မိုက်မာတာရာဇို သည် ကာယဗလ နယ်ပယ်သို့ မ၀င်ရောက်ခင်က လက်ဝှေ့ သမား တစ်ဦး အဖြစ် လေ့ကျင့် လိုက်စားခဲ့သည်ကြောင့် သူဧ။် အောက်ပိုင်း ပေါင်ကြွက်သားများနှင့် ခြေသလုံး ကြွက်သားများသည် အများနှင့် မတူ ရသည်ဖြစ်ကြောင်း ၊လက်ဝှေ့ထိုးလေ့ကျင်ရာတွင် ခြေဖျားလေးထောက်ပြီး ခုန်ဆွ ခုန်ဆွ လေ့ကျင့်ခြင်းသည် ယခုလို ကာယဗလ စင်မြင့်ပေါ် ရောက်ရှိလာသည့် အခါတွင် ပြိုင်ဘက်များကြားတွင် အကောင်ဆုံး နှင့် စွဲမက်ဖွယ် ခြေသလုံး တစ်စုံ ကို ပိုင်ဆိုင်စေပြီး မျိုးရိုးဗီသည်လည်း တစ်စိတ်တစ်ပိုင်း ပါသည်ဟု ယုံကြည်မိကြောင်း ဆိုထားသည်။သူဧ။် အောက်ပိုင်း လေ့ကျင့်ချိန်တွင် လေ့ကျင့်ခန်း မစတင်မှီ မိနစ် ၂၀ ခန့်ကို အဆိုပါ တိုင်း လက်ဝှေ့ထိုးလေ့ကျင့်သလို ခြေဖျားထောက် ခုန်ဆွခုန်ဆွ ဖြင့် သွေးပူ သဘောမျိုး ပြုလုပ်ကြောင်း ၊ ပြီးနောက် ပေါင် ရှေ့ကို ဦးစားပေး ကစားကြောင်း ပေါင်နောက် ကြွက်သားသည် ပေါင်ရှေ့ ကြွက်သား လေ့ကျင်ရာတွင် ပါဝင် ပတ်သက်နေသည် အတွက် ပေါင်နောက်ကို ပေါင်ရှေ့ပြီးမှ ကစားကြောင်း သို့မဟုတ်ပါက ပေါင်နောက်အရင် ကစားပြီး မှ ပေါင်ရှေ့ ကစားလျင် သင်အနေနဲ့ ပေါင်ရှေ့ ကြွက်သားကို ကစားရန် အတွက် အားအင် အလုံအလောက် ရရှိမည် မဟုတ်ကြောင်းကို သတိပြုဖွယ် ပြောကြားထားသည်။ အလေးကြီးများကို အသုံးပြု ခြင်းသည် ပေါင်ကြွက်သား ထုထည်ကို တက်စေသည်မှန်သော်လည်း မိမိအနေနှင့် အလယ်အလတ် အလေးများနှင့် အကျော့များများကို ဦးစားပေးကစားကြောင်း ထိုသို့ ပြုလုပ်ခြင်းသည် ဒဏ်ရာ ရမှုမှလည်း ကာကွယ်ရာ ရောက်သလို တိုးတက်မှု လည်းရရှိကာ စိတ်အာရုံ စုစည်းနိုင်မှု ကောင်းသည်ဟု ထင်မြင်မိကြောင်း ဆိုထားပါသည်။ ပေါင်ကြွက်သား အတွက် လေ့ကျင့်ခန်း တစ်ခုလျင် အကျော့ ၆ ကျော့မှ ၁၀ ကျော့ ကြားထိ ကစားကြောင်း အဘယ်ကြောင့်ဆိုသော် ပေါင်ကြွက်သား သည် ကြွက်သားကြီးမား သိပ်သည်းပြီး နေ့စဉ် လှုပ်ရှား သွားလာမှု နှင့် ရင်းနှီး ကျွှမ်းဝင်နေသည့်အတွက် အကြိမ်ရေ များများ အကျော့များများနှင့် လှုံဆော်ပေးခြင်းသည် အကောင်ဆုံးဟု မိမိထင်မြင်ကြောင်း ၊ ပထမ သုံးကျော့ခန့်ကို အနေတော် အလေးများဖြင့် သွေးပူ သဘောမျိုး ကစားစေပြီးမှ နောက်ပိုင်း အကျော့များကို ကြွက်သား ပူထူ သွားစေသည့်အထိ ကြွက်သား ညှစ်အား တစ်မျိုးတည်းဖြင့် ကစားစေကြောင်း ၊ပြိုင်ပွဲ အကြိုကာလတွင် မိမိ ခန္ဓာ ကိုယ် အစိတ်အပိုင်းတိုင်းကို ၁၀ ကျော့ ခန့် ကစားသည် ဟု ထုတ်ဖော် ပြောကြားထားသည်။ တစ်ကျော့ နှင့် တစ်ကျော့ အကြား အနားယူချိန်ကို စက္ကန့် ၂၀ ခန့်သာ အနားယူပြီး မြန်မြန် နှင့် အင်အားစိုက် ကစားရသည်ကို ကြိုက်နှစ်သက်ပြီး ၊ အပြည့်ထိုင်နှင့် ဟတ်စကွပ် ထိုင်ရာတွင် ဒဏ်ရာ ရမှု မှ ကာကွယ်မိစေဖို့ ဒူးမဆန့် မိစေရန်လည်း သတိပေးထားသည်။ အကြိမ်တိုင်းတွင် အပြည့်အ၀ အဆုံးစွန်ထိ လှုပ်ရှားပြီး ကြွက်သား ညှစ်အားဖြင့် ကစားခြင်းသည် ကွဲပြား ပေါ်လွင်မှု အတွက် အဓိက သော့ချက် ဖြစ်သည်။ ခါးပတ် ၊ ဒူးပတ် ၊ လက်ပတ် ပတ်၍ လေ့ကျင့်ခြင်းများကို ပြုလုပ်ပြီး ၊ အလေးကို မနိုင် တနိုင်နှင့် ဆောင့်ထိုင်ချခြင်း တို့ကို ရှောင်ရှားကာ နည်းစနစ်မှန်မှန် ဖြင့် လေ့ကျင့်နိုင်ရန် အခြေခံမှ စ၍ တစ်ဆင့်ချင်း တက်လှမ်းလိုစိတ်ထား နိုင်ရန်လည်း အကြံပေးထားသည်။ မအိုက်မာတာရာဇို ဧ။် လေ့ကျင့်မှု အပေါ် ခံယူချက်သည် ကျွန်တော်တို့ စာဖတ်သူတို့ သိရှိ နားလည်ထားသည့် အချက်အလက် အချို့နှင့် ကွဲလွဲချက်များစွာ ရှိနိုင်သလို အခြား မောင်အိုလံပီယာ တို့နှင့်လည်း လေ့ကျင့်နည်း ၊ ခံယူချက် အယူအဆ တို့ ကွဲလွဲနေသည်ကို တွေ့ ရမည် ဖြစ်သည်။ ထိုကြောင့်လည်း ချန်ပီယံတို့ဧ။် မတူညီသော လေ့ကျင့်ခန်း ၊ လေ့ကျင့်ပုံ နည်းစနစ်များ အပေါ် အခြေခံပြီး ကာယဗလ သီအိုရီ မြောက်များစွာ ပေါ်ထွက်လာ ခဲ့ကြခြင်းဖြစ်သည်။ မိမိ ကိုယ်တိုင်သည်သာ အဓိက ဖြစ်သည် မိမိ ဘယ်လို အခြေအနေ ရှိသည် ဘယ်အဆင့်အတန်းရှိသည် ဆိုတာ မိမိ ကိုယ်တိုင် သိ၍ မိမိနှင့် သင့်တော်သော လေ့ကျင့်ခန်း ကိုသာ ရွှေးချယ်ကစားပါ ချန်ပီယကစားသလို တုပ ကစားပြီး ချန်ပီယံ ဖြစ်မလာနိုင်ပါ။
ချန်ပီယံ သည်လည်း အောက်ခြေမှ တက်လာ ကြသူများသာဖြစ်သည်ကို သတိမှု နှလုံးသွင်း၍ အခြေခံမှ စပြီး အဆင့် လတ် အဆင့်မြင့် အထိ တစ်ဆင့်ချင်း ပုံမှန် လျောက်လှမ်းကြပါလို့ တိုက်တွန်း ပြောကြားလိုပါတယ်။
တင်ဆက်သူ----အောင်အောင်(လှိုင်)
email----intensemuscle@gmail.com
www.myanmarfitness.com
အမြဲအားပေးလျက်
ReplyDelete