arial" action="like" colorscheme="light">

Thursday, May 21, 2015

ဗယ်လီပြသနာ

ကျွန်တော့်ကိုအမေးအများဆုံးသောမေးခွန်းအတော်အများများကဗယ်လီလို့ အရပ်ခေါ်နေကြတဲ့ဝမ်းဗိုက်ကြွက်သားတွေနဲ့ ပါတ်သက်တာများလေတော့တစ်ဦးချင်းဖြေမဲ့အစားအခုလိုဆောင်းပါးလေး
လုပ်ပြီးဖြေပေးလိုက်ပါတယ်။
မေး။     ။ကျွန်တော့်ဗယ်လီတစ်ဖက်နှင့်တစ်ဖက်မညီတာလေးကိုဘယ်လိုနည်းလမ်းနဲ့ များပြုပြင်ပေးနိုင်ပါ့
မလဲခင်ဗျာ။
ဖြေ။   ။ဒီလိုမျိုးအတော်များများမေးတတ်ကြပါတယ်။အချို့ ကရင်အုပ်နှစ်ဖက်မညီတာ၊လက်မောင်းမညီတာ
နောက်ကျောဝင်းသားမညီတာစသဖြင့်ပေါ့လေ။အဲဒီအစိတ်အပိုင်းတွေမညီတာတွေကိုအထူးပြုပြီးပြောချင်တာ
ကတော့လူသားဟာခေါက်ရိုးညီစက်ရုပ်မဟုတ်ပါဘူး။ဒါကြောင့်သိပ်ပြီးစိတ်ဖိစီးမှုမများပါနဲ့ ။ယေဘူယျသင့်
အဲဒီအားနည်းချက်တွေကိုသင်ကပဲတခြားလူတွေထက်ပိုသတိထားမိနေတာပါ။နောက်တစ်ချက်က၊ကမ္ဘာ့အ
ဆင့်
အမြင့်ဆုံးကာယဗလပြိုင်ပွဲဖြစ်တဲ့မောင်အိုလံပီယာပြိုင်ပွဲမှာရှစ်ကြိမ်ဆက်တိုက်ဗိုလ်ဆွဲခဲ့တဲ့ချန်ပီယံရွန်နီကိုလ်း
မင်းဟာလက်မောင်းနောက်သားနှစ်ဖက်မညီသလို၊နောက်ကျောဝင်းကြွက်သားနှစ်ဖက်ကလည်းသိသိသာ
သာ
မညီဘူးဆိုတာအထင်အရှားကြီးပါ။သို့ သော်သူဟာကမ္ဘာ့အကောင်းဆုံးချန်ပီယံပါ။ဒါနမူနာတစ်ခုပါ။နောက်
ထပ်ပြောစရာတွေရှိပါသေးတယ်။
ဝမ်းဗိုက်ကြွက်သားမညီဘူးဆိုတဲ့လူအတော်များများကိုကြည့်ရင်၊(ကျွန်တော့်အတွေ့ အကြုံအရပေါ့လေ)၊
အဲဒီလူတွေဟာကိုယ်အလေးချိန်လျော့ချနိုင်ကာစ၊ဗိုက်ကြွက်သားပေါ်ကာစ၊အဆီပြင်အနည်းငယ်ကျန်နေ
သေးချိန်ပဲဖြစ်ပါတယ်။ဗယ်လီကြွက်သားတွေအပေါ်မှာဖုံးအုပ်ထားတဲ့အဆီပြင်မှာတချို့ နေရာတွေမှာအဆီ
များနေပြီးတစ်ချို့ နေရာတွေမှာအဆီပါးနေတဲ့အတွက်မြင်ရတာမညီမညာဖြစ်နေတာပါ။တကယ်တော့အဆီ
ပြင်အောက်ကကြွက်သားတွေဟာညီမျှလှပနေပါတယ်။ညီညာလှပတဲ့ဗယ်လီကြွက်သားတွေကိုမြင်ချင်ရင်
မလောပါနဲ့ ဦး၊အဆီသေချာချပါဦးလို့ အကြံပေးချင်ပါတယ်။ခန္ဓာဗေဒအရကြည့်ရင်လည်းဗယ်လီကြွက်သား
တွေရဲ့ တည်ဆောက်ပုံဟာညီတူညီမျှအချိုးကျနေပါတယ်။ခြွင်းချက်အနေနဲ့ အချို့ သောလူတွေမှာခန္ဓာကိုယ်
ဘယ်ဘက်ခြမ်းကဘယ်လီတုံးတွေနဲ့ ညာဖက်ခြမ်းကဗယ်လီတုံးတွေဟာတညီတည်းမဟုတ်ဘဲအနည်းငယ်
လေးလွဲနေတာကိုမြင်နိုင်ပါတယ်။ဒါကတော့ခန္ဓာဗေဒကျွမ်းကျင်ပညာရှင်တွေအတိအကျသိမှာပါ။ဒါကြောင့်
ဗယ်လီမညီတာလောက်လေးနဲ့ စိတ်မညစ်ပါနဲ့  ။လုပ်စရာရှိတာဆက်လုပ်လိုက်ပါ။

မေး။   ။ဘယ်လီအမြန်ပေါ်အောင်ဘယ်လိုလုပ်ရမလဲ။
ဖြေ။   ။ဟုတ်စာအုပ်ကြီးတစ်အုပ်ထဲကအကြောင်းအရာတွေကိုငါးမိနစ်ထဲနဲ့ ပြောပြပါဆိုသလိုဖြစ်နေပါတယ်။
ဒီလိုမေးခွန်းမျိုးကိုမေးတတ်သူတွေကယေဘူယျအားဖြင့်ကိုယ်အလေးချိန်သာမာန်ထက်ပိုများနေသူအများစု
ပါ။တိုတိုမေးတော့တိုတိုပဲထိထိမိမိဖြေပါ့မယ်။ဝမ်းဗိုက်ကြွက်သားတွေကိုပုံမှန်လေးကစားပြီး၊ပိုနေတဲ့
ကိုယ်အလေးချိန်တွေကိုလျော့ချလိုက်ပါ။ဒါဆိုဗယ်လီပေါ်လာပါလိမ့်မယ်။
မေး။   ။ကျွန်တော့်ဗယ်လီတွေကလေးတုံးပဲပေါ်တယ်ဗျာ။ဘယ်လောက်ကစားကစားခြောက်တုံးမပေါ်တဲ့အ
တွက်ဘယ်လိုလုပ်ရမလဲ။
ဖြေ။   ။ဒါကခန္ဓာဗေဒပါ။တစ်ယောက်နှင့်တစ်ယောက်မတူပါဘူး။ဗယ်လီလေးတုံးပဲပေါ်လို့ ဘာမှနစ်နာစရာ
မရှိပါဘူး။ဘာမှလည်းမယုတ်လျော့သွားပါဘူး။တစ်ချို့ ကဗယ်လီလေးတုံး၊တစ်ချို့ ကခြောက်တုံး၊တစ်ချို့ က
ဗယ်လီရှစ်တုံးပေါ်ကြတာပဲလေ။ဒါကလူတစ်ယောက်ချင်းစီရဲ့ မတူညီတဲ့ခန္ဓာဗေဒကြောင့်ပါ။SIX PACKS ဆို
တာလူအများစုရဲ့ ယေဘူယျကိုပြောတာပါ။သင့်ရဲ့ fitness level ကို six packs ဆိုတဲ့စကားလုံးကတိုင်းတာ
တဲ့ပေတံမဟုတ်ပါဘူး။ကျွန်တော်တို့ နိုင်ငံကလက်ရှိချန်ပီယံထွန်းမင်းကိုပဲကြည့်ပါဗယ်လီလေးတုံးပဲရှိပါတယ်။
Boyer Coe ဆိုတဲ့ကာယဗလချန်ပီယံကိုကြားဖူးကြမှာပါ။၁၉၈၀-ပါတ်ဝန်းကျင်ကလျမ်းလျမ်းတောက်ပေါ့။
ဒါပေမဲ့ထူးခြားတာကသူ့ ဘယ်လိုပဲလေ့ကျင့်လေ့ကျင့်သူ့ ဝမ်းဗိုက်ကြွက်သားတွေဟာအများပြောသလို
Four packs, six packs တွေမရှိပါဘူး။ဒါဟာသူ့ ခန္ဓာဗေဒတည်ဆောက်ပုံပါ။ဒါပေမဲ့သူဟာအောင်မြင်တဲ့
ချန်ပီယံတစ်ယောက်ပါ။မြန်မာပြည်ကဒိုင်တွေဆိုရင်တော့ဗယ်လီမပေါ်ရင်အဆီရှိတယ်ဆိုပြီးဖြုတ်ချမလား
တောင်မသိပါဘူး။Boyer Coe တစ်ယောက်မြန်မာပြည်မှာလာမပြိုင်ရတာကံကောင်းသွားတယ်လို့ ဆို၇မလို
ဖြစ်နေပြီဗျ။

မေး။   ။ဗယ်လီတွေရိုက်ရိုက်ပြီးခါးတွေနာနေပြီဆရာရယ်။ကစားရတာမထိရောက်သလိုပဲ။ဘာလုပ်ရမလဲ
အကြံလေးပေးပါဦး။
ဖြေ။   ။ဒီမေးခွန်းကိုဖြေရမယ်ဆိုရင်တော့အလွဲနှစ်ခုကိုပြောရမှာပဲခင်ဗျ။ပထမအလွဲကနည်းပြတွေရဲ့ အပြစ်
ကြောင့်ပါ။အဲဒါကဘာလဲဆိုတော့၊ယေဘူယျကိုယ်လက်လှုပ်ရှားမှုနည်းလို့ ကိုယ်အလေးချိန်လွန်ပြီးဝနေတဲ့
သူတွေကိုအဆီချဖို့ အတွက်စပြီးတော့သမားရိုးကျဗယ်လီလေ့ကျင့်ခန်းတွေကိုအကြိမ်သုံးလေးငါးရာကစား
ခိုင်းတာပါပဲ။အဲဒီအလွဲကပြသနာနှစ်ခုကိုဦးတည်စေပါတယ်။အဆီချချင်ယင်ဗယ်လီရီုက်ဆိုတဲ့အယူအဆမှား
ပြသနာရယ်၊ကိုယ်အလေးချိန်များလို့ ကိုယ့်ကိုယ်ကိုမနိုင့်တနိုင်သယ်နေရသူတွေကိုလူသာမန်တွေအတွက်
တောင်ခက်ခဲတဲ့ဝမ်းဗိုက်လေ့ကျင့်ခန်းတွေကိုမဟားဒယားလုပ်ခိုင်းတာပါပဲ။အဲဒါကြောင့်ကိုယ်အလေးချိန်
ချလိုသူအတော်များများကဂျင်မ်တွေကိုကျောခိုင်းသွားကြတာပါပဲ။နောက်အလွဲတခုကကြွက်သားတွေကို
လှုံဆော်ဖို့ အတွက်စနစ်ကျတဲ့လေ့ကျင့်ခန်းကိုမရွေးချယ်နိုင်ကြခြင်းပါ။ဗယ်လီရိုက်ရာမှာမှားတတ်တဲ့အစိတ်
အပိုင်းက၀မ်းဗိုက်အောက်သားတွေပါပဲ။ဗယ်လီအပေါ်သားတွေကတော့အိပ်ထမတင်ကိုမည်သည့်ပုံစံဖြင့်ပြု
လုပ်သည်ဖြစ်စေ၊ထိရောက်ပေမဲ့ဝမ်းဗိုက်အောက်သားအတွက်ကတော့လုပ်ချင်တိုင်းလုပ်လို့ မရပါဘူး။သမား
ရိုးကျ leg raise လေ့ကျင့်ခန်းကိုမည်သည့်ပုံစံဖြင့်လေ့ကျင့်သည်ဖြစ်စေ၊သင့်ပေါင်အပေါ်ပိုင်းသားတွေသာထိ
ရောက်တာကိုသတိထားမိပါသလား။ပြောရမယ်ဆိုရင်တော့အရှည်ကြီးဗျ။အဆင်ပြေလာတဲ့နေ့ တော့video
လေးတွေပါလုပ်ပြီးတင်ပေးမယ်ဗျာ။အိပ်ထမတင်လုပ်ရင်လည်းသတိထားရမှာခါးက range ကိုအရှည်ကြီး
လုပ်မှထိတာမဟုတ်ဘူးဗျ။နောက်ပြီး 6 Pack Abs workouts ဆိုတဲ့Application လေးကရှင်းလင်း
လွယ်ကူတယ်ဗျာ။ဒေါင်းလုပ်ဆွဲလေ့လာကြည့်ပါ။လေ့ကျင့်ခန်းသရုပ်ဖော်videoတွေအများကြီးYoutube
မှာရှိပါတယ်။လေ့လာကြည့်ပါဗျာ။ Knowledge is power ဆိုတာမမေ့သင့်ပါ။
မေးချင်တာလေးတွေရှိယင်မက်ဆေ့သာပို့ ထားဗျာ။အလျဉ်းသင့်သလိုဖြေပေးပါ့မယ်။ချက်ချင်းကြီးတော့
ဖြေပေးနိုင်မှာမဟုတ်ပါဘူး။ဝါသနာနဲ့ ဘ၀ထပ်တူကျအောင်ကြိုးစားနေရဆဲမို့ နားလည်ပေးစေချင်ပါတယ်
ဗျာ။

လေးစားလျက်-
နိုင်ဦး-၁၁၉

No comments:

Post a Comment