arial" action="like" colorscheme="light">
Wednesday, July 30, 2014
Build your brain
ကာယဗလအားကစားဟုဆိုလိုက်လျင်ကြွက်သားကြီးထွားအောင်ပြုလုပ်သောအားကစားဟုသာလူ
သိများကြသည်။သို့ သော်ထိုကာယဗလအားကစားသည်၊ရုပ်နာမ်နှင့်တကွခန္ဓာကိုယ်ပေါ်သို့ မရေတွက်
နိုင်လောက်သောကောင်းကျိုးချမ်းသာအဖြာဖြာကိုဆောင်ကျဉ်းပေးသည့်အားကစားနည်းဖြစ်ကြောင်းကိုထပ်
မံတွေ့ ရှိရသည့်၊အချက်အလက်များဖြင့်ဆောင်းပါးပြုလုပ်တင်ဆက်ပေးလိုက်ပါသည်။
ကာယဗလလေ့ကျင့်ခြင်းသည်၊ဦးနှောက်အောက်ခြေအတွင်းရှိပီကျူထရီဂလင်း၏စွမ်းဆောင်ရည်ကို
ပိုမိုတိုးတက်စေနိုင်ကြောင်းကိုလေ့လာတွေ့ ရှိရပါသည်။ထိုပီကျူထရီဂလင်းမှခန္ဓာကိုယ်တွင်းဇီဝရုပ်ဖြစ်
ပျက်မှုများဖြစ်သော၊အဆီတစ်သျှူးများမှဖက်တီးအက်ဆစ်များကိုချေဖျက်ခြင်း၊သွေးတွင်းမှသကြားဓါတ်
(ဂလူးကို့ စ်)များ၊ကိုလျော့ချခြင်း၊ခန္ဓာကိုယ်တွင်း၊ပရိုတိန်းစုပေါင်းဖြစ်တည်မှုနှုန်းတိုးပွားစေခြင်း(ဤ
အချက်သည်ကာယဗလသမားများအဖို့ ကောင်းသောအချက်ဖြစ်၏)စသောအကျိုးကျေးဇူးများဖြစ်
ကြီးထွားဟိုမုန်းသည်၊ဒိုပါမင်း၊ဆီရာတိုနင်၊အဆီတိုင်လ်ကိုလိုင်း၊ဂလူးကို့ စ်ပမာဏ၊ IGF-1 နှင့်အီ
စထရိုဂျင်ဟိုမုန်းထွက်ရှိမှုကိုတင်းတင်းကျပ်ကျပ်ထိန်းချုပ်ပေးထားသည်။လေ့ကျင့်ခန်း၏ပြင်းအား
Intensity မြင့်လေလေ၊ကိုယ်တွင်းကြီးထွားဟိုမုန်းထွက်ရှိမှုများလေလေဖြစ်သည်။ကြီးထွားဟိုမုန်းကို
ပီကျူထရီဂလင်း၏အရှေ့ ပိုင်းမှထုတ်လွှတ်ခြင်းဖြစ်ပြီး၊ကာယဗလလေ့ကျင့်ခန်းများကိုစွဲမြဲစွာ
ပြုလုပ်ခြင်းသည်၊ထိုပီကျူထရီဂလင်း၏အရှေ့ ပိုင်းကိုကောင်းသောသက်ရောက်မှုများဖြစ်ပေါ်စေနိုင်
ကြောင်းကိုသုတေသီများကဓါတ်ခွဲခန်းများတွင်စနစ်တကျလေ့လာပြီးတင်ပြခဲ့ခြင်းဖြစ်သည်။ထို့ 
ကြောင့်ကျန်းမာရေးအတွက်အထူးကောင်းမွန်သော၊ကာယဗလလေ့ကျင့်ခန်းများကိုပြုလုပ်ကြပါစို့ ။
Grow without limits                                                                                           နိုင်ဦး-----119
Email.intensemuscle@gmail.com
Email.muscleprofessor@gmail.com
No comments:
Post a Comment