arial" action="like" colorscheme="light">
Sunday, January 17, 2016
Fitness trainer တစ်ယောက် အတွက်လိုအပ်ချက်
တိုးတက်လာသော ခေတ်၏ ရေစီးကြောင်းအရ Fitness trainer အဖြစ် အသက်မွေးဝမ်းကြောင်း ပြုမှုသည်
လည်း ယခင်ကနှင့် မတူပိုမို ရှုပ်ထွေး ကျယ်ပြန့် လာနေခြင်း ကြောင့် Fitness profession ကိုရွေးချယ်မည့်
ညီနောင် များအတွက် အထောက်အကူ ဖြစ်စေမည့် အကြံပြုချက် အချို့ ကို တင်ပြပေးလိုက် ပါသည်။
Fitness Trainer အဖြစ် အသက်မွေး ၀မ်းကျောင်းပြုမည့် သူတစ်ယောက် အတွက် အရေးပါသော အချက်များ
စွာအနက်မှ ယခုဆောင်းပါး တွင် အလိုအပ်ဆုံးသော အချက် အချို့ ကိုတင်ပြ ပေးလိုက်ပါသည်။Fitness trainer တစ်ယောက်အတွက် အခြေခံအားဖြင့် B သုံးလုံး လိုအပ်ပါသည်။၎င်းတို့ မှာ-
1-Brain(fitness education)
2-Business(business education)
3-Body(healthy and fit body :no need to be a bodybuilding champion)
1-Brain
ထရိန်နာ တစ်ယောက် အတွက် နံပါတ်တစ် အရေးအကြီးဆုံး အချက်မှာ မိမိ၏ အသက်မွေးဝမ်းကျောင်း
အလုပ်နှင့်ဆိုင်သော အသိပညာ များကိုစဉ်ဆက် မပြတ်လေ့လာ နေရန်အထူးအရေး ကြီးပါသည်။အသိပညာကိုလေ့လာရမည်ဟု ဆိုရာဝယ် ပီအိတ်ချဒီ၊ ဒေါက်တာဘွဲ့ အထိ မလိုအပ်ပါ။ သို့ သော် နေ့ စဉ်နှင့် အမျှပေါ်ထွက် လာနေသည့် အသစ်အသစ်သော သုတေသနများ၊ သီအိုရီများ၊ ဒသနများ၊အာဟာရ အယူအဆများ၊ ဆေးပညာ ဆောင်းပါးများကို လေ့လာနေသင့်ပါသည်။ မကြာခင် ကျွန်တော်တို့ မြန်မာ့ဖစ်တနက်စ် နယ်ပယ်တွင်လည်း Certification Courses များပေါ်ထွက်လာ စရာအလားအလာများ ရှိနေပါသည်။မိမိတို့ ၏ ကစားသမားများ၏ အမြင်ကို ဖွင့်ပေးသင့်ပါသည်။သူတို့ ၏ အမေးတိုင်းကို အထောက်အထားနှင့်တကွ နားလည်သည် အထိရှင်းပြ နိုင်ရန် ကြိုးစားရမည်။လူတစ်ယောက်ချင်းစီ၏ ခနာကိုယ် တည်ဆောက်ပုံကိုယ်တွင်းဟိုမုန်း တုံ့ ပြန်ပုံ၊ ကြွက်သားမျှင်အမျိုးအစားများ တည်ဆောက်မှု နှင့် နေထိုင်မှုဘ၀ပုံစံ၊အပေါ်မူတည်ပြီး  အာဟာရ နှင့် ဖြည့်စွက်ဆေး အသုံးပြုမှုကို လမ်းညွှန်နိုင် ရမည်။မတော်တဆ ဒဏ်ရာရခဲ့ပါကလည်းကစားသမား၏ ဒဏ်ရာအခြေအနေ ကိုမူတည်ပြီး လေ့ကျင့်နည်း စနစ်များကို ပြောင်းလဲပေးနိုင်ရန် လေ့လာထား ရမည်။
2-Business
Fitness trainer အဖြစ်အသက်မွေး ၀မ်းကျောင်းပြုသည်ဖြစ်စေ မည်သည့် ပုံစံဖြင့် အသက်မွေး ၀မ်းကျောင်း
ပြုသည်ဖြစ်စေ မိမိဆိုင်ရာ နယ်ပယ်တွင်တော့ ပရော်ဖက်ရှင်နယ် ပီသသင့်သည် မဟုတ်ပါလား။Fitness trainer တစ်ယောက် အနေနှင့် သာမန်ဂျင်မ် ထရိန်နာ ဆိုပါက ကစားသမားအားလုံးကို တပြေးညီ ဆက်ဆံ
ကြိုက်သည့် သီချင်းများကိုသာ ကျယ်လောင်လွန်းစွာ အခြားကစားသမားများ အနှောင့်အယှက်ဖြစ်စေ
သည်အထိ ဖွင့်ခြင်း၊မသိ၍ မေးမြန်းလာသူများကို တိုတောင်းစွာ ပြောလွှတ်ခြင်း စသည့် အလေ့အထများ
သည် ကျွန်တော်တို့  နိုင်ငံက ထရိန်နာများ အကြား ဖြစ်လေ့ဖြစ်ထ ရှိသည့် ပြသနာ တစ်ရပ်ပင်ဖြစ်သည့်
အတွက် ပြုပြင်ကြ စေချင်ပါသည်။ အချို့ ထရိန်နာများ ကလည်း racism လူမျိုးရေးခွဲခြား သည့် လှောင်ပြောင်
စနောက်မှု များကို ပြုလုပ်နေသည်ကို စိတ်မသက်သာစွာ ကြားသိနေရပါသည်။ အင်မတန် ရှက်ဖွယ်ကောင်း
သော ပရောက်ဖက်ရှင်နယ် မပီသသော လုပ်ရပ်ဖြစ်ပါသည်။ဂျင်မ် ထရိန်နာ တစ်ယောက် အရည်အချင်း
မပြည့်မှီပါက၊ ပြသနာ လုပ်တတ်ပါက ထိုဂျင်မ်တွင် ကစားသမားများ အော်တို လျော့နည်းသွားသည် မှာ
သဘာဝ ဖြစ်သည်။ထို့ ကြောင့် ဂျင်မ် ပိုင်ရှင်များ အနေနှင့် ထိုကဲ့သို့ သော ထရိန်နာများကို တာဝန်မှ ဖယ်ရှား
သင့်ပါသည်။အကယ်၍ သင်သည် သာမန်ဂျင်မ် ထရိန်နာ မဟုတ်တော့ဘဲ ပါဆင်နယ် ထရိန်နာ ပြုလုပ်တော့မည်ဆိုပါက မိမိယူမည့် ထရိန်နာကြေးထက် ပို၍ ကစားသမားကို အကျိုးပြုနိုင်မည်လား ဟုဆန်းစစ်သင့်ပါသည်။ ပါဆင်နယ် ထရိန်နာ ဖြစ်လာပြီ ဆိုပါက ဖေ့စ်ဘုတ် ကဲ့သို့ သော လူမှု ကွန်ယက်များ ပေါ်တွင်ကိုယ်ပိုင် ဖန်ပေ့ခ်ျ ပြုလုပ်ပေးထားပြီး မိမိ transform လုပ်ပေးလိုက်သည့် ကစားသမားများ အကြောင်း အခြားသော ကစားသမားများ ဗဟုသုတ ရစေမည့် အချက်များကို အမြဲတမ်း မျှဝေနေခြင်း အားဖြင့် သင့်ကိုလူသိပိုများ စေနိုင်ပါသည်။ သို့ သော် တခု ဂရုပြုရမည်မှာ ဖေ့စ်ဘုတ်ပေါ်တွင် မိမိတင်သမျှသည် မိမိ၏အဆင့်အတန်း အရည်အသွေးကို ဖော်ပြရာရောက် သဖြင့် မိမိစိတ်ထင်ရာ ၀ါးတားတား အယူအဆများကို
လုံးဝမတင်ပြ မိပါစေနှင့်။အသိပညာ ခေတ်ဖြစ်သည့် အားလျော်စွာ ပရိတ်သတ် မျက်ရည်ချူသည့် အရေး
အသားမျိုးကို ရှောင်ကာ အများ အကျိုးပြုမည့်အချက် အလက်များကို စုဆောင်းတင်ပြ သင့်ပါသည်။
အလျဉ်းသင့်ပါက Fitness Marketing များအကြောင်းကိုလည်း တင်ဆက်ပေးပါမည်။
3-Body
အောင်မြင်သော Fitness trainer  တစ်ယောက် ဖြစ်ရန် ကာယဗလ ချန်ပီယံ ဖြစ်ရန် မလိုပါ။သို့ သော် ထိုသို့ သော ချန်ပီယံများကို မွေးထုတ်ပေးနိုင်သည့် အသိပညာတော့ အထူးလိုအပ်ပါသည်။ထရိန်နာ တစ်ယောက်အနေနှင့်ကျန်းမာသန်စွမ်းသောခနာကိုယ်ရှိပါကလုံလောက်ပါသည်။သင်ဘာကောင်ကြီး ဖြစ်သည် ဆိုသည်ထက် သင့်ကစားသမား များကို မည်သို့ အကျိုးပြုနိုင်သည် က ပိုအရေးပါပါသည်။ယနေ့ ကမ္ဘာနှင့် အ၀ှမ်း အောင်မြင်နေသော ထရိန်နာများကို လေ့လာကြည့်ပါက ဤအချက်ကို ဂရုပြုမိမည်ဖြစ်သည်။ထို့ ကြောင့်သင့်ခနာကိုယ် နှင့်ပါတ်သက်ပြီး အထူးဝါဒီများ နေစရာမလိုပါ။ ထို့ ကြောင့်လည်း ကျွန်တော့် ဘီသုံးလုံး အယူအဆတွင် ဘော်ဒီသည် တတိယ အဆင့်သာ အရေးပါကြောင်း သတ်မှတ်ထားခြင်းဖြစ်သည်။သင့်အလုပ်ကို သင်ကျေနပ် နေရန် အထူးအရေးကြီးပါသည်။တစ်သီးပုဂ္ဂလ အောင်မြင်မှုထက် အများ အောင်မြင်
မှုကို စွမ်းဆောင် ပေးမည့် ထရိန်နာအလုပ်ကို ရွေးချယ်ခြင်း အတွက် သင့်ကို လေးစား ဂုဏ်ယူမိပါ၏။
သို့ သော် အောင်မြင်သော ထရိန်နာ တစ်ယောက်ဖြစ်ရန် အချက်သုံးချက်လုံး ပြည့်စုံရန် အရေးပါကြောင်း
ကိုတော့ မမေ့သင့်ပါ။
Trainer Education နှင့်ပါတ်သက်သော ဆောင်းများကိုလည်း ဆက်လက် တင်ဆက်ပေးသွားပါဦးမည်။
လေးစားလျက်-
နိုင်ဦး-၁၁၉
Muscle Professor
No comments:
Post a Comment