arial" action="like" colorscheme="light">

Sunday, November 18, 2012

ဒိုရီယံရိတ်ပြောသောအာဟာရအကြောင်း

မြန်မာဖတ်တနက်စ်မှကျွန်တော်တို့ သူငယ်ချင်းကြီးကိုအောင်အောင်ရဲ့ ဒီဘလော့ဂ်လေးအတွက်ပထမဦးဆုံး

ချီးမြှင့်မှုဖြစ်တဲ့ဆောင်းပါးလေးပါ။ဂန္တ၀င်ကာယဗလချန်ပီယံတစ်ဦးရဲ့ အာဟာရအယူအဆကိုပြည့်စုံစွာတင်

ပြထားတဲ့ဆောင်းပါးကောင်းတစ်ပုဒ်ပါ။





ကာယဗလ လေ့ကျင့်မှုမှာ အာဟာရကို ဂရုတစိုက်စားသောက်တတ်မှုက လည်း အရမ်းအရေးကြီးပါတယ်။ ဒီအကြောင်းကို ကျွန်တော်တို့ www.myanmarfitness.com မှာ အရင်ကလည်း မကြာခဏ ရေးသားပေးဘူးပါတယ်။လူတစ်ယောက်ဟာ ရုပ်ကို အာဟာရ စောင့်တယ် ဆိုသကဲ့သို့ပင် ကျွန်တော်တို့ရဲ့ လေ့ကျင့်ကစားမှုကြောင့် ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းဖို့အတွက် အကောင်းဆုံး အဖော်မွန်ဟာ အနားယူခြင်းနှင့် အာဟာရ ကလွဲရင် တခြား ဘာမှမရှိပါဘူး။ကာယဗလ သမားတစ်ယောက်ဟာ ဘယ်လိုပင်လေ့ကျင့်မှုတွေကောင်းမွန်နေပါစေ ၊ နည်းစနစ်တွေ ကောင်းမွန်နေပါစေ ပြည့်စုံလုံလောက်တဲ့ အာဟာရ ဖြည့်တင်းမှု မရှိရင် သူရဲ့ တိုးတက်မှုမှာ ရာနှုန်းပြည့်ထိရောက်မှုရှိမှမဟုတ်ပါဘူး။ ဒီအမှားတွေကို ကျွန်တော်တို့လည်း အရင်က အများကြီး ကျူးလွန်ခဲ့ပါတယ်။ သူများမရင် ၀င်မလိုက်တယ် ၊ သူများကစားသလို အကြိမ်ရေ အများကြီး အကျော့တွေ အများကြီး ကစားတယ် ပြီူးရင် ဖြစ်သလို ပဲ စားသောက်လိုက်တယ်။ ဒါတွေဟာ တကယ်တော့ ကျွန်တော်တို့ မသိလို့ မှားခဲ့ကြတာပါ။ ဆရာ ကျောက်ဘီလူး ဦးတင်မောင်ဆွေ မကွယ်လွန်ခင်က ဆရာ့ အိမ်ကို ကျွန်တော်နှင့် ၀ိတ်ကစားဖော် ကစားဖက် ဦးလေး တစ်ယောက် အကူအညီနှင့် ရောက်သွားပြီး သိချင်သည်များကို မေးမြန်းရာမှ ကာယဗလ တွင် အာဟာရ ဘယ်လောက်အထိ အရေးပါသည်ကို ဆရာရှင်းပြမှ ကျွန်တော် သဘောပေါက်သလို ဖြစ်လာခဲ့သည် ။ သို့သော်လည်း အနည်း အကျဉ်းမျှသာ ဖြစ်သည်။ကာယဗလ အားကစားသည် လေ့ကျင့်မှု မှန်နေရုံ ၊ နည်းစနစ် ကောင်းနေရုံ ၊ နည်းပြ ကောင်းနေရုံ နှင့် မပြီး ဘက်စုံမှနေ၍ လိုအပ်ချက်မှန်သမျှကို လေ့လာ သုံးသပ်နေနိုင်မှ အောင်မြင်သော မောင်တစ်ဦး ဖြစ်လာနိုင်မည်ဟု ထင်မိပါသည်။ ဒီတစ်ခေါက်မှာတော့ ကျွန်တော်အရမ်းကြိုက် တဲ့ မောင်အိုလံပီယာတွေထဲက တစ်ဦး ဖြစ်တဲ့ ဒိုရိယန်ရီတ်စ် ဧ။် အာဟာရနှင့် ပတ်သက်ပြီး သူဧ။် ထင်မြင်ယူဆချက်လေးတွေကို ဘယ်လိုပြောကြား ထားသလဲဆိုတာလေး ကို တင်ပြ ရေးသားပေးသွားပါမယ်။

သုံးပွင့်ဆိုင်အေ၇းကြီးပါတယ်။
ကာယဗလ အားကစားနည်းမှာ အာဟာရ ရဲ့ အရေးပါမှုအပေါ် လူတွေကပြောကြတယ် ၇၀% ရှိတယ် ။ လေ့ကျင့်မှုက ၃၀ %ဆိုပြီး။ ကိန်းဂဏန်းတွေနဲ့ ဘယ်လိုပြောပြော ကျွန်တော် အတွက်တော့ ကာယဗလမှာ သုံးပွင့်ဆိုင် အရေးကြီးတယ်လို့ထင်တယ်။အဲဒါကတော့
(၁)။အာဟာရ (၁၀၀)%

(၂)။လေ့ကျင့်မှု(၁၀၀)%

(၃)။စိတ်ဓာတ်(၁၀၀)% ဖြစ်ပါတယ်။ လူအတော်များများက အလေးနဲ့ ကာယဗလ ကို လေ့ကျင့်တဲ့နေရာမှာ လေ့ကျင့်မှုတွေ ၊ နည်းစနစ်တွေ ကိုပဲ အလေးထားနေကြတယ်။ လိုအပ်တဲ့ အာဟာရကိုတော့ မေ့နေတတ်ကြတယ် ။တကယ်တော့ အဲဒီအမှားဟာ သူတို့အတွက် အနီးကပ်ဆုံး ရန်သူပါ။ အာဟာရ တိုးတက်မှုမှာ လိုအပ်တာ ထက်ပိုပြီး ညံ့ဖျင်းနေရင် ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် လေ့ကျင့်နေပါစေ အောင်မြင်မှုနဲ့ အလှမ်းဝေးနေမှာပါ။ ဒါကိုလည်း သဘောပေါက်အောင်လေ့လာပါ။
                                             




တိုးတက်အောင်စားပါ။
လူသစ်ကာယဗလသမားတွေ အထူးသဖြင့် ခေတ်ပညာတတ် လူငယ်လေးတွေမှာ အမှားကြီး မှားတတ်ကြတာ နိုင်ငံခြား မဂ္ဂဇင်းထဲက စတီးရွိုက်လူ့ဘီလူးကြီးတွေရဲ့ ကစားနည်းတွေကို မှီငြမ်းကိုးကားပြီး ပုံတူဆွဲ လေ့ကျင့်ကြတယ် ၊ သူတို့ လို ဇြစ်လာမယ်ထင်တဲ့ အတွေးနဲ့ စိတ်ကူးတည့်ရာ ထင်ရာစိုင်းတတ်ကြတယ်။ဒီလူတွေဟာ သူတို့ရဲ့ အသွေးအသားထဲမှာ စတီးရွိုက် နှင့် အခြားဟိုမုန်း ဆေးဝါးတွေနှင့် ပြည့်နှက်ပြီး အချိန်ပြည့်  အနားယူ နိုင်  ၊ လိုအပ်သလောက် စားနိုင်သောက်နိုင်ကြသူတွေပါ။ ဒီအကြောင်းနှင့်ပတ်သက်ပြီး ဒိုရီယန် က လူသစ်ကာယဗလ သမားတွေဟာ စာတွေဖတ်နေရုံ ၊အတုခိုးချရုံနဲ့ ပြီးမှာလား သူတို့ အတွက် ပြီးပြည့်စုံတဲ့ ကိုယ်ခန္ဓာတစ်ခု ရရှိဖို့ဆိုတာ စာတွေဖတ်ရုံ ၊ သူများ ကစားနည်းတွေကို အတုခိုးချရုံနဲ့ မပြီးပါဘူး။ အစားအသောက် အာဟာရ ကိုလည်း တိုးတက်အောင် စားမယ် ဆိုတဲ့ စိတ်မျိုး လည်း မွေးနီုင်ရပါမယ်။ အာဟာရ အရေးပါမှုကို လေ့လာ ပြီးရင် ကိုယ်စားသောက်နေတဲ့ အစားအသောက်တွေရဲ့ ကယ်လိုရီ အနိမ်အမြင့်ကို နှိုင်းယှဉ်ပါ။ မိမိရဲ့ လေ့ကျင့်မှုနှင့် တွက်ချက်ပြီး တိုးတက်အောင်စားပါ။ ကိုယ်အလေးချိန်တန့်နေလား ၊ တိုးနေလား ၊ ပိုကျသွားသလား ၊ ထုတက်လာ သလား ၊ မာဆယ်ပေါ်လာသလားဆိုတာကို လေ့လာပြီး အာဟာရကို လည်း အတိုးအလျော့ ပြုလုပ်ပေးပါ။အစား အသောက်နည်းတာ များတာကို လေ့လာဖို့အတွက် နေ့စဉ် ပျမ်းမျှစားသောက်တဲ့ ကယ်လိုရီတန်ဖိုးနှင့် အစားအသောက်ု မှတ်တမ်းများကို (၅) ရက်ခန့် အနည်းဆုံးမှတ်တမ်းထားပြီး ကိုယ်အလေးချိန်အတက်အကျ စမ်းစစ်ကြည့်ဖို့ တိုက်တွန်းထားပါတယ်။ ဒီနေရာမှာ ဒိုရီယန် ရီတ်စ် ပြောတာနည်းလမ်းကျပါတယ်။ ဒါပေမယ့် သူပြောတာက ကိုယ်စားချင်တဲ့ ကယ်လိုရီ အရေအတွက်ပါတဲ့ အစားအသောက် တွေကို စားလို့ရတဲ့ အနောက်နိုင်ငံတွေနဲ့တော့ ကိုက်ပါတယ်။ဒါမှမဟုတ် အာဟာရ ပညာရှင်တွေရဲ့ တိတိကျကျ တွက်ချက်မှုတွေ အပေါ်မှာ တွက်ချက်စားသောက်တတ်ကြတဲ့  ကာယဗလ သမားတွေနဲ့တော့ လက်တွေ့ကျပါတယ်။ကျွန်တော်တို့ဆီမှာလို အိမ်က အမေ တွေ ၊အဒေါ်တွေ၊ အမတွေ ၊ ညီမတွေ ရ့ ချက်ပြုတ်ကျွေးမွေးမှု အပေါ်မှာ စားသောက်နေရတဲ့ သူတွေအတွက်က အခက်အခဲဇြစ်စေပါတယ်။ မြန်မာ အစားသောက်တွေကလည်း ဂ၇မ် အချိန်အဆနဲ့ ရောင်းတာ မဟုတ်ဘူး။ ကယ်လိုရီ ဘယ်လောက်ပါတယ် ၊ အသားဓာတ်ဘယ်လောက်ပါတယ်၊ အဆီဓာတ်ဘယ်လောက်ပါတယ် ဘာမှ တိတိကျကျ မသိရတဲ့ အတွက်  မြန်မာပြည်က  ကာယဗလ ၀ါသနာရှင်တွေဟာ မှန်းတွက် ရမ်းတွက်နဲ့သာ တွက်ချက်စားသောက်မှရပါမယ်။ အဲဒီတော့ ဒိုရီယန် ပြောသလို (၅) ရက်ခန့် မှတ်တမ်းထားပြီး လေ့လာဖို့က မလွယ်ဘူးလို့တော့ထင်ပါတယ်။

တစ်နေ့တာ ပါဝင်မှု အချိုးအစား
  တစ်နေ့တာ အာဟာရ စားသုံးမှု အတွက် ဒိုရီယန်ရဲ့ လမ်းညွှန်မှုမှာ ကာယဗလ သမားတွေ အတွက် သင့်တော်ပါတယ်။
ကာယဗလ သမားတစ်ဦးဟာ အာဟာရ အချိုးအစားကို ရာခိုင်နှုန်းနဲ့ တွက်စားမယ်ဆိုရင် သူ့ရဲ့ တစ်နေ့တာ စားသောက်မှုမှာ  ကာဗိုဟိုက်ဒရီတ် (၅၅)ရာခိုင်နှုန်း ၊ပရိုတိန်း (၃၀)ရာခိုင်နှုန်း  ၊အဆီဓာတ် (၁၅) ရာခိုင်နှုန်း စားသောက်ရမယ်လို့ လမ်းညွှန်ထားပါတယ်။ ကယ်လိုရီနဲ့ တွက်စားမယ်ဆိုရင် တစ်နေ့တာ အတွက် ကယ်လိုရီ (၃၂၀၀) ကို ပျှမ်းမျ အခြေခံထားပြီး စားတဲ့ ကာယဗလသမား တစ်ဥိးဟာ ကာဗိုဟိုက်ဒရီတ်အတွက် ၁၇၆၀ ကယ်လိုရီတန်ဖိုး  သို့မဟုတ် ကာဗိုဟိုက်ဒရိတ်ဓာတ် (၄၄၀)ဂရမ် ၊ ပရိုတိန်းအတွက် ၉၆၀ ကယ်လိုရီတန်ဖိုး သို့မဟုတ် ပရိုတိန်းဓာတ်၂၄၀ ဂ၇မ် ၊အဆီဓာတ် ၄၈၀ ကယ်လိုရီတန်ဖိုး သို့မဟုတ် အဆီဓာတ် ၄၈ ဂ၇မ် စားသောက်ဖို့လိုပါတယ်။  (၁) ဂရမ် ကို ဘယ်လောက်တန်ဖိုးနှင့် ညီမျှတယ်ဆိုတာတော့ ကျွန်တော် မပြောတော့ပါဘူး။ကျွန်တော်တို့ ဆီမှာတော့ သူပြောသလို ကယ်လိုရီတန်ဖိုး အတိအကျတွက်ချက်စားသောက်တတ်မှုတွေ အားနည်းပါတယ်။

တစ်နေ့(၆)ကြိမ်ခွဲစားပါ။

ဒီအကြောင်းကတော့ ကျွန်တော်တို့ဆိုက်မှာ လေ့လာ ဖတ်၇ှုနေသူတွေ သိပြီးသားဖြစ်မှာပါ။ တစ်နေ့တာ အတွက် လိုအပ်တဲ့ ကယ်လိုရီတွေကို (၆)ကြိမ်အတွင်းမှာ မျှတအောင် စားသောက်တတ်၇ပါမယ်။ အကြိမ်တိုင်းမှာ တစ်ထိုင်တည်း ကယ်လိုရီတန်ဖိုးကို အပြည့် စားသောက်ရမယ်လို့ မထင်လိုက်ပါနဲ့။ ဒိ အကြောင်းနဲ့ပတ်သက်ပြီး ဒိုရီယန်ရီတ်စ်က ရှင်းပြထားတာ ရှင်းပါတယ်။



“တစ်နေ့တာ အတွက် စားသောက်တဲ့ အချိန်ကို (၅)ကြိမ် (၆)ကြိမ် ခွဲပြီးစားသောက်တတ်ရမယ်။ တစ်ချိန်နဲ့ တစ်ချိန်ကြား တိတိကျကျ အချိန်ခွဲ စားနိုင်ရင်ပိုကောင်းတယ်။ အနည်းဆုံး (၂)နာရီခြား တစ်ခါ စားရမယ်။စားသောက်ချိန်မှာ ပရိုတိန်း ဖျော်ရည်နဲ့ အာလူးကြော် ဖြစ်ချင်ဖြစ်မယ် ၊ အသားငါး ပါချင်လည်းပါမယ် ၊ တစ်နေ့တာ အတွက် ကယ်လိုရီကို တိတိကျကျကြီး မဟုတ်ပေမယ့် မျှမျှတတ ရှိအောင် ခွဲခြားပြီး စားသောက်ရမယ်”လို့ရှင်းရှင်းလင်းလင်း ပြောကြား ထားပါတယ်။နောက်ထပ် အေ၇းကြီးတဲ့ အာဟာရ သော့ချက်တစ်ခု ကိုလည်း ဒိုရီယန် က ထပ်ရှင်းပြထားပါတယ်။ လူတွေဟာ တစ်ညလုံး (၈)နာရီခန့် ဘာမျှမစားမသောက်နှင့်  အိပ်စက်ကြတဲ့ အတွက် အိပ်ရာမှ ထရင် အာဟာ၇ အပြည့်အ၀ ပြန်လည် ဖြည်တင်းဖို့ အရေးကြီးပုံကို
“ တစ်ညတာလုံး ဘာမှမစားမသောက်ပဲ နာရီပေါင်းးများစွာနေခဲ့ တဲ့ အတွက် နံနက် စောစော အိပ်ရာထ အချိန်မှာ အာဟာရ  ဖြည့်တင်းဖို့က အရေးကြီးပါတယ်။ နောက်ထပ် အရေးကြီးချိန်က လေ့ကျင့်ပြီးချိန်မှာ  ကုန်ဆု့းသွားတဲ့ စွမ်းအင်တွေကို ပြန်လည် ဖြည့်တင်းဖို့က လည်း အရေးကြီးပါတယ်။ ဒီလိုပြောလို့ ကျန်တဲ့ စားသောက်ချိန်တွေကို အရေးမကြီးဘူးလို့ ပြောတာ မဟုတ်ဘူးနော်။ စားသောက်ချိန်တိုင်းရဲ့ အာဟာရ က အရေးကြိးပါတယ်။ စားသောက်ချိန်တိုင်းမှာ မရှိမဖြစ် အမိုင်နို အက်စစ်ဓာတ် (၉)မျိုး နည်းနည်းစီ ပါဝင်ဖို့လိုအပ်ပါတယ်။ ကြက်ဥ ၊ကြက်သား ၊ အမဲသား ၊ ပရိုတန်းဖျော်ရည် တွေမှာ ပါဝင်ပါတယ်။ စားသောက်ချိန်တိုင်းမှာ ပရိုတိန်းနဲ့ ကာဗိုဟိုက်ဒရီတ်ဓာတ် ပါဝင်အောင်စားရမယ်လို့ ဒိုရီယန်က အကြံပြု ထားပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီဓာတ်(၂) ခုဟာပေါင်းပြီးတော့ အလုပ်လုပ်ပေးလို့ ဖြစ်ပါတယ်။ပရိုတိန်း အသားဓာတ်တွေထဲက အမိုင်နို အက်ဆစ်ဓာတ်တွေကို ကြွက်သားထဲရောက်အောင်ပို့ပေးဖို့အတွက် အင်ဆူလင်ဓာတ်လိုပါတယ်။ ကာဗိုဟိုက်ဒရီတ်ဓာတ် ရှိမှ အင်ဆူလင်ဓာတ်ရလို့ဖြစ်ပါတယ်။
ငါးကြီးဆီ နှင့် သံလွင်ဆီစားပါ။
 အဆီကို နည်းနည်းပါးပါး စားမယ်ဆိုရင် သံလွင်ဆီကို နေ့စဉ် ထမင်းစားဇွန်း တစ်ဇွန်းခန့် စားပေးရမယ်လို့ အကြံပြုထားပါတယ်။ ဒါမှမဟုတ် ငါးကြီးဆီလည်း ရပါတယ်။အဆိုပါ အဆီတွေက အင်ဆူလင်ဓာတ်လက်ခံမှုတွေကို အားပေးစေပါတယ်။ဒါအပြင်နေ့စဉ် အချိုဓာတ်အနည်းငယ်ပါတဲ့ သစ်သီး တစ်မျီုးမျိုး စားသုံးပေးဖို့ ဒိုရိယန်က တိုက်တွန်းထားပါတယ်။ဟင်းသီးဟင်းရွက် ကိုလည်း များများစားပြီး ဖိုက်ဘာအမျှင်ဓာတ်ရရှိစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗီတာမင်နှင့်သတ္တုဓာတ်
 အလေးတွေနဲ့ လေ့ကျင့်ရတဲ့ အတွက် ကိုယ်ခန္ဓာဟာ အရမ်းပင်ပန်းပါတယ်။ ဒါကြောင့် ပိုမို ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ အတွက် ဗီတာမင်နှင့် သတ္တုဓာတ်မျိုးစုံ ကို မှီဝဲပေးသင့်ပါတယ်။ အထူးသဖြင့် ဗီတာမင် စီကို မှီဝဲပေးပြီး ကြွက်သားပျက်စီးမှုကို အားပေးတဲ့ ကော်တီဆော်လ် ဓာတ်ထုတ်လွတ်မှုကို ကာကွယ်ဖို့ တစ်နေ့ကို (၂)ဂရမ် လောက် မှီဝဲပေးသင့်တယ်လို့ ပြောကြားပြီး  နောက်ဆုံးအနေနှင့် အိပ်စက်မှုမှာလည်း အနည်းဆုံး (၈)နာရီခန့်  နှစ်ခြိုက်စွာ အိပ်စက်အနားယူသင့်တယ်လို့ ပြောကြားထားပါတယ်။ ဒိုရီယန်ရီတ်စ် ရဲ့ အာဟာရ ဆိုင်ရာ အယူအဆ လေးကတော့ ဒီလာက်ပါပဲ သူရဲ့ တစ်နေ့တာ စားသောက်မှုကို လေ့လာချင်ရင်တော့ ကျွန်တော်အရင်ကမြန်မာ ဖစ်တနက်စ်မှာ ရေးသားဖူးတဲ့ “ဒိုရီယန်ရီတ်စ်ရဲ့ တစ်နေ့တာ စားသောက်မှု “ ဆောင်းပါးမှာ လေ့လာဖတ်ရှုနိုင်ပါတယ်။ အားလုံးသော မင်ဘာ အပေါင်းတို့လည်း အာဟာရကို စနစ်တကျ တွက်ချက် စားသောက်နိုင်ကြပါစေ။
                                                                                                              တင်ဆက်သူ----- အောင်အောင်

email---aungaung.aung24@gmail.com
www.myanmarfitness.com

1 comment:

  1. ကိုအောင်အောင်ရဲ့ ပထမဆုံးတင်တဲ့ပို့ စ်ကအရမ်းကောင်းပြီး
    ဗဟုသုတရစေပါတယ်ဗျာ။နောက်ကိုလည်းများများတင်ဆက်
    ပေးပါဦး။
    ဟိန်းနောင်

    ReplyDelete