arial" action="like" colorscheme="light">

Sunday, January 17, 2016

2015-မှချန်ထားခဲ့သော Fitness tips များ

ကျွန်တော်တို့ ပေ့ခ်ျမှ အသစ်သော Fan များနှင့် Page စထောင်ကတည်းက အားပေးခဲ့သော Fan များ
အတွက် အရေးပါသော အလွယ်တကူ နားလည်မှတ်သား ထားနိုင်မည့် Fitness tips အချို့ ကိုမျှဝေ တင်ဆက်ပေးလိုက်ပါသည်။
Training Tips-
-သင့်ခနာကိုယ် ကြွက်သားများသည် သင်အလေး ပေါင်မည်မျှ မနေသည်ကို မသိမမြင်နိုင်ပါ။သို့ သော်၎င်းတို့ 
ကို သင်မည်မျှ ဖိအားပေး လေ့ကျင့်နေသည်ကိုသာ ခံစားနိုင်စွမ်း ရှိပါသည်။ ထို့ ကြောင့် သင့်ခနာကိုယ် ကြီး
ထွားလိုလျင် အလေးများများ ကစားရမည် ဆိုသည့်အချက်ထက် လေ့ကျင့်ခန်း တစ်ခုကို ပုံကျပန်းကျ လေ့ကျင့်
နိုင်ပြီး၊မိမိအနိုင်ဆုံးသော အလေးဝန်ဖြင့် တတ်နိုင်သမျှ ကြာကြာ ညှစ်အားပေး ကစားခြင်းက ကြွက်သားများ
ကြီးထွားရေးအတွက် ပိုမိုအရေးပါ လေသည်။
-သင်မည်မျှကောင်းသည့် ဖြည့်စွက်ဆေးကို သုံးစွဲသည်ဖြစ်စေ၊ အသားဓါတ်မည်မျှ ပြည့်ဝအောင် စားသုံးသည်
ဖြစ်စေ၊ အိပ်ရေးဝအောင် မည်မျှပင် ကြိုးစားသည် ဖြစ်စေ သင်ကြီးထွားဖို့ အတွက် အရေးအပါဆုံးသော အချက်မှာ လေ့ကျင့်ခန်းကို စွဲမြဲစွာ ပုံမှန်ပြုလုပ်ခြင်း ပင်ဖြစ်သည်။ အကယ်၍ သင်လေ့ကျင့်ခန်းကို ပုံမှန်စွဲမြဲ
စွာမပြုလုပ်လျင် မည်သည့်နည်းပြ မည်သည့်အာဟာရ ကမှ သင့်ခနာကိုယ်တည်ဆောက်ပုံ ကိုပြောင်းလဲပေး
နိုင်မည် မဟုတ်ပါ။
-ကာဒီရိုကို တစ်ပါတ်လျင် တစ်ကြိမ်မှ နှစ်ကြိမ်လောက် လေ့ကျင့်ဖြစ်အောင် လေ့ကျင့်ပါ။ သင်ထင်နေသည်က
ကာဒီရိုလေ့ကျင့်ခန်းများသည် သင့်ကိုယ်တွင်းမှ ကယ်လိုရီ အပိုများကို လောင်ကျွမ်းစေကာ သင့်ထွားကျိုင်း
ရေးကို အနှောင့်အယှက်ပြုမည်ဟု ထင်နေသော်လည်း စစ်စစ်တွင်မူ ကာဒီရိုလေ့ကျင့်ခန်း များသည် သင့်ကို
လေ့ကျင့်ခန်း၏ဖိအားများမှ အလျင်အမြန်အားပြည့်စေပြီး ပိုမိုပြင်းထန်စွာ လေ့ကျင့်စေနိုင်ကာ ကြွက်သားကြီး
ထွားမှုကို အထောက်အကူ ပြုနိုင်ခြင်းပင်ဖြစ်သည်။ထို့ ကြောင့် ကာဒီရိုကို လေ့ကျင့်ဖြစ်အောင် လေ့ကျင့်ပါ။
Nutrition Tips-
၁-ကာယဗလ သမားတစ်ယောက် အတွက် အရေးအပါဆုံးသော အာဟာရ အသုံးပြုရမည့် အချိန်များမှာ
မနက်အိပ်ရာထ၊မကစားမှီ၊ကစားပြီး၊ညစာ တို့ ဖြစ်သည်။ဖြည့်စွက်ဆေးများ သုံးပါကလည်း ထိုအချိန်လေးချိန်သည်အရေးအပါဆုံးဖြစ်သည်။အကယ်၍သင်သည် ဖြည့်စွက်ဆေးကို ငွေကြေးအခြေအနေ အရချင့်ချိန် သုံးစွဲနေရသူ ဆိုပါက မကစားမှီနှင့် ကစားပြီး အချိန်ကိုတော့ မဖြစ်မနေ သုံးပါ။ အဆီချလိုသူများ အတွက် အထူးဂရုပြုသင့်သော အချိန်မှာ ညစာစားချိန်ဖြစ်သည်။
၂-လေ့ကျင့်ပြီးပြီးခြင်း ကာဗိုဟိုက်ဒရိတ် ရော ပရိုတိန်းပါ မှီဝဲပါ။အကယ်၍ ကာဗိုဟိုက်ဒရိတ်ချည်းပဲ စားမည်ဆိုပါက အသည်းက လိုအပ်သမျှသော ဂလိုက်ကိုဂျင်များကို သိမ်းဆည်းပြီးနောက် ပိုလျံသမျှကို ကြွက်သားဆဲလ်များအတွင်းသို့ ပို့ လွှတ်သိုလှောင်မည် ဖြစ်သည်။ထိုနောက်တွင်တော့ ပိုလျံနေသမျှသော ကာဗိုဟိုက်ဒရိတ်များကိုကိုယ်တွင်းတွင်အဆီအဖြစ်သိုလှောင် ဖြစ်ပေတော့မည်။ထို့ ကြောင့် လေ့ကျင့်ခန်းပြုလုပ်ပြီးနောက်
ကာဗိုဟိုက်ဒရိတ်ကို လိုအပ်သည်ထက် ပိုစားပါက ကြွက်သား သက်သက်မဟုတ်ဘဲ ကိုယ်အလေးချိန်(အဆီ) လည်းတက်လာမည် ဖြစ်သည်။ အကယ်၍ ပရိုတိန်းချည်းပဲ စားပါက ထိုစားသမျှသည် ကြွက်သားဆဲလ် များအတွင်းသို့  ပို့ ဆောင်ပေးမည့် အင်ဆူလင် ဟိုမုန်းထွက်စေရန် ကာဗိုဟိုက်ဒရိတ် မစားပါက ထင်သလောက် အကျိုးထူးမည် မဟုတ်ပါ။ထို့ ကြောင့် ကစားပြီးပြီးခြင်း ပရိုတိန်းရော ကာဗိုဟိုက်ဒရိတ်ပါမျှတအောင် မှီဝဲဖို့ မမေ့ပါနှင့်။
၃-ကာယဗလ ဖြည့်စွက်ဆေးများ မည်မျှ သုံးသည်ဖြစ်စေ၊ အာဟာရပုံစံ မှန်ကန်အောင် မည်မျှပင်ကြိုးပမ်း
သည်ဖြစ်စေ၊ ထိုစားသမျှသည် အကျိုးပြုစေရန် အတွက် Omega-3,6 , Multi vitamins and minerals များကို သင်မဖြစ်မနေ မှီဝဲရန် လိုအပ်ပါသည်။ ထို့ အပြင် ကိုယ်တွင်းTransporter ဖြစ်သော ရေဓါတ်ကိုလည်းပြည့်ဝအောင် သောက်သုံး သင့်ပါသည်။ကိုယ်တွင်းတွင် ရေဓါတ် လျော့နည်းသွားပါက ကြွက်သားများ၏ စွမ်း
ဆောင်ရည်နှင့် ကြီးထွားနိုင်စွမ်းလျော့ကျ သွားနိုင်ပါသည်။ နေ့ စဉ် ရေများများ သောက်ခြင်းက ခနာကိုယ်
တည်ဆောက်ပုံကို ပင်ပြောင်းလဲနိုင်ကြောင်း သုတေသန များက တင်ပြနေပြီ ဖြစ်ပါသည်။Coke, Soda and Carbonated အချိုရည် များကို တော့ လုံးဝ မသောက်သုံး သင့်ပါကြောင်း-

Trainer Tips-
ကမ္ဘာနှင့်အ၀ှမ်း Fitness profession အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်း တိုးတက်လာသည် နှင့်အမျှ
ကျွန်တော်တို့ နိုင်ငံတွင်လည်း ဖစ်တနက်စ် နှင့်ပါတ်သက်သော အလုပ်အကိုင် အခွင့်အလမ်းများ ပေါများ
လာသည်ကို ၀မ်းမြောက်ဖွယ် မြင်တွေ့ နေရ ပြီဖြစ်သည်။ထို့ အတူ ဂုဏ်သိက္ခာ ရှိသော Fitness trainer ဟူ
သည့် လူတန်းစား တစ်ရပ်လည်း ပေါ်ထွက်လာပြီ ဖြစ်သည်။ ထိုFitness trainer ညီတော် နောင်တော် အားလုံး
ကို လေးစားဂုဏ်ယူပါ၏။ လူသား မျိုးဆက် တစ်ခုလုံးကို ကျန်းမာသန်စွမ်း စေရေး အသက်ရှည်စွာ အနာမဲ့ရေး
အတွက် လမ်းညွှန်ပြသ နိုင်သူများ အဖြစ် မိမိအလုပ်ကို မိမိ ဂုဏ်ယူသင့်ပါသည်။ထို့ ကြောင့် ကျွန်တော်တို့ 
အားလုံး Professional ပီသသင့်ပါသည်။စကားလုံး အကြီးကြီးတွေ သုံးကာ ပရော်ဖက်ရှင်နယ်၏ အဓိပါယ်ကို
မဖွင့်ဆိုတော့ပါ။ သို့ သော် ကျွန်တော်တို့ ဂျင်မ်လောက နှင့်ပါတ်သက်သည့် စည်းမျဉ်းလေး အချို့ ကို ဆွေးနွေး
ကြည့်ကြပါစို့ ။
-Trainer တို့ အများဆုံး အမေးခံရသည့် မေးခွန်းမှာ -တစ်လအတွင်း ကြွက်သား မည်မျှ တက်နိုင်သနည်း ဆိုသည့် မေးခွန်းနှင့်
-တစ်လအတွင်းအဆီ မည်မျှ ကျနိုင်သနည်း ဆိုသည့်မေးခွန်း ပင်ဖြစ်သည်။
သိပံနည်းကျ ဖြေဆိုရမည် ဆိုလျင်တော့ တစ်လအတွင်း ကြွက်သားစစ်စစ် မည်မျှ တက်နိုင်သည်ကိုတော့
ယေဘူယျ ပြောပြရမည် ဆိုလျင် ကစားသက် အလယ်အလတ် အဆင့် ကစားသမားများသည် တစ်ပေါင်မှ တစ်ပေါင်ခွဲ အထိသာ အများဆုံး တက်နိုင်ပါသည်။သို့ သော်စတင်ကစားမည့်သူများနှင့် နှစ်ပေါင်းများစွာ လေ့ကျင့်ခန်း ပျက်နေပြီးနောက် ပြန်လည် လေ့ကျင့်သူများသည်ပထမ တစ်နှစ်တွင် ပေါင်လေးဆယ် လောက်အထိကို တက်နိုင်ပါသည်။ထို အချက်က လူသစ်ကစားသမားများအတွက် အလွန်ဝမ်းသာ စရာဖြစ်သော်လည်း ကစားသက်ကြာသူများ အတွက်မူ ကြွက်သား စစ်စစ် တစ်ပေါင်တက်ရန် အတော်ပင် ခက်ခဲသည့် ကိစ္စဖြစ်သည်ကို အားမနာ တမ်းပြောပါရစေ။ အထောက်အထား ပြလိုပါကလွန်ခဲ့သော ဆယ့်ငါးနှစ်လောက်က ခြောက်ဆယ့်ငါးကီလိုတန်း ပြိုင်ပွဲဝင်ခဲ့သည့် မောင်များသည် ယခုတွင်လည်း ခြောက်ဆယ့်ငါး ခုနှစ်ဆယ် ကီလိုတန်းမှသာ ယှဉ်ပြိုင်နေခြင်းက သက်သေဖြစ်သည်။
အကယ်၍ ကြွက်သား စစ်စစ် အလွယ်တကူ တက်နိုင်ပါက ထိုပုဂ္ဂိုလ်များ ယခုဆိုလျင် အိုလံပီယာ ပင်တက်ပြိုင်
နေလောက်ပြီ ဖြစ်သည်။ထို့ ကြောင့် မည်သူမျှ သိပ်စိတ်ညစ်စရာ မလိုသလို သိပ်လည်း ဦးထိပ်ထားရန် မလိုပါ။
ဘုရားဟော အတိုင်း ပညာသမာ အာဘာနတ္ထိ ဖြစ်လေသည်။ ထို့ ကြောင့် ဖစ်တနက်စ် ထရိန်နာ အဖြစ် အသက်မွေးသည့် ညီငယ်များသည် ခနာကိုယ်က ကာယဗလ မောင်လောက်ဖြစ်နေဖို့ မလိုပါ။လိုအပ်သော
ထိုက်သင့်သော အသိပညာသာ လိုသည်ဟု မြင်ပါသည်။အကယ်၍ ထရိန်နာသည် ပြိုင်ပွဲဝင် ကာယဗလ မောင်ဆိုပါက အတိုင်းထက်အလွန် လေးစားထိုက်ပါသည်။ သို့ သော် မိမိခနာကိုယ်ကို အထင်ကြီးလျက်
တစ်ဖက်ပိတ် နည်းပြတော့ မဖြစ်သင့်ပါ။ ပညာဟူသည် လေ့လာမှု ရပ်တန့် သည်နှင့် နောက်ရောက်သွား
သည်က သဘာဝပင်ဖြစ်သည်။လိုရင်းပြန်ဆက်ရမည်ဆိုလျင်-
တစ်လအတွင်း အဆီမည်မျှ ချနိုင်သနည်းဟု ဂျင်မ်စအပ်မည့် ကစားသမားက မေးလာလျင် သူ့ ကိုပြန်မေးလိုက်
ပါ။ ကိုယ်အလေးချိန် ကျချင်တာလား အဆီကျချင်တာလား ဆိုတာကို သဲကွဲအောင်လုပ်ပါ။ထိုနှစ်ခု သည်လုံးဝ
လုံးဝ မတူညီကြောင်းကို ***ကိုယ်အလေးချိန်ကျခြင်းနှင့် အဆီကျခြင်း တူပါသလား***ဟူသော အမည်ဖြင့်
ဆောင်းပါး တင်ဆက်ခဲ့ပြီး ဖြစ်သည်။ပြန်ရှာဖတ်ကြည့်ပါ။ သိပံနည်းကျ အထောက်အထားနှင့် ပြောရလျင်
အဆီသည် တစ်ပါတ်လျင် တစ်ပေါင်ခွဲမှ နှစ်ပေါင်အထိသာ အများဆုံး ကျနိုင်ပြီး ထို့ ထက်ပိုကျပါက ကိုယ်လေး
ချိန် ကျသွားခြင်းသာဖြစ်သည်။ အဆီကျပါက ကိုယ်တွင်းဇီဝဖြစ်စဉ် မြန်ဆန် မှန်ကန်လာပြီး ပိုမိုကျန်းမာ သန်စွမ်းလာမည် ဖြစ်သော်လည်း ကိုယ်အလေးချိန်ကျ ပါက ကိုယ်တွင်းဇီဝဖြစ်စဉ် နှေးကွေးယုတ်လျော့
ပျက်စီးပြီး မကြာခင် အချိန်အတွင်း ယခင်ကိုယ်အလေးချိန်ထက်ပို၍ အဆီတက်လာမည်က ၁၀၀% အသေအချာ ပင်ဖြစ်သည်။ အကယ်၍ ကစားသမားက ထိုအဖြေကို မကျေနပ်၍ ဂျင်မ်မအပ်ပါကလည်း
ဝမ်းနည်းစရာ မဟုတ်ပါ။ထိုသူသာ ရွှေသမင် အလိုက်မှား တံလျပ်ရေထင် ငွေကုန်လူပမ်းဖြစ်ရပေတော့မည်
ကိုတော့ ၀မ်းနည်းသင့်ပါသည်။အကယ်၍ ထိုကစားသမားက တစ်လအတွင်း ကိုယ်အလေးချိန် ပေါင်နှစ်ဆယ်
အထက်ကျသည် ဆိုသည့်ဂျင်မ်များ ၊ကြော်ငြာများကို ပြ၍စောဒက တက်လာပါကလည်း ထိုဂျင်မ်သို့ သာ လွှတ်ပေးလိုက်ပါ။ ကျွန်တော် ကတော့ ပရော်ဖက်ရှင်နယ် တစ်ယောက် အတွက်ငွေကြေးထက် ဂုဏ်သိက္ခာ၊
သြဇာ ကပိုအရေးပါသည်ဟု ခံယူထားပါသည်။ အထက်ပါ အချက်နှစ်ချက်က ထရိန်နာတို့ အတွက် Danger
ဖြစ်သည့်အတွက် အထူးဂရု ပြုမိစေ လိုခြင်းဖြစ်ပါသည်။
နိုင်ငံသားတိုင်း ကျန်းမာ သန်စွမ်း စေလိုသော၊ထရိန်နာတိုင်း အောင်မြင်စေလိုသော-
လေးစားလျက်-

နိုင်ဦး-၁၁၉
Muscle Professor

1 comment:

  1. Blog ဘက်‌လည့်‌‌ပေးလို့ ‌ကျေးဇူးတင်‌ပါတယ်‌

    ReplyDelete