arial" action="like" colorscheme="light">

Sunday, September 23, 2012

ပရိုတိန်းလိုအပ်ချက်


ကာယဗလလေ့ကျင့်သူတိုင်းကိုကြိုက်နှစ်သက်ရာဖြည့်စွက်အာဟာတစ်ခုကိုစိတ်ကြိုက်ရွေးချယ်စေ
မည်ဆိုပါကအားလုံးလိုလိုသည်၊ပရိုတိန်းဖြည့်စွက်ဆေးများကိုသာရွေးချယ်ကြမည်ဖြစ်သည်။ပရိုတိန်း
ကိုကာယဗလမောင်တိုင်းနှစ်သက်ကြသည့်အကြောင်းအရင်းတစ်ချက်မှာ၊ပရိုတိန်းသည်ကြွက်သားထု
တက်စေနိုင်သည့်အဓိကအာဟာရဖြစ်သည့်အတွက်ကြောင့်ဖြစ်သည်။ဤဆောင်းပါးသည်ကြွက်သား
ထုတိုးတက်စေရန်အတွက်အဓိကလိုအပ်သောပရိုတိန်းပမာဏကိုတိကျစွာတင်ပြထားခြင်းဖြစ်သည်။
ပရိုတိန်းနှင့်ပါတ်သက်သောယုံတမ်းစကားများ၊အထောက်အထားများစွာကိုအားလုံးကြားဖူးနေကြဖြစ်
သည်။ကာယဗလလေ့ကျင့်သူအများစုသည်အဓိကအားဖြင့်ပရိုတိန်းများပြားလွန်းစွာအသုံးပြုသောအုပ်
စုနှင့်၊ပရိုတိန်းအသုံးပြုမှုချို့ တဲ့သောအုပ်စုဟူ၍နှစ်မျိုးသာဖြစ်သည်။ပရိုတိန်းများလွန်းလျင်လည်းကိုယ်
တွင်းတွင်အက်ဆစ်ဓါတ်များခြင်းနှင့်အခြားသောကျန်းမာရေးပြသနာများကိုကြုံတွေ့ ရမည့်အပြင်၊ပရို
တိန်းချို့ တဲ့ပါက၊အားအင်ချို့ တဲ့ခြင်းနှင့်ကြွက်သားကြီးထွားမှုမရှိခြင်းစသည့်တို့ နှင့်ကြုံရမည်ဖြစ်သည်။

ပရိုတိန်းလိုအပ်မှုပမာဏနှင့်ပါတ်သက်သောသုတေသနများစွာအနက်အချို့ ကိုတင်ပြရသော်-
သုတေသနလေးဆယ့်တစ်ခုကအားကစားသမားများကိုပရိုတိန်းများများစားစေပြီး၊ကိုယ်အလေး
ချိန်တစ်ကီလိုဂရမ်ကိုပရိုတိန်း၊ 2.8 ဂရမ်အထိအသုံးပြုစေကာစမ်းသပ်သော်လည်း၊လည်းကောင်း
တို့ တွင်မည်သည့်ကျောက်ကပ်ရောဂါဆိုးမှမဖြစ်ပွားကြောင်းကိုတွေ့ ရှိခဲ့ရသည်။(Manninen 2004)
ထို့ အပြင် 111-ခုသောသုတေသနများကလည်းကိုယ်အလေးချိန်တစ်ကီလိုလျင်ပရိုတိန်းနှစ်ဂရမ်အထိ
အသုံးပြုသောအားကစားသမားများတွင်မည်သည့်ဆိုးကျိုးမျှသက်ရောက်မှုမရှိကြောင်းကိုထပ်မံအ
တည်ပြုတင်ပြသွားခဲ့သည်။(Martin et al, 2005)ထို့ အပြင်ထိုအားကစားသမားများသည်နှလုံးနှင့်
ပါတ်သက်သောရောဂါများလည်းဖြစ်ပွားခြင်းမရှိကြောင်းကိုတင်ပြသွားခဲ့ပါသည်။အဆီအစားများလွန်း
သူုများတွင်သာထိုရောဂါများဖြစ်ပေါ်ဖြစ်သည်။
ထို့ အပြင်ပရိုတိန်းများများသုံးပါကကိုယ်တွင်းမှကယ်လစီယမ်ဓါတ်ချို့ တဲ့ခြင်းဟူသောယုံတမ်းစကား
သည်အခြေအမြစ်မရှိကြောင်းကိုသုတေသနများစွာ(အထူးသဖြင့်(Bradley-Popovicha et al, 2003).
“Protein and Amino Acids for Atheltes” (Tipton et al, 2004) , “A Critical Examination of Dietary Protein Requirements, Benefits, and Excesses in Athletes” (Phillips et al, 2007)
တို့ ကအထောက်အထားခိုင်လုံစွာတင်ပြသွားခဲ့ပါသည်။

ကြွက်သားကြီးထွားမှုအတွက်အကောင်းဆုံးသောပရိုတိန်းမှာ၊ whey protein ဖြစ်ပြီး၊သောက်သုံးရန်
အသင့်တော်ဆုံးအချိန်မှာ၊လေ့ကျင့်ပြီးပြီးချင်းအချိန်သည်အကောင်းဆုံးဖြစ်ပြီး၊အဓိကလိုအပ်သောပမာဏမှာ၊ 20-ဂရမ်သာဖြစ်သည်ကိုဒတ်ခ်ျမှသုတေသီများကတင်ပြထားသည်ဟုဆိုလျင်သင်ယုံပါသလား။
ဤသည်ဖြည့်စွက်အာဟာရများများဝယ်မသုံးနိုင်သောကျွန်တော်တို့ နိုင်ငံမှကာယဗလအားကစားသ
မားများအတွက်သတင်းကောင်းပင်ဖြစ်သည်။အကယ်၍ငွေကြေးတတ်နိုင်သူများကလည်းထိုပမာဏ
သာသုံးမည်ဆိုပါကမိမိတို့ ၏ငွေကိုအကောင်းဆုံးအမျိုးအစားဖြစ်သည့်၊hydrolyzed isolate စသည်
တို့ ကိုရွေးချယ်ဝယ်ယူပါဟုအကြံပြုပေးလိုက်ပါသည်။


                                တင်ဆက်သူ----
                                နိုင်ဦး---119
Email-intensemuscle@gmail.com
Email-muscleprofessor@gmail.com
www.myanmarfitness.com

No comments:

Post a Comment