ကမ္ဘာ့ကာယဗလပရိတ်သတ်များအကြားတွင်abszilla ဟုဆိုလျင်ရုပ်ဖြောင့်ဖြောင့်၊ခပ်ပြုံးပြုံးနှင့်ဝမ်းဗိုက်
ကြွက်သားများအလွန်အမင်းလှပကာ၊ခန္ဓာကိုယ်အချိုးအစားအလွန်လှပသော၊အာရပ်နွယ်ဖွားကာ
ယဗလမောင်၊အာမက်ဟိုင်ဒါကိုသားဦးလေးမွေးဖွားပြီးပြီးခြင်း၊အင်တာဗျုးထားသမျှကိုပြန်လည်တင်
ဆက်လိုက်ပါသည်။
မေး။ ။ခင်ဗျားပရော်ဖက်ရှင်နယ်ဖြစ်တဲ့ခုနှစ်နဲ့ ၊ခင်ဗျားရဲ့ အသက်မွေးဝမ်းကြောင်းကို
ဘယ်လိုရုန်းကန်လှုပ်ရှားသလဲဆိုတာသိချင်ပါတယ်။
ဖြေ။ ။1997-ခုနှစ်ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ၊လိုက်ဟဲဗီးဝိတ်အတန်းမှာပထမနှင့်အတန်း
ပေါင်းစုံချန်ပီယံဖြစ်ပြီးပရော်ဖက်ရှင်နယ်ကဒ်ရလာခြင်းဖြစ်ပါတယ်။ဘ၀နေထိုင်ရပ်
တည်ဖို့ အတွက်ကတော့၊အခုကျွန်တော့်ကို SAN nutrition ကစပွန်ဆာပေးထား
ပါတယ်။
မေး။ ။ကာယဗလနယ်ပယ်မှာခင်ဗျားရဲ့ ဝမ်းဗိုက်သားတွေကအံ့မခန်းပါပဲဗျာ။အထူးလျို့ ဝှက်
ချက်လေးများရှိယင်မျှပါဦး။
ဖြေ။ ။ကျွန်တော်က၀မ်းဗိုက်ကြွက်သားလေ့ကျင့်ရတာကိုအင်မတန်ကြိုက်နှစ်သက်ပါတယ်။
တစ်ပါတ်ကိုသုံးကြိမ်မှလေးကြိမ်အထိဝမ်းဗိုက်ကြွက်သားတွေကိုလေ့ကျင့်ပါတယ်။လေ့
ကျင့်ခန်းတွေကတော့၊အိပ်ထမတင်နှင့်တန်းခိုခြေမြှောက်လေ့ကျင့်ခန်းတွေပဲဖြစ်ပြီး၊
အလေးများနှင့်အကြိမ်များများလေ့ကျင့်ပါတယ်။
မေး။ ။ယနေ့ ကာယဗလပြိုင်ပွဲဝင်တွေအနေနှင့်ခင်ဗျားလိုပဲအချိုးအစားအလှအပနှင့်၊ကြွက်
သားရင့်မှည့်မှုကိုလိုအပ်တယ်လို့ ထင်ပါသလား။
ဖြေ။ ။ကျွန်တော်ကအဲဒီလိုထင်ပေမဲ့၊ကာယဗလပရိတ်သတ်တွေကတော့၊ထုထည်ကြီးလေ
ကြိုက်လေလေဖြစ်နေတာပါပဲ။
မေး။ ။ကွန်ဂရက်ကျူလေးရှင်းပါ။အခုအဖေဖြစ်လာတော့၊ခင်ဗျားအတွက်ဘယ်လိုခံစားရလဲ။
ခင်ဗျားရဲ့ တစ်နေ့ တာလှုပ်ရှားမှုဘ၀ပုံစံကိုအနည်းငယ်သိချင်ပါတယ်။
ဖြေ။ ။ကျေးဇူးပါ။အဖေဖြစ်ရခြင်းကကျွန်တော့်အတွက်အကောင်းဆုံးခံစားချက်တစ်ခုပါပဲ။
ကျွန်တော့်ခလေးတစ်နေ့ ထက်တစ်နေ့ ကြီးပြင်းလာတာကိုစောင့်ကြည့်ရတာကိုက
ပျော်စရာတစ်ခုပါပဲ။ကျွန်တော့်တစ်နေ့ တာကိုအကြမ်းဖျင်းပြောရယင်တော့၊မနက်
ခုနှစ်နာရီမှာကျွန်တော့်သမီးလေးကိုကျောင်းပို့ ပြီးဂျင်မ်မှာကာဒီရိုသွားလုပ်ပါတယ်။
အဲဒီအချိန်မှာကျွန်တော့်စပွန်ဆာကုမ္ပဏီကထုတ်တဲ့Tight ဆေး၊နှစ်တောင့်ကိုသုံးပါ
တယ်။ကာဒီရိုပြုလုပ်ပြီးပြီးခြင်း၊၀မ်းဗိုက်ကြွက်သားလေ့ကျင့်ပြီးပြီးခြင်း၊မှာ
Infusion shake ကိုသောက်ပြီးအိပ်ပြန်လာပြီးခုနှစ်လသားလေးအရွယ်ရှိနေပြီဖြစ်
တဲ့ကျွန်တော့်သားလေးအလီနှင့်အပမ်းဖြေကစားပါတယ်။ကျွန်တော့်တစ်နေ့ တာစား
ရမည့်အာဟာရအားလုံးကိုကျွန်တော့်ဇနီးမဂ္ဂီကပြင်ဆင်ပေးပါတယ်။အဲဒီနောက်မှာ
ကျွန်တော့်ဇနီးနှင့်သားကိုPowerhouse GYM ကိုခေါ်သွားပြီး၊နောက်ကျွန်တော့်
မင်ဘာများကိုလေ့ကျင့်သင်ပြပေးပြီး၊ကျွန်တော်ကိုယ်တိုင်လည်းလေ့ကျင့်ကာ၊
ညရှစ်နာရီမှာအိမ်ကိုပြန်ပါတယ်။
မေး။ ။ခင်ဗျားထက်အကောင်ကြီးတဲ့ကာယဗလမောင်တွေနဲ့ ယှဉ်ပြိုင်ရာမှာခင်ဗျားအား
သာတဲ့အချက်ကဘာလဲ။ခင်ဗျားအားနည်းနေသေးတယ်လို့ ထင်တဲ့အချက်ကဘာလဲ။
ဖြေ။ ။ကျွန်တော့်ရဲ့အားသာချက်ကတော့အချိုးအစားပြေပြစ်လှပခြင်းနှင့်ပြိုင်ပွဲတိုင်းကိုမာ
ဆယ်ကွာလတီကောင်းကောင်းနှင့်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး၊အားနည်းချက်လို့ ထင်တဲ့အ
ချက်ကတော့၊နောက်ကျောနှင့်လက်မောင်းသားတွေပဲဖြစ်ပါတယ်။ကျေးဇူးပါ။
တင်ဆက်သူ---
နိုင်ဦး---119
Email---intensemuscle@gmail.com
www.myanmarfitness.com
No comments:
Post a Comment