arial" action="like" colorscheme="light">

Sunday, October 4, 2015

ဗယ်လီနှင့်အဆီ

ကျွန်တော်တို့ muscle professor fan page ,blog နှင့်ယခင် Myanmar fitness website ရှိကတည်းက
ကောမင့်ရေး၍တမျိုး၊အီးမေလ်းပို့ ၍တဖုံ၊မက်ဆေ့ပို့ ကာတမျိုးမေးတတ်ကြသည့်အမေးအများဆုံးသော
Fitnessquestionတခုမှာ၊နေ့ စဉ်ရာထောင်ချီဗယ်လီရိုက်သော်လည်း၊၀မ်းဗိုက်ကြွက်သားများပေါ်လွင်ထင်ရှား
လာခြင်းမရှိသည်မှာအဘယ်ကြောင့်နည်းဆိုသည့်မေးခွန်းပင်ဖြစ်သည်။
ပထမဦးစွာမှတ်သားထားရမည်မှာ၊ဗယ်လီသည်ရင်အုပ်၊ပေါင်၊လက်မောင်းစသော၊ကြွက်သားအုပ်စုများကဲ့
သို့ သောကြွက်သားအုပ်စုတစ်ခုသာဖြစ်သည်။သို့ သော်ထိုဗယ်လီကြွက်သားများသည်အခြားသော ကြွက်
သားအုပ်စုများထက်ပို၍လေ့ကျင့်ခန်းများ၏ဖိအားသက်ရောက်မှုများကိုခံနိုင်ရည်ရှိပြီး၊အလျင်အမြန်ပို၍နာလံ
ထအားပြည့်နိုင်စွမ်းရှိသည့်ကြွက်သားအုပ်စုတစ်ခုဖြစ်သည်။ထိုကြောင့်လည်းဗယ်လီကြွက်သားကိုပိုမို၍လေ့
ကျင့်ကြသော်လည်းဒဏ်မဖြစ်ခြင်းဖြစ်သည်။သို့ သော်လည်းတန်ဆေးလွန်ဘေးဖြစ်သည်ကိုတော့ဂရုပြုသင့်
ပါသည်။
သင်ကြီးထွားလိုသောကြွက်သားအစိတ်အပိုင်းကိုလေ့ကျင့်လျင်ကြီးထွားနိုင်သလို၊ဗယ်လီကြွက်သားသည်
လည်း
ကြွက်သားအုပ်စုတစ်ခုပင်ဖြစ်သည့်အတွက်၊လေ့ကျင့်ပါကကြီးထွားနိုင်ပါသည်။သို့ သော်ထိုဗယ်လီကြွက်သား
ကိုအကြိမ်မည်မျှလေ့ကျင့်မည်နည်း။အထူးသဖြင့်အဆီချလိုသူများတစ်လလျင်တစ်သိန်းခွဲခန့် ပေးပြီးလေ့ကျင့်
သော်လည်းဝမ်းဗိုက်ကြွက်သားများကိုမမြင်ရလျင်သင်ပေးရသောငွေ၊အချိန်တန်ပါသလား။ထိုသူများဖြေပေးပါ။
သင်တို့ အနည်းဆုံးတစ်နေ့ ကိုဗယ်လီလေ့ကျင့်ခန်းများအားလုံးပေါင်းလိုက်လျင်အကြိမ်သုံးရာမှငါးရာအတွင်း
ရိုက်နေကြသော်လည်းဘာကြောင့်ဗယ်လီမမြင်ရပါသနည်း။သင့်နည်းပြကဗယ်လီပေါ်ချင်ရင်များများရိုက်လို့ 
ပြောနေတုန်းပဲလား။ဒါဆိုတစ်ခုလက်တွေ့ ပြပါမည်။အခုချက်ချင်းသင့်ဖုန်းထဲက Youtube ကိုသွားလိုက်ပါ။
အဲဒီထဲမှာ Guinness World Record for sit ups

လို့ ရိုက်ရှာလိုက်ပါ။သင့်နည်းပြပြောတာရော၊သင်လုပ်နေ
တာရောအလွဲကြီးလွဲနေတာသင်မြင်ရမှာပါ။ဘာဖြစ်လို့  လဲဆိုတော့ကမ္ဘာ့ကျော်ဂင်းနစ်စံချိန်တင်အောင်
အကြိမ်ပေါင်းများစွာ၊အိပ်ထမတင်လေ့ကျင့်ခန်းကိုလေ့ကျင့်ပြသွားတဲ့အဲဒီကစားသမားဟာကိုယ်အလေးချိန်
လွန်နေသူမဟုတ်ပါဘဲ၊ဗယ်လီအကြိမ်ပေါင်းများစွာကစားတာတောင်သူ့ ခန္ဓာကိုယ်မှာဗယ်လီထင်ထင်ရှားရှား
မမြင်ရတာဘာကြောင့်လဲ?ဖြေပေးကြပါ။မှတ်ထားပါမိတ်ဆွေတို့ ။သင်တို့ ဘယ်လောက်ပဲလေ့ကျင့်လေ့ကျင့်
ဗယ်လီကြွက်သားကိုမမြင်ရဘူးဆိုရင်တော့သင့်ခန္ဓာကိုယ်မှာအဆီများနေသောကြောင့်ဖြစ်သည်ဆို
သည့်အချက်ကိုဂရုမူသင့်ပါသည်။အထူးသဖြင့်အမျိုးသားများခန္ဓာကိုယ်တွင်အဆီစတက်လာပြီဆိုလျင်
ဆီးခုံနားတစ်ဝိုက်ကစတက်လာသော်လည်း၊အဆီပြန်ကျဖို့ ဆိုလျင်ထိုနေရာသည်အဆီချရန်အတွက်
အခက်ခဲဆုံးဖြစ်နေတတ်သည်ကိုကြုံဖူးသူများသိကြပြီးဖြစ်သည်။လူတစ်ယောက်နှင့်တစ်ယောက်မျိုးရိုးဗီဇ
ပေါ်မူတည်ပြီးဆံပင်အရောင်၊မျက်လုံးကာလာမတူသလိုကိုယ်တွင်းဟိုမုန်းများ၏သက်ရောက်မှုမတူသော
ကြောင့်လည်းလူတစ်ယောက်ချင်းစီ၏ကိုယ်တွင်းအဆီသိုလှောင်ပုံမတူညီတတ်ကြချေ။
အဆီ
အဆီဟုဆိုလိုက်လျင်ယေဘူယျကျွန်တော်တို့သိထားကြသည်မှာ၊ခန္ဓာကိုယ်တွင်းမှပိုလျံနေသောကယ်လို
ရီများစုဝေးထားရာအမှိုက်ပုံနေရာကိုအဆီဟုခေါ်သည်ဆိုသည့်အချက်ပင်ဖြစ်သည်။တကယ်တော့အဆီ
ဆိုတာကိုယ်တွင်းဟိုမုန်းတွေနဲ့ receptor တွေအကြားတောက်လျောက်စီးဆင်းနေတဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်ပါ
တယ်။
အဆီကျဖို့ ဆိုရင်ပထမဦးစွာသင့်အနေနဲ့ အဆီဆဲလ်(adipocyte)တွေကိုသွေးထဲစီးဝင်အောင်လုပ်ရမှာဖြစ်
ပါတယ်။ထိုဆဲလ်များကိုသွေးထဲမှတဆင့်လေ့ကျင့်ခန်းပြုလုပ်သောကြွက်သားအုပ်စုမျာဆီသို့ ပိုဆောင်ကာ
အင်အားအဖြစ်လောင်ကျွမ်းအသုံးပြုရမှာဖြစ်ပါတယ်။အဆီဆဲလ်တွေမှာဘီတာဝမ်း(Beta –B1)နှင့်အလ်ဖာတူး
(Alpha-2) ဆိုတဲ့receptor နှစ်ခုရှိပါတယ်။အဲဒီreceptor တွေက၊အဆီတွေကိုဖြိုချပေးပြီးသွေးထဲမှတဆင့်
ကြွက်သားတွေဆီပို့ ကာလောင်ကျွမ်းစေမဲ့အင်ဇိုင်းတွေထွက်လာအောင်အားဖြည့်အသက်သွင်းပေးနိုင်သူတွေ
ပါ။ဘီတာဝမ်း Receptor ကတော့အဆီလောင်ကျွမ်းဖို့ အားပေးနိုင်ပေမဲ့၊အယ်ဖာတူး receptor တွေကတော့
အဆီတွေဖြိုချပေးမဲ့အင်ဇိုင်းတွေထွက်ဖို့ ကိုအတားအဆီးပြုနေကြတဲ့ receptorတွေပဲဖြစ်တဲ့အတွက်အဆီ
တွေပိုလို့ တောင်သိုမှီးဖြစ်သွားစေမဲ့သဘောဆောင်ပါတယ်။
ဇီဝကမ္မဗေဒရှုထောင့်ကကြည့်ရင်အမျိုးသားတွေရဲ့ ဆီးခုံတ၀ိုက်နဲ့ အမျိုးသမီးတွေရဲ့ တင်ပါးနဲ့ ပေါင်အတွင်းပိုင်း
တွေမှာအလ်ဖာတူးreceptors တွေများနေတဲ့အတွက်အဲဒီအစိတ်အပိုင်းတွေမှာအဆီကအလွယ်တကူတက်နိုင်
ပြီး၊အဆီပြန်ချမယ်ဆိုရင်တော့အဲဒီအစိတ်အပိုင်းတွေကအခက်ခဲဆုံးဖြစ်တတ်ပါတယ်။ဥပမာပြောရယင်ရေ
ကူးကန်တခုကိုကြည့်ကြပါစို့ ။ရေဖြည့်ရင်ဟိုးအောက်ခြေရေဆင်းပိုက်ကစဖြည့်ရတဲ့အတွက်အဲဒီပိုက်နား
ကရေစ၀င်သော်လည်း၊ရေကူးကန်ထဲမှရေတွေကိုပြန်ထုတ်ချင်ယင်တော့အဲဒီရေဆင်းပိုက်နားကရေကနောက်ဆုံးမှ
ကုန်မှာပါ။ဒါကြောင့်ဗယ်လီလေ့ကျင့်ခန်းတွေက၀မ်းဗိုက်ကြွက်သားများပေါ်လွင်လှပစေရေးမှာသိပ်အရေးမပါ
လှပါဘူး။
အလွယ်ဆုံးနဲ့ အရှင်းဆုံးပြောရယင်တော့၊အဆီချချင်ယင်၊နေ့ စဉ်စားသုံးနေတဲ့ကယ်လိုရီကိုလျော့၊လှုပ်ရှားမှု
(အလေးနှင့်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ကာဒီရိုလေ့ကျင့်ခန်းများပြုလုပ်ခြင်းနှင့်တနေကုန်တနေရာထဲတွင်အထိုင်
များသည့်life style ကို active life style သို့ ပြောင်းပါ။)များကိုတိုးသွားပါ။ဒါကြောင့်အကြံပြုလိုတာကသင့်ရဲ့
တန်ဖိုးရှိလှတဲ့အချိန်၊အင်အားတွေကိုဆင်ကန်းတောတိုး၊အမျိုးမျိုးသောဗယ်လီလေ့ကျင့်ခန်းတွေမှာဖြုန်းတီး
မပစ်ပါနဲ့ ။အဲဒီအစား၊အလေးများနှင့်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊နှလုံးသွေးလည်ပါတ်မှုလေ့ကျင့်ခန်းများ(ပြေးခြင်း
ရေကူးခြင်း၊ခပ်ရွရွပြေးခြင်း၊ကြိုးခုန်ခြင်း)တွေကိုပိုမိုအာရုံစိုက်ပြုလုပ်ပါ။နောက်တစ်ချက်ကသင်စားသောက်
နေတဲ့အာဟာရပုံစံကိုပြောင်းပါ။အီကြာကွေး၊ပလာတာ life style နဲ့  six pack & lean muscle mass ဆိုတာ
မျှော်မှန်းလို့ မရနိုင်ကြောင်းကိုပြောပါရစေ။အာဟာရအုပ်စု၊ရွေးချယ်စားသောက်ရမဲ့ပုံစံတွေကို၊နားလည်တတ်
ကျွမ်းသူများထံမှာလေ့လာမေးမြန်းနိုင်ပါသည်။နားလည်တတ်ကျွမ်းသူများဟုဆိုရာဝယ်၊ခန္ဓာကိုယ်ထုတင်ချင်
ရင်ပဲစား၊အမဲသားများများစားခိုင်းသူများကိုမဆိုလိုပါ။အဲဒါဆို၇င်တော့သင်ထုတက်မတက်ဆိုတာထက်၊
သင့်သွားတွေ၊အစာချေစနစ်တွေ၊အသည်းတွေ၊ကိုယ်တွင်းမှာ Acidic stage ဖြစ်နေတာတွေကို
မလွဲမသွေ၊သင်ကြုံရတော့မှာပါ။
ဒါကြောင့်မြန်မာနိုင်ငံအတိုင်းအတာနဲ့ ကျွန်တော်ညွှန်းဆိုချင်သောအာဟာရနားလည်တတ်ကျွမ်းသူတွေဆိုတာ
ကတော့၊ဒေါက်တာဝင်းအောင်အပါအ၀င်ဆေးပညာရှင်များပဲဖြစ်ပါတယ်။ဆရာဝန်တစ်ယောက်အနေနှင့်ကင်
ဆာရောဂါကိုကုဖို့ အတွက်ကိုယ်တိုင်ကင်ဆာရောဂါဖြစ်ဖို့ မလိုအပ်ပါဘူး။အဲဒီတော့ဆေးပညာရှင်တွေဟာ
လက်တွေ့ မကျဘူးလို့ ဘေးထိုင်ဘုပြောနေမယ်ဆိုရင်တော့၊မောင်ရင်တို့ ခြေသလုံးတွေကြီးထွားလာဖို့ ကျိုက်ထီးရိုးတောင်ပေါ်မှာအထုပ်တွေထမ်းလိုက်ပါဦးလို့ သာပြောလိုက်ချင်ပါတယ်။နောက်ထပ်ကစားသမား
ညီငယ်တွေဖြစ်တဲ့ဒေါက်တာအောင်အောင်၊ဒေါက်တာရဲမင်းဦးတို့ ကိုလည်းဆက်သွယ်အကြံယူနိုင်ကြပါတယ်။
ကာယဗလမောင်စစ်စစ်ဆီမှာမှအကြံလိုချင်ရင်တော့-မြန်မာ့ကာယဗလနယ်ပယ်မှာနိုင်ငံတကာအထိဝင်ဆန့် 
တဲ့အသိပညာဗဟုသုတအလွန်ကြွယ်ဝတဲ့၊ကာယဗလချန်ပီယံကိုဝိုင်းချစ်@ကိုအောင်ဆွေနိုင်ထံသို့ ဆက်သွယ်
မေးမြန်းနိုင်ပါတယ်။သင်ကာယဗလစာအုပ်တအုပ်ဖတ်လျင်ရမည့်အသိပညာကို၊မောင်မြန်မာကိုအောင်ဆွေ
နိုင်နှင့်နာရီဝက်ဆွေးနွေးလျင်လည်းရနိုင်ပါသည်ဟုကျွန်တော်ဆိုကလွန်မည်မထင်ကြောင်းကိုသင်သိလိုလျင်
ဖုန်း-၀၉၅၁၂၇၅၆၇ သို့ ဆက်သွယ်ကြည့်လိုက်ပါ။
လေးစားလျက်-
နိုင်ဦး-၁၁၉

No comments:

Post a Comment