arial" action="like" colorscheme="light">
Wednesday, September 30, 2015
Fitness Program တစ်ခုဘယ်လိုရေးဆွဲမလဲ?
တိုးတက်ဖွံ့ ဖြိုးလာနေတဲ့  Myanmar fitness ရေစီးကြောင်းနဲ့ အညီ personal trainer အဖြစ်အသက်မွေး
ဝမ်းကျောင်းလုပ်ကိုင် လိုတဲ့ ညီငယ်တွေအတွက်ရယ်၊ မိမိကိုယ်ခန္ဓာအတွက် မိမိကိုယ်တိုင် စိတ်ကြိုက်
လေ့ကျင့်ရေး ပရိုဂရမ်ရေးဆွဲ လိုတဲ့ညီငယ်တွေ အတွက် လိုအပ်ချက်တွေကို ဒီဆောင်းပါးလေးမှာ
အကြံပြုတင်ပြ ပေးပါ့မယ်။
နိုင်ငံတကာ မှာတော့ရှင်းပါတယ်။ပစ္စည်းကိရိယာ အစုံအလင်နဲ့ Gym တွေကိုလစဉ်ကြေး သွင်းပြီးရင်
မိမိစိတ်ကြိုက် program နဲ့ ကြိုက်သလိုကစား ဘာပြသနာမှမရှိပါဘူး။ကျွန်တော်တို့ နိုင်ငံ မှာတော့
Gym နှစ်မျိုးဖြစ်နေတာ တွေ့ မြင်နေရပါတယ်။ပထမတစ်မျိုးကတော့ အထက်ပါ Gym များအတိုင်းပါ
ပဲ။ဒါပေမဲ့ ကျွန်တော့်တို့ နိုင်ငံမှာ အဲဒီလို gym အမျိုးအစား နည်းပါးနေပါသေးတယ်။gym အများစု
ကတော့ Gym ပိုင်ရှင်၊နည်းပြ များကရေးဆွဲပေးထားတဲ့ ပရိုဂရမ် အတိုင်းသာလေ့ကျင့် ကြရပါတယ်။
ဒီအချက်နဲ့ ပါတ်သက်ပြီး အပြုသဘောဆောင် ဆွေးနွေးရယင်တော့ အဲဒါကလုံးဝ မကောင်းပါဘူး။
အဲဒီလိုရေးသားထားတဲ့ program တော်များများက ပထမနှစ်လကို ဒါကစား၊ နောက်နှစ်လကို ဒါကစား
စသည်ဖြင့် နံရံပေါ်မှာ ရေးသားပြီး ကပ်ထားပါတယ်။အဲဒီပရိုဂရမ်တွေ မကောင်းဘူးလို့ မဆိုချင်ပါဘူး။
ဘာဖြစ်လို့ လဲဆိုတော့  အဲဒီprogram တွေကိုရေးဆွဲထား တဲ့နည်းပြတွေက အတွေ့ အကြုံရှိသူတွေ
ဖြစ်နေလို့ ပါပဲ။ဒါပေမဲ့ အဲဒီနည်းပြတွေ တခုမေ့နေကြတာက လူတစ်ယောက်နဲ့  တစ်ယောက် ဘယ်နေရာ
မှ ဘယ်လိုမှ မတူညီနိုင်ဘူးဆိုတာပါပဲ။ဒါကြောင့်လည်း သူတို့ ဆီမှာလာကစားကြတဲ့ ကစားသမား အချို့ သာ
ခန္ဓာကိုယ် တိုးတက်ပြောင်းလဲ နိုင်ကြပြီး ကစားသမား အတော်များများကတော့ ဒုံရင်းက ဒုံရင်းပါပဲ။လူတစ်
ယောက်ချင်းစီရဲ့  life style, hormonal response, muscle fiber types and recovering ability တွေ
ဘယ်လိုမှ မတူညီနိုင်ကြပါဘူး။ဒါကြောင့် Gym နံရံတွေပေါ်မှာ ကပ်ထားတဲ့ ပရိုဂရမ်သုံးလေးခုလောက်က
သင့်ကို အပြည့်အ၀ တိုးတက်စေမှာ မဟုတ်ပါဘူးဆိုတာ မှတ်ထားပါ။ဒါပေမဲ့လည်း ရွေးချယ်စရာ Choice
မရှိတဲ့ အတွက် အဲဒီလို Gym တွေမှာ ကစားသမားတွေ ရာချီရှိနေတတ်ကြပါတယ်။ဒါကပြသနာ မဟုတ်ပါဘူး
ပြသနာကတော့ ဒီလိုရာချီတဲ့ သင်တန်းသားတွေကို Program သုံးလေးခုလောက်နဲ့ လည်ပတ် ပေးနေနိုင်ရုံနဲ့ 
သိလှတတ်လှပြီလို့ သွေးနာထင် ရောက်နေသူ နည်းပြ၊ Gym ပိုင်ရှင်တွေနဲ့ သူတို့ ရဲ့  ကပ်မြှောင်တွေကသာ
ပြသနာဖြစ်နေတာပါ။ဒါကြောင့် မည်သူ့ ကိုမှ ရည်ညွှန်းမနေ တော့ဘဲ အားလုံးအကျိုးအတွက် မိမိတတ်စွမ်း
သလောက် ကွက်လပ်ဖြည့်ပေးဖို့ ပဲ ကြိုးစားကြပါစို့ ။
လေ့ကျင့်ရေး ပရိုဂရမ်တစ်ခုရေးဆွဲတော့မည်ဆိုလျင် အဲဒီပရိုဂ၇မ်နဲ့ လေ့ကျင့်မဲ့သူရဲ့  အသက်၊အရပ်၊ကိုယ်
အလေးချိန်၊ကစားသက်၊ body type, life style, recovering ability, muscle fiber dominant စတာတွေ
ကိုသိအောင်လုပ်ရပါမယ်။သို့ မှသာ သင်ရေးဆွဲပေးတဲ့ ပရိုဂ၇မ်ဟာ တကယ်ထိရောက်တဲ့ အကျိုးပြုတဲ့
ပရိုဂရမ်တစ်ခု ဖြစ်လာမှာ အသေအချာပါပဲ။အကယ်၍ သင်ဟာထရိန်နာ တစ်ယောက်ဖြစ်နေပြီ ဆိုရင်
အထက်ပါ အချက်လေးတွေကို အထူးဂရုပြုပါ။စေ့စပ်သေချာ ထောင့်စေ့ခြင်းဟာ သင့်ကို professional
ကောင်းတစ်ယောက် ဖြစ်လာစေမှာ အသေအချာပါပဲ။အသက်လေးဆယ်ကျော်တွေ အမျိုးသမီးတွေ ဆီးချို
သွေးတိုး နှလုံးရောဂါသည်တွေ အတွက် ပရိုဂရမ်ရေးဆွဲပေးရာမှာ ဆောင်ရန် ရှောင်ရန်လေးတွေကို ဂရုပြုပါ။
မိမိပရိုဂရမ် ရေးဆွဲပေးမဲ့သူရဲ့ လိုအပ်ချက်(ခန္ဓာကိုယ် ကြီးထွားလိုတာလား ကိုယ်အလေးချိန် လျော့ချ
လိုတာလား ဆိုတာ) အတိုင်း အတိအကျဖြစ်အောင် ကြိုးစားရေးဆွဲပေးပါ။လေ့ကျင့်ရေး ပရိုဂရမ်ရေးဆွဲ
တော့မယ်ဆိုရင် ငါးသိုင်းများ ဟင်းဟုံ မဖြစ်ပါစေနှင့်။ဥပမာ-ကိုယ်ခန္ဓာကြီးထွားလိုတဲ့ လူပိန်တစ်ယောက်
ဟာ အလေးပေါ့ပေါ့ အကြိမ်များများ လေ့ကျင့်တာထက် အလေးများများ အကြိမ်နည်းနည်း လေ့ကျင့်တာ
ကပိုသင့်လျော်တာကို အားလုံးသိပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ လူပိန်တွေ အတွက် strength က
အရင်လိုအပ်ပါတယ်။ပြီးရင် mass ကသူ့ အလိုလို လိုက်လာပါလိမ့်မယ်။Strength ဦးစားပေးရမယ်ဆို
တာနဲ့ strength အတွက် အကောင်းဆုံး လေ့ကျင့်ခန်းတွေဖြစ်တဲ့ Squat, bench press, dead lift, rows
Clean and press စတဲ့ Compound movement တွေကို သင့်မျက်စိထဲမြင်လာပါလိမ့်မယ်။
အဲဒါဆိုမှတ်လိုက်ပါ။မိတ်ဆွေ သင်ရေးဆွဲပေးမဲ့ ပရိုဂရမ်က လွဲနေပြီဆိုတာပါပဲ။ဘာကြောင့်လဲဆိုတော့
လူပိန်အတော်များများရဲ့ ကိုယ်တွင်းဇီဝဖြစ်စဉ် metabolism ဟာသာမန်ထက်မြန်နေတတ်သလို ၊Cortisol
Hormone ဟာလည်း သာမန်ထက်ပိုထွက်နေတတ်လို့ ပါပဲ။ လူပိန်တစ်ယောက် ရဲ့ ခန္ဓာကိုယ်ဟာ
ကစားချိန်တစ်ခုတည်းမှာ compound movement သုံးလေးခုရဲ့ ဖိအားတွေကို adapt မလုပ်နိုင်ပါဘူး။
ကစားသမားရဲ့ anabolism ကနေ Catabolism သို့ ပြောင်းလဲသွားမှာ ဖြစ်တဲ့အတွက် သင့်ကစားသမား
လေး၇ဲ့ ရလာဒ်၊ သင်ရေးပေးတဲ့ program ရဲ့ ရလာဒ်က အနှုတ်လက္ခဏာ သို့ ရောက်ရှိသွားပါလိမ့်မယ်။
နောက်ထပ် ဂရုပြုရမဲ့  အချက်တစ်ချက်က ကစားသမားရဲ့  ခန္ဓာကိုယ်အချိုးအစား Body type ပဲဖြစ်ပါတယ်။
ဥပမာ-အလေးထမ်းထိုင်ထ Squat ဟာ ပေါင်နှင့် ခန္ဓာကိုယ်အောက်ပိုင်း အတွက် အကောင်းဆုံး လေ့ကျင့်ခန်း
ဖြစ်တယ်လို့ ဆိုပေမဲ့ ပေါင်တံရှည်၊ ခါးရိုးရှည်တဲ့  ကစားသမားအတွက် squat ဟာ အပိုသက်သက်ဖြစ်
နေပါလိမ့်မယ်။Barbell bench press ဟာရင်အုပ်အတွက် အကောင်းဆုံး လေ့ကျင့်ခန်းလို့  ဆိုကြပေမဲ့
လက်တံရှည်တဲ့ ကစားသမားအတွက်တော့ ထင်သလောက် အကျိုးမထူးတဲ့ လေ့ကျင့်ခန်း တစ်ခုဖြစ်နေ
ပါလိမ့်မယ်။သူ့ အတွက်တော့ Dumbell bench press ကပိုထိရောက်ပါလိမ့်မယ်။ပေါင်တံတိုတဲ့ ကစားသမား
အတွက် leg press ကမသင့်လျော်သလို ခါးရိုးရှည်တဲ့ ကစားသမားအတွက်လည်း သမားရိုးကျ Dead lift က
အကျိုးမထူးပါဘူး။ဒါကြောင့် အများက လက်ခံထားတဲ့ အကောင်းဆုံးဆိုတဲ့ လေ့ကျင့်ခန်းတွေက အချို့ သော
သူတွေအတွက် ထင်သလောက် အကျိုးမရှိဘူးဆိုတာ ကိုနားလည်ပါ။ သမားရိုးကျ ပုံသေကားချပ် အယူအဆ
တွေကနေ ဖောက်ထွက်ပါ။
ကစားသမား တစ်ယောက် အတွက် ကြွက်သားအုပ်စု တခုကို တစ်ပါတ်အတွင်း လေ့ကျင့်ရမဲ့ frequency
တစ်ယောက်နဲ့  တစ်ယောက် မတူညီတာကို ဂရုပြုပါ။
အသားသေနေတဲ့  အကြိမ်အကျော့ တွေကို အပြောင်းအလဲ လုပ်ပေးပါ။
အားနည်းတဲ့  ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အတွက် လေ့ကျင့်ခန်းရွေးချယ်မှု မှန်ကန်ပါစေ။
ယခင် ကစားခဲ့ဖူးတဲ့ လေ့ကျင့်မှုပြင်းအား(intensity) နှင့် လေ့ကျင့်မှုပမာဏ (volume)ကို အပြောင်း
အလဲလုပ်ပေးပါ။
Full range Of motion ဆိုတာကို တသမတ်တည်း မသတ်မှတ်ပါနဲ့ ။အချို့ အားနည်းတဲ့
အစိတ်အပိုင်း တွေဟာ partial လှုံဆော်မှုတွေနဲ့  လည်းအပြည့်အ၀ ကြီးထွားနိုင်ပါတယ်။
ဥပမာ-ဂျေးကတ်လာ ကစားနည်းကို ဒေါင်းလုပ်ဆွဲကြည့်ပါ။partial ရဲ့ တန်ဖိုးကို တွေ့ ၇မှာပါ။
Partial ရဲ့ တန်ဖိုးကို သိပ္ပံနည်းကျ ပြောဖို့ အချက်တွေ အများကြီး ရှိသလို ဤဆောင်းပါးပါ
အချက်တွေ အားလုံးကလည်း Science backed သဘောတရားတွေ ချည်းပါပဲ။အကျယ်ရေး
ရယင် စာအုပ်တအုပ်စာ ဖြစ်သွားနိုင်တာမို့ အကျဉ်းလေးတွေပဲ တင်ပြပေးတာပါ။လူသိနည်းသေးတဲ့
Partial တန်ဖိုးကိုသိချင်၇င် ကျွန်တော်ရေးသားထားတဲ့ Myanmar Insane Training Theory စာအုပ်
ကိုဒေါင်းလုပ်ဆွဲ လေ့လာကြည့်ပါ။
အလေးနှင့် အလုပ်ဝန် တိုးသွားမှု သဘောတရား (progressive overload )ကိုနည်းပြတိုင်း
သဘောပေါက်သော်လည်း ပြန်လည်လျော့ချ (deload )လုပ်ဖို့ ကိုတော့ လူတိုင်းနားမလည်ပါဘူး။
လေ့ကျင့်နည်း ပရိုဂရမ်တိုင်းရဲ့ နောက်ဆုံးပါတ်မှာ deloading phase အဖြစ် ရက်သတ္တပါတ် တစ်ပါတ်
ကိုမဖြစ်မနေ ရေးဆွဲပေးပါ။အဲဒါရဲ့ အကျိုးဆက်ကို နောက်ပရိုဂရမ်တခု အစမှာပဲ မျက်ဝါးထင်ထင်
မြင်နိုင်ပါလိမ့်မယ်။ဒီလောက်ဆိုရင် လေ့ကျင့်ရေး ပရိုဂရမ်လေးတခု အလွယ်တကူရေးဆွဲ နိုင်ပါပြီ။
စတင်ရေးဆွဲကာစမှာ အလွဲလေးတွေ trial & error လေးတွေ အများကြီးကြုံရမှာပါ။ဒါတွေဟာလည်း
ခဏပါ။အမှားတခုကို နောက်တခါ မမှားစတမ်း ရေးဆွဲနိုင်ရင် အချိန်အနည်းငယ် အတွင်းမှာ သင်ဟာ
အဆင့်စုံ ကစားသမားစုံ အတွက် ပရိုဂရမ်ကောင်းကောင်း ရေးဆွဲပေးနိုင်တဲ့ trainer ကောင်းတစ်
ယောက်ဖြစ်လာမှာပါ။ဒါဆိုရင် ကစားသမား တစ်ရာအတွက် ထရိန်နာ တစ်ရာလိုအပ်တယ် ဆိုတဲ့ 
ခပ်ပိန်းပိန်း အတွေးအခေါ်သမား တွေလည်း ပါးစပ်ပေါက်တွေ အော်တိုပိတ်သွားမှာပါ။လူတိုင်းဟာ
ပါဆယ်နယ် ထရိန်နာ နဲ့ မကစားနိုင်ဘူးလို့ ခပ်ပိန်းပိန်းပြောသူ တွေကိုလည်း သင်ဟာ ထရိန်နာ
တစ်ယောက်လို လေ့လာထားမယ်ဆိုရင် ဂရုစိုက်စရာမလိုတော့ပါဘူး။ကိုယ်ထူ ကိုယ်ထ ဆိုတာကို
သူတို့ နားလည်သွားပါလိမ့်မယ်။
ယခု ဆောင်းပါးပါ အချက်အလက်များသည်နိုင်ငံအသီးသီးမှ fitness trainer အသီးသီးတို့ ၏ ပရိုဂရမ်ရေးဆွဲသည့် လျို့ ဝှက်ချက် များဖြစ်သည့်အတွက် မည်သူကမှ သူတို့ ၏ လျို့ ဝှက်ချက်ကို လှစ်မပြပါ။
ထို့ ကြောင့် အင်္ဂလိပ်စာ တတ်တိုင်း ဘာသာပြန်၍ မရနိုင်သည်ကို အသံသေး အသံကြောင် ထထညှောင်
နေကြသည့် အောင်ဘုတို့ သိစေချင်ပါသည်။
တရုပ်စကားပုံ တခုရှိသည်***လူတစ်ယောက် ကိုတစ်နပ် ကျွေးလိုလျင် ငါးတစ်ကောင် ပေးလိုက်ပါ။
တစ်သက်ကျွေး လိုလျင် ငါးမျှားနည်း သင်ပေးလိုက်ပါ***တဲ့။ဒါကြောင့် ကျွန်တော်လည်း ကျွန်တော့်ကို
အကူအညီတောင်းလာသော ထရိန်နာ ညီငယ်လေးနှင့်တကွ ကစာသမားလေးများ အကျိုးအတွက်
ဤဆောင်းပါးကို တင်ပြရခြင်းဖြစ်ပါသည်။ထိုညီငယ်လေး၏ မက်ဆေ့ကို screen shot ဖမ်းပြီး တင်ပေး
လိုက်ပါသည်။မနာလိုတတ် သူများ ၀န်တိုမိစ္ဆရိယ ပွားကြလေကုန်။ သဘောတူ မနောဖြူသူများ
အားလုံး ကျန်းမာ သန်စွမ်းစေရန် ရည်သန်ပြီး-
Trainer Tips များကို ဆက်လက် တင်ပြသွားပါဦးမည်။
လေးစားလျက်-
နိုင်ဦး-၁၁၉
Fitness Famous နဲ့  Fitness Success ဘယ်ဟာရွေးမလဲ?
ယနေ့ ခေတ် စီးပွားရေး နယ်ပယ်အသီးသီးမှာ လုပ်ငန်းငယ်လေးများ အနေနှင့် ရပ်တည်ရန် ခက်ခဲလာသလိုတစ်ဦးတစ်ယောက်ချင်း အနေနှင့်လည်း ကိုယ်ပိုင် profession တစ်ခု ထူထောင်ရပ်တည်ရန် ခက်ခဲလာနေပြီဖြစ်သည်။သို့ သော် ကမ္ဘာတစ်ဝှမ်းလုံးတွင် အရှိန်အဟုန်ဖြင့် တိုးတက်လာနေသော လုပ်ငန်းတစ်ခုမှာကျွန်တော်တို့  အရူးအမူး ၀ါသနာပါသော fitness နယ်ပယ်ပင်ဖြစ်သည်။ ထိုတိုးတက်လာနေသောခေတ်နှင့်အမှီ Fitness trainer အဖြစ် အသက်မွေးဝမ်းကျောင်း ပြုလိုသော ညီငယ်များအတွက် ရွေးချယ်မှု မှန်ကန်စေရန် အတွက် Tips အချို့ ကိုမျှဝေပေး လိုက်ပါသည်။
Fitness နယ်ပယ်မှာ စီးပွားရှာမယ်ဆိုရင် အဓိကအားဖြင့် fitness နယ်ပယ်ထဲမှာ ဘယ်လိုနယ်ပယ်ထဲ
ကနေ ငွေရှာမှာလဲ? Famous-ဆိုတဲ့ကျော်ကြားတဲ့ နယ်ပယ်ထဲကနေ အသက်မွေးဝမ်းကျောင်း မှုပြုမလား?
Successဆိုတဲ့ အောင်မြင်ခြင်းလမ်းကြောင်းထဲကနေ ငွေရှာမလား?ကိုယ်ရွေးချယ်မဲ့ လမ်းတော့ သေသေချာ
ချာ သိသင့်ပါတယ်။ဆွေးနွေးကြည့် ရအောင်။မြန်မာပြည် အတိုင်းအတာနဲ့  မပြောနဲ့ ။တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့  ခြုံကြည့်ရအောင်လားဗျာ။ဥပမာ-ကမ္ဘာ့နံပါတ်တစ် ကာယဗလမောင် တစ်ယောက်ဖြစ်တဲ့  ဖီလ်းဟိသ် ဆိုပါစို့ ။ကာယဗလ နှင့် Fitnessနယ်ပယ်မှာ အဆင့်အမြင့်ဆုံးသော အောင်မြင်မှု ရရှိထားသူပါ။သူရရှိတဲ့ ဆုကြေးက ဒေါ်လာလေးသိန်းပါ။သူ့ ကိုမျက်နှာဖုံးတင်တဲ့ ကမ္ဘာ့ထိတ်ထိတ်ကြဲ မဂ္ဂဇင်းတွေ၊ တီဗွီအစီအစဉ်တွေ တပုံတပင်ကြီးပါ။ဟောပြောပွဲတွေ ဘာတွေလည်း ဖိတ်ကြတာပေါ့ဗျာ။ကဲစီးပွားရေး ရှုထောင့်ကနေ ဆွေးနွေးကြည့်ကြရ အောင်လားဗျာ။
သူရတဲ့ ဆုကြေးငွေ ဒေါ်လာလေးသိန်းက နည်းနည်းလေးပါ။မန်ယူက တိုက်စစ်မှုး ရွန်းနီရဲ့ တစ်ပါတ်ဝင်ငွေ
က စတာလင်ပေါင် နှစ်သိန်းခြောက်သောင်းပါ။ကဲ ဘယ်လောက်ကွာလဲ?ဟုတ်ပြီး fitness နယ်ပယ်ကနေပဲ
ဆက်ဆွေးနွေးကြမယ်။သူပုံ၊ သူ့ အင်တာဗျူး တင်တဲ့မဂ္ဂဇင်းတွေကနေ သူအခကြေးငွေ ဘယ်လောက်များ
ရနိုင်ပါသလဲ?တီဗွီအစီအစဉ်တွေ၊ photo shoot တွေ၊seminar တွေကနေ ဘယ်လောက်များ ရနိုင်ပါသလဲ?
ဒါဆိုရင် ကမ္ဘာ့ကာယဗလ ချန်ပီယံဖြစ်ခြင်းကြောင့် သူနည်းပြလုပ်စားရင်ရော ၀င်ငွေကောင်းနိုင်ပါ့မလား?
သူ့ မှာတပည့်ကျော်တွေ မှိုလိုပေါက်နေနိုင်ပါ့မလား?လက်ရှိ ဖီလ်းဟိသ် ထံမှာနည်းနာ ခံယူလေ့ကျင့်နေတဲ့
တပည့်တွေ ရှိတယ်လို့ ကြားမိပါသလား?ဒါဆို သူ့ ရဲ့ fitness နယ်ပယ်မှာ celebrity ဖြစ်ခြင်းက၊fitness နယ်ပယ်မှာသူ့ စီးပွားရေး အောင်မြင်မှုနဲ့ တိုက်ရိုက်အချိုးမကျနိုင်ဘူးဆိုတာလက်ခံပါသလား?သူ့ ရဲ့ ကာယဗ
လစင်မြင့်ထက်က အောင်မြင်မှုက ချိုမြိန် ခမ်းနားလွန်းလှပါတယ်။ အားကျစရာ ကောင်းလွန်းလှပါတယ်။ဒါပေမဲ့
အောင်မြင်မှု ခွဲခြားမြင်တတ်ပါစေ။
ဒါဆို fitness success အကြောင်းလေး ဆက်လက်ဆွေးနွေး ကြပါဦးစို့ ။ကျွန်တော့်အမြင် ကမ္ဘာတစ်ဝှမ်းမှ
fitness နယ်ပယ်မှာ စီးပွားရေးအရ အောင်မြင်တဲ့ နည်းပြ အတော်များများဟာ သူ့ တို့ တစ်ဦးချင်းစီရဲ့ 
ပါဆင်နယ် အောင်မြင်မှု ဆိုတာထက် သူတို့ တပည့်တွေရဲ့  အောင်မြင်မှု ကိုပဲအလေးထားတာ ကိုတွေ့ ရ
ပါတယ်။သူတို့ တပည့်တွေရဲ့ အောင်မြင်မှု ဆိုတဲ့ နေရာမှာ ကာယဗလ ချန်ပီယံဖြစ်အောင် လုပ်ပေးတာကို
ပြောတာမဟုတ် ဘူးနော်။fitness နယ်ပယ်မှာ အောင်မြင်မှု ဆိုတိုင်းချန်ပီယံ ကိုဆိုလိုတာမဟုတ်ဘူးနော်။
အောင်မြင်မှု ဆိုတဲ့စကားလုံးက အဲဒီလောက် ဘောင်မကျဉ်းဘူးဗျ။
Fitness နယ်ပယ်မှာ အောင်မြင်တဲ့ နည်းပြတွေဟာ
-သူတို့ တပည့် တစ်ယောက်ခြင်းစီရဲ့ လိုအပ်ချက်တွေနဲ့ သူတို့ ရဲ့ လိုအင်ဆန္ဒတွေ အပေါ်မှာပဲ အာရုံစိုက်တတ်ကြပြီး
-သူတို့ တပည့်တွေရဲ့ လိုအပ်ချက်တွေကို အပြောမဟုတ်ဘဲ အကောင်းဆုံး ဖြည့်စွမ်းပေးနိုင်ကြတယ်။
ဒါကြောင့်မို့ လည်း သူတိုဟာ အောင်မြင်ကျော်ကြားမှု အနောက်ကို တကူးတက မလိုက်ပါပဲ သူတို့ ဟာ
ကျော်ကြားလာတတ် ကြပါတယ်။စေတနာ ကောင်းလို့ ကံကောင်းတဲ့ သဘောပါ။
Fitness ပြိုင်ပွဲတွေမှာ အောင်မြင်ခြင်း၊အင်တာနက် တီဗွီ စာစောင်တွေ အင်တာဗျူးတွေမှာ ပါခြင်းဟာ
ခမ်းနားကြီးကျယ်ပါတယ်။ ဒါပေမဲ့ အဲဒါတွေဟာ စီးပွားရေး အခွင့်အလမ်း မဟုတ်ကြပါဘူး။အဲဒါတွေက သင့်ကိုကစားသမား တပည့်တွေ ပိုရအောင် မစွမ်းဆောင်နိုင်သလို သင့်ရဲ့ နည်းပြစွမ်းရည် ကိုလည်းပိုမိုတိုးတက်စေနိုင်မှာ မဟုတ်တဲ့အတွက် သိပ်အပန်းတကြီး ကြိုးစားရှာဖွေ မျှော်လင့်စရာ မလိုဘူးထင်ပါတယ်။
Fitness famous ဆိုတာ မိမိတကိုယ်တည်း ပါဆင်နယ် အောင်မြင်လိုသူတွေ အတွက်ဖြစ်ပြီး
Fitness success ဆိုတာကတော့ ကစားသမား တပည့်ပေါင်းများစွာကို မွေးထုတ်ပေးနိုင်ပြီး စီးပွားရေး
အရ အဆင်ပြေ အောင်မြင်လိုသူတွေ အတွက်ဖြစ်ပါတယ်။
ကဲညီအကိုတို့ ၊ဘယ်လိုင်းရွေးမလဲ?စိတ်ကြိုက်ရွေးချယ်ပါ။famous လိုချင်ရင် ကာယဗလမောင်လုပ်
ချန်ပီယံဖြစ်အောင် ကြိုးစား လက်ခုပ်သံတွေကြားပျော်မွေ့ နိုင်ပါစေပေါ့။
Success လိုချင်ရင်၊တော့ပိုရှုပ်ထွေးမယ်ဗျ။ ဒီနိုင်ငံလို အမြင်မကျယ်သူတွေ ကြားမှာ အတော်လေး စိတ်ရှည်လက်ရှည်ကြိုးစားရမယ်ဗျ။ဘယ်သူကမှ ဘယ်သူ့ ကိုမှ ပုတ်ခတ်စရာ မလိုဘူးလေ။အဆုံးသတ်မှာ အဖြေထွက်ကြမှာပါပဲ။လျာနဲ့ သွား လိုပဲ ကိုယ့်လမ်းကိုယ်သွား ကြတာပေါ့။ အခန့် မသင့်လို တခါတလေ အမြင်မတူတာလေးတွေ ရှိယင်တောင် ကိုယ့်စကားကိုယ်တာဝန်ယူစတမ်း လူကြီးလူကောင်းဆန်ဆန် ရှင်းကြရင် ပြီးတာပဲလေဗျာ။နောက်ဆောင်းပါး တွေမှာ success trainer တစ်ယောက် အတွက်လိုအပ်ချက် Tips လေးတွေကိုထပ်မံတင်ပြပေးပါဦးမည်။
ကျွန်တော်ရွေးချယ်တဲ့ လမ်းက success လမ်း။ကျွန်တော့်အရင် မြန်မာပြည်မှာ ဘယ်သူမှ မလျောက်ဖူးတဲ့လမ်းအခုမှ စလျောက်တော့ ခရောင်းလမ်းချည်းပဲပေါ့။ကျွန်တော်က success တောင်မှ ရိုးရိုး success မဟုတ်ဘူး။Trainer တောင်မှ ရိုးရိုး Trainer မဟုတ်ဘူး။Trainer of the Trainers ဖြစ်အောင်လုပ်ချင်သူ။အဲဒီတော့ ကျွန်တော်က သူများထက် ပိုမာကျောတယ် ပိုရိုးသားတယ် ပိုပြတ်သားတယ်လို့ ကိုယ့်ကိုကိုယ်ခံယူထားတယ်။ဒါကြောင့် ဒီနေ့ ကစပြီး တစ်ဦးချင်း အောင်မြင်မှုဆိုတဲ့ နယ်ပယ်လေးထက် အများအတွက်အောင်မြင်မှုနယ်ပယ်မှာ လျောက်လှမ်းလိုသူတွေ အတွက်ပိုအလုပ်လုပ်မယ်။နောက်ကိုလည်း Tips တွေကောင်းနိုးရာရာတွေ ထပ်တင်မယ်။ဘယ်သူတားတား ဘယ်သူတိုက်တိုက်ပေါ့။
ကျွန်တော် နိုင်ဦး-၁၁၉ ဒီပေ့ခ်ျ၊ ဒီGroup, ဒီtimeline ကနေ ပြောမယ်။သေချာ ဖတ်ပေးပါ။ကျွန်တော်ဟာ
မြန်မာ့fitness နယ်ပယ်မှာ အအောင်မြင်ဆုံးသူ ဖြစ်ချင်တယ်။ဖြစ်အောင်လည်း လုပ်မယ်။လုပ်ခဲ့တာလည်း
ရှစ်နှစ်ရှိပြီ။ အတိုင်းတာ တခုအထိ အောင်မြင်တယ်လို့  လည်းခံစားမိတယ်။မနှိုင်းကောင်းသော်လည်း နားလည်အောင်နှိုင်းဦးမယ်ဗျာ။ ကွယ်လွန်သူ ဆရာကြီး ဦးတင်မောင်ဆွေ နောက်ပိုင်း မြန်မာ့ကာယဗလ နယ်ပယ်မှာကာယဗလ စာအုပ် ဆောင်းပါးတွေကို ကျွန်တော့်လောက် ဘယ်သူရေးခဲ့သလဲ?ဖြေပေးပါ။ ကျွန်တော်က ပါးစပ်နဲ့ မဟုတ် လက်တွေ့ အလုပ်လုပ်ကြောင်း ပြောချင်တာပါ။နောက်တစ်ချက်က ကျွန်တော်ဟာ တစ်သီးပုဂ္ဂလ ဘယ်သူ့ မျက်နှာမှ မကြည့်ဘဲ ကိုယ်ထင်တာကို လွတ်လပ်စွာ လုပ်ချင်တဲ့သူပါ။ဒါကြောင့် ဘယ်အဖွဲ့ အစည်းကိုမှ ၀င်မှာမဟုတ်သလို ဘယ်နေရာမှလည်း စိတ်တောင်မကူးဖူးပါဘူး။ကိုယ့်ထမင်းကိုယ်စား ကိုယ့်လမ်းကိုယ်
လျောက် ကိုယ့်အလုပ် ကိုယ်လုပ်နေသူပါ။နောက်ပြီး ဘယ်ဂျင်ပိုင်ရှင်နဲ့ ဘယ်နည်းပြကိုမှ မတိုက်ပေးသလို
အဲလောက် သေးသေးမွှားမွှား အလုပ်လေးတွေကို ကျွန်တော့်ဦးနှောက်ထဲ အလုပ်ပေးလေ့မရှိပါဘူး။
အဲဒီလောက် ရှင်းလင်းပြတ်သားစွာ ပြောပြီးတာတောင် ထပ်ပြီး ကျွန်တော့်ကိုဖြစ်စေ muscle professor
Admin တွေကိုဖြစ်စေ ထိပါးလာ မယ်ဆိုရင်တော့ ----ဟဲ ဟဲ
ပွင့်ပွင့်လင်းလင်း ပြောရယင် ကျွန်တော်ဟာ ခွေးကိုဖက်မကိုက်ပါဘူး။လမ်းဖယ်ပေးလိုက်မှာပါ။
ဒါပေမဲ့ အရမ်းလွန်လာရင် အဲခွေးနှုတ်သီးကိုလည်း ရိုက်ချိုးတတ်ပါတယ်လို့ ပြောချင်ပါတယ်။
မကြာခင် ဆောင်းပါးကောင်းလေးတွေနဲ့ Tips လေးတွေကို ကျွန်တော်တို့  ဆက်လက်တင်ဆက် သွားပါဦးမည်။
မြန်မာ့ fitness အဆင့်အတန်း မြင့်မားရေး အတွက် ဆက်လက်ချီတက်နေဦးမည့်-
နိုင်ဦး-၁၁၉
လက်မောင်းနောက်သားအတွက် ဂျေကတ်တလာ၏အကြံပေးချက်
ကာယဗလလေ့ကျင့်သူတစ်ယောက်အတွက်ကြွက်သားတစ်ခုတည်းကိုသီးသန့်ရွေးချယ်လေ့ကျင့်မယ်ဆိုရင်တော့ဘက်စုံကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်လာမှာမဟုတ်ပါဘူး။Bodybuilding ဆိုသည့်အတိုင်းခန္ဓာကိုယ်ကိုအနုစိတ်ပုံဖော်နိုင်မှကြည့်ကောင်းသည့်ဘော်ဒီတစ်ခုကိုပိုင်ဆိုင်နိုင်မှာပါ။လက်
မောင်းအားသန်၍လက်မောင်းချည်းပဲဖိကစားနေရင်တော့သင့်အတွက်က်လိုက်လေဝေးလေနဲ့လိုအပ်ချက်တွေကပြည့်မယ်မထင်ပေ။ထိုအတူပင်ကျွန်တော်တို့သည်လက်မောင်းရှေ့သားနှင့်နောက်သားလေ့ကျင့်မှုတွင်အများစုသည်လက်မောင်းရှေ့သားကိုသာအာရုံစိုက်ကစားတတ်ကြသည်။လက်မောင်းရှေ့သားမို့မောက်လုံးဝန်းနေပြီးလက်မောင်းနောက်သားအားနည်းနေရင်သင့်အတွက် Side Triceps မှာအခက်တွေ့နိုင်ပါပြီ။နောက်သားဆိုတာလက်မောင်းအပေါ်ပိုင်းထုရဲ့၃ပုံ၂ပုံကိုနေရာယူထားပါတယ်
Tricepsဆိုတဲအတိုင်းလက်မောင်းနောက်သားမှာကြွက်သား၃မျိုး inner -medial- outer ဆိုပြီးပါဝင်ပါတယ်။တစ်ချို့ကလည်းပြောကြတယ်လက်မောင်းနောက်သားသည်
အခြားလေ့ကျင့်ခန်းများတွင်အကူသဘောမျိုးပါဝင်နေသဖြင့်သိပ်မကစားသင့်ဟုဆိုကြသည်။မှန်သင့်သ
လောက်မှန်သော်လည်းလက်မောင်းနောက်သားကိုရှေ့သားထက်ပိုမကစားရင်တောင်တန်းတူတော့ကစား
သင့်သည်။
မောင်အိုလံပီယာတွေရဲ့လက်မောင်းနောက်သားလေ့ကျင့်မှုတွေကိုတင်ပြရင်တစ်ယောက်နဲ့တစ်ယောက်မ
တူညီတဲ့အယူအဆတွေလေ့ကျင့်ခန်းတွဖက်ပုံတွေကြောင့်ကျွန်တော်တို့အတွက်ဘာကိုအကောင်းဆုံးဆို
တာဒွိဟဖြစ်သွားနိုင်သည်။ယခုဆောင်းပါးမှာတော့ ၄ထပ်ကွမ်းချန်ပီယံ ဂျေကတ်တလာရဲ့ လက်မောင်းနောက်သားအကြံပေးချက်တစ်ချို့ကိုတင်ပြပေးလိုက်ပါတယ်။
၁။ကျွန်တော့်အတွက်တော့လက်မောင်းနောက်သားကဗီဇပါရမီမပါလာခဲ့ပါဘူး။ကျွန်တော့်ကိုယ်ခန္ဓာတည်
ဆောက်ပုံပေါ်မူတည်ပြီးလေ့လာလေ့ကျင့်ခဲ့ရပါတယ်။အကောင်းဆုံးကိုပြောရရင်လေ့ကျင့်ချိန်တိုင်းမှာ
စိတ်နဲ့ကြွက်သားကိုဆက်နွယ်ပြီးပုံဖော်ပါ။စိတ်စွမ်းအားပြည့်ဝပြီးမှန်ကန်သောနည်းစနစ်ပေါင်းစပ်ထားရင်
သင်လိုချင်တဲ့ကြွက်သားကိုပိုင်ဆိုင်နိုင်မှာပါ။
၂။ကျွန်တော်လက်မောင်းနောက်သားလေ့ကျင့်ချိန်မှာမပါမဖြစ်ကတော့ကေဘယ်လ်ကြိုးနဲ့လေ့ကျင့်ခြင်းပါအဆိုပါကေဘယ်လ်ကြိုးနဲ့လက်မောင်းနောက်သားလေ့ကျင့်ခြင်းကလက်မောင်းနောက်သားအရွယ်အစားနှင့်ပုံ
သဏန်အတွက်အလွန်ထိရောက်တဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်ခန္ဓာကိုယ်ပုံစံတကျနှင့်သင့်ရဲ့စိတ်ကိုကြွက်သား
ဆီခေါ်ဆောင်နိုင်တဲ့လေ့ကျင့်ခန်းတစ်ခုပါ။ဥပမာ--cable press down
၃။parallel bar dip လေ့ကျင့်ခန်းကိုကျွန်တော့်လက်မောင်းနောက်သားထုတင်သောအဓိကလေ့ကျင့်ခန်းအဖြစ်လေ့ကျင့်ပါတယ်။
တစ်ချို့ကရင်အုပ်ကြွက်သားကွဲပြားပေါ်လွင်ဖို့လေ့ကျင့်ပါတယ်(လေ့ကျင့်မှုတွင်ကိုယ်အနေအထားကွာပါတယ်
)ကျွန်တော်ကတော့parallel barကိုလက်မောင်းနောက်အတွက်ပိုကြိုက်ပါတယ်။ဒါကတော့တစ်ယောက်နှင့်တစ်ယောက်အမြင်
ချင်းမတူညီကြပါဘူး။parallel bar လေ့ကျင့်ခန်းကတော့ကျွန်တော့်လက်မောင်းနောက်သားအတွက်အကျိုးပြုလေ့ကျင့်ခန်းတစ်ခုပါ။ကိုယ်အ
လေးချိန်ပေါ့နေသေးလျင်ခါးမှာအလေးချိတ်ပြီးကစားနိုင်ပါတယ်။
၎။လက်တစ်ဖက်ချင်းဒမ်ဘယ်လ်နောက်သားဆန့်ကိုကျွန်တော့်လက်မောင်းရဲ့အလယ်ကြွက်သားရှည်ကို
ထိရောက်ဖို့ကစားပါတယ်။ထုတက်စေခြင်းထက်ကွဲပြားပေါ်လွင်မှုအတွက်လေ့ကျင့်ရတဲ့နောက်သားလေ့ကျင့်
ခန်းမှာတစ်ခုအပါအဝင်ပါ။လက်မောင်းနောက်သားထဲသွေးလည်ပတ်မှုကောင်းစေတဲ့လေ့ကျင့်ခန်းတစ်ခုလည်းဖြစ်ပါတယ်။လက်နှစ်ဖက်စုံကိုင်ပြီးနောက်သားဆန့်ခြင်းလည်းရှိသလိုကေဘယ်လ်ကြိုးနဲ့လည်းခေါင်းပေါ်နောက်သားဆန့်ကိုလေ့ကျင့်နိုင်ပါတယ်။အဓိကသတိထားရမှာကတံတောင်တွေကားမသွားဖို့နှင့်နောက်သားကြွက်သားအပေါ်မှာစိတ်အာရုံစည်းပြီးညှစ်ကစားနိုင်ဖို့ကသော့ချက်တစ်ခုပါ။
၅။လက်မောင်းနောက်သားကိုမည့်သည့်ကြွက်သားနှင့်တွဲဖက်ကစားရမလဲဆိုတာတော့ပုံသေကားချပ်ပြော
မရပါဘူး။မိမိရဲ့လေ့ကျင့်မှုအစီအစဉ်ပေါ်မှာမူတည်နေပါတယ်။တစ်ချို့ကအတွန်းလေ့ကျင့်ခန်းတွေမှာ
လက်မောင်းနောက်သားတွဲကစားတယ်။တစ်ချို့ကအောက်ပိုင်းရက်မှာတွဲကစားတယ် တစ်ချို့တစ်ရက်တည်းသီးသန့်ပေးပြီးလက်မောင်းရှေ့နောက်တွဲကစားတယ်။ကြွက်သားအကြီးတွေကိုလေ့
ကျင့်ပြီးမှလက်မောင်းနောက်သားကိုလေ့ကျင့်ခြင်းကတော့အကောင်းဆုံးပါ။
၅။လက်မောင်းနောက်ရဲ့အတွင်းကြွက်သားထုတက်ဖို့နောက်ထပ်လေ့ကျင့်ခန်းတစ်ခုကEZ bar ဖြင့်လေ့ကျင့်ခြင်းပါ။အပေါ်ဆုံးအရောက်တွင်တံတောင်ကိုဆန့်လိုက်ခြင်းကလက်မောင်းနောက်ကြွက်
သားကိုတင်းအားလျော့ပြီးထိရောက်မှုနည်းကာအဆစ်ကိုဒဏ်ဖြစ်စေတယ်လို့ကျွန်တော်ထင်တယ်။EZ barဖြင့်ပက်လက်အိပ်နောက်သားဆန့်ကစားရင်တော့သင့်အနေနဲ့ကစားဖော်တစ်ယောက်ကိုအနားမှာ
ထားခြင်းကအကောင်းဆုံးပါ။ဒီကစားနည်းကအခန့်မသင့်ရင်သင့်နဖူးကိုကွဲစေနိုင်ပြီးနည်းလမ်းတကျကစား
တတ်ဖို့အရမ်းအရေးကြီးပါတယ်။
၆။လက်မောင်းနောက်သားကိုအကြိမ်အကျော့အများကြီးဖြင့်ဒဏ်မဖြစ်ပါစေနှင့်။လက်မောင်းနောက်သားတွေဟာအခြားလေ့ကျင့်ခန်းတွေမှာအကူသဘောနဲ့ပါဝင်ပတ်သက်ပြီးသားဖြစ်ပါတယ်။သေးငယ်တဲ့ကြွက်သား
ဆိုပြီးအမှုမဲ့အမှတ်မဲ့သဘောထားကာပေါ့ပေါ့တန်တန်ဖြင့်လေ့ကျင့်မှုတွင်ပစ်ပယ်ထားလို့မရသလိုမတရား
လေ့ကျင့်ပြီးလည်းမခိုင်းစေသင့်ပေ။နောက်သားလေ့ကျင့်သူအများစုရဲ့အဓိကမှားတတ်တာကအလေးတွေ
အများကြီးနဲ့အကြိမ်အကျော့အများကြီးကစားခြင်းကိုသတိထားဖို့ပါ။ကာယဗလမှာအလေးအများကြီးက
စားဖို့ထက်မိမိကြွက်သားကိုထိရောက်တဲ့လှုံဆော်မှုနဲ့ပြည့်ဝတဲ့ညှစ်အားနည်းစနစ်တကျနဲ့လေ့ကျင့်နိုင်ခြင်း
ကိုကြိုးစားပါ။
နောက်ဆုံးအနေနဲ့ မောင်အိုလံပီယာပြိုင်ပွဲဝင်ဟောင်း ကီဗင်လက်ဗရွန်း၏
အကြံပေးချက်လေးကိုအပိုဆောင်းအနေနဲ့ ရေးသားပေးလိုက်ပါတယ်။
လက်မောင်းနောက်သားနှင့် ပတ်သက်လာလျှင် ကာယဗလတွင် ကီဗင်လက်ဗရွန်းလောက် ပိုမကောင်းနိုင်ကြပါ။ တကယ်တော့ လက်ဗရွန်းကို တခြားအစိတ်အပိုင်းများမှတဆင့် အနိုင်ယူသွားခဲ့သည်များရှိ၏။ သို့သော် သူ့လက်မောင်းနောက်သားများသည် အထူးတလည်ပင် အထင်ကြီးစရာကောင်းနေသည်။ သူ့လက်မောင်းများ၏ လုံးဝန်းသော သဏ္ဌာန်ဖြစ်ပေါ်စေပြီး သူ့most muscular ပို့စ်သည်လည်း အထူးခြားဆုံး ပြကွက်တစ်ခုဖြစ်သည်။၁၉၉၂ခုနှစ်တွင် လက်ဗရွန်းသည် ပွဲနှစ်ပွဲတည်းဖြင့် အကြီးကျယ်ဆုံး ကာယဗလမောင် စာရင်းဝင်သွားနိုင်ခဲ့သည်။ ဒုတိယနှစ်ခါရခဲ့သည်(သူ ပထမဆုံး စပြိုင်သည့် မောင်အိုလံပီယာတွင် ဒုတိယရခဲ့သည်)။ နောက်ပြီးမှသာ တတိယတစ်ခါရသည်။ကီဗင်လက်ဗရွန်းပြောသည်မှာ “လက်မောင်းနောက်သားက ကြွက်သားအားလုံးကို ထိဖို့ ကျွန်တော် ကစားနည်းမျိုးစုံ ကစားသည်။ ကျွန်တော်ကစားခဲ့တဲ့ အရာအားလုံးတိုင်း စာအုပ်တွေထဲ မပါနိုင်ပါ။ ကျွန်တော့် လေ့ကျင့်စဉ်အများစုသည် ခံစားမှုနှင့် ပင်ကိုသိစိတ်ပေါ်မှာ အခြေခံထားပါသည်။” ဟူ၍ ကျွန်တော်တို့ကို ထိထိရောက် အကြံပေးခဲ့သည်။
တင်ဆက်သူ။ ။အောင်အောင်(လှိုင်)
လေ့ကျင့်ခန်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ
ယနေ့အချိန်အခါသည်နည်းပညာများအံ့မခန်းတိုးတက်လာသည်မှာကျွန်တော်တို့ အသိပင်ဖြစ်သည်။တိုးတက်လာသောနည်းပညာဧ။်အရသာပေါ်တွင်မက်မောတမ်းတစွာခံစားရင်း ကျွှန်တော်တို့သည်နည်းပညာများဧ။်သားကောင်များဖြစ်ပြီးထိုနည်းပညာများနှင့်သာပျော်မွေ့နေရင်း
ကျွန်တော်တို့ဧ။်ကျန်းမာရေးကိုလျစ်လျူရှု၍အနေအထိုင်အစားအသောက်များ ပျက်ယွင်းလာကြသည်။စက်မှုပညာနှင့်နည်းပညာတို့ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့်မော်တော်ကားများ၊ ကွန်ပျူတာများ၊ရုပ်မြင်သံကြား၊အထိုင်များပြားသောဘ၀နေမှုပုံစံတစ်ခုနှင့်အလုပ်အပေါ် လျော့ပါးသောခွန်
အားစိုက်ထုတ်မှုတို့ဖြစ်ပေါ်လာကြသည်။ယနေ့ခေတ်အခါတွင်ယင်းတို့အားလုံးသည် ကျွန်ုပ်တို့ကို လှုပ်ရှားမှုနည်းပါးအောင် ပြုလုပ်ပေးကြ သည်။
The American Journal of Public Health တွင်ဖော်ပြ အစီရင်ခံခဲ့သည့်များမကြာမီက လေ့လာမှုတစ်ခုတွင်နိုင်ငံအများစုတွင်လူများရယူနေကြသည့်ကိုယ်အေ
လးချိန်ပမာဏသည် ပျမ်းမျှအပိုဆောင်းထားသည့် ၁၀၀ ကယ်လို ရီ နေ့စဉ် ရယူခြင်းနှင့် ညီမျှနေသည်ဟု တွေ့ရှိခဲ့သည်။တစ်စုံတစ်ဦးသည်ခပ်သွက်သွက်လမ်းလျှောက်ခြင်းကိုနေ့စဉ်မိနစ်၃၀အ
ချိန်ပေး၍မပြုလုပ်ခဲ့ပါလျှင်(အကယ်၍သင်သည်အနှေးလမ်းလျှောက်ခဲ့မည်ဆိုပါလျှင်မိနစ်၆၀)စားသုံးသည့် အပိုပမာဏသည်တဖြည်းဖြည်းနှင့်စုဝေးလာပြီးအပိုခန္ဓာကိုယ်အဆီမလွဲမသွေ ဖြစ်လာပေလိမ့်မည်။အမှန်အ
တိုင်းပြောရမည်ဆိုလျှင်ကျွန်ုပ်လူအများစုသည်လေ့ကျင့်ခန်းကိုမပြုလုပ်ကြပါ။ ထိုထက်ပို၍ဆိုးရွားသည်မှာအခြားတစ်ဖက်တွင်ကျွန်ုပ်တို့သည်အဆီအများပြားစွာပါရှိသည့်အစားအစာများကို
စားသုံးကြလေ့ ရှိခြင်းဖြစ်သည်။ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းသည်ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်ပျက်ပြားစေနိုင်သည်။ ဥပမာပေးရလျှင်အမေရိကန်ပြည်ထောင်စုတွင်ကျန်းမာရေးနှင့်မညီညွတ်သည့်နေ့စဉ်အစားအစာနှင့်လေ့
ကျင့်ခန်းမပြုလုပ်ခြင်းတို့သည်လူဦးရေ ၄၀၀၀,၀၀၀ကို နှစ်စဉ်သေကြေစေကြသည်။
အကယ်၍သင်သည်နိုးကြားဖျတ်လတ်စွာလှုပ်ရှားသွားလာနေလေ့ရှိသည်ဆိုပါလျှင် သင်သည်သင်၏ကျန်းမာရေးကိုမြှင့်တင်နိုင်ပြီးနှလုံးရောဂါ၊ဆီးချိုရောဂါ၊သွေးတိုးရောဂါနှင့် အူမကြီးကင်ဆာတို့ ဖြစ်ပွားမည့် သင်၏ အန္တရာယ်ကိုလျာ့ပါးစေနိုင်သည်။နေ့စဉ်ပုံမှန်ပြုလုပ်သည့်ကိုယ်လက်လှုပ်ရှားမှုသည်ခန္ဓာကိုယ်အဆီကိုလျော့
နည်းစေသည်။ ကောင်းမွန်သောကျန်းမာရေးအတွက်ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းကိုလည်းအထောက်အ
ကူပေးသည်။ထိုမျှသာမကကိုယ်လက်လှုပ်ရှားမှုသည်ကိုယ်အလေးချိန်လျော့ရန်မည်သည့် ကြိုးစားအားထုတ်မှုအတွက်မဆိုအဓိကကျသောအစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။လေ့ကျင့်ခန်း၏အ
ကျိုးကျေးဇူးအချို့ကိုစဉ်းစားဆင်ခြင်ပါ။
အမျိုးသမီးများတွင်အပန်းဖြေရေးနှင့်သက်ဆိုင်သောလေ့ကျင့်ခန်းသည်သည်းခြေအိတ်ကျောက်တည်ရောဂါကြောင့်သည်းခြေအိတ်ခွဲစိတ်မှု လိုအပ်သည့်အန္တရာယ်ကိုသိသာထင်ရှားစွာလျော့ပါးစေသည်။အမျိုးသမီးဦးရေ60.000 ကျော်၏လေ့လာမှုတစ်ခုတွင်တစ်ပတ်လျှင်ပျှမ်းမျှ၂-၃နာရီအချိန်ပေး၍အပန်းဖြေရေးနှင့်သက်ဆိုင်သောလေ့ကျင့်ခန်း(ဥပမာ-စက်ဘီးစီးခြင်း၊ရွရွပြေးခြင်းနှင့်ရေကူးခြင်းစသဖြင့်)ပြုလုပ်ခြင်းသည်သည်းခြေအိတ်ခွဲစိတ်ကုသမှုခံယူရမည့်
အန္တရာယ်ကို၂၀ရာခိုင်နှုန်းခန့်လျော့နည်းစေသည်ကို တွေ့ရှိခဲ့သည်။မကြာမြင့်သေးမီကသုတေသနတစ်ခု
ကပြသခဲ့သည်မှာသီတင်းပတ်တစ်ပတ်လျှင်သုံးနာရီမျှသာ အချိန်ပေး၍လေ့ကျင့်ခန်းပြုလုပ်ခြင်းသည်လက်ပ်တင်(Leptin)ပမာဏများကိုကိုယ်အလေးချိန် ပိုမိုများပြားသူများနှင့်ပုံမှန်ကိုယ်အလေးချိန်ရှိသူများနှစ်မျိုးစလုံးတွင်၁၀ရာခိုင်နှုန်းခန့် လျော့နည်းစေသည်
ဆိုခြင်းဖြစ်သည်။
(အဆီဆဲလ်များကထုတ်လုပ်ပေးသည့်ဟောမုန်းဓာတ်တစ်မျိုးဖြစ်သောလက်ပ်တင်သည် ကိုယ်အလေးချိန်တက်ခြင်းတွင်ပါဝင်ပတ်သတ်နေသည်။ကျွန်ုပ်တို့၏ခန္ဓာကိုယ်သည် ပိုမိုများပြားသောလက်ပ်တင်ကိုပြုလုပ်ပေးသည်။)လူတစ်ဦးသည်မည်မျှအဆီတက်၍ ဆူဖြိုးနေသည်ဆိုခြင်းနှင့်မသက်ဆိုင်ဘဲလေ့ကျင့်ခန်းသည်လက်ပ်တင်၏ပမာဏများကိုလျော့ချပေးနိုင်သည်။
(သတိပြုသင့်သည့်အကြောင်းအချက်)။ ။လက်ပ်တင်ပမာဏများကို ပုံမှန်ဖြစ်သောအတိုင်းအတာတစ်ခုတွင်ထိန်းသိမ်းထားရပါလိမ့်မည်။လက်ပ်တင်၏နည်းပါးသော ပမာဏများသည်အစာစားသုံးလိုသည့်ဆန္ဒကိုဖိနှိပ်ပေးကြသည်။သို့ရာတွင်လက်ပ်တင်၏များပြားသောပမာ
ဏများသည်တစ်သျှူးများကယင်းဟော်မုန်းဓာတ်နှင့်ထိသိမှုလျော့နည်းလာကြခြင်းနှင့် ဆက်စပ်နေကြပြီးအစားအစာအာသာငမ်းငမ်းရှိခြင်းကိုဖြစ်ပေါ်စေကာပိုမိုများပြားသောကိုယ်အ
လေးချိန်တိုးမှုကို ဖြစ်စေနိုင်ပြန်သည်။
· လေ့ကျင့်ခန်းသည်အဆီကင်းလွတ်သည့်ကြွက်သားနှင့်အရိုးသန်စွမ်းကြံ့ခိုင်မှုတို့ကို မြှင့်တင်ပေးသည်။ လေ့ကျင့်ခန်းသည်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုမြှင့်တင်ပေးသည်။ စိတ်ကျရောဂါဖြစ်ပွားမည့်အန္တာရယ် ကိုလည်းလျော့ပါးစေသည်။ လေ့ကျင့်ခန်းသည်သင်၏ခန္ဓာကိုယ်မှအဆိပ်အတောက်များဖယ်ရှားခြင်းကို အထောက်အကူပေးသည်။အ၀လွန်ရောဂါ၏ဘေးဥပဒ်ဖြစ်စေသောသက်ရောက်မှုများအားကာကွယ်ရန်နှင့်သင်၏ အထွေထွေကျန်းမာရေးအားမြှင့်တင်ရန်ကျန်းမာသောကိုယ်အလေးချိန်တစ်ခုကိုဘ၀တစ်လျှောက်လုံးထိန်းသိမ်းပါ။အကယ်၍သင်သည်ကိုယ်အလေးချိန်ပိုမိုများပြားသည့်လူ၊သို့မဟုတ်အ၀လွန်သည့်လူ ဖြစ်ခဲ့မည်ဆိုပါလျှင်ကိုယ်အလေးချိန်ကို လျှော့ပါ။
အောင်မြင်မှုအရှိဆုံးဖြစ်သည့်ကိုယ်အလေးချိန်လျှော့ရေးအစီအစဉ်များသည်မျှတသော ကယ်လိုရီကန့်သတ်မှု၊မျှတသောလေ့ကျင့်ခန်းနှင့်စားသုံးသည့်အလေ့အထများအားစစ်ဆေးခြင်းနှင့်ထိန်း
ညှိခြင်းတို့အပါအ၀င်အပြုအမူပိုင်းဆိုင်ရာပြောင်းလဲခြင်းတို့၏အတွဲအဖက်တစ်ခုကို အသုံးပြုသည်။ ရွှေစည်းမျဉ်းစည်းကမ်းမှာစားသုံးမှုကိုလျှော့ရန်၊လေ့ကျင့်ခန်းကိုတိုးမြှင့်ရန်နှင့်စွမ်းအင်မြင့်
မားသောအမြန်စားအစားအစာများနှင့်အမှိုက်သရိုက်အစားအစာများကိုရှောင်ကြဉ်ရန်တို့ပင်ဖြစ်သည်။အ
ချိန်ကြာလာသည်နှင့်အမျှစားသုံးသည့်ကယ်လိုရီတွင်အနည်းငယ် လျော့နည်းမှုတစ်ခုနှင့်ကိုယ်လက်လှုပ်ရှားမှုတွင်အနည်းငယ်တိုးမြှင့်မှုတစ်ခုတို့သည်ပင်လျှင် ကိုယ်အလေးချိန်တက်ခြင်းကိုကာကွယ်ပေးနိုင်ကြသည်။သို့မဟုတ်ပါလျှင်လည်းကိုယ်အလေးချိန်လျှော့ခြင်းကို အဆင်ပြေချောမွေ့စေနိုင်ကြသည်။
မည်သို့ဆိုစေကာမူကျန်းမာသော၊တဖြည်းဖြည်းဖြစ်ထွန်းပေါ်ပေါက်သော၊မဆုတ်မနစ်ဖြစ်သောနည်းလမ်းတစ်ခုတွင်ကိုယ်အလေးချိန်စီမံခန့်ခွဲရန်သို့တည်းမဟုတ်လျှော့ရန်ဖြစ်သည်ဆိုခြင်းမှာ အရေးကြီးလှသည်။အောက်ပါလမ်းညွှန်ချက်သည် သင့်ကို အထောက်အကူ ပြုပါလိမ့်မည်။
ပုံမှန်ပြုလုပ်သော ကိုယ်လက်လှုပ်ရှားမှု ကိုယ်အလေးချိန်ကိုလျှော့ရန်အခြေခံကျသောနည်းလမ်းတစ်ခုမှာစားသုံးသည်ထက် ပိုမိုများပြားသောစွမ်းအင်ကိုသုံးစွဲရန်ပင်ဖြစ်သည်။ထို့ကြောင့်အ၀လွန်ရောဂါအတွက်မည်သည့်စီမံ
ခန့်ခွဲမှုအစီအစဉ်တွင်မဆိုကောင်းမွန်စွာစီစဉ်ထားသည့်လေ့ကျင့်ခန်းအစီအစဉ်တစ်ခုပါရှိရမည်ဖြစ်ပြီးယင်း
ကိုနေ့စဉ်အစားအစာဆိုင်ရာပြောင်းလဲမှုများနှင့်တွဲဖက်ပေးရမည် ဖြစ်သည်။ဘရစ်စ်တောလ်တက္ကသိုလ်မှေ
လ့ကျင့်ခန်းနှင့်ကျန်းမာရေးသိပ္ပံပညာများဌာန၏ဌာနမှူးဖြစ်သည့်ပါမောက္ခကင်န်ဖောက်ဇ်(Professor-Ken-Fox)၏အဆိုအရအကယ်၍ကိုယ်အလေးချိန်၁၂.၅စတုန်(၇၉.၄ကီလိုဂရမ်ခန့်သို့မဟုတ်၁၇၅ပေါင်)ရှိ
သည့် ကိုယ်အလေးချိန်ပိုမိုများ
ပြားသောအမျိုးသမီးတစ်ဦးသည်ခပ်သွက်သွက်လမ်းလျှောက်ခြင်းကိုတစ်ရက်မိနစ်၃၀ အချိန်ပေး၍တစ်ပတ်ငါးကြိမ်ပြုလုပ်ခဲ့မည်ဆိုပါလျှင်သူမသည်တစ်နှစ်လျှင်၁၀ ပေါင်ဝန်းကျင်ကိုလျှော့နိုင်ပါ
လိမ့်မည်။WHO-၏အကြံပြုချက်အရကျန်းမာသောခန္ဓာကိုယ်အလေးချိန်တစ်ခုကိုထိန်းသိမ်းရန် သီတင်းပတ်တစ်ပတ်၏ရက်အများစုအတွက်တစ်ရက်လျှင့်တစ်နာရီအချိန်ပေး၍ အသင့်အတင့်အားစိုက်ရသောကိုယ်လက်လှုပ်ရှားမှုကို ပြုလုပ်ပေးရမည် ဖြစ်သည်။
ယေဘုယျအားဖြင့်အခြေခံကျသောနည်းဥပဒေနှစ်ခုကိုလိုက်နာပါ။ဖြစ်နိုင်မည့် နည်းလမ်းပေါင်းများစွာတွင်အနည်းဆုံး မိနစ် ၃၀အတွက်ကိုယ်လက်လှုပ်ရှားမှုကို နေ့စဉ်ပြုလုပ်ပါ။ပိုမိုသောအကျိုးကျေးဇူးများနှင့်ကြံ့ခိုင်သန်စွမ်းမှု
တို့အတွက်ကျန်းမာသန်စွမ်း စေမည့် လေ့ကျင့်ခန်း အချို့ကို ဖြည့်စွက်ပြုလုပ်ပါ။အကယ်၍ သင်သည် လေ့ကျင့်ခန်းကိုမပြုလုပ်ခဲ့ပါလျှင်နယူးဇီလန်နိုင်ငံတွင်ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းသည်လူဦးရေ
၂၆,000ခန့်ကို သက်တမ်းမစေ့မီ နှစ်စဉ်သေဆုံးစေသည်။
(ဤသည်မှာ သေဆုံးမှုများအားလုံး၏ ရှစ်ရာခိုင်နှုန်းခန့် ဖြစ်သည်။)
· အမေရိကန်ပြည်ထောင်စုတွင်အရွယ်ရောက်သူများ၏သုံးပုံတစ်ပုံသည်အ၀လွန်နေသူများ ဖြစ်ကြပြီး
(ကမ္ဘာတွင်အမြင့်မားဆုံးနှုန်းထား)၃၁၈ကီလိုဂရမ်(ပေါင်၇၀၀ ခန့်)ကိုယ်အလေး ချိန်စီးသည့်လူများနှင့်ဝင်ဆံ့နိုင်မည့်ပုံမှန်ထက်သုံးဆပိုမိုကြီးမားသည့် လူသေခေါင်းများမှာ ယူမှုသည်ပိုမိုများပြားလာလျက်ရှိသည်။အမေရိကန်နိုင်ငံသားများ၏ထက်ဝက်ကျော်သည် ပြည့်စုံ လုံလောက်မှုမရှိသော လေ့ကျင့်ခန်းကို ပြုလုပ်ကြသည်။ လေ့ကျင့်ခန်းမပြုလုပ်ကြသည့်လူဦးရေ၏၅၇ရာ
ခိုင်နှုန်းရှိနေကြသောကနေဒါနိုင်ငံတွင် ကိုယ်အလေးချိန်ပိုမိုများပြားခြင်းနှင့်အ၀လွန်ရောဂါတို့နှင့်ဆက်စပ်၍ သေဆုံးသည့်လူပေါင်းသည်တစ်နှစ်
လျှင်၎,၀၀၀ကျော်ရှိနေသည်။ထို့ကြောင့် ကျွှန်တော်တို့သည်လေ့ကျင့်ခန်းတစ်ခုကိုမဖြစ်မနေ ပြုလုပ်သင့်သည်ဟုထင်ပါကြောင်း နည်းလမ်းပေး တင်ပြလိုက်ရပါသည်
တင်ဆက်သူ။ ။အောင်အောင်(လှိုင်)
ဒိုရီယံရိတ်စ်၏လေ့ကျင့်မှုသဘောတရားများ
ယနေ့အချိန်ထိကမ္ဘာကာယဗလနယ်ပယ်တွင်ချန်ပီယံများစွာပေါ်ထွန်းခဲ့သည်အောင်မြင်မှုဆုတံဆိပ်ကို
ဆွတ်ခူး နိုင်သည့်ချန်ပီယံများရှိသလိုအနားယူချိန်အထိထိပ်ဆုံးဆိုသည့်ဆုတံဆိပ်မဆွတ်ခူးလိုက်ရ
သည့်နာမည်ကြီးများလည်းတစ်ပုံတစ်ပင်ရှိသည်။ဥပမာပေးရလျင် ရှောင်ရေး၊ဖလှက်ဝှီးလားလ် ၊ ကယ်ဗင်လက်ဗရုန်း၊နာဆာအယ် ဆွန်ဘတ်တီလ် ၊ပေါလ်ဒီလ်လေး ၊လူဖာရစ်နိုလ် ၊မိုက်မင်ခ်ဇာ ၊အန်ဒရေးယပ်ဇ် ကားလင်း ၊နောက်ပိုင်း နာမည်ကြီးမောင်များတွင် ဒင်းနစ်ဂျိမ်းစ် ၊ဗစ်တာမာတီးနက်စ် စသည်ဖြင့်ချရေးပြလျင် ကုန်နိုင်မည့် မထင်သည့် အကောင်းဆုံးသောမောင်ဟောင်းများလည်းရှိသည်။
တစ်ဦးစီတွင် မတူညီသော နည်းစနစ် ၊ လေ့ကျင့်ပုံ ၊ခံယူချက်နှင့် စားသောက်ပုံများအနေအထိုင်အ
ကျင့်စရိုက်များသည်ကိုယ်ပိုင်ဟန်ကိုယ်ပိုင်စတိုင်နှင့် အသီးသီးရှိကြသည်။၁၉၈၇ခုနှစ်နောက်ပိုင်း
တွင်ဆုကြေးစားကာယဗလလောက၏နာမည်ကျော်မောင်များကြားတွင် ဒိုရီယန်ရိတ်စ်ဆိုသည့် လူသစ်မောင်လောင်းတစ်ယောက်သည်ပြိုင်ဘက်များကိုကျော်လွားပြီးအောင်မြင် မှုဆုတံဆိပ်များ
ကိုဆွတ်ခူးနိုင်ခဲ့သည်မှာအနားယူချိန်အထိမည်သူမျှပင်ကျော်လွားနိုင်ခြင်းမရှိခဲ့ပေ။ဆုကြေးစားကာယဗ
လလောကတွင်ဒိုရီယန်ဆိုသည့် အရိပ်မည်းကြီးကိုပြိုင်ဘက်တိုင်းကချီးမွမ်းကြသလို၊ကဲ့ရဲ့ပြစ်တင်
်မှုများကလည်းတွဲလျက်ရှိခဲ့သည်။ဘယ်သူတွေဘယ်လိုပင်ပါးစပ်မုန်တိုင်းတုက်နေပါစေအချိန်တန်လျင်ကာ
ယဗလဆုတံဆိပ်ကိုဆွတ်ခူးနိုင်သူမှာဒိုရီယန်သာလျင်ဖြစ်ကြောင်းသူ့ခေတ်သူ့အခါကပရိသတ်
များကချီးကျူးခဲ့ကြသည်။ အပြောနှင့်အလုပ်လည်းညီအောင်ကျင့်ကြံနေထိုင်ခဲ့သောဒိုရီယန်၏လေ့
ကျင့်မှုသဘောတရားများကိုလေ့လာကြည့်ပါစို့။
ကျွန်တော်ကစားတဲ့နည်းကတော့....လေ့ကျင့်ခန်းတစ်ခုအတွက်သွေးပူ(၂)ကျော့(၃)ကျော့ကစား ပြီးတာနဲ့ကျွန်တော်အတွက်အများဆုံးအကြီးဆုံးအလေးကိုဝင်လိုက်တယ်။အဲဒီလို“ဟဲဗီးဆက်” (Heavy Set) ၀င်တဲ့အခါမှာအပေါ်ပိုင်းကြွက်သားတွေအတွက်(၆)မှ(၁၀)ကြိမ်အကြား(၆-၁၀)ကြိမ်ကစားပြီးအောက် ပိုင်းအတွက်တော့(၈-၂၀)ကြိမ်ကစားပါတယ်။အောက်ပိုင်းအတွက်တော့(၈-၂၀)ကြိမ်ကစားပါတယ်
။အောက်ပိုင်းအတွက်ကျတော့အကြိမ်များများနဲ့ကစားတာအကောင်းဆုံးဖြစ်ပါတယ်။
ကျွန်တော်လေ့ကျင့်မှုကိုအပြောင်အလဲဇယားထားကစားတာကျွန်တော်သဘောကျတယ်။ဒီတစ်ချိန်မှာ(၈-၁၀)ကြိမ်ကစားရင်နောက်တစ်ချိန်ကျတော့(၁၅-၂၀)ကြိမ်ကစားပါတယ်။“သုံးကြိမ်လျှော့” (Triple Drops) နည်းနဲ့လည်းကစားတယ်။ဒီနည်းကဒမ်ဘယ်ဘားတိုနဲ့စက်နဲ့ကစားရင်ပိုအဆင်ပြေတယ်။
ယေဘူယျအားဖြင့်တော့များနိုင်သမျှအများဆုံးအလေးကိုထည့်ပြီးတိတိကျကျကြပ်ကြပ်မတ်မတ်ပုံစံနဲ့နောက်
ထပ်တစ်ကြိမ်ထပ်မတွန်းနိုင်တဲ့အထိ“အကုန်ကစားနည်း” (A set to Failure) နဲ့ကစားပါတယ် (အကြိမ်မသတ်မှတ်ပါ)အဲဒီလိုကုန်သွားတဲ့အခါမှာ....အလေးကို၁၀ရာခိုင်နှုန်းလောက်လျှော့ထပ်လျှော့ထုတ်
လိုက်ပြီး(၅)ကြိမ်ထပ်ကစားလိုက်တယ်။အလေးကိုအောက်ချပြီးအလေးလျှော့ချတဲ့အချိန်နဲ့အ
လေးပြန် ကောက်ယူတဲ့အချိန်ကြားလေးကိုပဲကျွန်တော်နားပါတယ်။“သုံးကြိမ်လျှော့ကစားနည်း”ဟာ
အကျော့အငယ် စားသုံးကျော့ကိုပေါင်းလိုက်တဲ့“အကြီးစားအကျော့ကြီးတစ်ကျော့”(One Big Sat) လို့ကျွန်တော်မြင်ပါ တယ်။ခွန်အားစိုက်လေ့ကျင့်မှုကိုမလျှော့နည်းစေအောင်အလေးလျှော့ချတုန်း
နားချိန်ကိုတော့...အချိန်နည်း နိုင်သမျှနည်းအောင်အားထုတ်ရပါမယ်။
“အကုန်ကစားတယ်” (Train to Failure) ဆိုရာမှာကျွန်တော်တော့နောက်တစ်ကြိမ်ကိုထပ်မလုပ်နိုင်တော့တဲ့အထိကြွက်သားတွေညောင်းသွား
အောင်ကစားပါတယ်။ရသလောက်အထိဆက်လုပ်ပါတယ်။ ပြောပြစရာတစ်ခုရှိပါတယ်။
နောက်ကြောသားအတွက်အလေးကို“ခါးကိုင်းဆွဲတင်” (Bent Barvell Rows) ကစားတယ်
ဆိုပါတော့။ပထမဆုံးလက်တစ်ဆန့်အပြည့်ဆွဲတင်တဲ့အကြိမ်တွေ(၀ါ)“အပြည့်” (Full Reps)ကို ရသလောက်ကစားတယ်။ကုန်သွားတဲ့အခါမှာ“တစ်ဝက်တစ်ပျက်” (Partial Reps) တွေဆက်က
စားတယ်။ ဥပမာဆိုပါစို့။အပြည့်(၆)ကြိမ်ရပြီးရင်“လေးပုံသုံးပုံဆွဲတင်”(Three-quarter Reps) (၂)ကြိမ်-ပြီးတော့“တစ် ၀က်ဆွဲတင်” (Helf Reps) (၂)ကြိမ်-ပြီးတော့“တစ်ဝက်ဆွဲတင်” (One-Quarter Reps) (၁)ကြိမ်။ပြီးတော့ ဆက်ဆွဲမတင်နိုင်တော့လို့အလေးချလိုက်ရတဲ့အထိကစားပါတယ်။
အကျော့တစ်ကျော့ကိုအကြိမ်ကုန်ကစားပြီးတဲ့အခါမှာအဖော်တစ်ယောက်ရဲ့ဖေးကူမပေးမှုအား
ကိုယူပြီး“အကြိမ်ပိုညှစ်ထုတ်ကစားနည်း” (Forced Reps) ဟာလည်းအားသွန်စိုက်မှုနှုန်းကိုတိုးစေ
ပါတယ်။ အားကုန်အောင်အကြိမ်ရသလောက်မပြီးတဲ့အခါမှာကစားဖော်တစ်ဦးရဲ့ဖေးကူထိန်းပေးမှုနဲ့
နောက်ထပ်တစ် ကြိမ်နှစ်ကြိမ်လောက်ရအောင်ညှစ်ထုတ်ကစားတာဟာကြွက်သားကိုအပြည့်အ၀အား
သုံးခိုင်းတာဖြစ်ပါတယ်ဒါပေမယ့်....ဒီလို....အကူအားနဲ့အကြိမ်ပိုညှစ်ထုတ်ကစားတဲ့နည်းကိုကျွန်တော်အရမ်း
ကာရောအသုံးမပြုဘူး။ထိန်းထိန်းသိမ်းသိမ်းလုပ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီနည်းကိုသုံးလွန်းရင်ကိုယ်ရဲ့
ခွန်အားတိုးမှုကို ဆုတ်ယုတ်စေနိုင်လို့ပါ။ဟုတ်တယ်လေ။ကိုယ်အားကိုယ်မကိုးတော့
ဘဲသူများအားနဲ့အချောင်ခိုကစားတဲ့သဘောဖြစ်သွားမှာကိုး။ပြီးတော....ဒီလို....အကူအားနဲ့ညှစ်ကစားတဲ့
နည်းဟာ....အားစိုက်ထုတ်ရလွန်းတယ်။ဒီနည်းကိုအများကြီးကစားရင်....ခဏလေးနဲ့လေ့ကျင့်မှု
လွန်ကဲခြင်း (Over training) ဖြစ်သွားစေနိုင်ပါ တယ်။ခွန်အားစိုက်ထုတ်မှုတိုးတက်စေတဲ့ခြားသဘော
တရားတစ်ခုရှိသေးတယ်ဗျ။“လက်ကိုင်ပြောင်းက စားနည်း” (Staggered Grip Technique) လို့ခေါ်
တဲ့နည်းပါ။ဒီနည်းကသိမ်မွေ့ပေမယ့်အလွန်ထိရောက်တဲ့ နည်းစနစ်ပါ။ပက်လက်အိပ်အနှေးမကိုကျွန်
တော်“လက်ကျဲအနေအထား” (Wide Grip) နဲ့စကိုင်ကစား တယ်ထားပါတော့။၅-၆ကြိမ်လောက်တွန်း
ပြီးရင်အလေးဘားကိုတန်းပေါ်မှာတင်(သို့မဟုတ်-အဖော်နှစ်ဦးကိုခဏထိန်းခိုင်းပြီး)အတွင်းပိုင်း
ကိုလေးလက်မလောက်တိုးပြီးနည်းနည်းကျဉ်းကိုင်လိုက်။အဲဒီ“အလက်စားအကျဉ်းအကျယ်အ
နေအထား” (Medium Wide Grip) နဲ့၅-၆ကြိမ်ဆက်တွန်းမယ်။အဲဒါပြီးရင်....နောက်တစ်ခါ အထဲကိုရှစ်လက်မလောက်ထပ်တိုးပြီး“လက်ကျဉ်းကျဉ်းအနေအထား” (Narrow Grip)နဲ့နောက်ဆုံး၅-၆ ကြိမ်ထပ်တွန်းလိုက်မယ်။
ဒီလိုလက်ကိုင်ပုံအနေအထားပြောင်းလဲကစားလိုက်တာနဲ့ရင်အုပ်ကြွက်သားကိုထောင့်စုံကထိ ရောက်စေ
ပါတယ်။လက်ကျဲကျဲနဲ့တွန်းရင်ရင်အုပ်အပြင်သားကိုထိတယ်။လက်ကျဉ်းကျဉ်းနဲ့ကစားလေရင် အုပ်အတွင်းသားကိုပိုမိုထိလေပဲ။လက်ပြောင်းကိုင်တဲ့အချိန်မှာစက္ကန့်ပိုင်းလေးလောက်သာနားပါ။ အားသွန်ခွန်စိုက်ကစားမှုကိုထိရောက်စေတဲ့နောက်ထပ်နည်းစနစ်တစ်ခုရှိပါသေးတယ်။“နားလိုက်ကစား
လိုက်နည်းစနစ်” (Rest-PauseTechniqueအိပ်အနှေးမလေ့ကျင့်ခန်းကိုပဲစဉ်းစားကြည့်ရ
အောင်။ အလွန်ကိုလေးတဲ့အလေးကြီးနဲ့တွန်းပြီးကစားတဲ့လို့စဉ်းစားလိုက်ပါ။ပထမ၂ကြိမ်-၃ကြိမ်တွန်း
ပြီးရင်အလေးကိုတန်းပေါ်ပြန်တင်ထားလိုက်မယ်။(တန်းမရှိရင်...မဖြစ်နိုင်ရင်...အဖော်နှစ်ဦးအကူနဲ့
တင်လိုက်ချလိုက်လုပ်ပေးရပါမယ်။)၁၀-၁၅စက္ကန့်လောက်နားပြီး၂-ကြိမ်-၃-ကြိမ်ထပ်တွန်းမယ်။
ပြီးရင်ခဏနား။၁၀-၁၅စက္ကန့် လောက်စောင့်ပြီးမှနောက်ဆုံး၂ကြိမ်-၃ကြိမ်ထပ်တွန်းမယ်။
ဒီလိုသုံးကြိမ်စလုံးတွန်းတာကိုမှ“တစ်ကျော့”လို့ပဲ မှတ်ယူရမယ်။“နားလိုက်-ကစားလိုက်နည်း”
ဟာအလွန်းလေးတဲ့အလေးကြီးတွေနဲ့ကစားလို့ရတယ်။ကြွက် သားကို“၀န်ပိုအလေး”နဲ့အလုပ်ပေးနိုင်
တယ်။ကြားနားနေတုန်းမှာ....ငါစုစုပေါင်းဘယ်နှစ်ကြိမ်ကစားမလဲဆိုတာကိုစဉ်းစားနိုင်တယ်။ဒီနည်းစ
နစ်ဟာကျွန်တော်အတွက်တော့ရင်အုပ်သားကစားရာမှာအတော်ကောင်းတယ်။နားချိန်လေးယူတဲ့သ
ဘောပါ။ကျွန်တော်ကတော့နာရီလည်းကြည့်မနားဘူး။စက္ကန့်ကိုလည်းတွက်မနားဘူးကစားပြီးတဲ့အ
ကျော့မှာဘယ်လောက်အားစိုက်လိုက်ရသလဲ၊အားကုန်သွားလဲဆိုတဲ့အပေါ်မှာအများဆုံးမူတည်ပြီးနားပါ
တယ်။ကျွန်တော့်အနေနဲ့ကြိမ်၂၀အောက်ပိုင်းပြင်းပြင်းထန်ထန်ကန်ရတဲ့အကျော့တစ်ကျော့ကစားရတယ်
ဆိုပါတော့။အဲဒီအခါမျိုးကျရင်....နောက်ထပ်တစ်ကျော့အားပြန်ပြည့်အောင်ကျွန်တော်(၅)မိနစ် လောက်
အချိန်ယူနားချင်နားလိုက်မယ်။တစ်ကယ်လို့....ကျွန်တော်ကစားနေတဲ့လေ့ကျင့်ခန်းကဒမ်ဘယ် ဘားတိုနဲ့ဘေးတိုက်မတို့ (Lateral Raise) မျိုးဆိုရင်တော့...တစ်ကျော့နဲ့တစ်ကျော့အကြားကျွန်
တော့်ရဲ့ နားချိန်ဟာ(၁)မိနစ်လောက်ပဲရှိပါလိမ့်မယ်။ဖီလင်ခံစားချက်နဲ့ကြည့်ပြီးနားတယ်လို့ဆိုပါ
တော့ဗျာ။နောက် တစ်ကျော့အတွက်မီးကုန်ယမ်းကုန်တွယ်တော့မယ်လို့စိတ်ထဲမှာအားပြန်ပြည့်လာ
တာနဲ့ဆက်တော်လိုက် တော့တာပါပဲ။တစ်ကျော့နဲ့တစ်ကျော့အကြားနားချိန်ကိုဖုတ်ပူမီးတိုက်အလော
တကြီးလည်းမဖြစ်ပါစေနဲ့။လောကြီးလွန်းရင်နောက်တစ်ကျော့ကိုအားသွန်ခွန်စိုက်ကစားနိုင်ရေး
ကိုထိခိုက်စေနိုင်ပါတယ်။တစ်ခုသတိထားပါ။အလေးအားကစားရုံထဲမှာကစားတယ်ဆိုတာ“ကြွက်သား
ကြီးထွားအောင်”ကစားတာဖြစ်ပါတယ်။အမောခံနိုင် ရည်၊ဇွဲသက်လုံအားကောင်းစေမယ့်“အဲရိုးဗစ်ကြ
ံခိုင်မှု” (Aerobic Fitness) အတွက်အဓိကကစားတာမ ဟုတ်ပါဘူး။အဲရိုးဗစ်ကြံခိုင်မှုလေ့ကျင့်ခန်းအ
တွက်ဆိုရင်ကျွန်တော်တော့နေရာမရွေ့တဲ့စက်ဘီးပဲနင်းတယ်။တစ်ကျော့နဲ့တစ်ကျော့အကြားမနားဘဲ
အပြေးအလွှားလုယက်ကစားတာမျိုးမလုပ်ပါဘူး။
ကစားတာမြန်လွန်းအားကြီးရင်လေ့ကျင့်ခန်းနဲ့အကျော့ရဲ့အာနိသင်ကိုအပြည့်အ၀ရရှိ
တော့မယ်မ ဟုတ်ဘူး။“အကုန်ကစားတဲ့နည်း”နဲ့(၁၅)ကြိမ်တစ်ကျော့လောက်အောက်ပိုင်း
ထိုင်ကြည့်ပါ။ပြီးရင်...တစ်မိနစ်လောက်သာနားပြီးနောက်တစ်ကျော့ထပ်ကစားကြည့်ပါလား။၅-ကြိမ်၆-ကြိမ်လောက်ထိုင်ထလုပ်ပြီးတာနဲ့အ သက်ရှုရတာမောလာပြီးကြွက်သားအားတွေပင်ပန်းလာလိမ့်မယ်
။ကြားမှာအားပြန်ပြည့်အောင်လိုအပ်သ လောက်နားချိန်မှမယူခဲ့ဘဲကိုး။အဲဒီတော့...ဒုတိယအကျော့အ
တွက်ရာနှုန်းပြည့်အားသွန်ခွန်စိုက်ကစားနိုင်ဖို့ဘယ်ဖြစ်နိုင်ပါတော့မလဲ။ကြားမှာနားချိန်ကိုအကြာကြီးမယူပါနဲ့။
အားသွန်ခွန်စိုက်အရှိန်နဲ့ကစားတာကိုထိ ခိုက်ကျဆင်းသွားနိုင်တယ်။(နားချိန်မြန်လွန်းရင်...
အားပြန်မပြည့်ဘဲအမောဖောက်နိုင်တယ်။နားချိန်ကြာ လွန်းရင်လည်း...သွေးအေးပြီး...ကစားတဲ့အချိန်
နှေးသွားနိုင်တယ်ဆိုတာမှတ်ထားကြရပါမယ်။)တစ်ကျော့နဲ့တစ်ကျော့အကြားမှာအားပြန်ပြည့်
တဲ့အထိလုံလုံလောက်လောက်အနားယူပါ။ကိုယ့်ခ န္ဓာကိုယ်ကိုပြန်နားထောင်ပါ။ကျွန်တော်ဆိုရင်
...ကြွက်သားအစိတ်အပိုင်းတစ်ခုနဲ့တစ်ခုလေ့ကျင့်ခန်းအ ပြောင်းအလဲကြားမှာ(၁၀)မိနစ်လောက်
နားချိန်ယူပါတယ်။ဒါမှလည်း...နောက်ကြွက်သားတစ်ခုအတွက်ပြောင်းမကစားခင်မှာလူကအားပြန်
်ပြည့်လာတယ်။
ကျွန်တော်ဟာ၁၉၈၃ခုနှစ်ကတည်းကကာယဗလလေ့ကျင့်မှုစလုပ်လာခဲ့ပါတယ်။အခုထိပက်လက်အိပ်
အနှေးမမှာကျွန်တော့်ရဲ့ရှိသမျှအားနဲ့တစ်ကြိမ်တည်းတွန်းနိုင်တဲ့“အများဆုံးအလေး” (Maximun Lift) ဘယ်လောက်ဖြစ်မယ်ဆိုတာသဲလွန်စတောင်မရသေးပါဘူး။ကျွန်တော့်အဖို့တော့တစ်ကြိမ်
တည်းနိုင်တဲ့အများဆုံးအလေးကိုမ,တာဟာဘာမှအဓိပ္ပာယ်မရှိပါဘူး။ကျွန်တော့်ရည်မှန်းချက်ပန်း
တိုင်ကိုလည်းပိုပြီးမြန်မြန်ပို့ပေးနိုင်တဲ့ကိစ္စဟုတ်ဘူး။စိတ်ဓာတ်ရေးရာအရလည်းအများဆုံးအလေးတွေမ,
တာဟာကြွက်သားတွေထိခိုက်ဒဏ်ရာရနိုင်မှုကိုအမြန်ဆုံးဖြစ်စေနိုင်တာတစ်ခုပဲရှိတယ်လို့ကျွန်တော်ထင်မိ
ပါတယ်။ဒါမျိုးကိုကျွန်တော် ကြိုက်လည်းမကြိုက်ဘူး၊လိုလည်းမလိုလားဘူး။
အလေးများများနဲ့အခြေခံလေ့ကျင့်ရေးအစီအစဉ် (Heavy Basic Routine) ကိုကစားတဲ့အခါမှာ ကျွန်တော်တော့အနည်းဆုံး၃-ကြိမ်၎-ကြိမ်ကစားတယ်။“နားလိုက်ကစားလိုက်”နည်းနဲ့ကစားတယ်။
၃-၄စ,ကစားတယ်။စက္ကန့်အနည်းငယ်လောက်နားတယ်။(၂)ကြိမ်ထပ်ကစားတယ်။စက္ကန့်ပိုင်းပဲထပ်နား
တယ်။ပြီး တော့(၁)ကြိမ်(၂)ကြိမ်ထပ်ကစားတယ်။အများဆုံးအလေးကိုကစားရင်အဲဒီအတိုင်းပဲကျွန်
တော်ကစားပါတယ်။ကျွန်တော်တော့ဘယ်လေ့ကျင့်ခန်းပဲဖြစ်ဖြစ်အနည်းဆုံး(၆)ကြိမ်က(၈)ကြိမ်အထိကစား
တယ်။ကျွန်တော်တော့အထက်ကလေ့ကျင့်ရေးသဘောတရားတွေနဲ့နည်းစနစ်တွေကိုအခိုင်အ
မာယုံကြည်တယ်။အဲဒီလေ့ကျင့်ရေးသဘောတရားတွေနဲ့လေ့ကျင့်ရေးနည်းစနစ်တွေဟာကျွန်တော်ရဲ့၆ထပ်
ကွမ်း မောင်အိုလံပီယာသရဖူဆွတ်ခူးပွဲတွေမှာအဓိကအရေးပါတဲ့အထောက်အကူပြုအချက်
တွေဖြစ်ခဲ့ပါတယ်။ကျွန်တော့်ရဲ့ကာယဗလပိုမိုကြီးထွားမှုနဲ့ခွန်အားပိုမိုကောင်းမှုတို့ကိုလည်းဆက်လက်
ပြီးပံ့ပိုးမှုပေးလျက်ရှိနေပါတယ်။ဒီလောက်ဆိုရင်ဒိုရီယန်၏လေ့ကျင့်မှုသဘောတရားကိုနားလည်
လောက်မယ်ထင်ပါတယ်။
တင်ဆက်သူ----အောင်အောင်(လှိုင်)
လွဲမှားနေသော အဆီချနည်း
အဆီသည် ကျွန်တော်တို့ကိုယ်တွင် အဘယ်သို့ကိန်းအောင်းလာသနည်း။အဓိကတရားခံကတော့ ကိုယ်တိုင်ပင်ဖြစ်သည်။အဆီပါဝင်မှုများသော အစားအသောက်များကို မက်မောခုံမင်စွာ စားသုံးကြသည်။ လိုအပ်သည်ထက်ပိုမိုစားသုံးသည့်အခါ ကျွန်တော်တို့ကိုယ်တွင် အဆီပိုများများပြားလာသည်။နေ့စဉ်လှုပ်ရှား သွားလာရန် စွမ်းအင်လိုအပ်သည်။ကွှန်တော်တို့အသုံးမပြုသည့် မည့်သည့်စွမ်းအင်မဆို အပိုအဖြစ် ကွှန်တော်တို့ကိုယ်တွင်း တွင် သိမ်းဆည်းထားသည်။ကျွှန်တော်တို့ စွမ်းအင်လိုအပ်သည့်အခါ သိုလှောင်ထားသည့် အဆီသည် လိုအပ်နေသည့် စွမ်းအင်ကိုထုတ်ပေးသည်။အကယ်၍ ကျွှန်တော်တို့သည် အသွင်းသာများပြီး အထုတ်နည်းနေရင် ထိုပိုမိုများပြားသော အဆီများက ကျွန်တော်တို့ကို ဆူမို ပေါက်စအဖြစ် တဖြည်းဖြည်း ပုံပေါ်လာစေသည်။လူတစ်ယောက်သည် ရှိသင့်သည် ကိုယ်အလေးချိန်ထက်လျော့နည်း ရင်လည်း မကောင်းသလို ပိုမိုများပြားနေလျင်လည်း မကောင်းပေ။ပုံမှန်ကိုယ်အလေးချိန် BMI 18.5- 24.9 အတွင်းရှိသင့်သလို BMI ၂၅- ၂၉.၉ သို့ရောက်နေပြီဆိုပါက ပုံမှန်ထက်များပြားသော ကိုယ်အလေးချိန်ဆိုတာ သတိပြုသင့်သည်။ BMI ၃၀ - ၃၉.၉ အ၀လွန်ခြင်းနှင့် BMI ၄၀ အထက်သို့ ရောက်မှ Gym သို့ အသည်းအသန်ပြေး အဆီကျ အစားအသောက်တွေစား ညစာမစား အစားအသောက်အငတ်နေ၍ မိမိကိုယ်ကိုယ် ညဉ်းဆဲ တတ်ကြသည့် လူစားမျိုးတွေ ဒု နဲ့ ဒေးပင်ဖြစ်သည်။အ၀လွန်ခြင်းသည် ဖွံဖြိုးပြီး နိုင်ငံများတွင်သာမက ဖွံဖြိုးဆဲ နိုင်ငံများတွင်ပါ ပိုမို မြန်ဆန်စွာ ဖြစ်ပွားလျက်ရှိသည်။လေ့လာမှုများအရ အမေရိကန်ပြည်ထောင်စု အမေရိကန်အမျိုးသမီး ၁၆ ဦးလျင် တစ်ဦးနှုန်းသည် စူပါအ၀လွန်ရောဂါ BMI 40 အထက်ဖြစ်ပွားလျက်ရှိသည်။အမေရိကန်များ၏ ၃ပုံ ၂ပုံခန့် အ၀လွန်လျက်ရှိသည်။အမေရိကန် သုံးဦး အနက် တစ်ဦး အ၀လွန်ဖြစ်ပွားလျက်ရှိသည်။ထို့ကြောင့် သင့်အနေနဲ့ အ၀လွန်မှ ကိုယ်အလေးချိန်ချခြင်းထက် ပုံမှန် လေ့ကျင့်ခန်းလေးလုပ်ပြီး အစားအသောက်အနေအထိုင် အဆီအစိမ့်များကို တတ်နိုင်သရွေ့ လျော့ပြီး စား သောက်ခြင်းဖြင့် အ၀လွန်ခြင်းမဖြစ်စေရန် ကြိုတင်ကာကွယ်သင့်သည်။
အ၀လွန်မှကိုယ်အလေးချိန်ကို လျော့ချခင်စိတ်တစ်ခုတည်းဖြင့် ဆင်ကန်းတောတိုးမပြုလုပ်သင့်ပေ။အစား အသောက်ဖြင့်ကိုယ်အလေးချိန်လျော့ခြခြင်းသည်တကယ်တမ်းတော့ အန္တရာယ်များသည်။ဆုံးရှုံးသွားသည့် အဆီထုအပြင် ကြွက်သားထုပါဝင်ဆုံးရှုံးသွားသည်ကိုသတိမပြုမိကြပေ။ကိုယ်အလေးချိန်မတရားများသူ BMI 35 နှင့်အထက် လူတစ်ယောက်အနေနှင့် အစားအသောက်လျော့စားနည်းဖြင့် အဆီပြင်တွေ ကျသွားနိုင်ပေ့မယ် သာမန်ကိုယ်အလေးချိန်များတယ်ဆိုရုံ ၀တယ်ဆိုရုံ လူတစ်ယောက်အနေနဲ့က ကြွက်သားထုပါ ဆုံးရှုံးပါတယ်။ အစားအသောက်တစ်ခုတည်းထိန်းချုပ်ရုံဖြင့် တစ်ပတ်အတွင်း ကိုယ်အလေးချိန် ၂ပေါင်ထက်ပိုပြီးလုပ်ဖို့ မလွယ်ပါဘူး။ တစ်ပတ်အတွင်းမှာ ၂ပေါင်ထက် ပိုကျသွားတယ.်ဆိုရင် သင် ၀မ်းသာမနေပါနဲ့ သင့်ရဲ့ ဆုံးရှုံး မှုထဲမှာ ကြွက်သားထု ပါ ရောပြီး ပါသွားတယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါ။အဆီက ပြန်ရဖို့လွယ်ပေ့မယ် ကြွက်သားထု ပြန်တက်ဖို့က တော်တော်ခက်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျှော့ချချင်သူတွေဟာ သတိပြုသင့်တာယ တစ်ခုက မလောပါနဲ့ အရေးတကြီး ကိုယ်အလေးချိန်ချချင်စိတ် တစ်ခုတည်းနဲ့ အစားအသောက်ကိုထိန်းချုပ်ပြီး ကိုယ်အလေးချိန်လျှော့ချခြင်းဟာ သင့်ကို ကောင်းကျိုးမပေးတဲ့အပြင် ဆိုးကျိုး အနေနဲ့ ကြွက်သားထုပါ ဆုံးရုံးနိုင်ပါတယ်။နောက်တစ်ခုက အစားလျော့စားသူက တစ်သက်လုံး လျော့စာယးမှာလား သူရည်မှန်းသလို ပေါင် ၂၀ လောက်ကျသွားပြီဆိုတာနဲ့ အရင်ပုံစံအတိုင်း ပြန်စား ပြီဆိုရင် ကိုယ်အလေးချိန် ပြန်တက်လာမှာသေချာပါ။နောက်တစ်ခေါက်တက်လာတဲ့ ကိုယ်အလေးချိန်မှာတော့ အဆီထုက အရင်တစ်ခေါက်ထက် ပိုမိုများပြားပြီး ကြွက်သားထုနည်းနေတာကို သတိထားမိပါသလား။ကျွန် တော်တို့အနေနဲ့ အစားအသောက် တစ်ခုတည်းထိန်းချုပ်ပြီး အဆီကျအောင်ကြိုးစားနေချိန်မှာ ကျွှန်တော်တို့ ကိုယ်ခန္ဒာကြီးက အဆီစုဖို့အမျိုးမျိုး ကြိုးစားနေတာပါ။ဒါကို သင့်အနေနဲ့ တောင့်ခံဖို့ဆိုတာ သင် ဘယ်အချိန်ထိ အစားအသောက်လျှော့ချနိုင်မှာလဲ အကောင်းဆုံးနည်းလမ်းကတော့ ဖြည်းဖြည်းနှင့်မှန်မှန်လေး တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ ဆိုတာလို လေ့ကျင့်ခန်းနှင့် အစားအသောက်တွဲဖက်ပြီး ကိုယ်အလေးချိန် လျော့ချခြင်းက အကောင်းဆုံးပါ။ ကိုယ်အလေးချိန်ကို အစားအသောက်တစ်ခုထဲထိန်းချုပ်ပြီး လျှော့ချခြင်းမှာ ဘယ်လို ဆိုးကျိုးရှိသလဲဆိုတာ ကျွန်တော် နမူနာ တစ်ခု တွက်ပြပါမယ်။
၁ ၂ ၃ ၎
နဂို အစားလျော့ပြီး ပြန်တက်သော ကိုယ်အလေးချိန် ၂၁၇ပေါင် ၂၀၄ပေါင်(၁၃ပေါင်ကျ) ၂၁၇ပေါင်
အဆီပြင် ၇၀ပေါင်(၃၂.၂% ၆၆ပေါင် (၄ပေါင်ကျ) ၇၉(၃၆.၄% ကြွက်သားထု ၁၄၇ပေါင် (၆၇.၈%) ၁၃၈ ပေါင်(၆၇.၈%) ၁၃၈ပေါင်၆၃.၅
ကျွှန်တော်အခုတွက်ပြထားတဲ့ ဇယားမှာ ၂ ပတ်အတွင်း ကိုယ်အလေးချိန် ၁၃ပေါင်ကျသွားတယ် ဆိုတာ မှာ အဆီထုက ပေါင် ၇၀ ကနေ ၆၆ ပေါင်ဆိုတော့ ၄ ပေါင်ကျသွားပေ့မယ် ကြွက်သားထုက ၉ ပေါင်ရောပြီး ဆုံးရှုံး သွားပါတယ်။ကိုယ်အလေးချိန်ကျသွားပေ့မယ် အချိုးကျပြန်တွက်ကြည့်ရင် အဆီထုနှင့် အသားထုက ၃၂.၂%နှင့် ၆၇.ဂ% တို့က အပြောင်းအလဲမရှိပါဘူး။ရှိသွားတာက ကိုယ်အလေးချိန် ပြန်တက်လာချိန်မှာ ရရှိလာတဲ့ အကျိုးရလဒ်ပါ။ ပုံမှန် နဂို အလေးချိန် ၂၁၇ ပေါင်ကို ပြန်တက်လာပေ့မယ် အဆီထုက ပထမအကြိမ် ထက် ၉ ပေါင်ပိုလာသလို ကြွက်သားထု ၉ပေါင် ဆုံးရှုံးမှုက ပြန်မရလာပါဘူး။ဒါကြောင့် ကျွှန်တော်ပြောချင်တာ အစားအသောက်ထိန်းချုပ်ပြီး ကိုယ်အလေးချိန်ချနေလို့ကတော့ ကျသွားလိုက်မယ် အဆီထု အသားထု ၂မျိုးစလုံး ပြန်တက်လာမယ် အဆီထုများများ ကြွက်သားထု နဂိုထက်နည်းတဲ့နှုန်း ဒီလိုနဲ့ ကြာရင် ကိုယ်တွင်းမှာ ကြွက်သားထုက ဆုံးရုံးမှုများလာပြီး အဆီထုကိုပိုင်ဆိုင်နေတဲ့ လူတစ်ယောက်ကတော့ ကျိမ်းသေဖြစ်လာမှာပါ။ အကောင်းဆုံးနည်းလမ်းကတော့ လေ့ကျင့်ခန်းနှင့် အစားအသောက်တွဲဖက်ပြီး ပုံမှန်လေးပြုလုပ်ပါလို့ တိုက်တွန်းချင်ပါတယ်။
တင်ဆက်သူ ။။ ။အောင်အောင်(လှိုင်)
ဆယ်ကျော်သက်များနှင့်fitness အပါအ၀င်fitnessမေးခွန်းအချို့ 
မေး-ဆယ်ကျော်သက်များ၊ကာယဗလလေ့ကျင့်လျင၊်အရပ်ရှည်မှုကိုထိခိုက်စေနိုင်ပါသလား။
ဖြေ-လုံးဝမရှိပါ။ဒီမေးခွန်းကသက်တမ်းအရှည်ကြာဆုံးသောကာယဗလယုံတမ်းစကားတခုပါပဲ။
အရပ်ရှည်ခြင်းသည်မိဘမျိုးရိုးဗီဇပေါ်မူတည်သလို၊အာဟာရစားသောက်နေထိုင်မှုပုံစံအပေါ်လည်း
သက်ဆိုင်ပါတယ်။မိဘမျိုးရိုးဗီဇတစ်ခုတည်းကြောင့်အရပ်ရှည်တာကလည်းကန့် သတ်ခံရတဲ့ပြသ
နာကြီးမဟုတ်ပါဘူး၊။တစ်ချိန်ကဂျပန်ငပုလို့ ကျွန်တော်တို့ မြန်မာတွေခေါ်တာခံရသူတွေကကျွန်တော်တို့
ကိုအခုမြန်မာငပုလို့ ခေါ်နိုင်တဲ့အနေအထားတွေရောက်ကုန်ပါပြီ။ဒုတိယကမ္ဘာစစ်ရှုံးထားတဲ့ဂျပန်ကအဖက်ဖက်
ကစစ်လျော်ကြေးတွေပေးရလို့ ချွတ်ခြုံကျနေပေမဲ့၊သူ့ တိုင်းပြည်နလံထူဖို့ မျိုးဆက်သစ်လူငယ်တွေအပေါ်မှာ
မူတည်တယ်ဆိုတာသိတဲ့အလျောက်တနိုင်ငံလုံးမှကလေးငယ်များကိုကျောင်းများတွင်တစ်နေ့ နှစ်ကြိမ်နိုင်ငံ
တော်စားရိတ်နဲ့ နို့ တိုက်ကျွေးတဲ့စီမံချက်နဲ့ ငပုဘ၀ကလောရှည်ဘ၀ရောက်လာကြသူတွေပါ။ကျွန်တော်တို့ နိုင်
ငံမှာကတော့လောလောဆယ်ဖုန်းဘေလ်တောင်ငါးရာခိုင်နှုန်းဖြတ်မယ်ဆိုပဲ။အဲဒီတော့ကိုယ့်ကိုယ်ကိုသာဂရု
စိုက်ကြပါ။အလေးမလို့ အ၇ပ်ပုရင်အာနိုး၊လူဖာရစ်နို၊ဂျာ့ဂ်ျကိုဗက်၊မိုက်အိုဟေးရန်စတဲ့ကာယဗလသမားစူပါစ
တားတွေပေါ်မလာပါဘူး။မိတ်ဆွေသင်အောက်ပိုင်းထိုင်ထလုပ်တာအများဆုံး၊အလေးပေါင်နှစ်ရာပါ။အာနိုး
ခြေသလုံးကစားတာအလေးပေါင်တစ်ထောင်ပါ။ဖြစ်နိုင်တာသင့်အရပ်အမြင့်ဆုံးရှိမှငါးပေရှစ်ပါ။အာနိုးအရပ်
ခြောက်ပေနှစ်လက်မပါ။သင်အလေးစကစားချိန်မှာအသက်ကဆယ့်ရှစ်နှစ်ပါတ်ချာလည်ပါ။ကမ္ဘာကျော်ကာယဗလနှင့်အလေးမချန်ပီယံဂျွန်နီဂျက်ဆင်အလေးစမတာအသက်ဆယ့်နှစ်နှစ်ပါ။ကဲဒီလောက်ဆိုအမြင်လေးတွေ
ရှင်းလောက်ပြီပေါ့။မရှင်းသေးဘူး။မကျေနပ်သေးဘူးဆိုရင်တော့အထောက်အထားပေးပါ့မယ်။ဒီပေ့ခ်ျမှာရော
မာဆယ်ပရော်ဖက်ဆာဘလော့ဂ်မှာပါ*ဆယ်ကျော်သက်များနှင့်ကာယဗလလေ့ကျင့်ခြင်း*ဆိုတဲ့ဆောင်းပါး
ကိုတင်ဆက်ပေးခဲ့တာကြာပါပြီ။ပြန်ရှာပြီးဖတ်နိုင်ပါတယ်။
မေး-အလေးမကစားတော့လျင်ကြွက်သားတွေမရှိနိုင်တော့တာဟုတ်ပါသလား။
ဖြေ-မဟုတ်ပါဘူး။မိတ်ဆွေသင်အနှစ်နှစ်အလလ ချွေးနှင့်ရင်းပြီးတည်ဆောက်ထားသောကြွက်သားမျှင်များဟာ
ငါးဆယ်တန် red ruby ဆေးလိပ်မဟုတ်ပါ။အလွယ်တကူအငွေ့ မပျံနိုင်ပါဘူး။ဒါပေမဲ့သင်ဟာနာတာရှည်ရောဂါ
ဖြစ်မယ်။အအိပ်အစားပျက်မယ်၊အာဟာရစနစ်တကျရွေးချယ်စားသောက်မှုမရှိဘူးဆိုရင်တော့သင့်ရဲ့ မာဆယ်အ
ဖုအထစ်တွေကသင့်ကိုဂွဒ်ဘိုင်လုပ်သွားမှာပါ။ပုံမှန်စားသောက်ပြီးကိုယ်လက်လှုပ်ရှားမှုလေးအသင့်အတင့်ရှိ
မယ်ဆိုရင်တော့၊ကာယဗလမလေ့ကျင့်ဖြစ်လည်းသင့်ကိုယ်အလေးချိန်အနည်းငယ်အပြောင်းအလဲဖြစ်သည်မှ
အပကြွက်သားမျှင်တွေအလွယ်တကူမပျောက်ပျက်နိုင်ပါဘူး။ဥပမာတခုတင်ပြရမည်ဆိုလျင်၊အာဟာရတစ်နပ်
ကိုတောင်ဖြစ်သလိုမစားသောက်သော၊အသေးစိတ်ဂရုစိုက်တတ်လွန်းသည့်ပရော်ဖက်ရှင်နယ်အဆင့်၊
2007-ခုနှစ်မောင်အိုလံပီယာပြိုင်ပွဲဒုတိယဆုရှင်၊အာနိုးကလပ်စစ်ချန်ပီယံဗစ်တာမာတီးနက်စ်တစ်ယောက်
ပါ့စ်ပို့ ကိစ္စ၊တားမြစ်ဆေးကိစ္စတွေနဲ့ ထောင်ထဲမှာတစ်နှစ်နီးပါးနေရတဲ့အချိန်သူ့ အာဟာရကသာမန်ထောင်
သားတစ်ယောက်လိုပဲကာဗိုဟိုက်ဒရိတ်နဲ့ အချိုများတဲ့ပြောင်းဆန်နဲ့ သရေစာတွေပဲ၊ပရိုတိန်းဆိုတာနတ္ထိ၊ဖြည့်
စွက်ဆေးဆိုတာမူးရင်တောင်ရှုစရာမရှိ၊ကစားဖို့ အလေးဆိုတာကလည်းမဖြစ်စလောက်လေးနဲ့ ဒိုက်ထိုးတန်း
ခိုလောက်ပဲလုပ်ပြီးနေရတာ၊ထောင်ကထွက်တော့အရင်မာဆယ်ကွာလတီအမြင့်စားကိုယ်အလေးချိန် 265
ပေါင်ကနေသာမန်လျော့တိလျော့ရဲ့ ဘော်ဒီကိုယ်အလေးချိန်ပေါင်200 ပါတ်ချာလည်ပဲရှိတော့တယ်။ဒါပေမဲ့
ပြန်ကစားပြီးတစ်လအတွင်းမှာအရင်မာဆယ်ကွာလတီလိုမျိုးနဲ့ ကိုယ်အလေးချိန်ပေါင်နှစ်ရာ့သုံးဆယ်ကျော်
ပြန်ဖြစ်လာတယ်။ကဲစဉ်းစားမိတ်ဆွေ။မာဆယ်တွေမှာmemory ရှိတယ်ဆိုယုံပြီလား။နောက်တစ်ချက်က
ခင်ဗျားတို့ ကျွန်တော်တို့ ကသူ့ လိုထောင်ကျတာလည်းမဟုတ်၊အာဟာရလည်းကိုယ်စားချင်တာစားနိုင်တယ်
ကာယဗလမဟုတ်ပေမဲ့အခြားသောကိုယ်လက်လှုပ်ရှားမှုတွေလည်းလုပ်နိုင်သေးတယ်ဆိုရင်ကျွန်တော်တို့ 
ဘော်ဒီကရုပ်ပျက်ဆင်းပျက်ဖြစ်သွားပါ့မလား။အဲဒီတော့ဘ၀ပေးအခြေအနေအရမိသားစုအတွက်၊ကိုယ့်အတွက်
ဘ၀ကိုရုန်းကန်နေရချိန်မှာကာယဗလမလေ့ကျင့်ဖြစ်လို့ စိတ်မညစ်ပါနဲ့ ။ဘ၀ကအဓိကကျပါတယ်။ကာယဗလ
က life style အားကစားပါ။ဘယ်အချိန်မဆိုကစားလို့ ရနိုင်ပါသေးတယ်။ခင်ဗျားတို့ ကျွန်တော်တို့နှလုံးသားထဲ
မှာအေးစက်တဲ့အလေးပြားတွေရဲ့ အထိအတွေ့ ကိုမှတ်မိနေသေးရင်အိုကေပါပဲ။ဆန္ဒနဲ့ ဘ၀ထပ်တူကျဖို့ 
လုပ်လိုက်ကြပါဦးစို့ လားဗျာ။
မေး-ကိုယ်ခန္ဓာကြီးထွားချင်လို့ အကြံလေးပေးပါဦး။
-ခန္ဓာကိုယ်ကအဆီတွေလျော့ချချင်လို့ ဘာလုပ်ရမလဲရှင်းပြပေးပါခင်ဗျာ။
ဖြေ-ဒီလိုမေးခွန်းတွေကိုကျွန်တော်တို့ အနေနဲ့ အလွယ်ဘယ်လိုဖြေရမလဲဗျာ။အင်မတန်ကျယ်ပြန့် တဲ့
အကြောင်းအရာတွေကိုစာမျက်နှာသုံးမျက်နှာလောက်နဲ့ လူတွေသဘောပေါက်အောင်တင်ပြနိုင်ရင်
ကျွန်တော်တို့ ကမ္ဘာကျော်ကုန်မှာပေါ့။နားလည်ရလွယ်အောင်ပြောရမယ်ဆိုရင်တော့ရေကူးနည်းစာအုပ်
ဖတ်ရုံနဲ့ ရေမကူးတတ်နိုင်ပါဘူး။လက်တွေ့ လေ့ကျင့်သင်ကြားမှသာရေကူးတတ်မှာပါ။နို့ မို့ ဆိုရင်တော့
တရုတ်ကြီးကုလားကားကြည့်သလိုချာလပတ်ရမ်းသွားပါလိမ့်မယ်။ဒါကြောင့်ထိုမေးခွန်းကိုမေးသူအများစု
အနေနဲ့ ဂျင်မ်မကစားဖူးသေးတာအသေအချာပါပဲ။အဲဒီလိုမကစားဘူးသေးတော့အားလုံးသောတင်ပြမဲ့
အချက်တွေဟာအသစ်အသစ်တွေဖြစ်နေမှာသေချာတဲ့အတွက်သင့်ခြေထောက်တွေကိုအရင်ဆုံးဂျင်မ်ထဲ
လှမ်းလိုက်ပါဦး။လေ့ကျင့်ကစားသက်လေးအနည်းငယ်ရလာပြီဆိုလျင်တော့ trial and errors တွေကို
ဆွေးနွေးတာကပိုသင့်လျော်ပါတယ်။
မေး-ခန္ဓာကိုယ်လည်းကြီထွားချင်တယ်။ဗိုက်ကအဆီတွေလည်းချချင်ပါတယ်။ခန္ဓာကိုယ်ကြီးထွားဖို့ 
ကယ်လိုရီများများစားရင်၊အဆီချဖို့ အတွက်ကယ်လိုရီလျော့စားရမယ်ဆိုတော့နှစ်ခုလုံးရဖို့ မလွယ်ဘူးပေါ့။
ဖြေ-မှန်ပါတယ်။ငါးရံ့ နှစ်ကောင်တစ်ပြိုင်တည်းမဖမ်းနိုင်ပါဘူး။ဒါပေမဲ့သင်ဟာfitness ကိုစတင်လေ့ကျင့်သူ
တစ်ယောက်ဆိုရင်တော့၊ကံကောင်းတယ်ပြောရမလား။ဖြစ်နိုင်ပါတယ်။ကာယဗလနှင့်fitness ကိုလေ့ကျင့်
သက်ကြာနေပြီဆိုရင်တော့သေချာပါတယ်။သင်တစ်ခုကိုအရင်ရွေးရမှာပါ။ကျွန်တော့်အမြင်ပြောရယင်တော့
သင်ဟာကိုယ်အလေးချိန်အရမ်းများနေရင်တော့အရင်အဆီချသင့်ပါတယ်။အကယ်၍ကိုယ်အလေးချိန်က
ရှိသင့်တာထက်အနည်းငယ်ပဲပိုနေမယ်ဆိုရင်တော့ကြွက်သားတွေကြီးထွားဖို့ ခန္ဓာကိုယ်ထုတင်တဲ့ပရိုဂရမ်
တွေကိုလေ့ကျင့်နိုင်ပါတယ်။
နောက်ကိုလည်းအလျဉ်းသင့်သလိုတင်ဆက်ပေးသွားပါဦးမည်။
လေးစားလျက်-
နိုင်ဦး-၁၁၉