ကျန်းမာသန်စွမ်းစေရေးအတွက်၎င်း၊အဆီကျလှပလို၍၄င်း၊အားကစားလေ့ကျင့်မှုစင်တာများ၊နှင့်ဂျမ်
များတွင်ရည်ရွယ်ချက်အမျိုးမျိုးနှင့်သွားရောက်လေ့ကျင့်သူအများစုသည်၊မည်မျှပင်ကြိုးစားအားထုတ်
စေကာမူ၊အချိန်သာကုန်သွားသော်လည်းရလာဒ်မထူးခြားသည့်အခြေခံအကြောင်းအရင်းလေးများကို
စုစည်းတင်ပြပေးထားပါသည်။
၁။ ။လေ့ကျင့်သက်ကြာလာသော်လည်းအလေးဝန်တိုး၍မလေ့ကျင့်ခြင်း
ကြောင့်ဖြစ်သည်။
၂။ ။အလေး၊အလုပ်ဝန်တိုး၍ကစားခြင်းကိုသတ်သတ်မှတ်မှတ်ပြုလုပ်ရန်လေ့
ကျင့်ရေးဂျာနယ်မထားရှိခြင်းကြောင့်မတိုးမလျော့သောပုံမှန်အလေး၊အလုပ်
ဝန်များကိုခံနိုင်ရည်ရှိနေပြီဖြစ်သောသင့်ခန္ဓာကိုယ်ကသင့်ကိုလှောင်ရယ်နေပေ
လိမ့်မည်။
၃။ ။အစားအသောက်အာဟာရတန်ဖိုးကိုသိသော်လည်း၊စနစ်တကျကြပ်ကြပ်
မတ်မတ်မစားသောက်ခြင်း။
၎။ ။လေ့ကျင့်ခန်းများကိုပြင်းပြင်းထန်ထန်မလေ့ကျင့်ခြင်း။
၅။ ။သင့်ထံတွင်မရှိသောကြွက်သားထုထည်ကိုရှိအောင်မကြိုးစားဘဲ၊ပုံသွင်းရန်
ကြိုးစားခြင်း။ဥပမာ-အချို့ သောလူပိန်များသည်ခန္ဓာကိုယ်ကြီးထွားအောင်မ
လေ့ကျင့်ဘဲထိုပိန်သေးသောခန္ဓာကိုယ်ကိုကြံ့ခိုင်မှုမောင်များကဲ့သို့ ပုံသွင်းနိုင်
မည်ဟုစိတ်ကူးယဉ်ခြင်း။
၆။ ။ခန္ဓာကိုယ်သည်ကွန်ပျူတာဆော့ဖ်ဝဲတစ်ခု၊ပရိုဂရမ်တစ်ခုမဟုတ်ပါ။သင့်အနေ
နှင့်အခြေခံအဆင့်တစ်မှအဆင့်မြင့်အဆင့်တစ်ဆယ်သို့ ခုန်ကျော်၍မသွားနိုင်ပါ။
ခန္ဓာကိုယ်ကြီးထွားသန်မာစေရေးအတွက်ဖြတ်လမ်းမရှိပါ။အကယ်၍ရေသာခို
ဖြတ်လမ်းရှာမည်ဆိုပါကလေထဲတိုက်အိမ်ဆောက်သကဲ့သို့ သာဖြစ်ပါလိမ့်
မည်။
၇။ ။သင့်အာဟာရရွေးချယ်ရာတွင်စိတ်အလိုလိုက်၊ခံတွင်းအကြိုက်လိုက်ပါကသင့်
အနေနှင့်လက်ရှိအနေအထားမှတစ်ပြားသားမှမတိုးတက်နိုင်ပါ။စားချင်သည်
ထက်စားသင့်တာကိုရွေးချယ်စားသုံးပါ။
၈။ ။ကြွက်သားတည်ဆောက်ရန်အတွက်ပရိုတိန်းသည်အဓိကကျသည်ဟုသင်
သိသည့်အတွက်ပရိုတိန်းကိုသာဖိစားပြီး၊အခြားသောအာဟာရများအထူးသဖြင့်
ကာဗိုဟိုက်ဒရိတ်ကိုလျစ်လျူရှုပါကသင်မှီဝဲသမျှသောပရိုတိန်းအားလုံးသည်ဂလူးကို့ စ်များ
ကိုယ်စားအင်အားအဖြစ်ပိုမိုလောင်ကျွမ်းအသုံးပြုခံရမည်ကိုဂရုပြုပါ။
၉။ ။ရက်ရှည်အနားယူခြင်း(လေ့ကျင့်မှုပျက်ကွက်ခြင်း)၊သည်လည်းခန္ဓာကိုယ်ကြီး
ထွားမှုကိုအဟန့် အတားဖြစ်စေပါသည်။
၁၀။` ။လေ့ကျင့်ခန်းများကိုအပြောင်းအလဲမပြုလုပ်ဘဲတသမတ်တည်းလေ့ကျင့်ခြင်း
ကိုလည်းရှောင်ပါ။
တင်ဆက်သူ----
နိုင်ဦး---၁၁၉
Email---intensemuscle@gmail.com
Email---muscleprofessor@gmail.com
Email---myanmarfitnesstrainer@gmail.com
www.myanmarfitness.com

ကောင်းတယ်ဗျာ... ဒါမျိုးဖြစ်နေကြတာ ဒုနဲ့ဒေးပဲဗျ... သူတို့ပါးစပ်က မတက်ဘူးမတက်ဘူးနဲ့ ငြီးငြီးနေပီး....သေချာတော့ မသုံးသပ်နိုင်ကြဘူး... အခုလိုရေးပြလိုက်မှ ကွက်ကွက်ကွင်းကွင်းကို ပေါ်လာတော့တာပဲဗျို့....
ReplyDeleteKo Naing Oo, i am your fan and i really appreciate your work,i downloaded all your books and shared with my friends, you know your books are kind of bodybuilding reference for us.
ReplyDeletebut in this post i found something wrong. I'm no expert of bodybuilding but i do know for sure is that final product of protein digestion is amino acid, not glucose.. both amino acid and glucose provide energy.. may be what you really meant was if we eat only protein, our body would use the protein for energy.
(i tried to type burmese but the font didn't work)
with respect,
win naing
ကိုဝင်းနိုင်ရေ--ကျေးဇူးအနန္တပါဗျာ။ကျွန်တော့်ဘ၀မှာဒီလိုလွဲတာဒါပထမဆုံးပါပဲဗျာ။ဟုတ်ပါတယ်။ကျွန်တော်
ReplyDeleteစာရေးလောသွားတယ်ဗျာ။နောက်ထပ်အမှားများတွေ့ ရင်လည်းအားမနာတမ်းထောက်ပြပေးပါဗျာ။ဒါမှကျွန်
တော်လည်းနောက်ကိုဂရုစိုက်နိုင်မှာပေါ့ဗျာ။ဘာပဲဖြစ်ဖြစ်ကျွန်တော့်ပို့ စ်တွေကိုအစ်ကိုအသေအချာလေ့လာ
တယ်ဆိုတာဝမ်းသာစွာသိလိုက်ရတဲ့အတွက်ကျွန်တော်ရေးရကျိုးနပ်ပါတယ်ဗျာ။ကိုဝင်းနိုင်ရေတစ်ကယ်ကို
စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်ဗျာ။နောက်ကိုလည်းအမြင်မတော်တာလေးများတွေ့ ရင်ထောက်ပြပါဦး။
လေးစားလျက်----
နိုင်ဦး----၁၁၉
you are the best! Ko Naing Oo!!! :)
ReplyDeletewith respect,
win naing
you are welcome brother.Thanks,
ReplyDeleteNaing Oo-119