အကြောလျော့ခြင်း(Stretching)ဟူသည့်ဝေါဟာရသည်အားကစားနယ်ပယ်အသီးသီးတွင်ကျယ်
ကျယ်ပြန့် ပြန့် အသုံးပြုနေကြသည့်ဝေါဟာရဖြစ်သည်။ကျွန်တော်တို့ ကာယဗလနယ်ပယ်တွင်လည်း
အသုံးပြုရသောအားကစားဝေါဟာရ၊အားကစားနည်းစနစ်တစ်ခုဖြစ်သည်။အကြောလျော့ခြင်းအမျိုး
မျိုးရှိသော်လည်း၊ကျွန်တော်တို့ နိုင်ငံတွင်အသုံးများသည်ကတော့ static stretching ဖြစ်သည်။
Static Stretching ဟူသည်မိမိအကြောလျော့လိုသောကြွက်သားအစိတ်အပိုင်းကိုစက္ကန့် 20-မှ30
အထိထိန်းညှစ်ဖြေလျော့ရသောအကြောလျော့ခြင်းမျိုးဖြစ်သည်။လေ့ကျင့်ရေးနည်းပြများ၊နှင့်စာပေ
များတွင်တင်ပြထားသည်မှာ၊လေ့ကျင့်ခန်းမပြုလုပ်မှီအကြောလျော့ခြင်းကိုပြုလုပ်ပေးပါက၊ကြွက်သား
များဒဏ်ရာအနာတရဖြစ်ခြင်းမှကာကွယ်ပေးသည်ဟူ၍ဖြစ်သည်။သို့ သော်ဤအချက်သည်မှန်ပါရဲ့ 
လား။သိပ္ပံနည်းကျပါရဲ့ လားဟုမေးလျင်မည်သူမျှဂဃနဏမသိကြပေ။ထို့ ကြောင့်မင်ဘာသူငယ်ချင်း
များကိုသိပ္ပံနည်းကျအကြောလျော့ခြင်းအကြောင်းကိုတင်ပြလို၍ကျွန်တော်ဤဆောင်းပါးကိုရေးခြင်း
ဖြစ်ပါသည်။
လေ့ကျင့်ရေးသုတေသနများအဆင့်မှီသောနိုင်ငံများမှအားကစားသမားများသည်မြန်မာ့အားကစား
သမားများကဲ့သို့ လေ့ကျင့်သော်လည်းရလာဒ်ခြင်းမှာမြန်မာ့အားကစားသမားများထက်မယှဉ်နိုင်အောင်
ပို၍သာသွားကြသည်မှာ၊အသိပညာပေးလုပ်ငန်းများ၊အဆင့်မှီနည်းပြများကြောင့်ဖြစ်သည်။ယနေ့ အား
ကစားကမ္ဘာမှအားကစားသမားအားလုံးလိုလိုသည် Dynamic stretching ဟူသောအကြောလျော့ခြင်း
ကိုနှစ်နှစ်ခြိုက်ခြိုက်အသုံးပြုနေကြပြီဖြစ်သည်။စင်ပြိုင်ဖြစ်လာသောအကြောလျော့ခြင်းနှစ်မျိုးဖြစ်
သည့် static stretching နှင့် dynamic stretching နှစ်မျိုးတွင်မည်သည့်နည်းစနစ်ကပို၍အကျိုးပြု
သည်ကိုတိတိကျကျလက်တွေ့ တင်ပြနိုင်ရန်အတွက်မြောက်ကာရိုလိုင်းနားတက္ကသိုလ်မှသုတေသီများ
အောက်ပါအတိုင်းအဖြေရှာခဲ့ကြသည်။
သုတေသီများကအမျိုးသား၊အမျိုးသမီးဘောလုံးအားကစားသမားများကို၊အုပ်စုသုံးစုခွဲကာ၊အားလုံးကို
သွေးပူအနေဖြင့်၊ငါးမိနစ်ခန့် ၊စက်ဘီးစီးစေပြီးမှခြေထောက်ကြွက်သားများ၏ကြံ့ခိုင်မှုကိုစမ်းသပ်တိုင်း
ထွာကာ၊ပထမအုပ်စုကို Static stretching ဖြင့်အကြောလျော့စေပြီး၊ဒုတိယအုပ်စုကို၊Dynamic stretching ဖြင့်အကြောလျော့စေကာ၊တတိယအုပ်စုကိုမူမည်သည့်အကြောလျော့ခြင်းမျိုးကိုမှမပြုလုပ်
စေဘဲစမ်းသပ်ကြည့်ရာ၊အောက်ပါအတိုင်းစိတ်ဝင်စားဖွယ်ရာတွေ့ ရှိခဲ့ရသည်။
Dynamic stretching ပုံစံဖြင့်အကြောလျော့သောဒုတိယအုပ်စုဝင်များ၏ခြေထောက်သန်စွမ်းမှု ၁၂%
တိုးလာပြီး၊ကြွက်သားများ၏ပျော့ပြောင်းမှု ၃၅% တိုးလာပြီး၊ကျန်အုပ်စုနှစ်ခုမှာမူမည်သည့်ကောင်းမွန်
ထူးခြားသည့်ရလာဒ်မှမရရှိကြောင်းကိုအံ့အားသင့်ဖွယ်လေ့လာတွေ့ ရှိခဲ့ရသည်။
ထို့ ကြောင့်အားကစားသမားများအနေနှင့်လေ့ကျင့်မည့်ကြွက်သားအုပ်စုတိုင်းကိုသွေးပူပြုလုပ်ပြီး
နောက်၊Dynamic stretching ဖြင့်အကြောလျော့ပါ။ပြီးလျင်အလေးများဖြင့်ဘေးအန္တရာယ်ကင်းစွာ
ပြင်းပြင်းထန်ထန်လေ့ကျင့်နိုင်ပါသည်။
လေ့ကျင့်ခန်းမပြုလုပ်မှီတွင် Static stretching ပြုလုပ်ခြင်းသည်၊ကြွက်သားများ၏သက်လုံနှင့်အင်
အားကိုလျော့ကျစေပြီး၊မည်သည့်ကောင်းကျိုးမှအထွေအထူးမပြုလုပ်နိုင်ပါ။သို့ သော် static stretching ကိုလေ့ကျင့်ခန်းပြုလုပ်ပြီးချိန်တွင်ပင်ပန်းနေသောကြွက်သားအစိတ်အပိုင်းများကိုလေ့
ကျင့်ပါကအကျိုးထူးနိုင်ပါသည်။
Dynamic stretching ဟူသည်လှုပ်လှုပ်ရှားရှားအကြောလျော့ခြင်းပင်ဖြစ်သည်။ဥပမာပြောရလျင်၊
ခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သားများအတွက်လွယ်ကူပေါ့ပါးသော Dynamic stretching ပုံစံမှာ၊
လက်များကိုစက်ဝိုင်းပုံစံလွဲခြင်း၊ဘယ်ညာလွဲခြင်းနှင့်ဘယ်ညာခါးကိုင်းအကြောလျော့ခြင်းတို့ ကိုပေါ့
ပါးသွက်လက်စွာပြုလုပ်ရန်ပင်ဖြစ်သည်။ခန္ဓာကိုယ်အောက်ပိုင်းအတွက်လွယ်ကူသော Dynamic stretching ပုံစံများမှာ၊လမ်းသွက်သွက်လျောက်ခြင်း၊ခြေထောက်ဘယ်ညာလွှဲခြင်းနှင့်lung ခေါ်
ခြေတစ်ဖက်ခြင်းထောက်လမ်းလျောက်ခြင်းတို့ ဖြစ်ပါသည်။
ဤဆောင်းပါးအနှစ်ချုပ်မှတ်သားရန်မှာလေ့ကျင့်ခန်းမပြုလုပ်မှီတွင်၊သွေးပူပြုလုပ်ပြီးနောက်Dynamic stretching ပြုလုပ်ကာ၊လေ့ကျင့်ခန်းပြုလုပ်ပြီးချိန်တွင်သွေးအေးအနေနှင့် Static stretching ကိုပြုလုပ်ရန်ပင်ဖြစ်ပါသည်။
Reference: A.J. Aguilar et al., J Strength Cond Res., 26(4):1130–41, 2012.
လေးစားလျက်---

နိုင်ဦး---၁၁၉
www.myanmarfitness.com
Belly လေ့ကျင့်ခန်းကို လေ့ကျင့်ခန်းပြီးတိုင်း ကစားလေ့ရှိပါတယ်ခင်ဗျာ။ 8 minutes workouts ဆိုတဲ့ဟာကို youtube က ဒေါင်းပြီး သူ့ တိုင်မင် နဲ့ လိုက်လုပ်တာပါ။ လေ့ကျင့်ခန်း လုပ်ပြီးမှ ၀မ်းဗိုက်ကြွက်သား ကစားတာက ထိရောက်မှု ရှိပါသလား။ ဒါမှမဟုတ် သီးသန့် တစ်နေ့ ရွေးပြီး ကစားသင့်ပါသလား။ ကျေးဇူးတင်ပါတယ် ခင်ဗျ။
ReplyDeleteဒါကတော့ ကျနော်ပြုလုပ်နေတဲ့ working 8 abs exercise လေ့ကျင့်ခန်းပါ။
http://www.youtube.com/watch?v=W-9L0J_9qag