မေး။ ။ကိုနိုင်ဦးရေ၊ကျွန်တော်ဘယ်လိုပဲကြိုးစားလေ့ကျင့်နေပါစေ၊ကျွန်တော့်ရင်အုပ်အတွင်းပိုင်းက
ပြည့်မလာဘူးဗျ။ဘာလုပ်ရမလဲလမ်းညွှန်ပေးပါဦး။
ဖြေ။ ။ညီလေးရေ၊ညီလေးမေးတဲ့မေးခွန်းလေးကိုကိုယ်အလွယ်ဆုံးဖြေရယင်တော့မင်းအိမ်မှာရှိနေ
တဲ့ကာယဗလမဂ္ဂဇင်းစာအုပ်တွေကိုလွှင့်ပစ်လိုက်ပါ။ဒါမှမဟုတ်အဲဒီမဂ္ဂဇင်းဆိုက်တွေကတင်
ထားတဲ့ဆောင်းပါးတွေကိုဖတ်နေတာကိုရပ်လိုက်ပါ။ဘာဖြစ်လို့ လဲဆိုတော့၊inner chest တို့ 
Outer chest တို့ ဆိုတဲ့စကားလုံးတွေက၊အဲဒီဟာတွေမှာပဲရှိတယ်။အပြင်မှာမရှိဘူး။တစ်ကယ့်
Human anatomy မှာတော့ Pectoral major and Pectoral minor ပဲရှိတယ်။ခန္ဓာဗေဒနား
လည်ထားရင်ညီလေးသောကရောက်မှာမဟုတ်ပါဘူး။ဒါကြောင့်မို့ ပြောတာပေါ့ Knowledge
Is Power ဆိုတာလေ။ညီလေးရေ၊Knowledge အတွက်တော့မပူပါနဲ့ မှန်ကန်တိကျတဲ့အင်
ဖော်မေးရှင်းတွေ၊ကိုကိုယ်တို့ muscleprofessor ကတာဝန်ယူတင်ဆက်ပေးသွားမှာပါ။
ညီလေးရင်အုပ်အတွင်းသားမပြည့်တာကbone structure ခေါ်အရိုးတည်ဆောက်ပုံရယ်၊
ကြွက်သားမျှင်တွေတည်ဆောက်ပုံရယ်၊ထိရောက်သောလေ့ကျင့်ခန်းရွေးချယ်လေ့ကျင့်မှု
စတာတွေပေါ်မှာသာမူတည်တာပါ။ညီလေးနဲ့ လိုက်ဖက်မဲ့ပရိုဂရမ်လေးတစ်ခုတင်ဆက်ပေး
လိုက်ပါ့မယ်။နှစ်လလောက်စမ်းကြည့်ပေါ့။
ဒိုက်ထိုး(လက်အကျဉ်း) 3ကျော့ ၁၂-၁၅ကြိမ်
ဒမ်ဘယ်ရင်အုပ်တွန်း 3ကျော့ ၁၀-၁၂ကြိမ်
(တံတောင်နှစ်ဖက်ကိုဘေးမကားဘဲ45ဒီဂရီထားကာအလေးကိုအတင်အချပြုပါ)
30ဒီဂရီဖလိုင်း(45ဒီဂရီမဟုတ်) 3ကျော့ ၁၂-၁၅ကြိမ်
45ဒီဂရီဘားရှည်တွန်း 3ကျော့ ၈-၁၀ကြိမ်
ညီလေးရေ၊ထူးခြားရင်လည်းအကြောင်းကြားပါဦး။
***Special tips***အထူးမှတ်ရန်မှာ၊ရင်အုပ်အတွင်းသားထိရောက်စေရန်လေ့ကျင့်သည့်အတွက်
လှုပ်ရှားမှုအချိန်အဆ(range )ကို(full range)မကစားဘဲ၊အနည်းငယ်လျော့ချပြီး (limited shorter
Range)ဖြင့်လေ့ကျင့်ပါ။
မရှင်းသည်ကိုထပ်မံမေးမြန်းနိုင်ပါသည်။

Grow without
limits နိုင်ဦး-----119
Email.intensemuscle@gmail.com
Email.muscleprofessor@gmail.com