arial" action="like" colorscheme="light">

Sunday, January 17, 2016

အိပ်မပျော်ရင်?

Gym ကစားခြင်း၊ကာယဗလ နှင့် ကာယအလှ အတွက် အလေးများဖြင့် လေ့ကျင့်ခြင်း ပြုလုပ်သူများသည်
အိပ်ရေး၀၀ အိပ်ရမည်ကိုတော့ ယေဘူယျ လူတိုင်းသိပါ၏။သို့ သော် အိပ်မပျော်လျင်တော့ အလွယ်တကူ
အိပ်ပျော်စေရန် အလေးဖြင့် လေ့ကျင့်ခန်း ပြုလုပ်ရမည်ကိုတော့ သိသူရှားမည် ထင်ပါသည်။ မြောက်ကာရိုလိုင်း
နား ရှိ Appalachian State University မှ အားကစား သိပံပညာ သုတေသီများက အိပ်စက်ခြင်းနှင့် ဂျင်မ်ကစားခြင်း အကြား စိတ်ဝင်စားဖွယ်ရာ ဆက်နွယ်မှုကို သုတေသနပြုလုပ်ပြီး အောက်ပါ အတိုင်းတင်ပြခဲ့
ကြသည်။***ဂျင်မ်များတွင် အလေးများဖြင့် လေ့ကျင့်သူများသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လေ့ရှိကြပြီး
အထူးသဖြင့် ဂျင်မ်ကစားသော နေ့များတွင် ပို၍နှစ်ခြိုက်စွာ အိပ်ပျော်လေ့ ရှိကြသည်။ထပ်မံ၍ အသေးစိတ်
သိရသည်မှာ မနက်စောစော ဂျင်မ်ကစားသူများသည် ညဖက်တွင်လည်း စောလျင်စွာ အိပ်ပျော်လေ့ ရှိကြပြီး
ညနေပိုင်း ဂျင်မ်ကစားသူ များကတော့ ညဖက်အိပ်နေစဉ် ခဏခဏ နိုးခြင်းမှ လွတ်ကင်းကာ နှစ်ခြိုက်စွာ
အိပ်ပျော်စေနိုင်ကြောင်း ကိုတင်ပြခဲ့ကြသည်။***အိပ်ရေးဝစွာ  အိပ်စက်ခြင်းသည် စိတ်ကျန်းမာရေး
ခနာကိုယ် ကျန်းမာရေး အသက်ရှည်ရေး နှင့် စွမ်းဆောင်ရည် မြင့်မားရေးတို့ အတွက် အလွန်အရေး ပါသည့်
အတွက် အိပ်ရေးကို ဂရုစိုက် သင့်ကြောင်းကို အကြံပြုတင်ပြ အပ်ပါသည်။
လေးစားလျက်-

နိုင်ဦး-၁၁၉

No comments:

Post a Comment