arial" action="like" colorscheme="light">

Thursday, May 21, 2015

Application ဂုဏောအန္တနော


 

မေး။        ။အစ်ကိုတို့ ရေအခုတလော online google play store နဲ့  mobogene ဆိုဒ်တွေမှာ
Fitness application တွေအများကြီးတင်ပေးထားတယ်ဗျ။ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကမာဆယ်
ထုတင်တဲ့ application အတိုင်းထုတင်နေလေရဲ့ ဗျာ။ကျွန်တော်တို့ လိုလူငယ်ကစားသမားတွေလိုက်လုပ်
သင့်မလုပ်သင့်လေးသိချင်ပါတယ်။
ဖြေ။        ။သိပ်ကောင်းတဲ့မေးခွန်းပါပဲညီငယ်ရေ။ဟုတ်ပါတယ် fitness application တွေမှိုလိုပေါက်
လာပါပြီ။ကိုယ့်ဆီမှာလည်း application တွေအများကြီးရှိပါတယ်။အဲဒီapplication တွေကိုသေချာလေ့လာ
ကြည့်မယ်ဆိုရင်၊bodybuilding.com,flex,muscleandfitnessစတဲ့ကာယဗလဆိုဒ်ကြီးတွေကတင်ထားတဲ့
Application တွေရှိသလို၊ပုဂ္ဂိုလ်တစ်ဦးချင်း၊ပညာရှင်တစ်ဦးချင်းစီကရေးတင်ထားတဲ့applicationတွေလည်းရှိ
သလို၊ fitness စာအုပ် application တွေလည်းရှိပါတယ်။လေ့ကျင့်ခန်းသရုပ်ဖော် app တွေနဲ့ လေ့ကျင့်နည်းပရိုဂရမ်(အဆီချ၊မာဆယ်ထုတင်)စတာလေးတွေလည်းရှိပါတယ်။
ညီလေးမေးတာကိုစပြီးဆွေးနွေးရမယ်ဆိုရင်တော့၊bodybuilding and fitness ဆိုတာအင်မတန်တိကျပြီး
အနုစိတ်တဲ့ personalize အားကစားပါ။ယေဘူယျ random လုပ်ထားလို့ မရပါဘူး။အမွှာညီအစ်ကိုနှစ်
ယောက်မှာတောင်မှကိုယ်တွင်း endocrine system, hormonal response, muscle type, gene စတာ
တွေကတစ်ယောက်နဲ့ တစ်ယောက်ထပ်တူလုံးဝမကျနိုင်ပါဘူး။ဥပမာတစ်ခုထပ်ပြောရယင်တော့၊အရပ်ငါးပေ
ခြောက်လက်မကိုယ်အလေးချိန်ပေါင်နှစ်ရာရှိသူတစ်ယောက်၊သူ့ ကိုယ်တွင်းအဆီပမာဏက ၂၅%ရှိပြီး
နောက်တစ်ယောက်ကအရပ်ငါးပေတစ်ဆယ်လက်မ ကိုယ်အလေးချိန်ကတော့ ပေါင်နှစ်ရာ ကိုယ်တွင်း
အဆီပမာဏ ၁၅% ရှိတယ်ဆိုပါစို့ ။အဲဒီနှစ်ယောက်လုံးက၊ကိုယ်အလေးချိန်ချချင်တယ်ဆိုပါစို့ ။
သာမန် app တောင်မဟုတ်ဘဲကမ္ဘာ့အကောင်းဆုံး application နဲ့ အဆီချမယ်ဆိုရင်လည်းကိုယ့်အမြင်
ထိရောက်မှု့ ချင်းလုံးဝမတူနိုင်ပါဘူး။ကမ္ဘာ့အတော်ဆုံးပညာရှင်ရေးထားတဲ့ appမဟုတ်ဘဲသိကြားမင်းကိုယ်
တိုင်ဆင်းရေးပေးထားရင်တောင်၊ယေဘူယျသဘောဆောင်တဲ့အကြံပြုချက်တွေဖြစ်တဲ့အတွက် ရလာဒ်ခြင်း
လုံးဝမတူနိုင်ပါဘူး။မိမိနဲ့ သင့်တော်တဲ့appဟာလူတိုင်းနဲ့ သင့်လျော်တယ်လို့ ဆိုရင်တော့အသိဥာဏ်မဲ့မှုပါပဲ။
Appဟာappပါပဲ။ကောင်းကွက်လေးတွေရှိသလိုလိုအပ်ချက်လေးတွေရှိနေမှာပါပဲ။အမြဲတမ်းမှန်နေရအောင်
ဘုရားဟောမှမဟုတ်တာ။နောက်တစ်ခုဆွေးနွေးချင်တာကတော့၊ကမ္ဘာပေါ်မှာ Fitness industry ကအင်မတန်ကျယ်ပြန့် ပါတယ်။ကမ္ဘာပေါ်မှာအရည်အချင်းပြည့်ဝတဲ့ fitness trainer တွေသန်းနဲ့ ချီပြီးရှိပါတယ်။ညီငယ်ပြောသလို appတွေကပြည့်စုံမယ်၊လိုအပ်ချက်မရှိဘူးဆိုရင်
trainer တွေထမင်းငတ်ကုန်မှာပေါ့ဗျာ။app တွေမလေ့လာသင့်
ဘူးလို့ ပြောတာမဟုတ်ပါဘူး။အင်မတန်ကောင်းတဲ့app တွေရှိပါတယ်။ညီငယ်တို့ လေ့လာဖို့ ကိုယ်
အကြံပြုချင်တဲ့ app လေးတွေကတော့၊အစွဲကင်း၊လုပ်ကွက်ကင်းတဲ့ လေ့ကျင့်ခန်းသရုပ်ဖော် app တွေကိုလေ့လာသင့်ပါတယ်။ဒါမှလေ့ကျင့်ခန်းတွေကိုစနစ်ကျကျမှန်မှန်ကန်ကန်လေ့ကျင့်နိုင်မှာပါ။လေ့ကျင့်နည်းပရိုဂရမ်ရေးပေး
ထားတဲ့ app တွေကိုလည်းလေ့လာပေါ့။ပညာရပါတယ်။ဘာကြောင့်ဒီလိုရေးဆွဲထားသလဲဆိုတာပေါ့။
App ပဲဖြစ်ဖြစ်၊စာအုပ်ပဲဖြစ်ဖြစ်၊ဆောင်းပါးပဲဖြစ်ဖြစ် လေ့လာမယ်ဆို အဲဒီအရာရဲ့ student ပဲဖြစ်ပါစေ၊
သင့်အတွေးအခေါ်တွေကိုလုံးဝချုပ်ထိန်းခံလိုက်ရတဲ့ follower တော့မဖြစ်ပါစေနဲ့ လို၊စေတနာကောင်းနဲ့ 
အကြံကောင်းပေးပါရစေဗျာ။အဲဒါမှညီလေးသူငယ်ချင်းက application ,application ထပ်ကာထပ်ကာ
ဟစ်နေမယ်ဆိုရင်တော့သူ့ ကိုအကြံပေးလိုက်ပါ။ဘုရားရှိခိုးတဲ့အခါကျရင်အနန္တောအနန္တငါးပါးအပြင်
Application ကိုလည်း Application ဂုဏောအနန္တော လို့ ရှိခိုးပါလို့ -----
လေးစားလျက်-
နိုင်ဦး-၁၁၉

No comments:

Post a Comment