arial" action="like" colorscheme="light">

Friday, September 7, 2012

ကျန်းမာကြံ့ခိုင်စေသောအာဟာရများ







ယခုတင်ပြပေးမည့်ဆောင်းပါးလေးကတော့ခန္ဓာကိုယ်ကြံ့ခိုင်ပြီး၊ကျန်းမာသန်စွမ်းစေကာအားအင်ပြည့်
ဖြိုးစေသောအာဟာရအချို့ ကိုတင်ပြပေးလိုက်ပါသည်။
နေကြာစေ့
ကျွန်တော်တို့ ငယ်ငယ်ကလူကြီးများကနေကြာစေ့မစားနှင့်။သွေးအားယုတ်တတ်သည်ဟုပြောကြ
သည့်အတွက်ကျွန်တော်တို့ သည်ငယ်စဉ်ကတည်းကနေကြာစေ့နှင့်အနေဝေးနေခဲ့ကြပေသည်။အမှန်
မှာတော့နေကြာစေ့သည်၊ကျန်းမာသန်စွမ်းစေသည့်အပြင်ကြွက်သားတည်ဆောက်နိုင်စွမ်းရှိကြောင်း
ကို၊2012-ခုနှစ်မတ်လထုတ်၊Better Nutrition စာစောင်တွင်တင်ပြခဲ့ပါသည်။ထို့ အပြင်လည်းကောင်း
တို့ ကနေကြာစေ့၊လက်တစ်ဆုပ်ခန့် (ပန်ကန်လုံးလေးချိုးတစ်ချိုးလောက်)တွင်၊အမျှင်ဓါတ်လေးဂရမ်
ပါဝင်ပြီး၊အသားဓါတ်ခြောက်ဂရမ်ပါဝင်ကြောင်းကိုလည်းတင်ပြသွားခဲ့ပါသေးသည်။
ပန်းသီး




ပန်းသီးကိုတော့အားလုံးကြိုက်ကြသော်လည်းထိုအာဟာရ၏အသုံးဝင်ပုံကိုသေချာစွာမသိသေးသူများ
အတွက်၊2012-ခုနှစ်ဧပြီလထုတ်၊Health စာစောင်တွင်၊ပန်းသီးအခွံသည်ဓါတ်တိုးဆန့် ကျင်ပစ္စည်းများ
ပါဝင်သောကြောင့်အစာအိမ်နှင့်အူလမ်းကြောင်းကိုကောင်းမွန်စေကာ၊အစာချေစနစ်အတွက်လည်း
ကောင်းမွန်ကြောင်းကိုတင်ပြသွားခဲ့ပါသည်။
Fish Oil
ငါးကြီးဆီသည်၊ခန္ဓာကိုယ်အတွက်သာမကမျက်စိအတွက်ပါကောင်းမွန်ကြောင်းကို၊2010-ခုနှစ်အောက်
တိုဘာနှင့်နိုဝင်ဘာလထုတ်၊Well Being ဂျာနယ်တွင်တင်ပြထားပါသည်။ထို့ အပြင်ထိုစာစောင်တွင်ပင်
ထိုသို့ မျက်စိကိုအကျိုးပြုစေသည့်အချက်မှာငါးကြီးဆီတွင်ပါဝင်သောအိုမီဂါသရီးဖက်တီးအက်ဆစ်များ
သည်၊အသက်အရွယ်ကြီးရင့်လာခြင်းကြောင့်မျက်စိကွယ်ခြင်းကိုဖြစ်စေသော macular degeneration ကိုလျော့ချပေးသောကြောင့်၊ဖြစ်ကြောင်းကိုဗဟုသုတရဖွယ်တင်ပြပေးသွားပါသည်။
ဒိန်ချဉ်






ဒိန်ချဉ်တွင်ပါဝင်သော၊Probiotics ဟုခေါ်သောဘက်တီးရီးယားတစ်မျိုးသည်၊အစာချေစနစ်တွင်အ
ကျိုးပြုစေနိုင်ကြောင်းကို2011-ခုနှစ်ထုတ်၊Bottom Line Health ဂျာနယ်တွင်တင်ပြထားပါသည်။ထို့ 
ပြင်ဒိန်ချဉ်သည်၊ကြွက်သားများနာကျင်ကိုက်ခဲမှုကိုသက်သာစေကာ၊ကိုယ်ခံအားစနစ်ကိုလည်းတိုး
တက်စေသည့်အပြင်၊ခြောက်အောင်စသောပမာဏတွင်ပင်လျင်ကြွက်သားထုတက်စေနိုင်သော၊
ပရိုတိန်းဓါတ် 18-ဂရမ်ပါဝင်ကြောင်းကိုပါဖော်ပြထားပါသည်။
အထက်ပါတင်ပြထားသောအာဟာရများသည်၊ကျွန်တော်တို့ ပါတ်ဝန်းကျင်တွင်အလွယ်တကူရရှိ
နိုင်သည့်အတွက်မသိသူကျော်သွား၊သိသူဖော်စားနိုင်ကြစေရန်တင်ပြပေးလိုက်ခြင်းဖြစ်ပါသည်။
တင်ဆက်သူ----
                                နိုင်ဦး---119
Email-intensemuscle@gmail.com
Email-muscleprofessor@gmail.com
www.myanmarfitness.com



No comments:

Post a Comment