Gym ကစားသူတိုင်း
အလိုချင်ဆုံးသော ခနာကိုယ် အနေအထား ကိုသိရအောင် ကျွန်တော့် Facebook Muscle professor Group လေးတွင် လက်လှမ်းမှီသလောက်
ကစားသမား ငါးရာလောက်ကို Survey
လုပ်ကြည့်ရာ၉၈% သောကစားသမားများကကာယဗလမောင်ခနာကိုယ်မျိုးထက် ယောကျာ်းပီသ တောင့်တင်းသော ခနာကိုယ်ကိုသာ
ရယူပိုင်ဆိုင် လိုကြသည်ဟု ဖြေဆိုပေးခဲ့ကြသည်။သို့ သော် ထို၉၈%
သော ကစားသမားများ
အနေနှင့် မိမိတို့ ရည်ရွယ်ရာ ခနာကိုယ် အနေအထား ရနေကြပြီလားဟု ထပ်မံမေး
ပါက No ဟုသော
အဖြေကိုသာ ရမည်မှာ အသေအချာ ပင်ဖြစ်သည်။ အဘယ်ကြောင့်ပါနည်း။
အဖြေကရှင်းပါသည်။
ထို ၉၈% ကစားသမားများသည် ၂%သော ကာယဗလမောင်များ၏ လေ့ကျင့်နည်း
ပရိုဂရမ်ကို
လေ့ကျင့်နေကြခြင်း ကြောင့်ဖြစ်သည်။ ဒါဆို ၂% သော ကာယဗလမောင်များ လေ့ကျင့်သည့်
ပရိုဂရမ်များ
မှားယွင်းနေသည်ဟု ဆိုပါသလားဟု မေးလျင် လုံးဝမမှားပါ။၎င်းတို့ အတွက်တော့ မှန်ကန်သည်
ဟုသာဆိုရပါမည်။ ဒါဆို ဘာမှားနေသနည်း။မှားနေသည့် အချက်မှာ-
**၁၉၈၀-နှင့်၎င်းထက်အစောပိုင်း
နှစ်များက ကြံ့ခိုင်မှု အားကစား နယ်ပယ်တွင် ကစားနည်းစနစ်သည်သာ အခရာဖြစ်၍ ယခု ၂၀၁၀-ပြည့်လွန်
ခေတ်များတွင်မူ ကြံ့ခိုင်မှု အားကစား နယ်ပယ်တွင် အဓိကအကျဆုံး
သောအခြေခံ
အချက်မှာ ကစားသမား တစ်ယောက်ချင်းစီ၏ အခြေအနေ ပင်ဖြစ်သည်။**
ထို့ ကြောင့်
ကစားနည်းစနစ်တွေ မမှား ကစားသမားများသာ မှားသည်ဟု ခံယူကြွေးကြော် သူများကြောင့်သာ
ထိုကဲ့သို
့အလွဲများ ဖြစ်နေရခြင်းဖြစ်သည်။ ကစားသမားများကို
ဗဟိုပြုမှသာ ရလာဒ်ကောင်းများ ထွက်ပေါ်
နိုင်မည်ဖြစ်
သည့်အပြင် မတူညီသော ကစားသမားပေါင်း ရာထောင်ချီသည့် အလျောက် နည်းစနစ်အယူအဆ
အသစ်များ
ပေါ်ထွက်နိုင်မည်ဖြစ်ပြီး နည်းစနစ် အနည်းငယ်ကိုသာ တရားသေ ကိုင်စွဲထားပါက အောင်မြင်မှု
ဘောင်ကျဉ်းနေဦးမည်သာ
ဖြစ်သည်။
မြန်မာဖစ်တနက်စ်
နယ်ပယ်အတွင်းရှိ ကစားနည်း ပရိုဂရမ် အတော်များများမှာ specificity and specialization အတော်လေး အားနည်းသည်ကို တွေ
့ရ၏။ Specificity and specialization ဆိုသည်မှာ
သတ်သတ်မှတ်မှတ်နှင့်
သီးသန့် အထူးပြု သည့်စနစ်ကို ဆိုလိုသည်။ဥပမာပရော်ဖက်ရှင်နယ် ဘောလုံးသမား
တစ်ယောက်ကို
သမားရိုးကျ ကာယဗလ လေ့ကျင့်နည်းများသာ ပေးမည်ဆိုပါက ထိုဘောလုံးသမား၏
ဘော်ဒီလှကောင်း
လှလာမည်ဖြစ်သော်လည်း ၄င်းနှင့်ပါတ်သက်သော အားကစားစွမ်းရည် လျော့ကျ
သွားမည်မှာ
အသေအချာ ပင်ဖြစ်သည်။လက်ဝှေ့ သမား တစ်ယောက်ကို သမားရိုးကျ ကာယဗလ လေ့ကျင့်နည်းများဖြင့်
အကျိုးပြုနိုင်မည်ဟု သင်ထင်ပါသလား။ခနာကိုယ် ကြီးထွားလိုသော ဆယ်ကျော်သက်တစ်ယောက်နှင့်
ခနာကိုယ် ကြီးထွားလိုသော အသက်လေးဆယ်ကျော် ကစားသမား တစ်ယောက်ကို သမားရိုးကျ ကာယဗလ
ပရိုဂရမ်များဖြင့် ရလာဒ်ကောင်းများ ရနိုင်မည်ဟု သင်အာမခံနိုင်ပါသလား။အဖြေက NO ပါ။
အဘယ်ကြောင့်ဆိုသော်
နည်းစနစ် တရားသေ စွဲကိုင်ထားပြီး ကစားသမားကို ဗဟိုမပြုသည့် စနစ်ကြောင့်
ဖြစ်သည်။ဒါဆိုကစားသမား
ဗဟိုပြု စနစ်က ဘာလဲ။ဟုတ်ကဲ့ မတူညီသော လူနေမှုဘ၀ ပုံစံ၊အာဟာရ စားသောက်နိုင်မှုဖြည့်စွက်ဆေး
အသုံးပြုနိုင်မှု ၊မတူညီသော လေ့ကျင့်နိုင်စွမ်းနှင့် အနားယူနိုင်မှု စသည်တို့ ကို သိထားမည်ဆိုပါက၊သမားရိုးကျ
ကာယဗလ ပရိုဂရမ်များဖြစ်သည့်
တစ်ပါတ် ခြောက်ရက်ကစား တစ်ရက်နား
တစ်ပါတ်ငါးရက်ကစား နှစ်ရက်နား၊
တစ်ပါတ်
လေးရက် ကစားသုံးရက်နား စသည့် ပရိုဂ၇မ်
တွေကလူတိုင်းနဲ
့အကျိုးမပြုဘူးဆိုတာ သင်မြင်လာပါလိမ့်မယ်။ကာယဗလမောင် ဖြစ်လိုသူများအတွက်တော့
အထက်ပါ လေ့ကျင့်နည်းစနစ်များက
အကျိုးပြုကောင်း ပြုမည်ဖြစ်သော်လည်း ကျွန်တော့်ဒီဆောင်းပါးက
ကာယဗလမောင်
ဖြစ်လိုသူများ အတွက်မဟုတ်ကြောင်းကို ဤဆောင်းပါး အစကတည်းကပင် တင်ပြခဲ့ပြီး
ဖြစ်သည်။
-ကျွန်တော့်
Survey အရ ခနာကိုယ် ထွားကျိုင်းလိုသော ၉၈% သော ကစားသမားများသည် တစ်ပါတ်လျင်
သုံးရက် အများဆုံး
လေးရက်ထက် ပိုမကစားသင့်ပါ။
-သမားရိုးကျ
ကာယဗလ လေ့ကျင့်နည်း စနစ်များ၏ အခြေခံဖြစ်သော အတွန်းတစ်ရက်၊
အဆွဲတစ်ရက်၊ အောက်ပိုင်းတစ်ရက်
သို့ မဟုတ်
အတွန်း+အဆွဲ၊ အောက်ပိုင်းတစ်ရက် အပေါ်ပိုင်းတစ်ရက် ၊သို့ မဟုတ် Circuit ခေါ်ပါတ်လည်စနစ် စသည့် ရှုထောင့်မှ ကြည့်ပါက
ခေါင်းနောက်မည်ဖြစ်သည့် အတွက် ရိုးရှင်း လွယ်ကူစွာပဲ
၁-အတွန်းလေ့ကျင့်ခန်းများ
၂-အဆွဲလေ့ကျင့်ခန်းများ
၃-အကွေးလေ့ကျင့်ခန်းများနှင့်
၎-အဆန့် လေ့ကျင့်ခန်းများ
ဟူ၍ ခွဲခြမ်းစိတ်ဖြာ ကြည့်ကြပါစို့ ။
ယေဘူယျ လူအတော်များများက
အတွန်း၊အဆွဲ လေ့ကျင့်ခန်းများ နှင့်ပါတ်သက်ပြီးသာ သိသော်လည်း
အကွေး၊အဆန်
့လေ့ကျင့်ခန်းများ အကြောင်းမသိကြပေ။ဆွေးနွေး ကြည့်ကြပါစို့ ။
အတွန်းအဆွဲပဲ
မိတ်ဆွေ သိသည်ဆိုလျင် Dead lift ကဘာလေ့ကျင့်ခန်းလဲ။အတွန်းလား၊အဆွဲလား။
ဒါဆို
Squat ကရော အတွန်းလား အဆွဲလား။ဒါဆို lateral raise ကရော ဘာလဲ။အတွန်းလား အဆွဲလား။
ကျွန်တော်
အသေးစိတ် ရှင်းပြပါရစေ။ အကွေးလေ့ကျင့်ခန်း ဆိုတာ
အဆစ်တွေကွေးပြီး လေ့ကျင့်ရတဲ့
squat လိုလေ့ကျင့်ခန်း မျိုးပါ။အဆန့် လေ့ကျင့်ခန်းတွေကတော့
အဆစ်တွေကို ဆန့် ထုတ် လေ့ကျင့်ရတဲ့
lateral
raise လိုလေ့ကျင့်ခန်း မျိုးပါ။ကျွန်တော်ကတော့ Dead lift ကို အဆန့် လေ့ကျင့်ခန်းအဖြစ်
သတ်မှတ်ပါတယ်။
ကဲဒါဆို၊
ခနာကိုယ် ကြီးထွားဖို့ အတွက် လေ့ကျင်နည်း ပရိုဂရမ်
တစ်ခု စတင် တည်ဆောက် ကြည့်ကြပါစို့ ။
၁-အတွန်း+အဆန်
့
၂-အဆွဲ+အကွေး
အင်မတန် ရိုးရှင်းတဲ့
အယူအဆပါ။ဒါပေမဲ့ ဒီနေရာမှာ အရေးကြီးတာ နှစ်ခု ပြောချင်ပါတယ်။
၁- Reps
speed (တစ်ကြိမ်ချင်းစီ၏ အမြန်နှုန်း) နှင့်
၂-Reps
Range (အကြိမ် အရေအတွက်) ပဲဖြစ်ပါတယ်။
-Reps
Speed ကတော့ ၄-၀-၁-၀ ပါပဲ။၎ - ဆိုတာကတော့ အလေးကို လေ့ကျင့်ချိန် အဆင်းပိုင်းတွင် ၄စက္ကန်
့ကြာအောင်
ညှစ်ဆော့ပြီး၊ ၀-ဆိုတာက အလေးဝန် အောက်ရောက်ချိန်တွင် နားချိန် ၀-စက္ကန့် (ဆိုလိုသည်မှာလုံးဝမနားဘဲ)၊၁-ဆိုသည်မှာ
အလေးကို ပြန်ညှစ်တွန်းချိန်တွင် တစ်စက္ကန့် အတွင်း အရှိန်ဖြင့် ညှစ်တွန်းခြင်းကိုဆိုလိုသည်။ဝ-ဆိုသည်မှာ
အလေးဝန်ကို အပေါ်တွင်ညှစ်မထားဘဲ လေးစက္ကန့် ကြာအောင် ပြန်ညှစ် ချခြင်းဖြစ်သည်။
-Reps
Range ကတော့ ၉-ကြိမ်နှင့် ၁၂-ကြိမ်အတွင်း ဖြစ်ပါတယ်။တစ်ကျော့နှင့် တစ်ကျော့ကြား နားချိန်
ကတော့ တစ်မိနစ်
အများဆုံး တစ်မိနစ်ခွဲထက် မပိုစေချင်ပါဘူး။
လိုရင်းပြန်ဆက်ရယင်၊
လေ့ကျင့်ခန်း ပရိုဂရမ်မှာ -အတွန်း+ အဆန့် နှင့် အဆွဲ+အကွေးဆိုပြီး နှစ်မျိုးခွဲထား
တာဂရုပြုမိမှာပါ။
အတွန်း+အဆန်
့ လေ့ကျင့်ခန်းတွေကို A လို့ သတ်မှတ်ပါ။
အဆွဲ+အကွေး
လေ့ကျင့်ခန်းတွေကို B လို့ သတ်မှတ်ပါ။ပရိုဂရမ်ဆွဲမည့် ကစားသမား တစ်ယောက်သည်
Compound exercises နှင့် isolations exercises လောက်တော့ သိမည်မှာ အသေအချာ ပင်ဖြစ်သည်။
Day-1 (ပထမနေ
့)
A1-အတွန်း
Compound ၆-ကြိမ် ၄-ကျော့ ၄-၀-၁-ဝ
A2-အဆန့် Compound ၆-ကြိမ် ၄-ကျော့ ၄-၀-၁-ဝ
A3-အတွန်း
isolations ၁၂-ကြိမ် ၄-ကျော့ ၄-၀-၁-ဝ
A4-အဆန့် isolations ၁၂-ကြိမ် ၄-ကျော့ ၄-၀-၁-ဝ
Day-2(ဒုတိယနေ
့)
B-1-အဆွဲ
Compound ၆-ကြိမ် ၄-ကျော့ ၄-၀-၁-ဝ
B-2-အကွေး
Compound ၆-ကြိမ် ၄-ကျော့ ၄-၀-၁-ဝ
B-3-အဆွဲ
Isolations ၁၂-ကြိမ် ၄-ကျော့ ၄-၀-၁-ဝ
B-4-အကွေး
Isolations ၁၂-ကြိမ် ၄-ကျော့ ၄-၀-၁-ဝ
Mon Tues Wed Thurs
Fri Sat Sun
Day-1 Day-2 off Day-1 off off off
Mon Tues Wed Thurs
Fri Sat Sun
Day-2 off Day-1 Day-2 off off off
===============OR=========================================
Mon Tues Wed Thurs
Fri Sat Sun
Day-1 off Day-2 off Day-1 off off
Mon Tues Wed Thurs
Fri Sat Sun
Day-2 off Day-1 off Day-2 off off
အထက်ပါ နမူနာကို
သေချာကြည့်ပါ။ကျွန်တော်ကတော့ ခနာကိုယ် ကြီးထွားလိုသူတွေကို တစ်ပါတ်သုံးရက်
ထက်ပိုမကစား
စေချင်ပါဘူး။တကယ်လို့ တစ်ပါတ်လေးရက် ကစားချင်တယ်ဆိုရင် အောက်ပါ အတိုင်းကစားပါ။
Mon Tues Wed Thurs
Fri Sat Sun
Day-1 Day-2 off Day-1 Day-2 off off
အတွန်း
Compound- အတွန်း
isolations
Incline
press various
types of fly
Bench
press cable
or single arm tricep extensions
Decline
press
Shoulder
press
Various
type of tricep extension
အဆွဲ
Compound- အဆွဲ
Isolations
Pull up pull
down
Barbell
row seated
cable row
Dumbbell
row Concentration
curl
Barbell
curl upright
row
Dumbbell
curl
shurg
အကွေး
Compound အကွေး
isolations
Various
type of squat leg
curl
Lunges bent
over lateral raise
အဆန့် Compound အဆန်
့isolations
Dead
lift incline
curl
Calf
raise lateral
raise
Tricep
Dips front
raise
***အထူးအရေးပါသော
အချက်တစ်ချက်မှာ ကမာကျော် နည်းပြ၏ ပရိုဂရမ်နှင့် လေ့ကျင့်လည်း အာဟာရ၊
နှင့် အနားယူမှု
မပြည့်စုံပါက ရလာဒ် ဇီးရိုးသာ ဖြစ်ပေလိမ့်မည်။***
ကျွန်တော့်
အနေနှင့် စိတ်ရှည် လက်ရှည် တင်ပြပေးထာသော ဤဆောင်းပါးလေးသည် ဖတ်ရှုသူ့ အတွက်
အကျိုးတစုံ
တရာ ရှိမည်ဆိုပါက ကျေနပ်ပြီဖြစ်၏။အကယ်၍ ယုံကြည်စွာ လေ့ကျင့်လိုသူများ အနေနှင့် အာဟာရ
ကိုအထူးဂရုပြုကြစေလိုပါသည်။ print ထုတ်ပြီး ထပ်ကာ ထပ်ကာ လေ့လာစေချင်ပါသည်။
လေးစားလျက်-
နိုင်ဦး-၁၁၉
တချို့ ကစားနည်းတွေမသိလို့ ပုံနဲ့ပြပေးလို့ရလား
ReplyDeletecontact <a href="https://routers.support>free sunil sex</a>
ReplyDelete