arial" action="like" colorscheme="light">
Wednesday, February 17, 2016
Fitness Training Program တစ်ခုအတွက် လိုအပ်သော သဘောတရားများ
Fitness trainer တစ်ယောက် အနေနှင့်ဖြစ်စေ၊ မိမိကိုယ်တိုင် အတွက်ဖြစ်စေ လေ့ကျင့်နည်း ပရိုဂရမ်
သည်။ သင်ရေးဆွဲမည့် ပရိုဂရမ်တွင် ဤအချက်များ မပါဝင်ပါက ပြည့်စုံနိုင်မည် မထင်ပါ။
1-The principle of specificity
2- The principle of progressive overload
3- The principle of individuality
4- The principle of variation
5- The principle of maintenance and
6-The principle of reversibility တို့ ဖြစ်သည်။
1-The principle of specificity
ဒီသဘောတရား လေးကတော့ အရေးအရမ်းပါပြီး အခြေခံကျတဲ့ သဘောတရားလေး ပါပဲ။ ကစားသမား တစ်ယောက်ခြင်း စီရဲ့ လိုအပ်ချက် ရည်မှန်းချက်တွေနဲ့ ကိုက်ညီအောင် သက်ဆိုင်ရာ လေ့ကျင့်ခန်း၊ တကျော့
နှင့် တကျော့ကြား နားချိန် ၊လေ့ကျင့်ခန်း ပြင်းအား စတာတွေကို အထူးပြု ချိန်ညှိရေးဆွဲ ပေးခြင်းပဲဖြစ်ပါတယ်။
ဥပမာ-ရင်အုပ် အပေါ်သား အားနည်းသော ကစားသမား တစ်ယောက်အတွက် ၄င်းအားနည်းရသော အခြေခံအကြောင်းအရင်း ဥပမာ(ညှပ်ရိုးကြောင့်လား၊ လေ့ကျင့်နည်း မမှန်၍လား၊ ပခုံးသားများ အားကောင်းလွန်း၍ရင်အုပ် အားနည်းခြင်းလား)ဆိုသည့် အချက်များ အပေါ်မူတည်ပြီး အထူးပြု ရေးဆွဲပေးရသည့် သဘောတရားဖြစ်သည်။အကယ်၍ ဤသဘောတရားကို လျစ်လျှူ ရှုခဲ့မည်ဆိုပါက မည်မျှပင် ကြိုးစားတည်ဆောက် ထားသည့် ခနာကိုယ် ဖြစ်ပါစေ လှပခြင်း နှင့် အားကစား စွမ်းရည်ကင်းမဲ့ကာ အချည်းအနှီး သာဖြစ်ရပေ လိမ့်မည်။
2- The principle of progressive overload
Bodybuilding and strength training ရဲ့အရေးအပါဆုံးသော သီအိုရီလေးပါ။အလေးနှင့် အလုပ်ဝန်ကို
တိုးသွားပြီး ကြွက်သားတွေ အပေါ်ဖိအား အမျိုးမျိုး သက်ရောက်စေကာ စဉ်ဆက်မပြတ် ကြီးထွားစေသော
သဘောတရား ဖြစ်သည်။ အလေးနှင့် အလုပ်ဝန်ကို တိုးသည်ဟု ဆိုရာဝယ် အမြဲတမ်း အလေးဝန်ကို တိုးသွားဖို့ တတ်နိုင်မည် မဟုတ်ပါ။ သို့ သော် ထိုအချိန်တွင် အကြိမ်အရေ အတွက်တိုးသွားခြင်း၊ အကျော့များ တိုးသွားခြင်း၊ တကျော့နှင့် တကျော့ကြား နားချိန် လျော့ချခြင်း၊ စသည့် နည်းများဖြင့် ကြွက်သား အပေါ်သို့ အလေးနှင့်အလုပ်ဝန်ကို အပြောင်းအလဲပြု တိုးသွားသော နည်းစနစ်ဖြစ်သည်။ကာယဗလ ကစားနည်းအတွက် ကြွက်သားကြီးထွားလိုသူ များအတွက် အရေးအပါဆုံးသော သဘောတရားဖြစ်သည်။
3-The Principle of Individuality
သန်းခုနှစ်ထောင်သော လူသားတို့ သည် တစ်ဦးနှင့် တစ်ဦး ရုပ်ရည်ခြင်း မတူကွဲပြားကြသလို မတူညီသော ခနာဗေဒ တည်ဆောက်ပုံ ဘ၀နေထိုင်မှု ပုံစံ နှင့် ကိုယ်တွင်းဟိုမုန်း တုံ့ ပြန်ပုံတို့ မတူညီ တတ်ကြပေ။
ထို့ ကြောင့် ဘယ်သူလာလာ ဒီပရိုဂ၇မ်ပဲဟု ဆိုလျင် သင်မှားလေပြီ။ဥပမာ-ယခုမှ ဂျင်မ်စကစားသော
လူသစ် တစ်ယောက်နှင့် ကစားသက်ငါးနှစ် ရှိသော ကစားသမား တစ်ယောက် နှစ်ယောက်လုံးခနာကိုယ်
ကြီးထွားလိုသည်ဟု ဆိုလျင် ထိုကစားသမားနှစ်ယောက် အတွက် လေ့ကျင့်နည်း ပရိုဂရမ် မုချမသွေ ကွဲပြား
ရပေမည်။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်ဦး၏ ကစားသက်၊ ခနာကိုယ်၏ လက်ခံနိုင်စွမ်းနှင့် တုံ့ ပြန်နိုင်မှု
လေ့ကျင့်ခန်းကို စနစ်တကျ လေ့ကျင့်နိုင်မှု စသည်တို့ ကွဲပြားသည်နှင့် အမျှ လေ့ကျင့်နည်း ပရိုဂရမ်များလည်းမတူညီနိုင်တော့ပေ။ ထိုမတူညီနိုင်မှု၏ အလှအပနှင့် နက်နဲမှုကို နည်းပြများ မြင်တတ်ပါစေ။
4-The Principle of Variation
မတူညီနိုင်တဲ့ လူ့ ခနာဗေဒ၏ နက်နဲ မှု နောက်တခုမှာ မည်မျှပင်ခက်ခဲ ပြင်းထန်သော သက်ရောက်မှုဖြစ်ပါစေအချိန်အတိုင်းအတာ တခုအတွင်း လက်ခံနိုင်စွမ်း ရှိသွားခြင်းပင်ဖြစ်သည်။ထို့ ကြောင့် သင်လေ့ကျင့်နေသော ပရိုဂရမ်သည် မည်မျှပင် ကောင်းမွန်နေစေကာမူ အချိန်အတိုင်းအတာ တစ်ခုအရောက်တွင် တုံ့ ပြန်မှု လျော့နည်းသွား မည်မှာ အသေအချာ ပင်ဖြစ်သည်။ထို့ ကြောင့် အခါအားလျော်စွာ လိုအပ်ချက်ကို လိုက်၍
ပရိုဂရမ် ရေးဆွဲရမည့် သဘောတရား ဖြစ်သည်။
5-The Principle of Maintenance
အကယ်၍ ကစားသမား တစ်ယောက်သည် လက်ရှိ ခနာကိုယ် ကြွက်သားထုထည် ပမာဏ နှင့် ကယ်လိုရီ အသုံးပြုမှုကို ကျေနပ်ကာ ထပ်မံ တိုးတက်လိုစိတ် မရှိတော့ပါက ထိုသူ့ အတွက် အထွေအထူးသော ပရိုဂရမ်ရေးဆွဲရန် မလိုတော့ဘဲ လက်ရှိလေ့ကျင့်နေခဲ့သည့် ပရိုဂရမ်ကိုသာ ပမာဏ အနည်းငယ် အပြောင်းအလဲပြုလုပ်ပြီး လေ့ကျင်ခန်း အနည်းငယ် အပြောင်းအလဲ ပြုလုပ်ပေးရန်သာ လိုအပ်လေသည်။သူ၏ အားကစား စွမ်းရည်တိုးတက်စေရန် အတွက်တော့ အမျိုးမျိုးသော ဘော်ဒီဝိတ် လေ့ကျင့်ခန်းများ နှင့် TrX, static contraction
Iso tension and Kettle bell လေ့ကျင့်ခန်းများ၊ထည့်သွင်း လေ့ကျင့်ပေးနိုင်ပါသည်။
6-The Principle of Reversibility
ဤသဘောတရားကတော့ ကျွန်တော်တို့ နိုင်ငံ ကျွန်တော်တို့ ကစားသမားတွေ အကြားအထူးအဆန်း ဖြစ်နေမှာ အသေအချာ ပင်ဖြစ်သည်။ဘာဖြစ်လို့ လဲ ဆိုတော့ လက်ရှိအနေအထားထက် နောက်ပြန်လှည့်လျော့ကျသွားဖို့ တကူးတက လုပ်ယူတဲ့ ပရိုဂ၇မ်အကြောင်း ပြောယင် သင့်ကို အရူးလို့ ပြောကြမှာ အသေအ
ချာပါပဲ။ ဒါပေမဲ့ ဒါဟာ မထင်မှတ်နိုင်လောက်အောင် အကျိုးထူးတဲ့ သဘောတရား တခုဖြစ်ပါတယ်။ကျွန်တော့်ကစားသမားတွေ(အထူးသဖြင့် ကစားသက်ကြာပြီး ရလာဒ်မထူးနိုင်တော့တဲ့ သူတွေပေါ့)ကို အချိန်အတိုင်းအတာတခုအထိ လုံးဝအနား ယူခိုင်းလိုက်ပါတယ်။ အမြင်မှာ ခနာကိုယ်က အတော်လေးကို လျော့ကျ နောက်ပြန် လှည့်သွားပြီး ဆိုတဲ့အနေအထားမှာ လူသစ်တစ်ယောက်ရဲ့ ပရိုဂရမ်မျိုးနဲ့ ပြန်လည် လေ့ကျင့်စေရာမှာ မထင်မှတ်လောက်အောင် ရလာဒ်တွေ ကောင်းလာပါတယ်။ သုံးလေးနှစ် လုံးဝမကစားဘဲ ပျက်ကွက်
ခဲ့တဲ့ ကျွန်တော်ကိုယ်တိုင်လည်း ဤနည်းစနစ် အတိုင်း ပြန်ကစားရာမှာ အတိုင်းထက်အလွန် ထူးခြားမှုများ
ရရှိခဲ့ပါသည်။ နောက်မကြာမှီ ဤသဘောတရားကို ဆောင်းပါးတစ်ပုဒ် ရေးသားပေးပါဦးမည်။
အထက်တွင် တင်ပြခဲ့သော အခြေခံ အချက် ခြောက်ချက်က သင့်ကို လှပသေသပ်ပြီး အကျိုးများစေနိုင်တဲ့
ပရိုဂရမ် တစ်ခုရေးဆွဲဖို့ များစွာ အကူအညီပေး နိုင်မှာ အသေအချာပါပဲ။
လေးစားလျက်-
နိုင်ဦး-၁၁၉
Muscle Professor
No comments:
Post a Comment