုင်ပါသည်။Halle Berryအနေဖြင်.အစားအသောက်များကိုတစ်နေ.လျှင်(၅)ကြိမ်၊သင်.တင်.သောအနေတော်အနေအထားအ
စားအစာများ၊အဆီနည်းသောအစားအသောက်များကိုစားသောက်ပါသည်။Halle Berry
 ၏Fitnessလေ.ကျင်.နည်း(၃)မျိုးကိုကာယအလှလေ.ကျင်.လိုက်စားသူများအတွက်ရေးသားဖော်ပြအပ်ပါ
သည်။
Ref: Halle Berry workout routine by Harley Pasternak
ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများကိုအစဉ်လေးစားလျှက်-

စိုင်းသီဟကျော်စန်း


email---thihakyawsan@gmail.com
phone----၀၉-၅၂၄၀၁၄၅
http://www.facebook.com/thihakyawsan


အပေါ်ပိုင်းကြွက်သားများအတွက်စူပါစက်လေ.ကျင်.ခန်း(၃)မျိုး

အပေါ်ပိုင်းကြွက်သားများအတွက်စူပါစက်လေ.ကျင်.ခန်း(၃)မျိုးအပေါ်ပိုင်းကြွက်သားများကိုစူပါစက်ဖြင်
.လေ.ကျင်.ကစားနိုင်ရန်အောက်ပါအတိုင်းတွဲနိုင်ပါသည်။လက်မောင်းရှေ.သားနှင်.လက်မောင်းနောက်သား
ရင်အုပ်နှင်.နောက်ကျော
ပေါင်ရှေ.သားနှင်.ပေါင်နောက်သားစသဖြင်.တွဲဖက်ကစားနိုင်ပါသည်။ ကြွက်သားများအားလှုပ်ရှားကစားပုံအနေဖြင်.
ရေပြင်ညီမျဉ်းအတိုင်းတွန်းခြင်းနှင်.ဆွဲခြင်း
ဦးခေါင်းအထက်မှတွန်းခြင်းနှင်.ဆွဲခြင်းစသည်တို.ဖြင်.ကစားနိုင်ပါသည်။စူပါစက်ဖြင်.အပေါ်ပိုင်းကြွက်သား
များအတွက်လေ.ကျင်.ခန်းအတွဲ(၃)မျိုးမှာ
လေ.ကျင်.ခန်းအတွဲ(၁)
ဘားတိုဖြင်.ခုံရှည်တွင်ရင်အုပ်တွန်း ၃ကျော. ၁၂ကြိမ် တစ်ဆက်တည်းကစားရမည်.လေ.ကျင်.ခန်းမှာ
ဘားရှည်ဖြင်.နောက်ကျောသားများအတွက်လှေလှော် ၃ကျော. ၁၂ကြိမ်
လေ.ကျင်.ခန်းအတွဲ(၂)
ပူလီကြိုးဖြင်.ရင်အုပ်သို.ဆွဲချLat pull down ၃ကျော. ၁၀ကြိမ်တစ်ဆက်တည်းကစားရမည်မှာ
ဘားတိုဖြင်.ပုခုံးတွန်းDumbbell Over head Press ၃ကျော. ၁၀ကြိမ်
လေ.ကျင်.ခန်းအတွဲ(၃)
ဘားရှည်ဖြင်.လက်မောင်းရှေ.သားဆွဲBarbell Curl ၃ကျော. ၁၅ကြိမ်
 တစ်ဆက်တည်းကစားရမည်.လေ.ကျင်.ခန်းမှာ
မျဉ်းပြိုင်ဘားနှင်.လက်မောင်းနောက်သားတွန်း Parallel Bar Dips ၃ကျော. ၁၅ကြိမ်
(လိုအပ်ပါကအလေးချိတ်၇န်)စသည်.လေ.ကျင်.ခန်းအတွဲ(၃)မျိုးဖြစ်သည်။ထိုလေ.ကျင်.ခန်းအတွဲ(၃)မျိုး
သည်ကိုယ်အပေါ်ပိုင်းရှိကြွက်သားများအတွက်တစ်မျိုးတစ်ဖုံထိရောက်အကျိုးရှိသောလေ.ကျင်.ခန်းအတွဲ
များဖြစ်သည်.အကြောင်းရေးသားဖော်ပြအပ်ပါသည်။
Ref: Super sets for upper body by Weider Principle workout
ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများကိုအစဉ်လေးစားလျှက်-
စိုင်းသီဟကျော်စန်း

email---thihakyawsan@gmail.com
phone----၀၉-၅၂၄၀၁၄၅
http://www.facebook.com/thihakyawsan



P H A T “Power Hypertrophy Adaptive Training”လေ.ကျင်.နည်း(၁)

 .P H A T လေ.ကျင်.နည်းသဘောတရားမှာ အလေးမခြင်းPower Lifting နှင်. အလေးဖြင်.ကာယဗလလေ.ကျင်.ခြင်းBodybuilding နှစ်မျိုး ပေါင်းစပ်ထားသောလေ.ကျင်ခန်းများဖြစ်သည်။
ထိုလေ.ကျင်.နည်းစနစ်ကို Layne Norton( PhD)(Pro natural bodybuilder)မှစတင်တွေ.ရှိခဲ.ပါသည်။P  H A T လေ.ကျင်.နည်းစနစ်သည် ခွန်အား သန်စွမ်းစေသကဲ.သို.ကြွက်သားထုထည်ကြီး
ထွားခြင်းကိုအားပေးသောနည်းစနစ်ဖြစ်သည်ဟုဆိုပါသည်။ P H A T လေ.ကျင်.နည်းသည်တစ်ပတ်တွင် (၅)ရက်ကစားသောနည်းစနစ်ဖြစ်သည်။
ပထမနေ. အပေါ်ပိုင်းကြွက်သားများကစားပါသည်။
ဒုတိယနေ.တွင် ပေါင်၊ခြေသလုံးစသောအောက်ပိုင်းကြွက်သားများကစားပါသည်။
တတိယနေ.နားပါသည်။
စတုထနေ. နောက်ကျောကြွက်သားနှင်.ပုခုံး
ပဥမနေ. အောက်ပိုင်းကြွက်သားအစိတ်အပိုင်းများအတွက်လေ.ကျင်.ခန်းများကစားသည်။
ဆဋ္ဌမနေ. တွင်ရင်အုပ်နှင်.လက်မောင်းကြွက်သားများကစားပါသည်။
သတမနေ.နားပါသည်။ P H A T လေ.ကျင်.နည်း၏ (၅) ရက်လေ.ကျင်.ခန်းများမှ ပထမနေ.နှင်.ဒုတိယနေ.လေ.ကျင်.ခန်းများကိုဖော်ပြလိုက်ပါသည်။
ပထမနေ. နောက်ကျောကြွက်သား ၊ရင်အုပ်၊ပုခုံး၊လက်မောင်းရှေ.သား
(၁)ခါးကိုင်းပြီးဘားရှည်လှေလှော်Barbell Row ၃ ကျော. ၃-၅ ကြိမ်
(၂)အလေးချိတ်ပြီးဘားဆွဲ Horizontal Bar Pull(with weigh) ၂ကျော. ၆-၁၀ကြိမ်
(၃)ဘားနောက်ကျောဘက်သို.ဆွဲ ချPull Down to back၂ကျော. ၆-၁၀ကြိမ်
(၄)ခုံရှည် ဘားတို ရင်အုပ်တွန်း Flat Bench Dumbbell Press ၃ကျော. ၃-၅ ကြိမ်
(၅)အလေးတင်ဒိုက်ထိုး Dips with weigh၂ကျော. ၆-၁၀ကြိမ်
(၆)ထိုင်ပြီးဘားတိုဖြင်.ပုခုံးတွန်း Seated Dumbbell overhead Press၃ကျော. ၆-၁၀ကြိမ်
(၇)ဘားရှည်လက်မောင်းရှေ.သားဆွဲBarbell Curls  ၃ကျော. ၆-၁၀ကြိမ်
   ၃ကျော. ၆-၁၀ကြိမ်
ဒုတိယနေ. ပေါင်။ခြေသလုံး
(၁)အလေးထမ်းပေါင်အပြည်.ထိုင် Full Squat ၃ကျော. ၃-၅ ကြိမ်
(၂)Hack Squat ပေါင်၊ဒူးစုပြီးထိုင်(သို.)အလေးကိုနောက်ဘက်အောက်မှကိုင်ပြီးထိုင်ထ
၂ကျော. ၆-၁၀ကြိမ်
(၃)ပေါင်ရှေ.သားဆန်.Leg Extension ၂ကျော. ၆-၁၀ကြိမ်
(၄)ဒူးမကွေးဘဲ Dead Lift ဆွဲ ၃ကျော. ၅-၈ ကြိမ်
(၅)မှောက်လျှက်ပေါင်နောက်သားဆွဲLeg Curl ၂ကျော. ၆-၁၀ကြိမ်
(၆)မတ်တပ်ရပ်ပြီး ခြေသလုံးကြွ Standing Calf Raises ၃ကျော. ၆-၁၀ကြိမ်
(ရ)ထိုင်လျှက်ခြေသလုံးကြွ ၂ကျော. ၆-၁၀ကြိမ်စသည်လေ.ကျင်.ခန်းများသည်ပထမနေ.နှင်.ဒုတိယနေ.လေ.ကျင်.ခန်းများဖြစ်ပါသည်။ P H A Tလေ.ကျင်.ခန်းများသည်
ကြွက်သားများသန်စွမ်းပြီးထုထည်အားကောင်းစေရန်ထောက်ကူပေးသော လေ.ကျင်.နည်းများဖြစ်ပါသည်။
၎င်းလေ.ကျင်.နည်းများကိုကာယဗလနှင်.ကာယအလှလေ.ကျင်.လိုက်စားနေသူများလေ.ကျင်.ကစားနိုင်
ရန်ဖော်ပြရေးသားလိုက်ပါသည်။
Ref:       P H A T “Power Hypertrophy Adaptive Training”     by Alex Borja B.S. SPT, HFS
ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများကိုအစဉ်လေးစားလျှက်-

စိုင်းသီဟကျော်စန်း


email---thihakyawsan@gmail.com
phone----၀၉-၅၂၄၀၁၄၅
http://www.facebook.com/thihakyawsan





စားသုံးသင်.သောအစားအစာ(၂)မျိုး



ကျန်းမာရေးနှင်.ညီညွတ်ပြီးစားသုံးရန်သင်.လျှော်သောအစားအစာ(၂)မျိုးမှာဆန်လုံးညိုနှင်.ဖရဲသီးတို.ဖြစ်ပါ
သည်။ဆန်လုံးညိုသည်ကိုယ်တွင်းအင်ဆူလင်ပမာဏပုံမှန်ဖြစ်စေသည်။၎င်းတွင်အမိုင်နိုအက်ဆစ်တစ်
မျိုးဖြစ်သော gamma –aminobutyric မြင်.မားစွာပါဝင်ပြီး GH ကြီးထွားဟိုမုန်းအဆင်.ကို ၄၀၀%ခန်.အထိမြင်.တက်စေပါသည်။ဆန်လုံညိုကိုရေခမ်းမချက်ခင်(၂)နာရီခန်.ရေပူဖြင်.စိမ်ထားပါကပါ
ဝင်နေသောအာဟာရများပြည်.၀စွာရရှိနိုင်ပါသည်။ဆန်လုံးညိုသည် ကာဒီရို လေ.ကျင်.ခန်းများအတွက်ကောင်းမွန်သောအစာအာဟာရတစ်မျိုးဖြစ်ကြောင်းLouisiana State University ၏(၆ ပတ်အကြာသုတေသနပြုချက်များအရ) “Nutrition Research” February 2008 တွင်ထုတ်ပြန်ခဲ.ပါသည်။
ဆန်လုံးညို(၁ခွက်)တွင်ပါဝင်သည်များကိုဖော်ပြရသော်
ကယ်လိုရီ ၂၁၈
ပရိုတင်း ၅ ဂရမ်
ကာဗိုဟိုက်ဒရိတ် ၄၆ ဂရမ်
အဆီ ၂ ဂရမ်စသည်တို.ပါဝင်ပါသည်။နောက်ထပ်စားစရာသစ်သီးတစ်မျိုးဖြစ်သော
ဖရဲသီးကိုအချိန်မရွှေးစားသုံးရန်သင်.သကဲ.သို. လေ.ကျင်.ခန်းပြုလုပ်ပြီးအချိန်များတွင်စားသုံးရန်လည်းသင်
.တော်ပါသည်။၎င်းတွင်Amino Acid citrulline မြင်.မားစွာပါဝင်ပြီး ထိုမှတစ်ဆင်.သန်မာခြင်းကိုအားပေးသောကြီးထွားမှုကိုအထောက်အကူပြုသောArginine သို.ပြောင်းပေးပါသည်။Arginine များစွာပါဝင်ခြင်းသည်GH ကြီးထွားဟိုမုန်းနှင်.Nitric Oxide တို.ကိုမြင်.တက်စေသည်။ကြွက်သားများသို.သွေးများပိုမိုစီးဆင်းစေပြီး ပြန်လည်အားပြည်.မှုနှင်.ကြီး
ထွားခြင်းကိုများစွာလျှင်မြန်စေပါသည်။
ဖရဲသီးစိပ် (၂)စိပ်တွင် ပါဝင်သည်များမှာ
၁၇၂ ကယ်လိုရီ
၎ ဂရမ် ပရိုတင်း
၁ ဂရမ် အဆီ
၃ ဂရမ် citrulline စသည်တို.ပါဝင်ပါသည်။ ဖော်ပြခဲ.သောအစားအစာ(၂)မျိုးတွင် ဖရဲသီးသည်လေ.ကျင်.ခန်းများပြုလုပ်ပြီးစားသုံးသင်.သောစားစရာအသီးတစ်မျိုးဖြစ်ပါသည်။ကျန်စားစရာ
တစ်မျိုးဖြစ်သောဆန်လုံးညိုကိုမူ နေ.လည်စာ၊ညစာစသည်အချိန်များတွင်အခြားသောအာဟာရပြည်.၀သော
အစားအစာများနှင်.တွဲဖက်စားသုံးသင်.ပါသည်။
Ref :Healthy foods to eat from foods resources
ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများကိုအစဉ်လေးစားလျှက်-
စိုင်းသီဟကျော်စန်း


email---thihakyawsan@gmail.com
phone----၀၉-၅၂၄၀၁၄၅
http://www.facebook.com/thihakyawsan




ကြီးထွားဖို့ လိုအပ်သောအာဟာရ

  
 လေ့ကျင့်ခန်းပြုလုပ်ခြင်းသည်ကြွက်သားကြီးထွားမှုအတွက်လှုံ့ဆော်ပေးခြင်းသာဖြစ်သည်။လေ့ ကျင့်မှုကြောင့်ကုန်ဆုံးသွားသောစွမ်းအင်များကိုပြန်လည်ဖြည့်ဆည်းပေးရန်စွမ်းအင်ပြည့်ဝသောအစားအ
 သောက်များစားသောက်ရန်လိုအပ်သည်။လေ့ကျင့်မှုကြောင့်ပျက်စီးသွားသောကြွက်သားတစ်သျှူးများကို
 ပြန်လည်ပြုပြင်နိုင်ရန်အကောင်းဆုံးသောနည်းလမ်းသည်အနားယူခြင်းနှင့်အာဟာရစားသောက်ခြင်းမှလွဲ၍
အခြားနည်းလမ်းမရှိနိုင်ပေ။မှန်ကန်သောစားသောက်မှုဖြစ်စေရန်အတွက်မိမိကိုယ်တိုင်လည်းအစားအ
 သောက်ကိုရွေယ်ချယ်စားသုံးတတ်ရန်လိုသည်။ထို့ကြောင့်ကြွက်သားသန်စွမ်းကြီးထွားစေနိုင်မည့်စား
 သောက်ပုံနည်းလမ်းတစ်ချို့ကိုသိရှိစေရန်ရည်ရွယ်ဖော်ပြလိုက်ပါသည်။
(၁)    အဆီနည်းသောနွားနို့နှင့်နို့ထွက်ပစ္စည်းများတွင်အရည်အသွေးမြင့်ပရိုတင်းနှင့်ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင်ဒီ၊ပိုတက်စီယမ်၊ကယ်လစီယမ်တို့ပါဝင်ပြီးလေ့ကျင့်ခန်းပြီးဆုံးချိန်တွင်သောက်သုံးသင့်သည့်အ
 ကောင်းဆုံးအရည်တစ်မျိုးဖြစ်သည်။လက်စ်တို့ဓာတ်နဲ့မတည့်သူများအတွက်ဒိန်ချဉ်ကိုလည်းအစားထိုး
 သောက်သုံးနိုင်သည်။
(၂)    အဆီနည်းပါးသောအသားသည်လည်းကြွက်သားကြီးထွားရာတွင်အဓိကဖြစ်သည်။ပရိုတင်းဓာတ်၊ ကြွက်သားများဆီသို့အောက်ဆီဂျင်ပို့ဆောင်ပေးရာတွင်အဓိကဖြစ်သည်။သံဓာတ်နှင့်လူစင်းဓာတ်အပါအ၀င်
အမိုင်နိုအက်ဆစ်ဓာတ်များစွာပါဝင်သဖြင့်ကြွက်သားကြီးထွားမှုဖြစ်စဉ်များအတွက်အဆီနည်းအသားသည်
လည်းအဓိကနေရာမှပါဝင်နေသည်။
(၃)    အရောင်ရင့်သည့်ကြက်သားသည်လည်းအဖြူရောင်ရှိသည့်ကြက်အသားနှင့်နှိုင်းယှဉ်ရင်သံဓာတ်၂၅ ရာခိုင်နှုန်းနှင့်ဇင့်(သွပ်)ဓာတ်၃ဆပိုမိုပါဝင်သောကြောင့်ကိုယ်ခံစွမ်းအားစနစ်ကိုပိုမိုကောင်းမွန်စေသည်။
(၄)    ကြက်ဥ၊ဘဲဥများတွင်လည်းမရှိမဖြစ်အမိုင်နိုအက်ဆစ်ဓာတ်များပါဝင်နေသောကြောင့်တစ်နေ့လျှင် အနည်းဆုံး(၁)လုံးခန့်စားပေးသင့်သည်။
(၅)    အငန်ဓာတ်မပါသောအခွံမာအစေ့အဆန်များနှင့်လှော်ထားတဲ့အခွံမာအသီးများတွင်ပရိုတင်းဓာတ်၊ ဗီတာမင်၊အင်တီအောက်ဆီးဒင့်၊အမျှင်ဓာတ်နှင့်ကောင်းမွန်သောအဆီဓာတ်တို့ပါဝင်သောကြောင့်ကြွက်သား
သန်စွမ်းမှုတွင်အထောက်အကူများစွာပေးသည်။
(၆)    ပဲအမျိုးမျိုးနှင့်ကောက်နှံစာများသည်အရည်အသွေးမြင့်မားသောကာဗိုဟိုက်ဒရိတ်နှင့်ပရိုတင်းဓာတ်၊ ကြွက်သားပြန်လည်ပြုပြင်ပေးနိုင်ရန်အတွက်အမျှင်ဓာတ်၊ဗီတာမင်ဓာတ်နှင့်အင်တီအောက်ဆီးဒင့်တို့ပါဝင်ပါ
တယ်။ဖော်ပြပါအချက်အလက်များသည်ကြွက်သားကြီးထွားမှုဖြစ်စဉ်များတွင်အရေးပါသည်။ အဆိုပါအချက်အလက်များသည်အားကစားသမားများအတွက်မှန်ကန်သောစားသောက်မှုပုံစံကိုအကျဉ်းချုပ်
မျှလမ်းညွှန်ပေးထားခြင်းဖြစ်သည်။စားသောက်မှုပုံစံသည်ကာယဗလတွင်အလွန်ပင်အရေးကြီးသည့်အခန်း
တစ်ခုမှပါဝင်နေသည်။ကမ္ဘာကျော်ကာယဗလချန်ပီယံများ၊ကမ္ဘာကျော်သရုပ်ဆောင်များနှင့်ကမ္ဘာကျော်အား
ကစားချန်ပီယံများကဲ့သို့အာဟာရပညာရှင်များအနားတွင်မထားရှိနိုင်သလို၊စနစ်တကျတွက်ချက်ပြီးလည်း
စားသောက်နိုင်ခြင်းမရှိသေးသည့်ကျွန်တော်တို့လိုဟိုမရောက်ဒီမရောက်ကာယဗလ၀ါသနာရှင်များအနေဖြင်
့ပို၍ပင်အစားအသောက်ကိုဂရုပြုသင့်သည်။မိမိအချိန်ကုန်ငွေကုန်ခံ၍ဇွဲနပဲကြီးစွာလေ့ကျင့်တည်ဆောက်
ထားသောကြွက်သားအလှအပများသည်မိမိစားသုံးလိုက်သောအာဟာရတစ်ပန်းကန်ကြောင့်အကျိုးကျေးဇူး
ရရှိသွားနိုင်သလိုဆိုးကျိုးသည်လည်းရရှိနိုင်သည်။ဂျင်မ်ကစားနေရုံမျှနှင့်မိမိလိုချင်သောဘော်ဒီကိုပိုင်ဆိုင်နိုင်
မည်ဆိုလျင၊်ပြီးပြည့်စုံသောအချိုးအစားတစ်ခုကိုရရှိနိုင်မည်ဆိုလျင်ယနေ့ဂျင်မ်တိုင်းတွင်ရှိသောဝါသနာရှင်
တိုင်းစင်မြင့်ထက်တွင်အောင်ပွဲအလီလီဆင်နွဲနေနိုင်မည်ဖြစ်သည်။သို့သော်လည်းယနေ့ဂျင်မ်တွင်က
စားနေကြသူအများစုသည်ကျွန့်တော်ကိုယ်တွေ့ပြောရလျင်ဂျင်မ်လာပြီးစကားဖောင်ဖွဲ့လိုက်တစ်ကျော့ကစား
ပြီး၁၅မိနစ်လောက်အချိန်ဖြုန်းလိုက်နှင့်သူတို့သည်တစ်နေ့တာဂျင်မ်ကိုလာပြီးကစားသွားကြသော်လည်း
ထူးခြားသည့်ရလဒ်သည်ကားတစ်လလည်းထွက်မလာနှစ်လလည်းထွက်မလာနှင့်နောက်ဆုံးတော့ မကတတ်ဖျာအပြစ်တင်ဆိုသည့်စကားပုံအတိုင်းပင်ကာယဗလသည်အချိန်ကုန်လူပန်းသည့်အားကစားတစ်ခု
ဟူ၍နာမည်ဆိုးထွက်လာသည်။တကယ်တမ်းတွင်ကာယဗလသည်စည်းစနစ်အလွန်ရှိသောပတ်ဝန်းကျင်
ကိုနှောင့်ယှက်မှုလည်းမရှိလူအင်အားငွေအင်အားသုံးပြီးနေရာကျယ်ဝန်းမှုလည်းမလိုအပ်ပဲတိကျလိုက်နာ
မှုရှိစွာဖြင့်အနေအထိုင်အစားအသောက်မှန်ကန်ပြီးနည်းစနစ်မှန်ကန်စွာဖြင့်သတ်မှတ်ထားသောဘောင်
အတွင်းမှလေ့ကျင့်ကစားလျင်အင်မတန်မှပင်စိတ်ပျော်ရွင်စရာကောင်းပ်ါသည်။ရလဒ်သည်လည်းထူးခြား
မည်ဟုအာမခံပါသည်။ဝေဖန်မှုကတော့မအောင်မြင်ခင်ခံရမည်သာဖြစ်သည်။ဆောင်းပါးရေးသူကျွန်တော်
တို့ပင်ယနေ့အချိန်ထိထိုအရာမှမလွတ်ကင်းနိုင်ပေ။ကျွန်တော်တို့သည်လည်းမိမိတို့လေ့လာမိသမျှကိုယနေ့
အချိန်ထိတင်ဆက်လာသည်မှာမြန်မာဖစ်တနက်စ်မှသည်မာဆယ်ပရော်ဖက်ဆာအထိအတော်လေး
ခရီးပေါက်ခဲ့ပြီဖြစ်သည်။အားပေးမှု၊ဝေဖန်မှု၊ရှုံချမှုများနှင့်မထိတထိစကားသံများသည်ကျွန်တော်တို့အတွက်
ရိုးသွားခဲ့ပြီဖြစ်သည်။ယနေ့အချိန်ထိလည်းဝေဖန်မှုများကရှိနေဆဲပင်ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်မှဆောင်း
ပါးရေးရမည်ဟုအဘယ်သို့သောဆရာ့ဆရာ့ကြီးများကရှေးပဝေသဏီကသြ၀ါဒချွေသွားသည့်မသိ။
ကျွှန်တော်တို့ကိုပြိုင်ပွဲဝင်ဖူးသူမဟုတ်တဲ့ကောင်တွေရေးတာများကွာဆိုသည့်စကားတစ်လုံး
ကျွန်တေ?်မင်ဘာတစ်ယောက်ကဖုန်းဆက်ပြောလာသည်ထိုသူသည်ပြိုင်ပွဲဝင်သူတစ်ယောက်မှန်သည်လက်
ခံပါသည်သို့သော်လည်းသူ့တွင်ကာယဗလနှင့်ပတ်သက်သည့်အသိပညာဘယ်လောက်ရှိသလဲသူပြောသ
လိုပြိုင်ပွဲဝင်မဟုတ်သူကျွှန်တော်တို့တောင်ဆောင်းပါးပေါင်းရာချီရေးသားပြီးချိန်တွင်သူသည်ကာယဗလ၀ါ
သနာရှင်သူ့ကိုအထင်ကြီးလေးစားသည့်တပည့်တပန်းများအတွက်ကာယဗလလောကအတွက်အကျိုးရှိမည်
့ဆောင်းပါးတစ်ပုဒ်ရေးသားစေချင်သည်။ထိုမှသာဆောင်းပါးတစ်ပုဒ်ရေးသားရခြင်း၏အကျိုးရလဒ်အဆိုး
အကောင်းကိုသူသိနိုင်မည်။ပြိုင်ပွဲဝင်တိုင်းကာယဗလဗဟုသုတမရှိသလိုပြိုင်ပွဲဝင်မဟုတ်သော်လည်းဝါသ
နာအရလေ့လာပြီးပြိုင်ပွဲဝင်ထက်သာလွန်သည့်ကာယဗလဗဟုသုတရှာမှီးသူများမြန်မာပြည်တွင်များစွာရှိ
ပါသည်။ယနေ့အချိန်တွင်ကာယဗလနှင့် ပတ်သက်သည့်
 လစဉ်ထုတ်စာအုပ်၂မျိုးဈေးကွက်ထဲတွင်တွေ့လာရသည့်အတွက်များစွာကျေနပ်မိသည်။ မှန်ကန်သည်အအချက်အလက်များပေးစွမ်းနိုင်ရန်သာအရေးကြီးသည့်။အရင်ထက်စာလျှင်တော့ဘာပဲဖြစ်ဖြစ်
 စာအုပ် နှင်ကိုယ်ကာယအလှပြိုင်ပွဲတစ်ချို့ခပ်စိပ်စိပ်ကျင်းပလာခြင်းသည်လည်းလူငယ်တို့အတွက်ကာယ
 လေ့ကျင့်ခန်းကစားချင်စိတ်၊အားကျအတုယူလိုစိတ်များတိုးပွားလာနိုင်သည်ွှ့အတွက်ဝမ်းသာမိပါသည်။
စာစောင်များတွင်လည်းမြို့နယ်အလိုက်ကျောင်းပေါင်းစုံကာယဗလပြိုင်ပွဲများကျင်းပလာသည်ကိုလည်းတွေ့ရ
သည်။ကာယဗလအတွက်ကောင်းမွန်သည့်လမ်းစများပင်ဖြစ်သည်။သို့သော်ကောက်ရိုးမီးဖြစ်သွားမှာတော
့စိုးကြောက်ပါသည်။ကာယဗလအားကစားတိုးတက်ကောင်းမွန်လာနိုင်ရန်အဖက်ဖက်မှကူညီထောက်ပံ့မှုလို
အပ်ပါသည်။အခုတော့အမိမဲ့သားရေခမ်းငါးလေးဖြစ်နေသည် ကာယဗလအားကစားကို မက်မောမိသည့် ကျွှန်တော်တို့အတွက် ကာယဗလအားကစား ရွှေရောင်တောက်ပလာမည့် နေ့ရက်များကိုတမ်းတရင်း ကိုယ်တတ်နိုင်သည့်ကိုယ် တာဝန်ကိုယ်ထမ်းနေရုံသာရှိသည်။


အောင်အောင်(လှိုင်)
Email---aungaung.aung24@gmail.com