arial" action="like" colorscheme="light">

Sunday, March 10, 2013

motivational pics-4

































2013-အာနိုးကလပ်စစ်ပြိုင်ပွဲဗီဒီယိုများကိုဒီလင့်ခ်မှာဒေါင်းလုပ်အခမဲ့ဆွဲပြီးကြည့်နိုင်ပါပြီဗျို့ ။

 http://www.bodybuilding.com/fun/2013-arnold-webcast-replays.html



ပွဲစဉ်အစ၊အဆုံးတစ်ဦးချင်း posing အပါအခမဲ့ကြည့်နိုင်၊ဒေါင်းလုပ်ဆွဲနိုင်ပါပြီ။

လေးစားလျက်----
တင်ဆက်သူ----
နိုင်ဦး---119

Sunday, March 3, 2013

သေမင်းတမန်ဆေးဝါးအန္တရာယ်



ကျွန်တော်တို့သည် ချန်ပီယံ များဧ။် ကစားနည်းများကို အတုခိုးပြီး မလေ့ကျင့် သင့်သော်လည်း ချန်ပီယံတို့ဧ။် အနေအထိုင် စည်းကမ်းရှိမှု ၊ လေ့ကျင့်ခန်းအပေါ် အာရုံ စူးစိုက်နိုင်မှု ၊ စည်းစနစ်ရှိစွာ တွက်ချက်စားသောက်တတ်မှု ၊အမြဲမပြတ်လေ့လာမှု ၊တီထွင်ကြံဆပြီး လေ့ကျင့်တတ်မှု ၊အားနည်းချက်များကို ဖွေရှာတတ်မှု ၊ လေ့ကျင်မှု ဒိုင်ယာရီ ၊ အာဟာရ စားသောက်မှု ဒိုင်ယာရီ စသည့် အတုယူဖွယ် အချက်တစ်ချို့ကိုတော့ လိုက်နာသင့် သလောက် လိုက်နာ သင့်သည်ဟု ထင်ပါသည်။ အတုယူ ပါ ဒါပေမယ့် အတု မခိုးပါနဲ့ လို့ ဆိုသလိုပါပဲ။ ချန်ပီယံ တို့ဧ။် ကစားနည်း အတိုင်း တသွေ မတမ်း လိုက်ကျင့်ပြီး ချန်ပီယံ ဖြစ်မယ်လို့ သင်လွယ်လွယ်မတွေးလိုက်ပါနှင့်။ ထိုသို့ ခပ်ကြောင်ကြောင် အတွေးမျိုးဖြင့် တိုးတက်မှု နှင့် လက်တကမ်း အကွာမှာ သံသရာ လည်နေသူတွေ ရှိပါသည်။ ခေတ်မှီ တိုင်း ခေတ်ပညာတတ်တိုင်း လည်း နေရာတိုင်းတွင် အံဝင် ဂွင်ကျ မဖြစ်နိုင်ပေ။ ကျွန်တော်တို့သည် အဆင့် တစ်ဆင့် မှ တစ်ဆင့် သို့ တက်လှမ်းဖို့ရာတွင် အဆင့်တစ်ခုချင်းကို ခိုင်မြဲစွာ အခြေချပြီးမှ တက်လှမ်းခြင်းသည် အကောင်းဆုံးသော တိုးတက်မှု ကို ရရှိနိုင်မည် ဟုထင်ပါသည်။

ဘယ်အရာ မဆို အောင်မြင်ချင်စိတ်ဖြင့် ဖြတ်လမ်းမှ လိုက်ခြင်းသည် ရေ ရှည်တွင် အခြေခံ အားနည်းမှု များစွာဖြင့် ကျရှုံးတတ်သည်။ ခဏတာ ရေပေါ်ဆီ မျှသာဖြစ်သည်။ ထိုအတူပင် ကာယဗလ နယ်ပယ်တွင်လည်း ၀ါသနာ ကို အရင်းခံပြီး ကစားနေသူ ၊ ၀ါသနာ မပါသော်လည်း မိမိ ခန္ဓာကိုယ်ဧ။် အခြေအနေ ကို အားရ ကျေနပ်မှုမရှိ၍ အတိုင်းအတာ တစ်ခု ထိ သာ ကစားမည်ဟု စိတ်ပိုင်းဖြတ်ထားသူ ၊ ကျန်းမာရေးအတွက် ဆိုပြီး ကစားနေသူ ၊တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုသူ ၊ မိမိ ဘ၀ တစ်ခု လုံးကို ကာယဗလ တွင်သာ မြုပ်နှံပြီး ကစားလိုက် နည်းပြ လုပ်လိုက် ၊ ပြိုင်ပွဲရှိ တက်ပြိုင်လိုက် နှင့် ဆု ရ ချင်ရ မရချင်နေ ပုံမှန်စားသောက်ပြီး ပြိုင်နေသူများ ရှိသလို ၊ဇွဲနပဲ ကြီးစွာဖြင့် ရှိတာလေးနှင့် ၀အောင်စားပြီး အောင်မြင်မှု ကို တက်မက်စွာဖြင့် ပုံမှန် လေ့ကျင့်ခန်းဖြင့် အခြေခံကျကျ လျောက်လှမ်းလာသူ များ ရှိနေသလို နောက်မှ ပေါက်သည့် ရွှေကြာပင် ဖြစ်ချင်ဇောဖြင့် ကာယဗလ နယ်ပယ်တွင် တဟုန်ထိုး အောင်မြင်မှု ရရှိလာစေရန် နည်းလမ်းမျိုးစုံဖြင့် ထိပ်ဆုံးရောက်လာသူ ၊ ထိပ်ဆုံးရောက်ချင်သူ များလည်း ကာယဗလ အားကစားသမားများကြားတွင် ရှိစမြဲ ဖြစ်ပါသည်။ ခဏတာ အောင်မြင်မှု အတွက် မိမိ ဧ။် အသက်အန္တရာယ် ကိုပင် မငဲ့ပဲ ဆိုးကျိုးပေးနိုင်သည့် တားမြစ်ဆေးဝါးများ ၊စတီးရွိက်များ  ကို အလွယ်တကူ အသုံးပြုနေကြသည်မှာ ကျွန်တော်တို့လည်း ကြားနေရပါသည်။ စတီးရွိုက် သုံးပြီး အောင်မြင်မှု ရရှိလာပါပြီတဲ့ သင့် အနေနှင့် စစ်မှန်တဲ့ အောင်မြင်မှု ဟုတ်ပါသလား။ ဆေးဝါး အားကိုးပြီး သင် ရရှိလာသည် အောင်မြင်မှုသည် သင့်အတွက် ရေရှည်တွင် ဘာတွေ ထိခိုက်လာနိုင်သလဲ ဆိုတာ ကော သင် လေ့လာပြီးပြီလား။ ဆေးဝါးသုံးပြီး လျင် ပြန်ဖြေသည် ဆေးဝါးများကကော တကယ် စိတ်ချရလို့လား ။ ဘယ်သူတွေက အာမခံပြီး ဘယ်သူတွေက လက်မှတ်ထိုး ထုတ်နေကြသလဲ။ နိုင်ငံတကာ မှာကော တားမြစ်ဆေး သုံးတဲ့ အားကစား သမားတွေကို ဘယ်သူတွေက ပြုံးပြုံးကြီးနှင့် ကြိုဆိုမှာလဲ ။ ဘာမှ မသိသူတွေ ကတော့ အားကျပါမယ် ။ ဒါပေမယ့် သင် ဆေးဝါးသုံးထားတာ သိတဲ့ အားကစားသမားအချင်းချင်း ၊ ၀ါသနာရှင်တွေကတော့ သင့်ကို အားကျမှာ မဟုတ်ပါဘူး။ တားမြစ်ဆေးဝါးသုံးပြီး ခန္ဓာကိုယ် ကြီးထွားအောင် လုပ်ပေးနိုင်တယ် ၊ ခွန်အားပိုရှိအောင်လုပ်ပေးနိုင်တယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒီလို ရလဒ်တွေကို ကျွန်တော်တို့ ကိုယ်ခန္ဓာ အတွင်းမှာ သဘာဝ အတိုင်းထွက်ရှိအောင် ဘုရားသခင်က ဖန်ဆင်းပေးပြီးသား ဖြစ်ပါတယ်။ သဘာဝ အတိုင်းပြုလုပ်ပေးနေတဲ့ အရာတစ်ခုကို အနှောင့်အယှက် ဖြစ်အောင်လုပ်ခြင်းဟာ ဒုက္ခကို ဖိတ်ခေါ်ခြင်းတစ်ခု ပါ။ ကိုယ်ခန္ဓာ အတွင်း လုပ်ဆောင်ချက် ချို့ယွင်းလို့ တားမြစ်ဆေးဝါး တို့ စတီးရွိုက်တို့ သုံးပြီး ကုစားရတာ က သဘာဝကျပါတယ်။ ပြိုင်ဘက်တွေကို အနိုင်ရရှိဖို့ အတွက် တားမြစ်ဆေးဝါး သုံးပြီး အနိုင်ယူခြင်း ကတော့ သဘာဝ မကျတဲ့ ဖြစ်ရပ်တွေပါ။ နိုင်ငံတကာ ပြိုင်ပွဲတွေမှာလည်း တားမြစ်ဆေးဝါး သုံးစွဲမှုကြောင့် အရေးယူ ခံရတဲ့ အားကစားသမားတွေ တားမြစ်ဆေးဝါးသုံးစွဲတာ မိလို့ ဆုတံဆိပ် သိမ်းဆည်းခံရတာတွေ က သာဓက တွေရှိပြီးသားပါ။ တားမြစ်ဆေးဝါး သုံးပြီး အောင်မြင်မှု ရရှိလာတဲ့ နောက်ကွယ်မှာ သင့်အတွက် အသက်အန္တရာယ် ဆိုတဲ့ ကျဆုံးမှုက အရိပ်လို ကပ်ပါ နေနိုင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း မိမိ လေ့လာ မိသလောက် တားမြစ်ဆေးဝါး ဆိုးကျိုး အချို့ကို ရေးသားပေးခဲ့ပါတယ်။

ဒါပေ့မယ်လည်း အနီးကပ် လေ့ကျင့်သင်ကြားပေးနေတဲ့ ဆရာ တစ်ချို့ ကိုယ်တိုင်က ရှေ့ဆောင်လမ်းပြ အနေနဲ့ သုံးစွဲနေကြတာတွေ ရှိပါတယ်။ တစ်လောက ကျွန်တော်နဲ့ အွန်လိုင်းပေါ်မှာ တွေ့ဆုံလာတဲ့ မင်ဘာတွေထဲက တိုက်တိုက်ဆိုင်ဆိုင် မင်ဘာ (၂) ယောက်က ကြွက်သား ကြီးထွားချင်လို့ တားမြစ်ဆေး သုံးချင်တယ် ကောင်း မကောင်းမေးပါတယ်။ ကျွန်တော်ကလည်း မြန်မာ ဖစ်တနက်စ် မှာ  ကျွှန်တော်နဲ့ ကိုနိုင်ဦး ရေးထားတဲ့ တစ်ချို့ ဆောင်းပါး တွေရှိပါတယ်။ ရှာဖွေ လေ့လာကြည့်ပါ လို့ ပြောလိုက်တော့ ဖတ်ပြီးပြီ လို့ပြောပါတယ်  တစ်ယောက်က အဲဒါ ဆို သဘောပေါက်မှာ ပေါ့ဆိုတော့ ကျွန်တော် တို့ ဂျင်မ် က နည်းပြ က ပြောတယ် တစ်ခါတစ်လေ ဘာမှ မဖြစ်ပါဘူးတဲ့ ဆိုလို့ မေးကြည့်တာ ပါတဲ့ ။ ကျွှန်တော်လည်း ထပ်ပြီးတော့ မပြောချင်တော့ပါဘူး တစ်ခါတစ်လေမှာ အတိုက်အခံ ပြောရတာ အမုန်းပွားပါတယ်။ တစ်ချို့ ကိစ္စတွေမှာ ကျွှန်တော်တို့ကို အထင်မြင်စောင်းပြီး အမြင်လွဲတာတွေ လည်းရှိနေတတ် ပါတယ်။ အဲဒါကြောင့် သုံးချင်လည်း ကြည့်သုံးပေါ့ဗျာ။ ဘယ်သူက ထိုးပေးတာလဲ ဆိုတော့ နည်းပြ ဆရာ ကိုယ်တိုင် ထိုးပေးတာတဲ့ သူထိုးတာ သုံးလရှိနေပြီတဲ့။ အခုက ပြောတော့ တစ်ခါ တစ်လေ သုံးတာ ဘာမှမဖြစ်ဘူး ဆိုတဲ့ မင်ဘာက ထိုးတာ (၃) လရှိပြီတဲ့။ ဘာထူးခြားလဲလို့ မေးတော့ အလေး ပို နိုင်လာပြီး ကြွက်သား နည်းနည်း တက်လာကြောင်း ဒါပေမယ့် မျက်နှာနှင့် ကျောတွင် အဖုကြီးများ ထွက်လာကြောင်း ၊ နေရထိုင်ရသည်မှာ ပူစပ်ပူလောင်ကြီး ဖြစ်ကြောင်း သူ့ ကိုယ်တွေ့များကို ပြောပြသည်။ သုံးလတာ ကာလအတွင်း သူပြန်ရလိုက်သည့် အကျိုးအမြတ်တွေပါ။ နောက်တစ်ယောက်ကျတော့ တားမြစ်ဆေး ဘယ်မှာ ၀ယ်လို့ရသလဲ ၊ ဘယ်ဈေးလဲ ၊ ဘယ်လို သုံးရလဲ စသည့် လဲ ပေါင်းများစွာဖြင့် အမေးထုတ်လာပါသည်။ မကောင်းမှန်းကို သိသိကြီးနှင့် ထိုသူလည်း မေးလားခြင်း ဖြစ်သည်။ ကျွန်တော်ကို မရ မက မေးပါသည်။ ဘယ်လိုပြောပြီး ၀ယ်ရလဲ ဘယ်ဆိုင် ရောင်းလဲ စသည့်ဖြင့် မေးလာခြင်း ဖြစ်ပါသည်။ ကျွှန်တော် မဖြေနိုင်ပါ ။ မသိလို့ မဖြေခြင်း မဟုတ်ပါ။ သိပါသည် တားမြစ်ဆေးဧ။် ဆိုးကျိုးတွေကို သိသင့်သလောက်သိထားသည့် လူတစ်ယောက်အနေနှင့် တားမြစ်ဆေး သုံးချင်နေသည့် လူငယ်တစ်ယောက်ကို အညွှန်မကျိုးစေ ချင်ပါ။ သူ တားမြစ်ဆေး သုံးပြီး ရလာသည့် အောင်မြင်မှုသည့် သူ့ကို ကမ္ဘာကျော် တစ်ယောက် တစ်ယောက်ဖြစ်မလာနိုင်ပါ။ မသာပေါ် မည့် အရေးသာ ဖြစ်လာနိုင်မည် နောက်တစ်ခု ဘယ်သူတွေက လမ်းညွှန်ပေးသလဲ ဆိုသည့် အမေးနောက်တွင် ကာယဗလ ဆောင်းပါးရေးသား ပေးနေသူ ကျွန်တော်တို့က လမ်းညွှန်ပေးသည် ဆိုသည့် နာမည်ဆိုးကြီး ကပ်ပါလာနိုင်သည်။ ထို့ကြောင့် ကျွန်တော် မဖြေခြင်းဖြစ်ပါသည်။

ထိုကြောင့်လည်း သူတော်တော်လေး စိတ်ဆိုးသွားပုံရပါသည်။ မတတ်နိုင်ပါ သူစိတ်ဆိုးလည်း ခဏပါ။ ကျွန်တော် လမ်ညွှန်ပေးလိုက်လို့ တားမြစ်ဆေး စွဲသွားလျင်ကား မလွယ်ပါ။ တစ်ခြားသူ လမ်းညွှန်ပေးလို့ သုံးစွဲတာတော့ ကျွှန်တော်တို့လည်း မတတ်နိုင်ပါ။ ကျွန်တော်တို့ကို မေးလာရင်တော့ ကျွှန်တော်တို့က လုံးဝ အားမပေးပါ။ သဘောထားချင်း မတူတာတော့ မတတ်နိုင်ပါ။ မကောင်းတာကို မကောင်းမှန်း သိလျက်နှင့် ဇွတ်တိုးနေကြလျင်တော့ ကိုယ်ကြမ္မာ ကိုယ်ဖန်တီးနေကြခြင်းသာ ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် စတီးရွိုက်ကိုလည်း အားမကျပါနှင့် စတီးရွိုက်သုံးပြီး ကစားနေကြသူများ ဧ။် ကစားနည်းများကိုလည်း အတု မခိုးပါနှင့် ၊ ဆိုးကျိုးပေးနိုင်သည့် စတီးရွိက်သုံးပြီး သေမင်းနှုတ်ခမ်းဝ တွင် လျှောက်လှမ်းနေသူ တစ်ဦးဧ။် အကြောင်းကို ရှေ့ အပတ်တွင် ရေးသားပေးပါမည်။ ခဏတာ အောင်မြင်မှု အတွက် မိမိ ဘ၀ တစ်ခု လုံးကို  တားမြစ်ဆေး နယ်ပယ်တွင် မမြုပ်နှံလိုက်ပါနှင့် လို့ တင်ပြလိုက်ပါတယ်။
တင်ဆက်သူ----အောင်အောင်
email---aungaung.aung24@gmail.com
www.myanmarfitness.com

စံချိန်တင်တဲ့ငွေရတုအာနိုးကလပ်စစ်ပြိုင်ပွဲ

ပရော်ဖက်ရှင်နယ်ကာယဗလအားကစားပြိုင်ပွဲများတွင်မောင်အိုလံပီယာပြိုင်ပွဲပြီးလျင်ဒုတိယအဆင့်
အမြင့်ဆုံးဖြစ်သောအာနိုးကလပ်စစ်ပြိုင်ပွဲသည်ကမ္ဘာတစ်ဝှမ်းမှကာယဗလ၀ါသနာအိုးများအဖို့ 
မျှော်တလင့်လင့်၊စောင့်ကြည့်နေရသောပြိုင်ပွဲဖြစ်သည်။မောင်အိုလံပီယာခုနှစ်ထပ်ကွမ်းအာနိုး
မတည်ကျင်းပပေးခဲ့သောထိုအာနိုးကလပ်စစ်ပြိုင်ပွဲသည်ယခုဆိုလျင်နှစ်ဆယ့်ငါးနှစ်မြောက်ငွေရ
တုပင်တိုင်ခဲ့ပေပြီ။ယခုနှစ်ပြိုင်ပွဲချန်ပီယံဒက်တာဂျက်ဆင်အဖို့လည်းယခင်ကဖလက်စ်ဝှီးလားတင်ခဲ့
သောအာနိုးကလပ်စစ်ချန်ပီယံဆုလေးကြိမ်၊တစ်ဦးတည်းပိုင်ရှင်စံချိန်ကိုချိုးကာသူသည်လည်း
ထိုကဲ့သို့ ပင်အာနိုးကလပ်စစ်လေးကြိမ်ချန်ပီယံဆုကိုပိုင်ဆိုင်သူဖြစ်လာခဲ့ခြင်းဖြစ်သည်။
ဆုရရှိသူစာရင်းမှာအောက်ပါအတိုင်းဖြစ်ပေသည်။

1-ဒက်တာဂျက်ဆင်
2-ဘင်ဂျမင်ပေါ်လ်စကီး
3-တိုနီဖရီးမင်း
4-ဂျွန်နီဂျက်ဆင်
5-ဟီဒီတာဒါယာမာဂီရှီ
6-စီဒရစ်မက်မီလန်
7-ဖရက်ဒ်စမော်လ်
8-အဒ်ဝပ်နန်း
9-ဒယ်ရင်ချာလ်း
10-ဖိုးဝ်အဘိဘ် စသည်တို့ ဖြစ်သည်။
ဆုကြေးငွေများမှာ-
ပထမ-ဒေါ်လာ-130000
ဒုတိယ-ဒေါ်လာ-75000
တတိယ-ဒေါ်လာ-50000
စတုတ္ထ-ဒေါ်လာ-30000
ပဉ္စမ-ဒေါ်လာ-15000
ဆဌမ-ဒေါ်လာ-10000
ကြွက်သားအကောင်းဆုံးဆု-ဘင်ဂျမင်ပေါလ်စကီး
ကိုယ်ဟန်ပြအကောင်းဆုံးဆု-ဒေါ်လာ-10000 ဖရက်ဒ်စမော်လ်

1-ဒက်တာဂျက်ဆင်

ပြိုင်ပွဲမစတင်မှီကတည်းကအားလုံးကနံပါတ်တစ်ပေးထားသည့်အတိုင်းပင်သူချန်ပီယံဖြစ်လာခဲ့သည်။
ဘရန့် ခ်ျဝါရန်၊ဗစ်တာမာတီးနက်စ်၊အီဗန်စင်တိုပီနီ၊ကိုင်ဂရီန်း၊ဒင်းနစ်ဝုဖ်စသည့်နာမည်ကျော်များမပါ
သည့်အတွက်ဒက်တာအတွက်ပွဲချောင်သည်ဟုအများကဝေဖန်ကြသော်လည်း၊ဒက်တာဂျက်ဆင်
သည်ယခုပြိုင်ပွဲကိုထိုက်တန်စွာအနိုင်ရသွားခြင်းပင်ဖြစ်သည်။အသက်လေးဆယ့်သုံးနှစ်ရှိနေသော်
လည်းခန္ဓာကိုယ်ကိုအထူးခြားဆုံးအနေအထားဖြင့်စင်မြင့်ထက်ပေါ်တွင်တင်ဆက်နိုင်သည့်အတွက်
ဒက်တာချန်ပီယံဖြစ်ရတာတန်သည်ဟုပြောချင်ပါသည်။
2-ဘင်ဂျမင်ပေါ်လ်စကီး




အားနည်းချက်ဖြစ်သည့်ကျောပြင်ကိုအကောင်းဆုံးပြုပြင်နိုင်ပြီးနောက်ယခုနှစ်ပြိုင်ပွဲတွင်တိုးတက်မှုများ
စွာဖြင့်ဒုတိယနေရာရယူနိုင်ခဲ့သူပေါ်လ်ကိုတော့လူအများကြိုက်နှစ်သက်ခဲ့ပေသည်။ထို့ အပြင်လူမသိ
သည့်ပေါ်လ်၏ထူးခြားချက်တစ်ခုမှာပြိုင်ပွဲမစတင်မှီ 24-နာရီအလိုကတည်းကအပြင်းအထန်ဖျားနေခဲ့
ပြီးမည်သည့်အဖတ်မှမစားဘဲစင်ပေါ်တက်လာခဲ့သော်လည်းသူ့ ခန္ဓာကိုယ်သည်လုံးဝမသိသာခဲ့ခြင်း
ပင်ဖြစ်သည်။သူလည်းထိုက်တန်စွာဒုတိယနေရာရခဲ့ခြင်းပင်ဖြစ်သည်။
3-တိုနီဖရီးမင်း


အသက်လေးဆယ့်ခြောက်နှစ်အရွယ်တိုနီဖရီးမင်းသည်လည်းအဖက်ဖက်မှတိုးတက်လာသည့်အနေအထား
အပြင်သူ့ ရာဇ၀င်တွင်အကောင်းဆုံးအနေအထားတမျှတင်ဆက်နိုင်သည်ဟုပင်ယူဆရမည်ဖြစ်
သည်။ပရိတ်သတ်အတော်များများကသူ့ ကိုဒုတိယနေရာအတွက်လျာထားကြသော်လည်းတတိယနှင့်
သာနှစ်သိမ့်လိုက်ရသူဖြစ်သည်။
4-ဂျွန်နီဂျက်ဆင်


တက္ကဆက်မှလူသန်ကြီးဂျွန်နီဂျက်ဆင်သည်လည်းအကောင်းဆုံးအနေအထားဖြင့်ယှဉ်ပြိုင်သွားခြင်း
ဖြစ်သည်။အကယ်၍သာသူ၏ပေါင်များသည်ခန္ဓာကိုယ်အပေါ်ပိုင်းနှင့်တွဲဖက်ညီခဲ့မည်ဆိုပါက၊ချန်ပီယံ
ပင်ဖြစ်နိုင်သူဖြစ်သည်။
5-ဟီဒီတာဒါယာမာဂီရှီ


ဂျပန်ဆာမူရိုင်းယာမာဂီရှီကတော့ပြိုင်ပွဲမတိုင်မှီရက်အနည်းငယ်အလိုတွင်လက်ကောက်ဝတ်ဒဏ်ရာ
ရရှိခဲ့သော်လည်း၊သူပြိုင်ခဲ့သော်သက်တမ်းတစ်လျောက်ယခုပြိုင်ပွဲ၏ရလာဒ်ကားအမြင့်ဆုံးဖြစ်သည်။
6-စီဒရစ်မက်မီလန်


နယူးယောက်ပရိုချန်ပီယံဟောင်း၊ဒုတိယလီဟေးနီဟုတင်စားခံရသူမက်မီလန်အတွက်မူယခုပြိုင်ပွဲ
၏ရလာဒ်ကားမတရားသလိုဖြစ်နေပေသည်။မာဆယ်ကွာလတီအနည်းငယ်လျော့နေသောကြောင့်
အကောင်းဆုံးအနေအထားမရှိသေးသောမက်မီလန်သည်ဆင်ပိန်လျင်ကျွဲလောက်ကျန်သည်ဟူသော
စကားအတိုင်းအားလုံးကသူ့  ကိုအနိမ့်ဆုံးအဆင့်လေးလောက်သတ်မှတ်ထားကြသော်လည်းဒိုင်များ
ကသူ့ ကိုအဆင့်ခြောက်ဖြင့်သာကျေနပ်စေလိုက်ခြင်းဖြစ်သည့်အတွက်ပရိတ်သတ်များရလာဒ်ကိုဝေ
ဖန်ကြ၏။
ယခုနှစ်အာနိုးကလပ်စစ်ပြိုင်ပွဲသတင်းအနှစ်ချုပ်ကိုပြိုင်ပွဲပြီးလျင်ပြီးချင်းကြိုးစားတင်ဆက်လိုက်ခြင်း
ဖြစ်ပါသည်။မကြာမှီဓါတ်ပုံ၊ဗီဒီယိုများကိုလည်းတင်ဆက်ပေးပါမည်။


လေးစားလျက်----
နိုင်ဦး----119
Email---intensemuscle@gmail.com
Email---muscleprofessor@gmail.com
Email---myanmarfitnesstrainer@gmail.com
www.myanmarfitness.com