မေး။ ။မင်္ဂလာပါခင်ဗျာ။ဗိုက်ချပ်အောင်တစ်နေ့ ကိုဘယ်ရီဘယ်နှစ်ကြိမ်ကစားရမလဲသိချင်ပါ
တယ်ဆရာ။ကျွန်တော်ငယ်ငယ်ကအူရောင်ငန်းဖျားဖြစ်ဖူးတော့ဘယ်ရီကစားရင်၊ကျန်း
မာရေးနဲ့ ညီညွတ်ပါသလားဆရာ။မနက်ပိုင်းဘယ်ရီမကစားဘဲ၊ညကိုးနာရီမှကစားလို့ 
ဖြစ်ပါသလားခင်ဗျာ။ညနေခြောက်နာရီ၊ညစာနဲ့ ကပ်နေတော့ အူခေါက်မှာစိုးလို့ ပါခင်
ဗျာ။
Htet Aung Magic Art channel
ဖြေ။ ။မင်္ဂလာပါဗျာ။မေးတဲ့မေးခွန်းလေးကလွယ်မယောင်နဲ့ ခက်၊တိမ်မယောင်နဲ့ နက်တယ်ဗျ။
Bro မေးတဲ့မေးခွန်းကို၊ဖြေရမယ်ဆိုရင်တော့သေချာတယ်စာအုပ်တစ်အုပ်စာလောက်ရှိ
သွားနိုင်တယ်။ဒါပေမဲ့အားလုံးကိုခြုံမိအောင်တော့အကျဉ်းရုံးဖြေပေးပါ့မယ်။မေးခွန်းတစ်ခု
ချင်းစီကိုစဖြေရမယ်ဆိုရင်တော့၊ဘယ်လီရိုက်လို့ ဗိုက်လုံးဝမချပ်နိုင်ပါဘူးခင်ဗျာ။အကယ်၍
ခင်ဗျားခန္ဓာကိုယ်မှာအဆီပိုတွေရှိနေတယ်ဆိုရင်၊တစ်နေ့ ကိုဘယ်လီအကြိမ်ထောင်ချီရိုက်
လည်းဗယ်လီကြွက်သားတွေပေါ်လွင်လာမှာမဟုတ်ပါဘူး။ဒီအယူအဆအမှားက၊နှစ်တွေ
အတော်ကြာပြီဗျ။ကစားသမားအတော်များများရဲ့ အချိန်နှင့်အင်အားကိုအဟောသိကံဖြစ်
စေခဲ့တာကြာပြီဗျ။အကယ်၍သာခန္ဓာကိုယ်မှာအဆီပိုပမာဏအင်မတန်နည်းမယ်ဆိုရင်
တော့ဗယ်လီမရိုက်လည်း၊ဗိုက်ချပ်နေမှာအသေအချာပါပဲ။ဝမ်းဗိုက်ကြွက်သားမကစားခဲ့
ရင်တော့ဘယ်လီကြွက်သားပြစရာမရှိဘူးပေါ့ဗျာ။ဗိုက်ကတော့ချပ်နေမှာအသေအချာပါ
ပဲ။ဒါကြောင့်ဗိုက်ချပ်ချင်ရင်တော့၊အစားအသောက်ကိုစနစ်တကျစားသောက်ပြီး၊လေ့ကျင့်
ခန်းကိုလည်းပုံမှန်လေးပြုလုပ်သင့်ပါတယ်။ဘယ်လိုစားရမလဲ၊ဘာတွေကိုဘယ်အချိန်မှာ
ဘယ်လောက်ပမာဏစားရမယ်ဆိုတာကို၊အသေးစိတ်လေ့လာလိုရင်တော့၊ကျွန်တော်
ရေးသားထားပြီး၊အခမဲ့တင်ဆက်ပေးထားတဲ့ ***သိပ္ပံနည်းကျအဆီချနည်းများ***
စာအုပ်ကိုဒေါင်းလုပ်ဆွဲယူလေ့လာနိုင်ပါတယ်။စာအုပ်ထဲမှာတော့၊fitness ကစားသမားများ
ကိုရည်ရွယ်ပြီးရေးသားထားတဲ့အတွက်၊အချို့ သောအခေါ်အဝေါ်များကိုဂျင်မ်နည်းပြများ၏
လမ်းညွှန်မှုနဲ့ လေ့လာကျင့်သုံးပြီး၊အလွယ်တကူကိုယ်အလေးချိန်လျော့ချလို့ရနိုင်ပါပြီခင်ဗျာ။
အကယ်၍ထပ်မံလေ့လာလိုသေးပါက၊ဆရာကျော်သက်ခိုင်ဆေး-၁ရဲ့  စာအုပ်ကိုလည်းဒေါင်း
လုပ်ဆွဲလေ့လာနိုင်ပါတယ်။ကျွန်တော့်အမြင်တော့ဒီစာအုပ်နှစ်အုပ်ဆိုလုံလောက်ပါပြီဗျာ။
Before and after ဓါတ်ပုံများရိုက်ထားပြီး၊ကျွန်တော့်ထံသို့ တိုးတက်မှုရလာဒ်များကို
အခမဲ့ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
နံပါတ်နှစ်မေးခွန်းကို၊ဖြေရမယ်ဆိုရင်တော့၊အူရောင်ငန်းဖျားဖြစ်ဖူးတာနဲ့ ဗယ်လီကစားတာ
နဲ့ ဘာမှမဆိုင်ပါဘူးဗျာ။ကင်ဆာရောဂါဝေဒနာကြောင့်ဆရာဝန်တွေကလက်လျော့လိုက်
ပေမဲ့၊သေမင်းကိုအံတုပြီးကမ္ဘာကျော် Fitness model ဖြစ်လာတဲ့သူရှိသလို၊မျိုးရိုးစဉ်ဆက်
ကျောက်ကပ်ရောဂါနဲ့ ငယ်ငယ်ရွယ်ရွယ်ကြွေလွင့်ခဲ့ကြပေမဲ့ကာယဗလအားကစားအကူ
အညီနဲ့ ကမ္ဘာကျော်ခဲ့တဲ့ ကီဗင်လက်ဗရုန်းလည်းရှိတယ်ဗျ။နောက်ပြီးလက်ရှိကာယဗလ
Fan အများစုရဲ့ ဖေးဘရိတ်၊စူပါစတားကိုင်ဂရီန်းကလည်းအူကျွံရောဂါကိုဆိုးဆိုးရွားရွား
ခံစားရပေမဲ့လည်း၊အများသိတဲ့အတိုင်းပါပဲ၊လက်ရှိမောင်အိုလံပီယာဆုကိုအများဆုံး
ခြိမ်းခြောက်နိုင်သူပါ။ကဲခင်ဗျားတို့ ကျွန်တော်တို့ ဖြစ်ခဲ့ဖူးတဲ့အူရောင်ငန်းဖျားလေးကို
အကြောင်းပြပြီးလုပ်ချင်တာမလုပ်ခဲ့ဘူးဆိုရင်၊ဖြစ်ချင်တာဖြစ်အောင်မလုပ်ခဲ့ဘူးဆိုရင်
ကျွန်တော်တို့ ရှက်စရာကောင်းမနေဘူးလားဗျ။Fighting bro!
အကယ်၍သံသယမကင်းသေးဘူးဆိုရင်နားလည်တတ်ကျွမ်းသောဆရာဝန်ကြီးများနှင့်
တိုင်ပင်ပြီးမှစတင်လေ့ကျင့်ပါဗျာ။
လေ့ကျင့်ခန်းကတော့၊ဘယ်အချိန်လုပ်လုပ်ပါဗျာ။လုပ်ဖြစ်ဖို့ ပဲအရေးကြီးသလို၊အစားစား
ပြီးချိန်နဲ့ နီးလွန်းရင်လည်းမကောင်းဘူးဗျ။bro ညကိုးနာရီကစားမယ်ပြောထားတယ်နော်။
ယေဘူယျတော့အစားစားချိန်နဲ့ သုံးနာရီကွာတဲ့အတွက်အိုကေပါတယ်။ဒါပေမဲ့ခန္ဓာကိုယ်
ဝလွန်းသူတွေအတွက်ကတော့၊ခန္ဓာကိုယ်ကလက်ခံနိုင်ပါ့မလားဗျ။Listen to your body
ဆိုသလိုပါပဲ။ခင်ဗျားခန္ဓာကိုယ်ရဲ့ လက်ခံနိုင်စွမ်းကိုကြည့်ရပါမယ်။အိပ်ချိန်နဲ့ ကစားချိန်
ဘယ်လောက်ခြားလဲဆိုတာကိုလည်းဂရုပြုရပါမယ်။နောက်ပြီးလေ့ကျင့်ပြီးရင်ဗိုက်ဆာလို့ 
တခုခုစားမိမယ်ဆို၊အိပ်ချိန်နဲ့ ကပ်သွားပြီလေဗျာ။ခန္ဓာကိုယ်အလေးချိန်ချလိုတဲ့သူအတွက်
ပြသနာတစ်ခုပေါ့ဗျာ။အထက်ပါအချက်လေးတွေကိုလေ့လာပြီးပြီဆိုရင်တော့၊ယုံကြည်ခြင်း
အပြည့်နဲ့ စတင်ပြောင်းလဲကြပါစို့ ။
အထက်ဖော်ပြပါစာအုပ်နှစ်အုပ်ကိုအောက်ပါလင့်ခ်များတွင်ဒေါင်းလုပ်ရယူနိုင်ပါပြီ။
http://www.mediafire.com/download/34xpwzx8yakatvy/80_KyawThetKhsing_BodyExercise.pdf
http://www.mediafire.com/download/dnfnlxvsxxncsrr/scientific+ways+to+lose+fat.pdf
လေးစားလျက်-
နိုင်ဦး-၁၁၉

No comments:
Post a Comment