arial" action="like" colorscheme="light">

Sunday, October 18, 2015

အဆီချလိုသူတို ကြားက အယူအဆမှားတခု

Muscle professor page သို့ မက်ဆေ့ပို့  မေးမြန်းလာသော မေးခွန်းများကို တစ်ဦးချင်းစီ ဖြေကြားသည်ထက်ဆောင်းပါအဖြစ် ဖန်တီးကာ တင်ဆက်ပေးမည် ဆိုပါက အများအတွက် အကျိုးပြုမည်ဟု မျှော်လင့်သည့်အတွက် မေးထားသမျှသော မေးခွန်းများထဲမှ အယူအဆ အလွဲများနှင့် လိုအပ်ချက်များကိုယခုကဲ့သို့ ခုချင်းစီကို  ဆောင်းပါးပြုလုပ်ကာ ပြန်လည် ဖြေကြားပေးလိုက်ပါသည်။တခ
ုမေတ္တာရပ်ခံ လိုသည်မှာမေးခွန်းများ ဖြင့်အကြံဥာဏ်များ တောင်းဆိုလာသော မိတ်ဆွေများသည် မိမိတို့ မေးလိုသည့် အကြောင်းအရာသည် ဤပေ့ခ်ျတွင် တင်ဆက်ထားဖူးခြင်း ရှိမရှိကို သေချာစွာ ဖတ်ရှုပြီးမှ မေးမြန်းစေလိုပါသည်။ဤပေ့ခ်ျတွင်အကြောင်းအရာအတော်များများကို ထောင့်စုံေ
ရးသားတင်ဆက် ဖူးသည့်အတွက် ဤပေ့ခ်ျကိုLike လုပ်ထားခြင်းဖြင့် သင်သိလိုသော အကြောင်းအရာ များကို အလွယ်တကူ သိနိုင်မည်ဖြစ်ကြောင်းလေးစားစွာ အသိပေးအပ်ပါသည်။
ဗယ်လီ လေ့ကျင့်ခန်း များကို ဦးစားပေး လွန်းခြင်း
အဆီချ လိုသူ အယောက်တစ်ရာလျင် ကိုးဆယ့်ငါးယောက်ခန့့်ဤအမှားကို ထပ်ခါတလဲလဲ ပြုလုပ်နေခဲ့
ကြပြီး လက်ရှိလည်း ပြုလုပ်နေကြဆဲ အမှားတစ်ခုမှာ ဂျင်မ်ရောက်လျင်ရောက်ခြင်း သွေးပူလုပ်ပြီးသည်
နှင့် ၀မ်းဗိုက်ကြွက်သား လေ့ကျင့်ခန်းများကို တခုပြီးတခု မမောတမ်း မပန်းတမ်း ပြုလုပ်တတ်ကြသည်။
အနည်းဆုံး တစ်နာရီ တစ်နာရီခွဲ လောက်ကြာမှ ခန္ဓာကိုယ် ကြွက်သားအုပ်စုကြီး များကို စတင်လေ့ကျင့်
လေ့ရှိသည်။ WHY ? ဘာကြောင့်နည်း? ဖြေပေးကြပါ။လုံးဝမှားသည့် အယူအဆပါ။ထိုအယူအဆ၏
လွဲမှားပုံကို အနည်းငယ် ဆွေးနွေးတင်ပြပါမည်။
-ထိုသို့ ပြုလုပ်ရသည့် အယူအဆ၏ နောက်ကွယ်တွင် အဆီအများစုသည် ၀မ်းဗိုက်တွင် စုနေသည့် အတွက်ဝမ်းဗိုက် လေ့ကျင့်ခန်းများ ပြုလုပ်ပါကအဆီကျမည်ဟူသောမရေရာသည့် မျှော်လင့်ချက်
 ကြောင့်ဖြစ်သည်။
ဤအယူအဆ သည်လုံးဝ မှားသည့် အပြင် သိပ္ပံနည်းကျ အထောက်အထား မရှိပါ။ထိုသို့ ပြုလုပ် ခြင်းကို
တနေရာတည်း ကွက်၍ လျော့ချခြင်း spot reduction ဟုခေါ်သည်။ ဗယ်လီလေ့ကျင့်ခန်း များသည် ဗယ်လီကြွက်သားများ ကြီးထွားစေရန် အတွက် အသုံးဝင်သည် အသေအချာ ပင်ဖြစ်သော်လည်း သင့်ဗယ်လီ ကြွက်သားသည် မည်မျှပင် ကြီးထွားလာ စေကာမူ အရေပြား နှင့်  ကြွက်သားကြားတွင် အဆီထုထည် ခံနေပါကသင့်ဗယ်လီ ကြွက်သားများကို လုံးဝမြင်ရမည် မဟုတ်ပါ။ ဒါဆို သင့်ဗယ်လီ ဘယ်လောက်ကြီးကြီး အဆီရှိနေသရွေ့  သင့်ဗယ်လီ ပေါ်လွင်ထင်ရှားမှာ မဟုတ်တာကို သင်ရှင်းရှင်း သိလောက်ပြီဖြစ်သည်။
-၀မ်းဗိုက်ကြွက်သား များကို ပထမဦးစွာ လေ့ကျင့်ခြင်း၏ နောက်ထပ် စောဒက တစ်ခုမှာ၊ဗယ်လီလေ့
ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ကယ်လိုရီ လောင်ကျွမ်းမှုများပြီး အဆီကျမည်ဟု မျှော်လင့်၍ ဖြစ်သည်။
ထပ်မံ ဆွေးနွေးကြည့် ကြပါစို့ ။ဗယ်လီ လေ့ကျင့်ခန်းများသည် အလွန်နည်းပါးသော အတိုင်းအတာ
တခုအထိသာ ကယ်လိုရီ လောင်ကျွမ်း စေနိုင်ပါသည်။အဘယ်မျှ နည်းပါးသည်ကို တင်ပြရသော်
သင်လေ့ကျင့်သည့် Crunch ဗယ်လီလေ့ကျင့်ခန်း အကြိမ်နှစ်ရာ အတွက် လောင်ကျွမ်းမည့် ကယ်လိုရီ
ပမာဏသည် အလေးထမ်း ထိုင်ထ ဆယ်ကြိမ် တစ်ကျော့ လောက်ကိုတောင် မမှီနိုင်ပါ။ကဲ အချိန် အင်အား
အသုံးပြုမှု မည်မျှ ကွာခြားသည်ကို သိနိုင်လောက်ပြီ ထင်ပါသည်။ထို့ ထက်ထူးသည်က အလေးထမ်းထိုင်ထပြုလုပ်လျင် ခန္ဓာကိုယ်တွင်းမှ ကြွက်သားတည်ဆောက်မှု အတွက် အရေးပါသော တက်စတိုစတီရုန်း ဟိုမုန်းထုတ်လွှတ်မှု အားကောင်းစေနိုင် သော်လည်း ဗယ်လီလေ့ကျင့်ခန်းများ တွင်မူ ဤအကျိုးကျေးဇူး နထ္တိပင်ဖြစ်သည်။အကယ်၍ သင့်အနေနှင့် အလေးနှင့် လေ့ကျင့်သည့် anaerobic လေ့ကျင့်ခန်းများကိုမရွေးချယ် လိုလျင်လည်း aerobic လေ့ကျင့်ခန်း များဖြစ်သည့် ခပ်ရွရွပြေးခြင်းလမ်းလျောက်ခြင်းကြိုးခုန်ခြင်းတို့ ကိုငါးမိနစ်ခန့် ဖိဖိစီးစီး ပြုလုပ်လျင် လောင်ကျွမ်းမည့် ကယ်လိုရီ ပမာဏသည်သင်စွဲလန်းရူးသွပ် သောဗယ်လီအကြိမ် နှစ်ရာထက်ပို၍ကယ်လိုရီ လောင်ကျွမ်း စေနိုင်သည်က အသေအချာပင်ဖြစ်သည်။ဗယ်လီ လေ့ကျင့်ခန်းများကို မဖြစ်မနေ လေ့ကျင့်သင့်ပါသည်။ သို့ သော် အဓိက လေ့ကျင့်ခန်းများပြီးမှသာ လေ့ကျင့်သင့်ပါသည်။အဓိကနှင့် သာမည ကွဲပြားစေချင်ပါသည်။
-အချို့ သော သူများ အတွက် Spot reduction သည် အသုံးဝင်ပါသည်။မည်သူများ အတွက်ပါနည်း။
ကာယဗလ ပြိုင်ပွဲဝင်မည့်သူများ၊ ခန္ဓာကိုယ်တွင် ကြွက်သားထုထည် တင်ပြီးနောက် မာဆယ်ခွဲလိုသူများ
ထိုသူများသည် ကိုယ်တွင်းအဆီ ပမာဏသည် ယေဘူယျ အားဖြင့် ၁၅% ထက်ကျော်မနေ တတ်ပါ။ထို့ 
အပြင် ထိုပုဂ္ဂိုလ်များသည် လေ့ကျင့်ခန်း အစား အအိပ်တို့ စနစ်ကျသည့် အတွက် ထိုမျှသော ပမာဏ
လောက်ရှိသည့် အဆီသည် ၄င်းတို့ အတွက် ကစားစရာ ပင်ဖြစ်နေပါလိမ့်မည်။ထို့ ကြောင့် အ၀လွန် အဆီချလိုသူများသည် ထိုကဲ့သို့ သော အားကစား သမားများကို လုံးဝ အတုမယူသင့်ပါ။
-သမားရိုးကျ ဗယ်လီ လေ့ကျင့်ခန်းများ ၏ Risks များကိုလည်းမမေ့သင့်ပါ။အ၀လွန်သူတစ်ယောက်အတွက်
သမားရိုးကျ ဗယ်လီလေ့ကျင့်ခန်း များသည် အဘယ်မျှ ပင်ပန်းခက်ခဲသည်ကို ကိုယ်တိုင် ဖက်တီးမဖြစ်ဖူး၍
မသိသော နည်းပြများ အနေနှင့် လေ့လာသင့်ပါသည်။ကစားသမား အနေနှင့်လည်း မိမိအတွက် အခက်အခဲဖြစ်စေသည့် သာမန်ထက်ပို၍ ပင်ပန်းသည့် လေ့ကျင့်ခန်းမျိုးကို နည်းပြဖြစ်သူအား ပွင့်လင်းစွာ ပြောပြ၍သင့်လျော်သော လေ့ကျင့်ခန်း တစ်ခု အစားထိုး ရွေးချယ်ခိုင်း သင့်ပါသည်။သို့ မှသာ မညီးမငွေ့ ဘဲစိတ်ပါ လက်ပါ လေ့ကျင့်နိုင်မည် ဖြစ်သည်။risks များကို ဂရုမမူပါက ခါးနာခြင်း ပေါင်အပေါ်ပိုင်း မျက်ခြင်းများကို ကြုံတွေ့ ရနိုင်ပါသည်။
မိတ်ဆွေ-နေထွက်ပြီးရင် နေ၀င်မယ်။မွေးပြီးရင် သေမယ်ဆိုတာ လောက်သာ
အမြဲတမ်း အမှန်တရားပါ။အခုခေတ်မှာ အရာရာ ဟာပြောင်းလဲနေပါတယ်။သမားရိုးကျ ဗယ်လီလေ့ကျင့်ခန်းလုပ်မှသာ ဗယ်လီပေါ်မယ် ဆိုတာ အမြဲတမ်းအမှန် တရားမဟုတ်သလို ဘုရားဟော မဟုတ်တာလည်းဂရုပြုပါ။အသားသေနေ သော အလွဲများမှ ရုန်းထွက်ပြီး ကျန်းမာ သန်စွမ်းကြပါစေဟု ဆန္ဒပြုရင်း နောက်ထပ် မြန်မာဖစ်တနက်စ် နယ်ပယ်ထဲမှ အယူအဆ အလွဲလေးများကို တင်ပြ ပေးသွားပါဦးမည်။
လေးစားလျက်-
နိုင်ဦး-၁၁၉

No comments:

Post a Comment