arial" action="like" colorscheme="light">

Thursday, May 21, 2015

Creatine သုံးခြင်းသည်ကျောက်ကပ်ကိုထိခိုက်မှုရှိမရှိ


Creatine သည်အားကစားနယ်ပယ်အသီးသီးမှအားကစားသမားများ၊အမြတ်တနိုးမှီဝဲသောဖြည့်စွက်ဆေး
ဖြစ်သည်။ထို Creatine နှင့်ပါတ်သက်၍အလွန်အကျူးတင်စားသောယုံတမ်းစကားအမျိုးမျိုး၊ချိုးဖဲ့နှိပ်ကွပ်သော
ကောလဟလအမျိုးမျိုးက၊ထိုဆေးကိုမှီဝဲလိုသည့်အားကစားသများကိုသို့ လော၊သို့ လောအတွေးပွားစေသည်
မှာအသေအချာပင်ဖြစ်သည်။ထိုကောလဟလများအနက်မှအကြိမ်အများဆုံးကြားရသည့်စကားတစ်ခွန်းမှာ
Creatine အသုံးပြုခြင်းသည်ကျောက်ကပ်ကိုပျက်စီးစေနိုင်သည်ဆိုသည့်ထိုးနှက်ချက်ပင်ဖြစ်သည်။
ယခုတော့နောက်ဆုံးပေါ်သုတေသနများက creatine သုံးစွဲခြင်းဖြင့်ကျန်းမာသောကျောက်ကပ်ပိုင်ရှင်ကို
မည်သည့်ဘေးဥပါဒ်မှမသက်ရောက်စေနိုင်ကြောင်းကိုအထောက်အထားဖြင့်တင်ဆက်ပေးလိုက်ပြီဖြစ်သည့်
အပြင်မတူညီသောဒေသအသီးသီးမှသုတေသီအသီးသီးက၊ကျောက်ကပ်တစ်လုံးတည်းရှိသူကိုပင်လျင်
creatineသုံးစွဲခြင်းကမည်သည့်ဘေးဥပါဒ်မှမသက်ရောက်စေနိုင်ကြောင်းအတည်ပြုပေးပြီးဖြစ်သည့်အတွက်၊
စိတ်ချလက်ချသုံးစွဲနိုင်သောဖြည့်စွက်ဆေးတစ်မျိုးဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။
နောင်ကိုလည်းဖတ်ရတာလည်းရှင်းလင်းပြီးနားလည်လွယ်လောက်သောအနေအထားများဖြင့်တင်ဆက်
ပေးပါဦးမည်။

လေးစားလျက်-
နိုင်ဦး-၁၁၉
References
1. Gualano B, et al Effect of short-term high-dose creatine supplementation on measured GFR in a
young man with a single kidney . Am J Kidney Dis. (2010)

No comments:

Post a Comment