arial" action="like" colorscheme="light">

Thursday, May 21, 2015

Supplements များနှင့် Muscle professor

မေး။        ။ကိုနိုင်ဦးတို့ muscle professor ကadmin တွေက၊ကာယဗလဖြည့်စွက်ဆေးတွေရဲ့ ဆိုးကျိုး
အတော်မျာများကိုတင်ပြတတ်ကြသလို၊ဖြည့်စွက်ဆေးဆောင်းပါးတွေလည်းသိပ်မရေးဘူးနော်။နောက်ပြီးတော့
အချို့ တွေကလည်းပြောကြတယ်ကိုနိုင်ဦးတို့ ကsupplements မသုံးဖို့ ပြောတယ်ဆိုတာဟုတ်ပါသလား။
ဖြေ။        ။ဒီမေးခွန်းမျိုးဖြေချင်နေတာကြာလှပေါ့။နီးစပ်ရာမေးသမျှလာသူတွေကိုရှင်းပြပေးလိုက်ပါ
ရဲ့ ။ဖြည့်စွက်ဆေးမသုံးဖို့ ကျွန်တော်ပြောထားတဲ့အထောက်အထားတစ်ခုသာယူလာပြစမ်းပါ။အဲဒီလူကို
ကျေနပ်အောင်ကျွန်တော်တောင်းပန်ပါ့မယ်။လုံးဝမပြောထားပါဘူး။မဖြစ်ညစ်ကျယ်ချာတိတ်တချို့ ရယ်
ဟိုမရောက်ဒီမရောက်တချို့ ရယ်၊ကိုယ်ကလည်းရှေ့ ကဦးမဆောင်နိုင်၊ဦးဆောင်မဲ့သူရှိတော့လည်းနောက်က
ဖြောင့်ဖြောင့်မလိုက်ချင်တဲ့ပေကပ်ကပ်ချိုကုပ်လေးတချို့ တွေသာအဖွလွယ်တဲ့ကိစ္စမို့ ဝိုင်းဖွနေကြတာပါ။
အဲဒီလူတွေအားလုံးကိုရော၊တခြားသို့ လောသို့ လောဖြစ်နေတဲ့မင်ဘာအားလုံးကိုရော၊ကျွန်တော်ပြော
ချင်တာက၊ကျွန်တော်နိုင်ဦး-၁၁၉၊အပါအ၀င် muscle professor admin အားလုံးက Anti-supplements
တွေမဟုတ်ပါဘူး။
***မိမိလက်ရှိအနေအထားထက်ပိုမိုသောအောင်မြင်မှုကိုရလိုပါက၊လေ့ကျင့်ခန်းပြင်းပြင်း
ထန်ထန်လေ့ကျင့်ရုံသာမကအာဟာရကိုပြည့်ပြည့်၀၀စနစ်တကျစားသောက်ပြီး၊ဖြည့်စွက်ဆေးများကိုလည်း
လိုအပ်သလို၊စနစ်တကျသုံးစွဲသင့်ပါသည်ဟုအကြံပြုပါသည်။***
အထက်ကစာပိုဒ်လေးကိုသေချာပြန်ဖတ်ကြည့်ပါ။အဓိကနဲ့ သာမညကွဲပြားစေချင်တာပါ။ယေဘူယျအားဖြင့်
ကျွန်တော့်အတွေ့ အကြုံအရပြောရယင်ဖြည့်စွက်ဆေးသုံးတဲ့လူငယ်အများစုဟာ၊အာဟာရကိုပေါ့လျော့တတ်
ကြပါတယ်။အဲဒီအတွက်ငွေကုန်လူပမ်းဖြစ်နေကြတာပါ။အကယ်၍ဖြည့်စွက်ဆေးသုံးပြီးမယုံနိုင်လောက်အောင်
တိုးတက်သွားတဲ့ကစားသမားတိုင်းကိုကြည့်ပါ။သူတို့ ဟာလေ့ကျင့်ခန်း၊အာဟာရ၊အနားယူမှုအပိုင်းတွေမှာပြည့်
ဝနေပြီးသားဖြစ်နေတတ်ပါတယ်။ကာယဗလဖြည့်စွက်ဆေးများဟာ*ဥုံဖွ*ပျောက်စေဆေးများမဟုတ်ပါ။
မိမိဖက်မှလည်းဝါယမစိုက်ထုတ်မှုများစွာပြီးမှ၊အကူအညီယူရသောအရာများဖြစ်ပါသည်။အများထင်သလို
ဖြည့်စွက်ဆေးသောက်တိုင်းသာကြီးထွားရပါမူမောင်အိုလံပီယာချန်ပီယာများမှာဆေးကုမ္ပဏီပိုင်ရှင်များ
နှင့်၎င်းတို့ ၏မိသားစုဝင်များသာဖြစ်ပေတော့မည်။တဖက်မှကြည့်လျင်လည်း၊
ယေဘူယျပြည်တွင်းမှလူငယ်အများစုဟာတစ်လ၀င်ငွေနှစ်သိန်းကျပ်ကိုအတော်ကြီးရှာယူရပါတယ်။အဲဒီလို
အနေအထားတွေနဲ့လူငယ်ကစားသမားတွေဟာကြော်ငြာတွေနားယောင်ပြီးဆေးမှမသောက်ရယင်ဒီတစ်သက်
မကြီးထွားနိုင်တော့ဘူးလို့ စိတ်ပျက်နိုင်သလို၊မိသားစုတာဝန်လစ်ဟင်းပြီးဘယ်သူသေသေငတေမာလျင်ပြီးရော
ဆိုပြီးမိမိရှာသမျှငွေကိုဖြည့်စွက်ဆေးအတွက်အသုံးပြုမည်ဆိုပါကလည်းသင့်လျော်မည်မဟုတ်ပါ။အခြေခံဘဝ
တူလူငယ်များကို motivate လုပ်ပေးချင်တဲ့စေတနာနဲ့ 
့ဖြည့်စွက်ဆေးများများသုံးခြင်း၏ဆိုးပြစ်များ
ဖြည့်စွက်ဆေးဝါးများသည်ဖြည့်စွက်သာဖြစ်ကြောင်းနှင့်
ဖြည့်စွက်ဆေးဝါးများမသုံးနိုင်လည်းစိတ်ဓါတ်မကျရန်၊ခန္ဓာကိုယ်တွင်းမှဟိုမုန်းများ၏အကူအညီဖြင့်လည်း
ကြီးထွားနိုင်ကြောင်းကိုအထောက်အထားလေးများဖြင့်စိတ်ဓါတ်အားဖြည့်ပေးခြင်းသာဖြစ်ပါသည်။
ဖြည့်စွက်ဆေးမသုံးရ၊သုံးရန်မလိုအပ်ဟုမည်သည့်အခါမှမပြောမိပါကြောင်း----
နောက်မေးခွန်းတစ်ခုကဖြည့်စွက်ဆေးဆောင်းပါးများရေးသားတင်ဆက်မှုနည်းပါးရခြင်းအကြောင်းကတော့
ဦးနှောက်နှင့်နှလုံးသားဖောက်စားခံရသည်မှာများလှပြီဖြစ်သည်။ကျွန်တော်တို့ ကဖြည့်စွက်ဆေးဆောင်းပါး
ရေး၊ရောင်းစားသူတွေကလိုသလောက်သာဖြတ်ညှပ်ကပ်လုပ်၊ကျွန်တော်တို့ ကိုခုတုံးလုပ်သွားသည်မှာ
အကြိမ်ကြိမ်ပင်ဖြစ်သည့်အတွက်ယုန်ကလေးနှာစေးနေရခြင်းဖြစ်ပါသည်။၂၀၁၀-ခုနှစ်မစခင်လေးကရန်
ကုန်မြို့ လယ်ကဂျင်မ်ပိုင်ရှင်ဆေးရောင်းသူတစ်ဦးနှင့်အကြိတ်အနယ်ကောမင့်တိုက်ပွဲဖြစ်ပြီးနောက်
မည်သည့်ဆေးကုန်သည်ကမှအတိုင်းထက်အလွန်ပေါ်ပေါ်တင်တင်ပြောမလာတော့သလို၊ကျွန်တော်ကိုယ်
တိုင်ကလည်း၊မည်သူနှင့်မျှမတိုက်ခိုက်လိုခြင်းကြောင့်အကွဲအပြဲဖြစ်စေမည့်ဆောင်းပါးများကိုရှောင်ကြဉ်ခြင်း
ဖြစ်သည်။အကယ်၍ယခုအချိန်တွင်လည်းအမှားများတွင်ကျယ်လာပြီဆိုပါက၊အများအကျိုးအတွက်ကြည့်၍
ကျွန်တော်တို့ ဖက်ကလည်းတကျော့ပြန်တိုက်ပွဲခေါ်သံပေးရတော့မည်ဖြစ်သည်။
အချုပ်ဆိုရသော်-ကာယဗလဖြည့်စွက်ဆေးများသုံးသင့်ပါသည်။ဘာတွေ့ တွေ သုံးတာမျိုးမဟုတ်ဘဲစနစ်
တကျရွေးချယ်အသုံးပြုရပါမည်။မကြာမှီဖြည့်စွက်ဆေးများအကြောင်းကိုတင်ပြပေးပါမည်။
လေးစားလျက်-
နိုင်ဦး-၁၁၉

No comments:

Post a Comment