arial" action="like" colorscheme="light">

Saturday, November 24, 2012

မှန်းပါ


လောကတွင်တန်ခိုးအကြီးဆုံး၊စွမ်းဆောင်ရည်အပြည့်ဝဆုံးနှင့်အလျင်မြန်ဆုံး၊ထိန်းချုပ်ရန်အခက်ခဲ
ဆုံးသောအရာမှာလူ့ စိတ်ပင်ဖြစ်သည်။စိတ်ကိုဓါတ်ခွဲကြည့်ပါကသိစိတ်နှင့်မသိစိတ်ဟူ၍နှစ်မျိုးရှိ
လေသည်။ထိုစိတ်နှစ်မျိုးလုံးတွင်မသိစိတ်သည်ကားပို၍တန်ခိုးကြီးလေသည်။ထိုစိတ်ကိုထိန်းသိမ်း
လေ့ကျင့်ပြီးခိုင်မာအောင်မွေးမြူနိုင်သလောက်လူသည်လည်းအစွမ်းထက်အောင်မြင်ရလေသည်။
တိုတောင်းသောဤလူ့ ဘ၀လေးကိုပိုင်ဆိုင်ရရှိချိန်မှစ၍ပြန်လည်ထွက်ခွာသွားမည့်အချိန်အထိ
မည်သည့်အရာမှဖြစ်မြောက်အောင်မစွမ်းဆောင်နိုင်ခဲ့လျင်သင့်အသက်ရှင်ခဲ့သည့်အချိန်သည်လည်း
လူ့ သမိုင်းတွင်အရေးမပါ၊အလှေးအမွှားသာဖြစ်ကာသင့်အကြောင်းကိုသားသမီးများကပင်ပြောဆိုကြ
တော့မည်မဟုတ်ဘဲမေ့လျော့လိုက်ကြမည်ဖြစ်သည်။
ဘ၀တွင်မည်သည့်နယ်ပယ်တွင်မဆိုအောင်မြင်လိုပါကမိမိ၏စိတ်ကိုခိုင်ခံ့သန်မာတန်ခိုးကြီးအောင်ပြု
လုပ်ရပေမည်။မည်သို့ မည်ပုံလေ့ကျင့်ရမည်ကိုစိတ်ပညာကျမ်းများနှင့်တက်ကျမ်းများတွင်လေ့လာနိုင်
ပါသည်။ကာယဗလလေ့ကျင့်လိုက်စားသူ၊ခန္ဓာကိုယ်ကြီးထွားသန်မာလိုသူများနှင့်အဆီကျလှပလိုသူ
များအတွက်လည်းမိမိတို့ ရည်မှန်းချက်ပေါက်မြောက်စေရေးအတွက်မိမိလေ့ကျင့်သည့်အချိန်တိုင်း
တွင်စိတ်ကိုနှစ်ထားသင့်သလိုကျန်အချိန်များတွင်လည်းထိုရည်မှန်းချက်ပေါက်မြောက်စေရေးအတွက်
စဉ်းစားတွေးခေါ်နေသင့်ပေသည်။ကမ္ဘာကျော်အိုလံပစ်ချန်ပီယံများ၊အားကစားနယ်ပယ်အသီးသီးမှပ
ရော်ဖက်ရှင်နယ်များအားလုံးသည်လည်းမိမိတို့ ၏ရုပ်ကိုပြင်းထန်စွာလေ့ကျင့်ကြသလိုစိတ်ကိုလည်း
အပိုင်လေ့ကျင့်ထားသူများဖြစ်သည်။

သိပ္ပံနည်းကျအထောက်အထားပြရမည်ဆိုပါက၊Journal of Strength and Conditioning Research
သုတေသီအဖွဲ့ က၊အသက်နှစ်ဆယ်အရွယ်ကစားသမားနှစ်ဆယ့်နှစ်ယောက်ကိုခြောက်ပါတ်ကြာအုပ်စု
နှစ်စုခွဲပြီးပထမအုပ်စုကို၊ရုပ်ချည်းသက်သက်ဖြင့်လေ့ကျင့်ခန်းများ(ရင်အုပ်တွန်းနှင့်ပက်လက်အိပ်ကန်)
ကိုလေ့ကျင့်စေပြီးကျန်အုပ်စုကိုလည်းထိုလေ့ကျင့်ခန်းများကိုပင်လေ့ကျင့်စေကာတစ်ကျော့နှင့်တစ်
ကျော့အကြားနားချိန်တွင်မူနောက်တစ်ကျော့လေ့ကျင့်လျင်မည်သို့ လေ့ကျင့်မည်ကိုစူးစိုက်စွာအာရုံ
ပြုခိုင်းထားပြီးစိတ်ကိုပါလေ့ကျင့်ပေးခဲ့ပြီးနောက်သုတေသန၏နိဂုံးတွင်ထိုစိတ်ပါလေ့ကျင့်ခဲ့သည့်အုပ်
စုသည်ရုပ်ချည်းသက်သက်လေ့ကျင့်သည့်အုပ်စုထက်သိသိသာသာခွန်အားတိုးလာသည်ကိုအံ့သြဖွယ်
ရာတွေ့ ရှိခဲ့ရသည်။
ထိုသို့ စိတ်ကိုလေ့ကျင့်ခြင်းဖြင့်အခြားသောအားကစားများဖြစ်သည့်ဘက်စကတ်ဘော၊ဂေါက်ရိုက်၊
သေနတ်ပစ်စသည့်အားကစားများ၏စွမ်းရည်လည်းတိုးတက်မှုရှိပေသည်။ထို့ အပြင်စိတ်ကိုလေ့
ကျင့်ခြင်းဖြင့်စိတ်ဓါတ်တက်ကြွခြင်း၊ခွန်အားတိုးလာခြင်း၊စနစ်တကျလေ့ကျင့်နိုင်ခြင်းနှင့်ဒဏ်ရာမရ
အောင်ကာကွယ်နိုင်ခြင်းအပြင်၊ဒဏ်ရာရပြီးနောက်ပြန်လည်လေ့ကျင့်ချိန်တွင်လည်းခွန်အားယုတ်
လျော့သွားခြင်းမှသက်သာနိုင်ပေသည်။လေ့ကျင့်ခန်းများပြုလုပ်ချိန်တွင်စိတ်ကိုမည်သို့ လေ့ကျင့်ရ
မည်ကိုအလွယ်ရှင်းပြပါက***မှန်းခြင်း***ပင်ဖြစ်သည်။ဥပမာ-သင်လေ့ကျင့်မည့်လေ့ကျင့်ခန်းကို
စိတ်ဖြင့်အရင်လေ့ကျင့်ကြည့်ပါကသင့်ကြွက်သားများပင်ပူနွေးလာသည်ကိုခံစားမိမည်ဖြစ်သည်။
အာနိုးပြောခဲ့ဖူးသလိုပင်သူလက်မောင်းရှေ့ ကြွက်သားများလေ့ကျင့်ချိန်တွင်ထိုကြွက်သားများသည်
တောင်များသဖွယ်ကြီးထွားလာသည်ဟုမှန်းပြီးလေ့ကျင့်တတ်ကြောင်း၊ထို့ ကြောင့်လည်းသူ၏လက်
မောင်းအရှေ့ သားများသည်ကမ္ဘာ့ကာယဗလလောကတွင်ထာဝရအကောင်းဆုံးစံချိန်တင်ခဲ့ခြင်းပင်
ဖြစ်သည်။

ထို့ ကြောင့်အားကစားခန်းမထဲတွင်ဆယ်ကျော်သက်မိန်းမပျိုလေးများလိုတွေ့ သမျှလူနှင့်မိတ်ဖွဲ့ စကား
လက်ဆုံကျနေမည့်အစား၊တစ်ကျော့နှင့်တစ်ကျော့အကြားမိမိအာရုံကိုစူးစိုက်ထားခြင်းဖြင့်ခွန်အားတိုး
တက်ပြီး၊ကြီးထွားမှုကိုလည်းအထောက်အကူပြုကာဒဏ်ရာရရှိခြင်းမှလည်းကာကွယ်စေနိုင်သည့်
စိတ်ကူးဖြင့်မှန်းဆခြင်းကိုစမ်းသပ်ပြုလုပ်ကြည့်ပါဟုအကြံပြုလိုက်ပါသည်။
တင်ဆက်သူ----
                                နိုင်ဦး---119
Email-intensemuscle@gmail.com
Email-muscleprofessor@gmail.com
www.myanmarfitness.com

No comments:

Post a Comment