မြန်မာ့အားကစားလောကတိုးတက်ဖို့ ၊မြန်မာ့ကာယဗလအားကစားအဆင့်မြင့်မားဖို့ အတွက်
ကျွန်တော်သည်သူငယ်ချင်းဖြစ်သူ၊ဒေါက်တာကိုနိုင်ေ၀၀င်းဦးစီးတည်ထောင်သော
http://myanmarfitness.com/ တွင်လွန်ခဲ့သောလေးနှစ်လောက်မှစတင်၍ဆောင်းပါးပေါင်းလေး
ရာကျော်၊စာအုပ်ကြီးငယ်ပေါင်းဆယ့်တစ်အုပ်ကိုအခမဲ့ရေးသားတင်ဆက်ခဲ့ပါသည်။ထိုအချိန်က
ကျွန်တော်တင်ဆက်သမျှလေးနှင့်မိမိကိုယ်ကိုကျေနပ်ရောင့်ရဲနေခဲ့သော်လည်း၊ကျွန်တော့်သူငယ်
ချင်းကိုအောင်အောင်ကလည်းအသိပညာပေးဆောင်းပါးများပါဝင်တင်ဆက်လာချိန်တွင်တော့
ကျွန်တော်သိလိုက်သည့်အချက်တစ်ခုမှာ၊ကိုအောင်အောင့်အတွေးအခေါ်၊အရေးအသား၊များကို
လည်းအားကစားဝါသနာရှင်များကလှိုက်လှိုက်လှဲလှဲလက်ခံထားကြသည်ဆိုသည့်အချက်ပင်ဖြစ်
သည်။ဤအချက်ကကျွန်တော့်ကိုမီးမောင်းထိုးပြလိုက်သည်မှာ၊မြန်မာ့ကာယဗလနှင့်ကြံ့ခိုင်မှုအား
ကစားနယ်ပယ်တွင်မြန်မာဘာသာစကားဖြင့်တင်ဆက်ထားသောကာယဗလနှင့်ကြံ့ခိုင်မှု၊စာအုပ်၊စာပေ၊နည်းပညာ၊တင်ဆက်မှုအား၊အလွန်နည်းပါးမှုကြောင့်ကမ္ဘာတစ်ဝှမ်းမှကြံ့ခိုင်မှုဝါသနာအိုးများသည်၊
အသစ်၊အသစ်ပေါင်းများစွာကိုတမ်းတလျက်ရှိသည်ကိုကျွန်တော်မျက်ဝါးထင်ထင်သိမြင်လိုက်ရခြင်း
ပင်ဖြစ်သည်။အကြောင်းအမျိုးမျိုးကြောင့်မြန်မာဖစ်တနက်စ်ရပ်တံ့သွားသောကြောင့်၊ကျွန်တော်နှင့်
ကိုအောင်အောင်သည်ဤဘလော့ဂ် http://muscleprofessor.blogspot.com/ ကိုအသက်
သွင်းကာအစမှ၊တဖန်ပြန်ကြိုးစားရခြင်းဖြစ်ပါသည်။
ထို့ ကြောင့်မြန်မာ့ကာယဗလနှင့်ကြံ့ခိုင်မှုအားကစားအဆင့်မြင့်မားတိုးတက်စေရေး
အတွက်ပါဝင်ကူညီလိုသူ၊မည်သူကိုမဆိုလက်တွဲပါဝင်ကြပါရန်လေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါသည်။
ပါဝင်ရေးသားလိုသူများအတွက်လိုအပ်ချက်များမှာ-
၁-လေ့ကျင့်နည်း၊အာဟာရ၊ဖြည့်စွက်ဆေး၊သတင်း၊ဆောင်းပါးနှင့်အသိပညာပေးမည်သည့်ဆောင်းပါး
အမျိုအစားမဆိုလက်ခံပါသည်။သို့ သော်ခြွင်းချက်တစ်ခုမှာ၊မိမိ၏ကိုယ်ပိုင်ရေးဖြစ်ရမည်ဖြစ်သည်။
ကိုးကားမှုများကိုလည်းထည့်သွင်းဖော်ပြနိုင်ပါသည်။
၂-ကျွန်တော်တို့ ဤအလုပ်လုပ်သည်မှာ၊၀ါသနာနှင့်စေတနာအရင်းတည်၍ပြုလုပ်ခြင်းဖြစ်သည့်
အပြင်၊ကြော်ငြာများ၊စီးပွားဖြစ်လုပ်ငန်းများမပါဝင်သည့်အတွက်၊ဥာဏ်ပူဇော်ခပေးနိုင်မည်မဟုတ်ပါ။
၃-ကျွန်တော်တို့ အဒ်မင်အဖွဲ့ (ကျွန်တော်နှင့်ကိုအောင်အောင်)ဆောင်းပါးများလက်ခံရာတွင်မည်သည့်
စည်းကမ်းချက်မျှသတ်မှတ်မထားသော်လည်းနိုင်ငံရေးအနံ့ အသက်ကင်းရှင်းစေရေးကိုတော၊့တောင်း
ဆိုပါသည်။ကျန်းမာရေးနယ်ပယ်အတွင်းမှဆိုပါကမည်သည့်ခေါင်းစဉ်ကိုမဆိုလက်ခံပါသည်။ဆင်ဆာ
မလုပ်သော်လည်းလိုအပ်ပါကအချို့ သောအကြောင်းအရာများကို၊အနည်းငယ်တော့edit လုပ်မည်ဟုကြိုတင်အသိပေးအပ်ပါသည်။
၎-ဆောင်းပါးတွင်ထည့်သွင်းအသုံးပြုလိုသောဓါတ်ပုံများကိုလည်း attach လုပ်ကာတွဲပို့ ပေးစေလိုပါ
သည်။အကယ်၍ရည်ညွှန်းလိုသောဗီဒီယိုဖိုင်များပါဝင်ပါကလင့်ခ်လေးများထည့်ပေးစေလိုပါသည်။အကယ်၍သင့်လျော်သောဓါတ်ပုံမရှိပါကအဒ်မင်များမှဖြည့်စွက်ထည့်သွင်းတင်ဆက်ပေးပါမည်။
၅-ဆောင်းပါးများကိုမိမိစိတ်ကြိုက်အကန့် အသတ်မရှိပေးပို့ နိုင်ပါသည်။
၆-သို့ သော်ဆောင်းပါးရှင်၏ဓါတ်ပုံတစ်ပုံကိုတော့မဖြစ်မနေပေးပို့ ပေးစေလိုပါသည်။သို့မှသာမင်ဘာ
များအနေနှင့်တင်ဆက်သူကိုသိရှိစေရန်ရည်ရွယ်ပါသည်။
၇-ဆောင်းပါးရေးသူ၏၊အီးမေလ်းလိပ်စာ၊ဖေ့စ်ဘုတ်အကောင့်နှင့်ဖုန်းနံပါတ်များကိုလည်းထည့်သွင်းပေ
စေလိုပါသည်။ဆောင်းပါးများကိုကျွန်တော့်အီးမေလ်းသို့ ၎င်း၊ကိုအောင်အောင်အီးမေလ်းသို့ ၎င်းပေးပို့ 
နိုင်ပါသည်ဟုဖိတ်ခေါ်ရင်း-----
***ဆောင်းပါးရှင်အသစ်များကိုမျှော်လင့်လျက်***
လေးစားစွာဖြင့်------
နိုင်ဦး---၁၁၉ အောင်အောင်(လှိုင်)
Email---intensemuscle@gmail.com email----aungaung.aung24@gmail.com
Email---muscleprofessor@gmail.com www.myanmarfitness.com
Email---myanmarfitnesstrainer@gmail.com
www.myanmarfitness.com
ကိုနိင်ဦးရဲ့ဖုန့၀၉၅၀၅၈၇၇၉ကိုကျွန်တော်အရင်ကအမြဲတမ်းဆက်ပါတယ်အကိုရောင်းလိုက်ပြီဆိုတော့ကျွန်တော့်ကိုဖုန်းနံပါတ်အသစ်လေးပေးပါလားခင်ဗျာလေးစားစွာဖြင့်
ReplyDeleteကျွန်တော့်ဖုန်းနံပါတ်က 09505 -8779 ပါပဲဗျာ။ကြားထဲမှာအလုပ်ရှုပ်နေချိန်ဖုန်း
ReplyDeleteသိပ်လာတတ်လွန်းလို့ စာရေးမလေးကိုအခုလိုပြောခိုင်းလိုက်တာပါ။နောက်တစ်
ခါကျွန်တော့်ကိုဆက်သွယ်လို့ စာရေးမလေးကိုင်ရင်ကာယဗလပရိတ်သတ်တစ်
ယောက်ပါလို့ ပြောလိုက်ပါ။သူကျွန်တော်နဲ့ ချိတ်ပေးပါလိမ့်မယ်ဗျာ။
လေးစားလျက်----119
ကိုနိုင်ဦးtroy alves အကြံပြုချက်ရဲ့အောက်ကcommentလေးက်ုအမြန်ဆိုးပြန်ရေးပေးပါခင်ဗျာလေးစားစွာဖြင့်
ReplyDelete