arial" action="like" colorscheme="light">

Sunday, October 4, 2015

Trainer အတွက် ( ၁၅ ) ချက် --အပိုင်း ၁

နည်းပြအကြောင်းဆောင်းပါးတွေရေးရတာအခုနောက်ပိုင်းကျွန်တော်တို့လည်းလူမုန်းခံသမားကြီးတွေဖြစ်နေပါတယ်။ကိုယ်တွေကတော့ဘယ်သူကိုမှရည်ရွယ်ပြီးတိုက်ခိုက်ရေးသားဖို့ဆန္ဒမရှိပါဘူး။ဒါပေ့မယ်လည်းဆောင်းပါးပါအချက်အလက်တစ်ချို့ကနည်းပြတစ်ချို့အတွက်တီကောင်ဆားထိသလိုတွန့်ခါသွားစေတာတော့တစ်လောကကျွှန်တော်တို့တစ်တွေရေးလိုက်တဲ့ဆောင်းပါးတစ်ချို့ကသက်သေပြနေပါတယ်။ဒါပေ့မယ်တစ်ခုမေးချင်ပါ တယ်Gymလောကထဲမှာကျင်လည်တယ်ဒါနဲ့ပဲအသက်မွေးဝမ်းကြောင်းပြုနေကြတယ်။နည်းပြဆိုတဲ့ရာထူးကိုလည်းရထားတယ်။နည်းပြတစ်ယောက်လေ့လာသင့်တဲ့အရာလေ့လာသင့်တဲ့အပိုင်းတွေကိုလေ့လာဖို့အချိန်ပေးရဲ့လား မိမိလေ့လာမိသလောက်ကိုရော ဒီလောကထဲက ၀ါသနာရှင်တွေအတွက် ဘယ်လောက်ထိစေတနာပါပါ ချပြ ပြီးပြီလဲ ။ရေးသားပေးဖို့ဆန္ဒရှိလား လေ့လာနေတုန်းပဲလား။ကျွှန်တော်တို့လိုမပြည့်စုံတဲ့လေ့လာစဲအဆင့်လို ၀ါသနာရှင်တွေတောင် ဒီလောကကိုအကျိုးပြုဆောင်းပါး၄၀၀နီးပါရေးသားပြီးချိန်မှာဒါနဲ့ပတ်သက်ပြီးထဲထဲဝင်ဝင် အသက်မွေးဝမ်းကြောင်းပြု နေသူတွေကို ပြောချင်ပါတယ် ရေးပေးကြပါ။လေ့လာချင်သူတွေ အများကြီးပါ မြန်မာပြည်မှာ လက်တွေ့ကျကျ သမားဆိုသူတွေ မရေးသေးလို့ ကျွန်တော်တို့ စာတွေ့သမားတွေ အရှေ့ထွက်နေတာပါ တကယ်ရေးကြည့် လိုက်ပါ တကယ်အားပေးမဲ့သူတွေအများကြီးပါ။မရေးနိုင်သေးဘူးလား အေးဆေးအားပေးပါ ကိုယ်လမ်းကိုယ်လျောက်နေပါတယ်ဘယ်သူကိုမှ ကျွှန်တော်တို့အဆွယ်တရားမဟောပါဘူး Gym လည်း မဖွင့်ထားပါဘူး။ဈေးသည်စကားနဲ့ပြောရင် ဖောက်သည်လည်း မလုပါဘူး ကျွန်တော်တို့ ဒီနေ့အချိန်ထိ အပြင်စီးပွားရေးသမားတွေပါ ကာယဗလနဲ့ ပတ်သက်ရင် အားဆေး တစ်တောင့်တောင် မရောင်းဘူးသေးပါဘူး။ အခုလည်း နည်းပြ တစ်ချို့ သိထားသင့်တယ်ထင်လို့ လေ့လာမိသလောက် စာတွေ့ကျကျ ဘာသာပြန်တင်ပြ ပေးလိုက်ပါတယ်။ဆရာကြီးဆိုသူတွေ မဖတ်ချင်ကျော်သွားလိုက်ပါ။----ဆောင်းပါးကိုတော့ အပိုင်းခွဲမှအဆင်ပြေ မှာမို့ အပိုင်းခွဲပြီးရေးသားပေးပါ့မယ်----
(၁ )။Effective Use of personal တစ်ဦးချင်းအရည်အသွေးကို စွမ်းအားပြည့် ထိရောက်စွာကိုင်တွယ်အသုံးချ မှုစွမ်းရည်ဖြစ်ပါတယ်။မိမိလေ့ကျင့်ပေးနေတဲ့ တပည့်တစ်ယောက်မှာ အခြားတစ်ယောက်နှင့် မတူတဲ့ ပင်ကိုဗီဇ ပါရမီဓာတ်ခံပါရှိပြီးသားပါ။ထိုဗီဇအားသာမှုများကိုအခြေခံ၍ သူနှင့်လိုက်လျောညီထွေဖြစ်စေမည့် နည်းစနစ်ပိုင်း များကို နည်းပြတစ်ယောက်အနေနှင့် အံဝင်ခွင်ကျပြသနိုင်သည့်အစွမ်းရှိရမည်။အသုံးချတတ်ရမည်ဖြစ်သည်။ထို မှသာ အနာဂတ်အတွက် အလွန်ထူးချွန်ပြောင်မြောက်သည့် အားကစားသမားကောင်းကိုမွေးဖွားနိုင်သလို မိမိလည်း နည်းပြကောင်းတစ်ယောက်အဇြစ်သတ်မှတ်နိုင်မည်ဖြစ်သည်။ပြိုင်ပွဲပိုင်းဆိုင်ရာအနေနှင့်လည်း မိမိ တပည့်တစ်ယောက်သည် မည့်သည့်ပြိုင်ဘက်နှင့်တွေ့စေအုံးတော့ အရည်အသွေးကို အသုံးချ၍ နည်းစနစ်ကျ ကျလေ့ကျင့်ထားလျင် မိမိဘက်ကကိုယ့်တာ ကိုယ်လုံနေမည်ဖြစ်သည်။

(၂)။Concern for the atheletes မိမိလေ့ကျင့်ပေးနေသည့်အားကစားသမားတစ်ယောက်ဧ။် အခြေအနေအရပ် ရပ်ကို ဘ၀ပေးအခြေအနေကို အသေးစိတ်သိနားလည်ရန် မေးမြန်းထားသင့်သည်။အတွင်းကျကျ လှုမှုရေးအ ခြေအနေမဟုတ်တောင်မှ မိမိသင်ကြားပြသပေးသည့်တပည့်သည် ကျောင်းသူကျောင်းသားလား ဒါမှမဟုတ်ဝန်ထမ်းလားဆိုတာကိုသိထားလျင်လေ့ကျင့်မှုအချိန်ဇယားကိုသင့်တော်သည့်အချိန်ရေးဆွဲပေးနိုင် ခြင်းဖြင့်ကျောင်းသူကျောင်းသားဆိုလျင်ကျောင်းချိန်မထိခိုက်စေသလိုဌာနဆိုင်ရာဝန်ထမ်းတစ်ယောက်ဖြစ်ပါကလည်းရုံးချိန်လွတ်သည့်အချိန်ကိုလေ့ကျင့်စေခြင်းသည့်သင်တန်းသားအနေဖြင့်လေ့ကျင့်မှုတွင်အနှောင့်အယှက်ကင်းစွာဖြင့်ပြည့်ပြည့်၀၀အားစိုက်အသုံးချနိုင်သလိုထိေ၇ာက်သောလေ့ကျင့်မှုလည်းဖြစ်နိုင်မည်။နည်းပြဆ၇ာ ကောင်းဖြစ်လိုသူများသည် မိမိသင်ကြားပြသပေးနေရသူ၏ ပကတိဘ၀အခြေအနေကိုနှင့်ဘ၀ဖြစ်စဉ်များကို သိရှိလေ့လာထားခြင်းဖြင့်ရှဉ်လည်းလျောက်သာပျားလည်းဆွဲသာသဘောမျိုးဖြင့်မြွေမသေတုတ်မကျိုးကိုင် တွယ်လေ့ကျင့်ပေးကြရမည် ဖြစ်သည်။
( ၃ )Ability to teach ဆိုလိုသည်မှာ နည်းပြတစ်ယောက်သည် သင်ကြားပြသမှုအပိုင်းတွင် အရည်အချင်း ပြည့်ဝမှုရှိရမည်ဖြစ်သည်။သို့မှသာ Effective run practice ဆိုသည့်လက်တွေ့လုပ်ဆောင်လုပ်ဆောင်မှုများ အပေါ်ထိရောက်စွာကိုင်တွယ်နိုင်မည်ဖြစ်သည်။နည်းပြဆရာကောင်းတိုင်းတွင် Knowledge of training Method ခေါ် သည့် လေ့ကျင့်မှုပိုင်းဆိုင်ရာ အသိပညာဗဟုသုတကြွယ်ဝမှုပြည့်စုံနေရမည်ဖြစ်သည်။ကျွန်တော် တို့လက်တွေ့ကြုံနေရသမျှအပိုင်းကတော့ ဆီနှင့်ရေ ပင်ဖြစ်သည်။ လက်မောင်း ရှေ့ နောက် ၏ ကြွက်သား အခေါ်အဝေါ်ကိုပင်နားမလည်သည့်နည်းပြမျိုးကြုံနေရသည်။လေ့ကျင့်မှုနည်းပညာပိုင်းတွင်ဘယ်ဖက်ကစမ်း စမ်း ညာဖက်ကစမ်းစမ်း အစမ်းခံနိုင်သူဆိုလျင် ပိုကောင်းသည်။ဆိုင်ရာတွင် ထုံးလိုချေ ရေလိုနှောက် လေ့လာထားသင့်သည်။နည်းစနစ်များကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားမှသာလျင် မိမိကိုယ် ယုံကြည်သော တပည့်လည်းများပြားပြီး ယုံကြည်မှုမြင့်မားကာ အောင်မြင်သောနည်းပြတစ်ယောက် အောင်မြင်သော Gym တစ်ခုကိုဦးစီးဦးဆောင်နိုင်မည်ဖြစ်သည်။ခေတ်နှင့်အညီဖြစ်ပျက်နေသာ ကာယဗလ နည်းပညာများ ကာယဗလလောကအခြေအနေများကို မျက်စိဖွင့် နားစွင့် လေ့လာထားသင့်သည်။ထို့အပြင် ကမ္ဘာ့ကာယဗလလောက၏သတင်းများ နာမည်ကျော်များ၏ အခြေအနေများကို သိရှိထားသင့်သည် ထိုမှသာ ယနေ့ ခေတ်လူငယ်များ၏ မေးမြန်းစူးစမ်းမှုများကြုံလာသည့်အခါ ပါးစပ် အဟောင်းသား ဘ၀မှ ကင်းလွတ်နိုင် မည်ဖြစ်သည်။ကိုယ်တွေ့ တစ်ခုပြောပြရလျင် ကျွန်တော့် ကစားသည့် Gym မှ နည်းပြတစ်ယောက်သည် နံရံတွင် ကပ်ထားသော ဒိုရီယန်ရီတ်စ် ပုံကို လာကစားသည့် ကလေးငယ် တစ်ယောက်က သိလျက်မေးတာ လား တကယ် မသိလို့မေးတာလားမသိ နည်းပြက ပြန်ဖြေလိုက်သည်ကို နားနှင့် ဆတ်ဆတ်ကြားလိုက်ရသည် မှာ သူက သေသွားပြီကွ စင်ပေါ်မှာ ကြွက်တက်ပြီး သေသွားတာ သူ့နာမည်ကတော့ ငါမေ့နေပြီ အာနိုးတို့နဲ့ တစ်ဖွဲ့ထဲတဲ့မှားချက်ကကမ်းကုန်ပင်ဖြစ်သည်။စင်ပေါ်သေသည်ကမိုဟာမက်ဘင်နာဇီဇာအာနိုးတို့ခေတ်လည်းမဟုတ်။ သည်အချိန်မှာကျွန်တော်သာ ဘေးက အလိုက်ကန်းဆိုးမသိ ဖော်ကောင်ဘညွန့် လုပ်လိုက်လျင် ဒီ နည်းပြ အရှက်ကွဲပေမည်။ဒါမှမဟုတ် မေးသည့် ကောင်လေးက သိလျက်နှင့် ပညာစမ်းလိုသည့် သဘောနှင့် မေးပါကလည်း ပါးစပ်ကဖွင့်မပြောသည်သာရှိမည်။စိတ်ထဲကတော့ ငပေါကြီးဟု သတ်မှတ်မည်မှာ သေချာသည်။ထို့ကြောင့် နည်းပြတစ်ယောက်အနေနှင့် တတ်နိုင်လျင် မိမိထက်စီနီယာ ကျသူများ ခေတ်ပညာတတ်နည်းပြများထံမှ ကာယဗလစာအုပ်စာပေများ ရှေ့မှီနောက်မှီအဖြစ် အပျက်များ မြန်မာ့နာမည်ကျော် ကမ္ဘာ့နာမည်ကျော် ကာယဗလမောင်များ နည်းပညာများကို နည်းနည်းခြင်းစီ ခြ တောင်ပို့စုသလို စု၍ ပညာရှာသင့်သည်။သို့မှသာ ခေတ်စနစ်နှင့်အညီ နည်းပညာများ ဗဟုသုတများ အမြဲရှင်သန်နေမည်ဖြစ်သည်။
( ၄) Motivator ခေါ် နည်းပြတစ်ယောက်သည် လှုံဆော်ရေးမှုး ဆော်သြရေးမှုးတစ်ဦးအဖြစ် ရပ်တည်နိုင်စွမ်း ရှိရမည်ဖြစ်သည်။နေပတိုင်းသည် တနင်္ဂနွေမဟုတ်ဆိုသလိုပင် ကစားသမားတစ်ယောက်သည် စိတ်အစဉ်တစ်နေ့နှင့်တစ်နေ
့မတူနိုင်ပေ။ ကြည်လင်သည့် နေ့ရှိသလို အကြောင်းတစ်စုံတစ်ခုကြောင့် စိတ်မရွင်လန်းသည့်နေ့များလည်းရှိတတ်သည်။ထိုသို့သောနေ့မျိုးတွင် တပည့်အပေါ်တွင် ချော်လဲရောထိုင် မနေပဲ ကစားချင်စိတ်ပေါက်လာအောင် နာမည်ကျော်မောင်များ အဘယ်သို့ကြိုးစားကာ အောင်မြင်မှုရရှိလာပုံ စသည်တို့ကိုတတ်နိုင်သမျှပြောပြကာလှုံဆော်ပေးသင့်သည်။နောက်ဆုံးမရနိုင်တော့သည်အခြေအနေရော
က်မှသာအတင်းအကြပ်သဘောမျိုး မဟုတ်ပဲ အနားယူစေသည့် သဘောမျိုးထားကာ အနားယူစေခြင်းဖြင့် နည်းပြ နှင့် တပည့်အကြား မေတ္တာရောင်ပြန်ဟပ်စေနိုင်မည်ဖြစ်သည်။ထိုအဖြစ်အပျက်မျိုး ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက် ဆရာဦးသာအောင်ဆီမှာ ကစားစဉ်က ကြုံတွေ့ဖူးသည်။တစ်ခါတစ်လေကျ ကစားချင်စိတ်မရှိပေ သို့သော်လည်း ဆရာ့ကို ကြောက်စိတ်ဖြင့် စိတ်မအပါတစ်ပါကစားသည်ကို ဆရာက ရိပ်မိသည့်အခါ အနားသို့ခေါ်၍ မင်း တို့ ဖတ်နေတာ ဘာစာအုပ်လဲ အာနိုး ကိုးတောင်ကျား မင်းတို့လုပ်ရပ်တွေက ဖွတ်ကျား လုပ်ရပ် ဖွတ်ကျားစိတ်ဓာတ်တွေ ကိုးတောင်ကျား ဖြစ်ချင်ရင် ကိုးတောင်ကျားလိုကျင့်ကြံကြပေါ့။ဖွတ်ကျားစိတ် ဓာတ်ကိုဘာလို့ မွေးကြတာလဲလို့ လှုံဆော် ပေးခဲ့သည် ကြိမ်းမောင်းပေးခဲ့သည်။ဆရာ့ရဲ့ စကားသံတွေကတော့ တစ်ခါတစ်ရံ နားထဲမှာ ခါးသလိုရှိပေ့မယ် စေတနာအပြည့်ပါတာတော့ အသေအချာပါဆရာ။

( ၅ ) As a student တစ်ခါတစ်လေ နည်းပြဖြစ်သူ မိမိကိုယ်တိုင်လည်း တပည့်တစ်ယောက်ကဲ့သို ကျင့်ကြံ နေထိုင်ရမည်ဖြစ်သည်။ဆိုလိုသည်မှာ မိမမသိရှိသေးသည့် ယနေ့ အွန်လိုင်းပေါ်မှ Up to date အဖြစ်အပျက် တစ်ချို့ကို မိမိအနေဖြင့် ဆရာဆိုသည့် မာန်မနမထားပဲ တပည့်တစ်ယောက်ဆီမှ လေ့လာမေးမြန်းထားသင့် သည်။သို့မှသာ မိမိကဲ့သို မသိရှိသေးသူများကိုလည်း ပြန်လည်ဝေမျှပေးနိုင်သလို မိမိကိုယ်တိုင်လည်း နောက်ဆုံးရ အားကစားလောက၏ အဖြစ်အပျက်များကို သိရှိနိုင်မည်ဖြစ်သည်။

ကျန်အပိုင်းများကိုဆက်လက်တင်ပြပေးပါမည်။
တင်ဆက်သူ။ ။အောင်အောင်(လှိုင်)

No comments:

Post a Comment