arial" action="like" colorscheme="light">

Wednesday, July 30, 2014

Fitness အလွဲများ

 
 အမှားတစ်ခုကိုမြဲမြဲပြော၊ရဲရဲပြော၊အချိန်တန်လျင်အမှန်ဖြစ်သွားရော။
                        မော်စီတုန်း
အထက်ကဥက္ကဌကြီးမော်စကားကိုစံထားနာယူကြသောမြန်မာပြည်မှေ-ာက်တလွဲ fitness၊နည်းပြ
ချာတူးလန်များ၏သြ၀ါဒခံရသောလူငယ်ကစားသမားလေးများကြားရတတ်သည့်အလွဲများအကြောင်း
ကိုတင်ပြပေးလိုက်ပါသည်။
၁-အဆီချလိုလျင်ပရိုတိန်းများသာစားပါ
လုံးဝမှားသောအယူအဆဖြစ်သည်။လူ့ ခန္ဓာကိုယ်သည်၊ဗိုက်တာမင်၊သတ္တုဓါတ်နှင့်အာဟာရဓါတ်အစုံ
ကိုလိုအပ်သည်ကိုမမေ့ပါနှင့်။ထို့ ကြောင့်အာဟာရအုပ်စုအစုံကိုစနစ်တကျရွေးချယ်စားသောက်တတ်
ပါစေ။
၂-close grip bench press for inner chest
ရာနှုန်းပြည့်မမှန်ပါ။ရင်အုပ်လက်အကျဉ်းတွန်းလေ့ကျင့်ခန်း(close grip bench press)သည်ရင်အုပ်
အတွင်းသားကိုသာထိရောက်စေသည်ဟုဆိုလျင်မှားပါသည်။အဓိကလက်မောင်းနောက်သားကိုသာထိစေ
ပါသည်။ရင်အုပ်အတွင်းသားကိုထိစေလိုပါက၊လှုပ်ရှားမှုအချိန်အဆrange ကိုလျော့ချလိုက်ပါ။
တစ်ရာရာခိုင်နှုန်းမကစားဘဲ၊ခုနှစ်ဆယ်ရာခိုင်နှုန်းလောက်သာ range ထားပါ။
၃-အဆီတိုင်းကအဆီတက်စေနိုင်ပါတယ်
မှားပါတယ်။အဆီတိုင်းအဆီမတက်စေနိုင်ပါဘူး။မပြည့်ဝဆီများနှင့်ပြည့်ဝဆီကိုချင့်ချိန်သုံးစွဲသင့်ပါ
တယ်။အဆီကခန္ဓာကိုယ်တွင်းလုပ်ငန်းဆောင်တာတွေကိုမြောက်များစွာကောင်းကျိုးပြုပေးနိုင်ပါတယ်။
၎-more weight=more muscle
လွဲပြန်ပါပြီ။ကျွန်တော်အမြဲတမ်းပြောလေ့ပြောထရှိပါတယ်။အလေးများများဖြင့်လေ့ကျင့်မှသာကြွက်
သားကြီးထွားနိုင်မယ်ဆိုတာတစ်ခုတည်းသောနည်းလမ်းမဟုတ်ပါဘူး။လူတိုင်းလည်းဘေးအန္တရာယ်
ကင်းကင်းမလုပ်နိုင်ပါဘူး။အကောင်းဆုံးနဲ့ လူတိုင်းအတွက်အသင့်တော်ဆုံးက၊လေ့ကျင့်ခန်းကိုပုံကျ
ပန်းကျလေ့ကျင့်ဖို့ နဲ့ ကြွက်သားကိုဖိအားပေးချိန်ကြာဖို့ ပါပဲ။
၅-ကယ်လိုရီရယင်ပြီးရောများများစား(ကယ်လိုရီတိုင်းအတူတူပဲ)
ဒါလည်းမှားပါတယ်။ကယ်လိုရီတိုင်းမတူနိုင်ပါဘူး။အသားကယ်လိုရီတစ်ရာနှင့်ပီဇာကရတဲ့ကယ်လိုရီတစ်ရာ
ဟာဘယ်တော့မှမညီမျှနိုင်ပါဘူး။ကယ်လိုရီဖြစ်ယင်ပြီးရောဆိုပြီးတွေ့ ကရာဆင်ကန်းတောတိုး
စားသောက်မယ်ဆိုပါက၊အဆီတက်ဖက်တီးဘုတ်ဖြစ်ဖို့ အပြင်ဆီးချိုသွေးချိုဖြစ်ဖို့ ပဲရှိပါတယ်။
၆-ခုံစောင်းမှီလက်မောင်းရှေ့ ကွေးတင်
ဒီလေ့ကျင့်ခန်းကိုကစားရင်လက်မောင်းရှေ့ ကြွက်သားတွေဟာရှည်ပြီးထွားကျိုင်းလာမယ်လို့ ဘယ်
ပါမောက္ခကသြ၀ါဒမိန့် ချွေသွားသလဲမသိပါ။လွယ်လွယ်ပြောရယင်၊အကယ်၍လေ့ကျင့်ခန်းကခန္ဓာ
ကိုယ်မွေးရာပါအချိုးအစားကိုပြုပြင်လို့ ရမယ်ဆိုရင်ရွန်နီကိုလ်းမင်းခြေသလုံးသေးမှာမဟုတ်ဘူး။
ဂျေးကတ်လာလည်းခါးတုတ်မှာမဟုတ်သလိုဖီလ်းဟိသ်လည်းရင်အုပ်ကျဉ်းမှာမဟုတ်ဘူး၊ကိုင်ဂရီန်း
လည်းဆုံသေးပြီးရင်အုပ်အပေါ်ပါးမှာမဟုတ်သလိုလက်မောင်းရှေ့ သားလည်းတိုတိုလေးနဲ့ ပြတ်သတ်
ထွက်နေမှာမဟုတ်ပါဘူး။ဒီလောက်ဆိုသဘောပေါက်မယ်ထင်ပါတယ်။
၇-ကြွက်သားနှစ်ခုကြားကအချိတ်အဆက်လေးများကိုလေ့ကျင့်ပါ။
ဥပမာ-ရင်အုပ်နှင့်ပခုံးဆုံးရာပခုံးထိပ်ရှိကြွက်သားစသည့်နေရာလေးများအတွက်လေ့ကျင့်ပါဆိုသည့်
စကားသည်ရယ်ဖွယ်ရာပင်ဖြစ်သည်။လူ့ ခန္ဓာကိုယ်အတွင်းရှိကြွက်သားမျှင်များသည်တစ်ခုနှင့်တစ်ခု
ချိတ်ဆက်ရောယှက်နေပြီးသားဖြစ်သည့်အတွက်သင်အပိုလုပ်၍လေ့ကျင့်နေစရာမလိုပါ။သင့်တာဝန်
မှာကြွက်သားအုပ်စုကြီးများကိုပြည့်ပြည့်၀၀ကြီးထွားစေရန်သာဖြစ်သည်။အပိုမလုပ်ပါနှင့်။
၈-၀မ်းဟာနေချိန်ကာဒီရိုလုပ်ခြင်းသည်အဆီပိုမိုလောင်ကျွမ်းနိုင်၏
မှား၏။သိပံ္ပနည်းကျအထောက်အထားမရှိပါ။ရှိတဲ့အထောက်အထားပြရမည်ဆိုလျင်၊ကာဒီရိုသို့ မ
ဟုတ်မည်သည့်လေ့ကျင့်ခန်းအမျိုးအစားကိုမဆိုမလေ့ကျင့်မှီတွင်ကယ်လိုရီအနည်းငယ်မှီဝဲထား
မည်ဆိုပါက၊အစာချေစဉ်ကယ်လိုရီလောင်ကျွမ်းမှုဖြစ်စဉ်(Thermic effect)ကြောင့်ကယ်လိုရီများ
ပိုမိုလောင်ကျွမ်းနိုင်ပါသည်။ကယ်လိုရီပိုမိုလောင်ကျွမ်းလေလေ၊အဆီပိုကျလေလေပင်ဖြစ်သည်။
၉-လေ့ကျင့်ခန်းမလုပ်တော့လျင်ကြွက်သားအားလုံးအဆီဖြစ်သွားတတ်သည်
မှားပါတယ်။ကြက်ပေါင်တစ်ချောင်းကိုဘယ်လိုထားထားဒိုးနပ်မုန့် တစ်ခုဖြစ်လာမှာမဟုတ်သလို
ဘယ်လိုမှမတူညီသောဖွဲ့ စည်းမှုဖြင့်တည်ဆောက်ထားသည့်အဆီနှင့်ကြွက်သားသည်တစ်သား
တည်းဖြစ်သွားရိုးထုံးစံမရှိပါ။ကာယဗလသမားများမကစားတော့လျင်အ၀လွန်သွားတတ်သည်မှာ
လေ့ကျင့်ခန်းပြုလုပ်စဉ်ကကဲ့သို့ ကယ်လိုရီများများဆက်လက်စားသုံးခြင်းကြောင့်၎င်း၊ကိုယ်လက်
လှုပ်ရှားမှုနည်းပါးသွားခြင်းကြောင့်၎င်းဖြစ်ပါသည်။
၁၀-Glutamine နှင့် whey protein ရောသုံးလျင်မကောင်းပါ
အလွန်ကောင်းပါသည်။ထိုဆေးနှစ်မျိုးရောသုံးမှသာကိုယ်တွင်းတွင်ပရိုတိန်းစုပေါင်းဖြစ်တည်မှုဖြစ်စဉ်
ပိုကောင်းလာခြင်းဖြစ်ပါသည်။

နောက်ထပ်အမှားများကိုလည်းတင်ဆက်ပေးပါဦးမည်။
နိုင်ဦး-----119
Email.intensemuscle@gmail.com
Email.muscleprofessor@gmail.com
Email.myanmarfitnesstrainer@gmail.com
http://muscleprofessor.blogspot.com


No comments:

Post a Comment