arial" action="like" colorscheme="light">
Saturday, May 19, 2012
ကာယဗလသမားများဂရုပြုရန်
ကျွန်တော်တို့ အလွန်အမင်းနှစ်ခြိုက်စွဲလမ်းဝါသနာပါသောကာယဗလသည်ကမ္ဘာပေါ်တွင်ဘောလုံး
ကဲ့သို့ သောအားကစားနည်းများ၏ဆယ်ပုံတစ်ပုံလောက်ပင်လူကြိုက်မများသည့်အပြင်၊လူအများ
စုသည်ကာယဗလလေ့ကျင့်သူများကိုအမျိုးမျိုးနှိမ့်ချဝေဖန်စော်ကားမော်ကားပြုလိုကြသည်။ဥပမာ-
မြန်မာပြည်၏နို့ ဆီဗူးကြော်ငြာတစ်ခုတွင်ကာယဗလမောင်တစ်ယောက်ကိုခလေးငယ်တစ်ယောက်
ကရင့်ရင့်သီးသီးပြောလိုက်သည့်ပုံစံသည်ကျွန်တော့်မျက်စိထဲတွင်အတော်ပင်နောက်သွားကာ
ခံရလည်းအလွန်ခက်လှပါသည်။ထိုကာယဗလမောင်သည်အဘယ်အကြောင်းကြောင့်ဤကဲ့သို့ 
အစော်ကားခံ၍ရိုက်ကူးသည်ကိုမသိပါ။သို့ သော်သေချာသည်တစ်ခုကတော့မီဒီယာများတွင်ကာ
ယဗလသမားများကိုလေးစားမှုအပြည့်အ၀မပေးသည်နှင့်လူထု၏အထင်မှားအမြင်မှားနေမှုက
တော့သိသာလှပါသည်။နောက်တစ်ချက်ကထိုမီဒီယာများနှင့်လူထုသည်ကျန်းမာခြင်း၏တန်ဖိုး
ကိုမသိသလို၊ကာယဗလ၏ကျန်းမာရေးအတွက်ရောဘ၀အတွက်ပါမည်မျှအထောက်အကူပြုနိုင်
ကြောင်းကိုအတိအကျမသိခြင်းပင်ဖြစ်သည်။
ကာယဗလမောင်များအနှိမ့်ခံရခြင်း၏အခြေခံအကြောင်းအရင်းတစ်ခုမှာကာယဗလမောင်များ၏မဆင်
မခြင်ပြုမူချက်များကြောင့်လည်းဖြစ်သည်။ထိုသို့ အခြေအနေအချိန်အခါကိုမသိဘဲပွဲမလုပ်သင့်သည့်
အချက်အချို့ ကိုတင်ပြပေးလိုက်ပါသည်။
1-ဂျင်မ်ထဲတွင်လိုအပ်သည်ထက်ပို၍အသံမထုတ်ပါနှင့်။ဆိုလိုသည်မှာအလေးများများဖြင့်လေ့ကျင့်နေ
လျင်သော်လည်းကောင်း၊လူတွင်ကျယ်လုပ်လို၍အော်ကျယ်ဟစ်ကျယ်စကားပြောခြင်းကိုလည်း
ကောင်းရှောင်ပါ။အထူးသဖြင့်လူအများစုသည်ပေါင်နှစ်ရာ့ငါးဆယ်လောက်အောက်ပိုင်းထိုင်လိုက်သည်
နှင့်ငရဲမီးကိုနင်းမိသည့်ပမာအသံပြဲကြီးများနှစ်အော်ဟစ်မာန်သွင်းတတ်ပါသည်။မိတ်ဆွေအော်၍အင်တန်း
စစ်တီး intensity ခေါ်ပြင်းအားလည်းမတိုးတက်လာသလိုကြွက်သားလည်းမကြီးထွားလာပါ။ထို့ 
ကြောင့်လူကြားထဲဂေါ်ဇီလာပမာအသံမထုတ်ပါနှင့်။သင့်ကိုလူတွေအာရုံစိုက်စေလိုပါကတစ်ခြား
သောအဆင့်တန်းရှိသည့်နည်းလမ်းကိုသုံးပါ။
 2-အလေးများများလေးကစားလိုက်သည်နှင့်တစ်လောကလုံးထင်သလိုမကြဲလိုက်ပါနှင့်။စည်းကမ်း
သည်လူ၏တန်ဖိုးဖြစ်သည်။သင်ပစ်ထားသောအလေးများကိုတိုက်မိသူသည်မည်သို့ ဒုက္ခဖြစ်မည်
ကိုတွေးကြည့်ပါလေ။နောက်တစ်ချက်ကသင်များများမနိုင်သောအလေးကိုလူတိုင်းမမနိုင်ပါ။ကိုယ်ချင်း
မည်နည်း။
3-မျက်နှာကြောမတင်းပါနှင့်။ခန္ဓာကိုယ်ကြီးထွားတိုင်းမာန်မတက်ပါနှင့်။ခန္ဓာကိုယ်ကြီးတိုင်းကြီးကျယ်
မြင့်မြတ်သည်ဆိုလျင်တောထဲမှဆင်များသည်သစ်လုံးမဆွဲဘဲလူများ၏ကိုးကိုယ်ခံရာဖြစ်နေမည်မဟုတ်
ပါလား။သင်မပြောနှင့်ဂျေးကတ်လာပင်လျင်လူ့ လောကထဲတွင်ဘာမှမဟုတ်ပါ။သူသည်နယ်ပယ်တစ်
ခုတွင်သာချန်ပီယံဖြစ်ပြီးတစ်လောကလုံးကိုလွှမ်းမိုးနိုင်သူမဟုတ်ပါ။လူတိုင်းတွင်တန်ဖိုးကိုယ်စီရှိကြပါ
သည်။ထို့ ကြောင့်ပညာရှိပီသပါ။လူတိုင်းကိုတန်ဖိုးထားကာမျက်နှာချင်းဆိုင်မိလျင်ပြုံးပြနိုင်အောင်ကြိုး
စားပါ။
4-သိပ်အကြွားမလွန်ပါနှင့်။ကာယဗလသမားအများစုသည်မာန်တက်သူများနှင့်အကြွားလွန်သူများသာ
အရေအတွက်သိပ်များနေကြသည်။ကာယဗလမောင်များသည်လူကြားထဲရောက်လျင်လက်မောင်းညှစ်ပြ
လိုက်၊ဟိုဟာပြလိုက်၊သည်ဟာပြလိုက်နှင့်မျောက်အုန်းသီးရသလိုဖြစ်နေတတ်ကြသည်။သင့်ပြကွက်
များကြောင့်လူအချို့ စိတ်အားတက်ကြွနိုင်သော်လည်းအများစုမှာမူမိမိကိုယ်ကိုသိမ်ငယ်ခြင်း၊မနာလို
ခြင်းစသည်များကိုတစ်ပြိုင်နက်တည်းခံစားရမည်ဖြစ်သည်။သင့်ကြောင့်အခြားလူများကိုလည်းစိတ်အ
နှောက်အယှက်မဖြစ်ပါစေနှင့်။
ကာယဗလမောင်များသည်အများမြင်ကွင်းတွင်ကာတွန်းရုပ်မဖြစ်စေရေးအတွက်ဤဆောင်းပါးကိုရေး
ရခြင်းဖြစ်ပါသည်။ကာယဗလမောင်များအားလုံးခန္ဓာကိုယ်ကြီးထွားသလိုစိတ်ဓါတ်များသည်လည်း
ပြည့်ဝရင့်သန်ကြပါစေ။
                                                                                                       တင်ဆက်သူ---
                                        နိုင်ဦး---119
Email---intensemuscle@gmail.com
www.myanmarfitness.com
No comments:
Post a Comment