arial" action="like" colorscheme="light">
Sunday, May 27, 2012
အလျင်လိုနေကြပြီလား?
တိုးတက်ပြောင်းလဲနေသောနည်းပညာခေတ်၊2012-ခုနှစ်တွင်အရာရာသည်တစ်နေ့ ထက်တစ်နေ့ 
အရှိန်အဟုန်နှင့်တိုးတက်ပြောင်းလဲလာနေကြသလိုကာယဗလနယ်ပယ်တွင်လည်းအကောင်းရော၊
အဆိုးပါဦးတည်စေသည့်ပြောင်းလဲမှုများစွာလည်းဖြစ်ပေါ်လာနေပေသည်။ထိုတိုးတက်မှုတိုင်းသည်
ကောင်းပါရဲ့ လားဆိုသည်ကတော့အငြင်းပွားစရာပြသနာများဖြစ်နေပေသည်။
 တစ်နေ့ ထုံးစံအတိုင်းကျွန်တော်သည်ဂိုလ်းဂျမ်တွင်အာရိုက်နေစဉ်လူငယ်တစ်ယောက်က၊ကျွန်တော့်
ကိုလာမိတ်ဆက်ပြီးသူသည် www.myanmarfitness.com ၏ပရိတ်သတ်ဖြစ်ကြောင်းကိုပါပြောဆို
ပြီးနောက်သူသည်အချိန်မဆိုင်းဘဲ**ကိုနိုင်ဦး-ကိုဆေးများနှင့်ပါတ်သက်ပြီးမေးလို့ ရပါသလား**ဟု
ပြောရာကျွန်တော်ကရပါတယ်ညီလေးသိချင်တာပြောပါဟုဆိုပြီးကာယဗလဖြည့်စွက်ဆေးများရနိုင်
သည့်နေရာများကိုညွှန်ပြပေးသော်လည်းသူကလိုက်လံမှတ်သားခြင်းမပြုသည်ကိုဂရုပြုမိသည်။ထို့ 
နောက်တွင်မှသူဘာကြောင့်လိုက်မမှတ်သားသည့်အဖြေထွက်လာပါသည်။သူက***ကိုနိုင်ဦး၊ကျွန်
တော်သိချင်တာကဟိုဆေးတွေလေဗျာ။ကိုနိုင်ဦးအဆက်အသွယ်ရှိယင်ပြောပါလား***ဟုပြောသော
အခါမှသာသူပြောသောဟိုဆေးဆိုသည်မှာ steroid များဖြစ်ကြောင်းကိုသဘောပေါက်လေတော့
သည်။ကျွန်တော့်အနေနှင့်သူ့ မေးခွန်းကိုတော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်သွားသော်လည်း
သူ့ ကိုအမှန်ပြင်သင့်သည်ဟုထင်သည့်အတွက်ညီလေးမင်းပြောနေတဲ့စတီးရွိုက်ကိုဘာကြောင့်သုံးခြင်
တာလဲဟုဆိုရာမဆိုင်းမတွပင်လည်းကောင်းကကြွက်သားထုအလျင်အမြန်တက်လို၍ဟုအဖြေပေး၏။
ထိုအခါတွင်မှကျွန်တော်သည်သူ့ ကိုသနားလည်းသနား၊ဒေါသလည်းထွက်ထွက်နှင့်မင်းစတီးရွိုက်သုံး
ရင်ကြီးမယ်လို့ ထင်သလား၊။စတီးရွိုက်သုံးလို့ ကြီးထွားလာစတမ်းဆိုရင်စတီးရွိုက်ထုတ်လုပ်ရောင်း
ချသူတွေဟာမောင်အိုလံပီယာတွေဖြစ်ကုန်မှာပေါ့။မင်းစဉ်းစားကြည့်စမ်းဟုဆိုရာသူသည်ခေါင်းငိုက်
စိုက်ဖြင့်ကျွန်တော်ကာယဗလလေ့ကျင့်တာနှစ်နှစ်ကျော်လာပြီ၊ဒါပေမဲ့ထူးခြားမှုမရှိသလောက်ပါပဲဟု
စိတ်ပျက်လက်ပျက်တင်ပြလာ၏။
ထိုအခါကျွန်တော်ကမင်းခန္ဓာကိုယ်မကြီးထွားရတဲ့အဓိကအချက်ကမင်းသည်လုံလုံလောက်လောက်မစားလို
မနည်းရှင်းပြရ၏။အကျဉ်းချုံ့ ပြီးလိုရင်းတိုရှင်းပြောရမည်ဆိုပါကယုံကြည်လွဲမှားမှုများနှင့်ရှင်သန်ကြီး
ပြင်းလာသောယနေ့ ခေတ်လူငယ်ကာယဗလ၀ါသနာရှင်လေးများကိုအဓိကပြောလိုသည်မှာကျန်းမာ
ခြင်းသည်ဘ၀၏တန်ဖိုးထားသင့်သောရတနာပင်ဖြစ်သည်။ခေတ္တလူမြင်ကွင်းအတွင်းဖိုက်တာလုပ်လို
၍မိမိ၏ဘ၀တစ်ခုလုံးကိုထိခိုက်စေမည့်အရာများကိုလက်တည့်စမ်းခြင်းမှရှောင်ကြဉ်ကြပါ။ထို့ အပြင်
တစ်ကယ်ကိုခန္ဓာကိုယ်ကြီးထွားလိုပါကသင်သည်လုံလောက်စွာစားပြီးပြင်းပြင်းထန်ထန်လေ့ကျင့်ကာ
အိပ်ရေး၀၀အိပ်ပါသလားဟုမိမိကိုယ်ကိုအရင်မေးပါ။ပြီးမှပြင်မှအကူအညီကောင်းများကိုရှာဖွေရန်နည်း
ပေးလမ်းပြပြုလုပ်ပေးနိုင်သည့် www.myanmarfitness.com နှင့်လက်တွဲထားပါဟုအကြံပြုလိုပါ
သည်။ကျွန်တော်တို့ ဆိုက်မှလမ်းညွှန်ချက်များကိုတစ်သွေမတိမ်းလိုက်နာလေ့ကျင့်ပါ။သင့်ကြီးထွား
မှုကိုကျွန်တော်တို့ ကအာမခံပါသည်။ထို့ ကြောင်အလျင်လိုလမ်းအိုကိုသာလိုက်ကြပါ။ဖြတ်လမ်းကို
မလိုက်ကြပါနှင့်။ကာယဗလလေ့ကျင့်သူအားလုံးကျန်းမာ၊သန်စွမ်းနိုင်ကြပါစေကြောင်းကိုဆန္ဒပြုရင်း-
                                                                                                    တင်ဆက်သူ---
                                                                                                    နိုင်ဦး---119
5 comments:
  1. Thank you KoNaingOo,how much sleep for bodybuilding.Okkar Phyo ,Myeik,Tanintharye.
    ReplyDelete
    Replies
    1. ညီလေးရေ---တစ်ညကိုနှစ်နှစ်ခြိုက်ခြိုက် ၇-နာရီအိပ်ရင်တောင်ဖြစ်ပါတယ်ကွာ။
      သိချင်တာရှိယင်မေးပါဦး။လေးစားလျက်---
      နိုင်ဦး---၁၁၉
      Delete
  2. ကျနော် ကာယဗလ စလေ့ကျင့်ဖြစ်ခဲ့တာဟာ အာနိုး အပါအ၀င် မောင်အိုလံပီယာတွေလို အရွယ်အစားရဖို့ natural အတိုင်းလေ့ကျင့်လို့ရမယ်လို့ထင်ခဲ့လို့ပါ... အခု နောက်ပိုင်း myanmarfitness ကိုဝင်ဖတ်မိတော့မှ steriod ရဲ့အကူအညီမပါပဲ မဖြစ်နိုင်ဘူးဆိုတာသိလာတာပါ... အဲဒီတော့ ကျနော် internet မှာ လက်လမ်းမီသမျှ natural bodybuilder တွေကိုလေ့လာကြည့်ပါတယ်... အိုလံပီယာတွေနဲ့ယှဉ်ရင် ဆင်နဲ့ဆိတ်လောက်ကွာတာတွေ့ရပါတယ်...ကျနော် steroid လည်းမသုံးရဲပါဘူး... ဆိုးကျိုးတစ်အားများတယ်လို့ဖတ်ဖူးပါတယ် ကျနော်အကြောက်ဆုံးက testicular atrophy နဲ့ impotency ပါ... ဒါမယ့် မောင်အိုလံပီယာတွေကတော့ သုံးနေကြတာပဲ... safe ဖြစ်တဲ့နည်းတစ်ခုခုများရှိလို့လား??? ဒါမှမဟုတ် သူတို့ကျန်းမာရေးကို bodybuilding လောက် အလေးမထားတာလား??? ဘာကြောင့် ဒီ steriod တွေကို တအားသုံးနေကြတာလဲဆိုတာ... ကျနော်အရမ်းသိချင်ပါတယ်
    ReplyDelete
  3. အကိုကြီးရေ တွေ့ ရတာတော်တော်လေးဝမ်းသာပါတယ် ကျွန်တော်ခုမှသိတာပါ အကိုရေးထားတဲ့ ဝက်ဆိုဒ်ကို
    ကျွန်တော် သိချင်တာလေးရှိလို့ ဒီကွန့် မန့် ဘောက်စ်ကပဲ မေးပါတော့ မယ် ကျွန်တော်လည်း စပီး ၀ိတ်မနေလို့ ပါ အသိမရှိ ဆရာမရှိတော့  အရမ်းအခက်အခဲဖြစ်ပါတယ် အကို
    သိချင်တာက ၀ိတ်မနေတုန်း တခြားအားကစားတွေ လုပ်တာ အဆင်ပြေပါ့မလား ဥပမာ ဘောလုံးကန်တာ ၊ ဂျွမ်းဆော့တာ။
    ပီးတော့ ကျွန်တော်လုံးဝမသိလို့ နော် မေးတာကတော့  ဒိုက်ထိုးတာ ကော ၀ိတ်မနေတုန်း လုပ်သင့်ပါသလား
    ReplyDelete
    Replies
    1. ညီလေးရေ-လာမည့်စက်တင်ဘာလကစပြီးဒီဘလော့ဂ်မှာဆောင်းပါးတွေ
      ဆက်တိုက်တင်ဆက်ပေးမှာပါ။အခုတော့ကိုယ်သိပ်မအားသေးလို့ ပါကွာ။
      ဒါပေမဲ့အဲဒါကအဓိကအနေနှင့်တော့ညီလေးရဲ့ လက်ရှိကိုယ်အလေးချိန်၊
      အသက်၊အ၇ပ်ပေါ်မူတည်ပါတယ်။ငါ့ညီကကိုယ်အလေးချိန်နည်းပါးသူဆိုရင်
      အဲဒီကိုယ်လက်လှုပ်ရှားမှုများပြီးကယ်လိုရိလောင်ကျွမ်းမှုများတဲ့လေ့ကျင့်
      ခန်းတွေကိုမလုပ်သင့်ပါဘူး။အ၀လွန်သူဆို၇င်တော့လုပ်ပါ။ညီလေးအသေး
      စိတ်ကိုမေလ်းပို့ ပေးပါလား။လေးစားလျက်----
      နိုင်ဦး---၁၁၉
      Delete