arial" action="like" colorscheme="light">

Sunday, October 4, 2015

လေ့လာပါ မှတ်သားပါ ကာယဗလအသိပညာ

ကာယဗလအားကစားကိုတစ်ချို့ကအပေါ်ယံကြည့်ပြီးအရမ်းလွယ်တဲ့အားကစားလို့ပြောကြပါတယ်။ ပြောကြသူတွေကလည်းဘေးထိုင်ပြောနေရုံကလွဲပြီးလက်တွေ့ကျကျအနေနဲ့ ဒမ်ဘယ်တစ်စုံနဲ့ ၁၀ကြိမ် ၁ကျော့တောင်မကစားဘူးတဲ့သူတွေပါ။ဒါကြောင့်လွယ်ပါတယ်ပြောသူတွေကို တစ်ခါတစ်လေကျ စိတ်ပေါက်ပေါက်နဲ့ ခရားရေသွန်းပြောချလိုက်တဲ့အခါမှာ ပါးစပ်အဟောင်းသားနဲ့ မလွယ်ပါလားဖြစ်သွားပါတယ်။တကယ်လည်း ကာယဗလကိုဝါသနာပါရင် အာဟာရ အပိုင်း ၊ လေ့ကျင့်မှု အပိုင်း စသည်ဖြင့် သူ့အပိုင်း နှင့်သူ ဗဟုသုတ များကို ဖတ်မှတ်ပြီး ကျင့်သုံးနိုင်ရမည်။ ကာယဗလ အားကစားလိုက်စားသူ တစ်ယောက်ဟာ အခြား အားကစား သမားနှင့် နှိုင်းယှဉ်လျင် အာဟာရ အပိုင်းတွင် အများကြီး ဂရုစိုက်ရပါသည်။ ထိုကဲ့သို့ တည်ဆောက်ရာတွင် အဓိကလိုအပ်သည်မှာ မှန်ကန်သော အာဟာရဓာတ်များကို ချင့်ချိန်နှိုင်းယှဉ်ပြီး စားသောက်တတ်ဖို့ ဖြစ်သည်။ သို့မှသာလည်း ကယ်လိုရီ အ၀င်အထွက်မျှတပြီး ကြွက်သားတိုးတက်မှု ဖြစ်စဉ်များလည်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။ မှန်ကန်သော အာဟာရဓာတ်များကို တွက်ချက်စားသောက်မှု မရှိသည့် ကစားသမား တစ်ယောက်သည် တိုးတက်မှုတွင် ကြန့်ကြာခြင်း ၊ ကြွက်သားကွာလတီ မပြည့်မှီခြင်း ၊ ကိုယ်ခန္ဓာ ကျစ်သွားခြင်း ကဲ့သို့ ဆိုးကျိုးများ ဖြစ်လာနိုင်ပြီး နောက်ဆုံးတွင် စိတ်ပျက်လက်ပျက်ဖြင့် ကာယဗလနယ်ပယ်တွင် အရှုံးဖြင့်သာ ရင်ဆိုင်ပြီး နောက်လူများဧ။် ကျော်တက်ခြင်းကို ခံရသည် အိုပယ် အဆင့်သို့ ရောက်ရှိနေသည့် ပြိုင်ပွဲ ၀င်များလည်း ရှိပါသည်။

အာဟာရ အပိုင်းနှင့် ပတ်သက်၍လည်း လက်လှမ်းမှီ သလောက် ကျွှန်တော်တို့ တင်ဆက်ပေးပြီး သားများရှိပါသည်။ ကာယဗလ အားကစားသည် ကျွန်တော်အမြဲ ပြောနေကျကဲ့သို့ပင် ဘက်စုံ စည်းကမ်းရှိ သည့် ၊ အနေအထိုင်အစားသောက် ဆင်ခြင်နိုင်မှ အောင်မြင်သည့် ကာယဗလ မောင်တစ်ယောက်ဖြစ်နိုင်သည့် အားကစားမျိုးဖြစ်၍ အမြင်လွယ်ပြီး အလုပ်ခက်ပါသည်။အောင်မြင်သော ကာယဗလမောင် တစ်ယောက် ဖြစ်လာနိုင်ဖို့ဆိုလျင် လေ့ကျင့်နေရုံ နှင့်မပြီး အာဟာရ ၊ စိတ်ဓာတ် ၊ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသော ကာယဗလ ဗဟုသုတများကို လက်လှမ်းမှီသလောက် လေ့လာနေရမည်ဖြစ်သည်။ မိမိအတွက် တိုးတက်မှု ရှိသည့့်  လေ့ကျင့်ခန်း များရွှေးချယ်တတ်မှု ၊ အာဟာရ စားသောက်မှုမှတ်တမ်း ၊ နေ့စဉ် လေ့ကျင့်မှု ဒိုင်ယာရီ ၊ လေ့ကျင့်ခန်းရွှေးချယ်ပုံနှင့် အလေးဝန်အတိုင်းအတာများ၊ တစ်လချင်းစီဧ။် တိုးတက်မှု မှတ်တမ်းများ ၊ကိုယ်အလေးချိန်အတက်အကျမှတိတမ်း တို့အပြင်၊ မိမိဧ။် အားနည်းသည့် ၊ တိုးတက်မှု နည်းသည့် အစိတ်အပိုင်းသည် မည့်သည် အစိတ်အပိုင်းလဲ ၊ တိုးတက်မှု နှုန်းမြန်သည့် ကြွက်သားသည် ဘယ်အစိတ်အပိုင်းလဲ ၊ မည့်သည့် လေ့ကျင့်ခန်းဖြင့် ပြောင်းပြီး ကစားလျင် ထိရောက်မှု ရှိမလဲ စသည့် အတွေးအခေါ်များ ၊ ပရီုဂရမ် တစ်ခုကို (၃)လ အလွန်ဆုံး (၄) လထက်ပို၍ ကစားသင့် မသင့် စသည့် အချက်အလက်များကို လေ့လာမှတ်သားသင့်သလို ၊ အာဟာရ အပိုင်းနှင့်ပတ်သက်၍လည်း မိမိသည့် တစ်နေ့လျင် အလေးဝန် ဘယ်လောက်အသုံးပြုပြီး လေ့ကျင့်နေသည် ကယ်လိုရီ ဘယ်လောက်လိုအပ်သည် ကုန်ဆုံးသွားသော ကယ်လိုရီကို ဘယ်လို တွက်ချက် စားသောက်တတ်ရမည် အာဟာရ အချိုးအစား ကယ်လိုရီ အချိုးအစား စသည့် တွက်ချက်မှုများကိုလည်း လေ့လာ တွက်ချက်နိုင်ရန်လို အပ်သလို မှတ်တမ်း တစ်ခု ထားရှိသင့်သည်။
ပြိုင်ပွဲဝေး စားသောက်ပုံ ၊ပြိုင်ပွဲနီး စားသောက်ပုံ စသည်တို့ကိုလည်း နားလည်ရန် လိုအပ်သလို ပြိုင်ပွဲ အနီးအဝေး တွင် နေထိုင်ပြုမှုပုံများကိုလည်း သိရှိထားရန် လိုသည်။ဒါတင်ပဲလား ဆိုတော့ မပြီးသေးပါ။ ပြိုင်ပွဲတွင် မိမိတစ်နှစ်ပတ်လုံး ကြိုးစားပမ်းစားဖြင့် ခက်ခဲကြမ်းတမ်းစွာ တည်ဆောက်ခဲ့သော ကြွက်သားများကို ပရိသတ်ဧ။် ရင်ထဲ အသဲ တွင်သာမက ဒိုင်လူကြီးများဧ။် မျက်စိတွင် စွဲကျန်နေအောင် ပြတတ်ရန်လည်း လိုအပ်သည်။ သင်သည် မည်မျှပင် ကြွ့က်သားလှပနေစေကာမှု ကိုယ်ဟန်မပြတတ်ရင်လည်း အောင်မြင်မှုဆိုတာ သင်အတွက် လက်တကမ်း အကွာမှ လှောင်ပြောင်နေပေမည်။ ထိုသို့သော အကောင်းဆုံး အရှုံးသမားများသည် ကမ္ဘာ့  ကာယလေ လောကတွင်သာမက ကျွှန်တော်တို့ မြန်မာနိုင်ငံ တွင်လည်း ကြုံတွေ့ နေရပါသည်။ ကြွက်သားလှပ သော်လည်း ကိုယ်ဟန်ပြရာတွင် ပုံသဏန်မကျ ကို့ယို့ကားရား နိုင်သည်များကို တစ်ချို့ ပြိုင်ပွဲဝင်များတွင် တွေ့နေရပါသည်။ စင်အောက်မှ ကြည့်ရသူများဧ။် အမြင်တွင် အံ့သြမင်တက်မိရမည့် အစား တဟားဟား ဖြစ်စေသည့် ပြကွက်မျိုး ဖြစ်မနေစေရန် မိမိဧ။် အားနည်းချက်များကို ဖုံးကွယ်ပြီး အားသာသော ပြကွက်များဖြင့် ပရိသတ်နှင့် ဒိုင်လူကြီးများကို လှည့်စားနိုင်စွမ်း ရှိရမည်ဖြစ်သည်။ (၆)ထပ်ကွမ်း ချန်ပီယံ ဒိုရီယန်ရီတ်စ်သည် ၁၉၉၄ မှ ၁၉၉၆ ခုနှစ်အထိ မောင်အိုလံပီယာ ပြိုင်ပွဲ သုံးပွဲစလုံးတွင် ပရိသတ်ဧ။် ထင်ကြေးပေးမှုတွင် သူသည် မောင်အိုလံပီယာ သရဖူကို အခြား ပြိုင်ဖက်များကို လွဲပေးရမည်ဟု အားလုံးက ထင်မှတ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဘယ်ဖက်ရှေ့လက်မောင်အိုး စုတ်ပြဲမှု ၊ ပခုံးကြွက်သား စုတ်ပြဲမှု ၊ ပေါင်ကြွက်သားစုပ်ပြဲမှု စသည့် ဒဏ်ရာဗရဗွများ ဖြင့် လနှင့်ချီပြီး အနားယူခဲ့ရသည် ။

လေ့ကျင့်မှုတွင် အလှည့်အပြောင်းများကြောင့် ထိုအချိန်က ဒိုရီယန်ကို ကျားချောင်း ချောင်းနေကြသည့် အခြား နာမည်ကျော် ပြိုင်ဘက်များကသာ အနိုင်ယူလိမ့်မည်ဟုထင်နေကြသည်။ ထိုအထဲတွင် ရှောင်ရေး က အဆိုးဆုံးပင်ဖြစ်သည်။ ရှောင်ရေးသည် ဒိုရီယန်ကို နိုင်ရဖို့ဆိုလျင် သူ့အသက်ပင် သေပလေ့စေ ရေကုန်ရေခန်း အကြိတ်အနယ် လေ့ကျင့်မည်ဟု အမြဲတမ်း ကြိမ်းမောင်းတတ်သလို ပြိုင်ပွဲနီးတိုင်း သူသာလျင် ဒီနှစ် မောင်အိုလံပီယာ သရဖူကို ရနိုင်မည်ဟု စိတ်ဓာတ်အင်အားဖြင့် တွန်းအားပေးပြီး ခြိမ်းခြောက်တတ်သည့် မောင်တစ်ဦးဖြစ်သည်။ရှောင်ရေးသည် ရှုံးတာကိုလက်ခံပေမယ့် တတိယ ဖြစ်သွားတာကို ဘယ်တော့မှ သဘောမကျတတ်သည့် မောင်တစ်ဦး ဖြစ်သည်။သူကိုသူ အမြဲတမ်း ပထမ သာရသင့်သည် ဟု ထင်ထားသူတွင် ရှောင်ရေး သည် ထိပ်ဆုံးက ဖြစ်သည်။ သူသည် စိတ်ထဲရှိသာ ကိုပြောချင်ရာ ပြောချတတ်သည် ပြီးလျင် ပြီးရော သဘော မျိုးရှိပြီး သတင်းစာ ရှင်းလင်းပွဲတိုင်းတွင် သူအမြဲပြောတတ်သည့်က ` တစ်နှစ်ပတ်လုံးတွင် ပွဲတစ်ပွဲသာ မဲပြီး ပြိုင်တဲ့လူဆိုလို့ ထိပ်သီး ပြိုင်ဘက်တွေထဲမှာ ကွှန်တော်နှင့် ဒိုရီယန် (၂) ဦးပဲ ရှိသေးတယ်။ ကျွန်တော်နဲ့တူ က ပန်းသိးနဲ့ လိမ္မော်သီးလို ကွဲပြားတယ် ကိုယ်ခန္ဓာ ပုံစံချင်းမတူသလို ကျွှန်တော်က သူထက်အများကြီးသာတဲ့ စိတ်ဓာတ်တွေနဲ့ အနိုင်ယူဖို့အသင့်ပဲ။ ဒီနှစ်မှာ ရှောင်ရေး ဘယ်လို အနိုင်ယူမလဲဆိုတာကြည့်လိုက်။ စိန်ခေါ်သူ တစ်ဦး အနေနဲ့ ကတော့ ဘယ်တော့မှ အရှုံးမပေးဘူး။ မောင်အိုလံပီယာ သရဖူ ကို အမေရီကန် ပဲ ပိုင်ဆိုင်သင့်တယ်။ ဒီပြင် မြေကို သယ်ဆောင်သွားတာ မကြိုက်ဘူး။ အမေရီကန် မြေပေါ် ပြန်ယူပြမယ့် စသည်ဖြင့် အမြဲတမ်း လေကြွားသော်လည်း ရှောင်ရေးသည် ဒုတိယ ၊ တတိယ နှင့်သာ မောင်အိုလံပီယာ ဘ၀ ကို ကုန်ဆုံးခဲ့သည်။ ဒိုရီယန် ဆိုသော တံတိုင်းကြီးကို မကျော်လွားနိုင်ခဲ့ပေ။

ဒိုရီယန် သည် သူ့ခေတ်သူ့အခါက ပြိုင်ဖက် ကောင်းများ နှင့် ပွဲတိုင်းနွဲခဲ့ရပြီး ပြိုင်ဘက်များဧ။် မထိတထိ စကားများ ၊ မနာလိုသူများဧ။် ဝေဖန်စကားများကို မသိကျိုးကျွှံပြုကာ မိမိဧ် ရည်မှန်းချက်အတိုင်း အောင်မြင်အောင် ကြိုးစားနိုင်ခဲ့သည် စကားပြော နည်းပြီး အလုပ်ဖြင့် လက်တွေ့ ပြတတ်သည် အောင်မြင်မှုအေ့းတွင်လည်း ၀မ်းနည်းဝမ်းသာ မဖြစ် မိမိဧ။် ပေးဆပ်မှုကြောင့်သာ မိမိပြန်ရလိုက်သည့် ဆုလဒ် ဆိုသည့် ဆောင်ပုဒ် ကို လက်ကိုင်ထားတတ်ပြီး ပြိုင်ဘက်များဧ။် အခြေအနေကို အမြဲတမ်း နားစွင့်ကာ ပြုပြင်သင့်သည်များကို ပြုပြင်သည်။ သူဧ။် လေ့ကျင့်ရုံတွင် ချိတ်ထားတတ်သည့် စာတန်;တစ်ခုကတော့ 199--- Mr Olympia, Atlanta . To all the disbelievers, kiss my ass! ဆိုသည့် စာတန်း တစ်ခုသည် သူဧ။် စိန်ခေါ်မှုပင်ဖြစ်သည်။ မည်မျှပင် ဒဏ်ရာရ၍ ကြွက်သား အစိတ်အပိုင်း အားနည်းမှု ဖြစ်နေစေကာမှု ထို အားနည်းသည့် အစိတ်အပိုင်းကို(ဘယ်ဖက်လက်မောင်း ရှေ့သားဒဏ်ရာကြောင့် သိမ်နေ) ရှောင်ပြီး အားကောင်းသည့် ကြွက်သားကို ဦးစားပေး၍ လှည့်စားပြီး ကိုယ်ဟန်ပြတတ်ခြင်းကြောင့် မောင်အိုလံပီယာ သရဖူကို နောက်ထပ် (၃)နှစ်ဆက်တိုက် ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့သာ ကိုယ်ဟန်ပြ မပါးနပ်ပါက ဒိုရီယန် သည် မောင်အိုလံပီယာကို (၃)ကြိမ်ခန့်နှင့် လက်လွတ်ရမည်ဟု လူတိုင်းက ထင်ကြေးပေးကြသည်။ ထို့ကြောင့် ကိုယ်ဟန်ပြ ပါးနပ်လိမ္မာဖို့သည်လည်း တစ်ဖက်တစ်လမ်းမှ အရေးပါ အရာရောက်ပြီး မိမိပြိုင်ဘက်များဧ။် အားသားချက် အားနည်းချက်များကိုလည်း လေ့လာအကဲခတ်ပါ ဘယ်လို အနိုင်ယူရမည် ဘယ်လို ကိုယ်ဟန်ပြရမည် ဆိုသည်များကိုလည်း စွဲမြဲစွာ မှတ်သားပါ။

လေ့ကျင့်မှုတွင် အနှောင့်အယှက် ဖြစ်စေမည့် အရာ ၊ မိမိဧ။် ရည်မှန်းချက်ကို ပျက်ပြားစေမည့် အရာများကို ရှောင်ရှားပါ။ တစ်နှစ် မရလျင် နောက်တစ်နှစ် ကို ရနိုင်ရမည့် ဆိုသည့် ဇွဲ မျိုး ထားပြီး ပြင်ဆင်ပါ ၊ လေ့ကျင့်ပါ ။ မောင်အိုလံပီယာ ရာဇ၀င်တွင် အသက်ကြီးသည် အထိ ပြိုင်ပွဲဝင်ခဲ့သော မောင်ဟောင်းများ ရှိသလို နှစ်ပေါင်း (၁၇)နှစ်အတန်ကြာ အနားယူပြီးမှ ပြန်လည် ယှဉ်ပြိုင်သည့် မောင်လည်း ရှိသည်။ အဓိက မှာ ဇွဲ ရှိပြီး မှန်မှန်ကန်ကန် နည်းလမ်းဖြင့် ဆက်လက် ချီတက်နေ ရန်ပင်ဖြစ်သည်။ ဒိုရီယန် ပြိုင်ပွဲအပြီးတွင် အမြဲ ပြောတတ်သည့် စကားလေးတစ်ခွန်းလို ကျွန်တော် နောက်နှစ်မှာ ဒီထက် ပိုကြီးတဲ့ ခန္ဓကိုယ်နဲ့ အကောင်ဆုံးပြန်လာ မယ်ဆိုတဲ့ မိမိကိုယ်ကို ယုံကြည်မှု အပြည့်ထားပါ။ လက်တွေ့လည်း ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

တင်ဆက်သူ။ ။အောင်အောင်( လှိုင် )


No comments:

Post a Comment