arial" action="like" colorscheme="light">

Sunday, June 3, 2012

ကယ်လိုရီများများလောင်ကျွမ်းစေဖို့ 


ကာယဗလလေ့ကျင့်သူများအကြားရေပန်းအစားဆုံးသောအငြင်းပွားမှုလေးတစ်ခုမှာအချို့ က
လေ့ကျင့်သည့်အကြိမ်တစ်ကြိမ်ကိုနှေးနှေးလေ့ကျင့်ပါကကယ်လိုရီများများပို၍လောင်ကျွမ်းစေ
နိုင်သည်ဟုတင်ပြကြပြီးအချို့ ကတော့မြန်မြန်လေ့ကျင့်လေလေကယ်လိုရီလောင်ကျွမ်းမှုအား
ကောင်းလေလေဟုတင်ပြကြသည်။သူ့ အယူအဆနှင့်သူတော့မှန်နေသည်ချည်းဖြစ်သည်။သို့ 
သော်သိပ္ပံနည်းကျလေ့လာရာတွင်မည်သည့်နည်းစနစ်ကပို၍အကျိုးပြုသည်ကိုတင်ပြပေးလိုက်
ပါသည်။

လေ့လာတွေ့ ရှိချက်မှာ-
လေ့လာတွေ့ ရှိချက်အတော်များများကတင်ပြကြသည်မှာ၊ပြင်းပြင်းထန်ထန်လျင်လျင်မြန်မြန်လေ့
ကျင့်ခန်းများပြုလုပ်ခြင်းသည်၊သာမန်ခပ်နှေးနှေးလေ့ကျင့်ခန်းပြုလုပ်ခြင်းထက်ပို၍အာရုံကြောစနစ်
ကိုလှုံဆော်စေနိုင်ပြီး၊ကိုယ်တွင်းမှဟိုမုန်းများထွက်ရှိမှုကိုတိုးတက်စေကာအဆီကိုပိုမိုလောင်ကျွမ်း
စေနိုင်သည်။

ခပ်မြန်မြန်လေ့ကျင့်ခန်းများပြုလုပ်ခြင်းသည်အဆီလောင်ကျွမ်းစေနိုင်သောကြီးထွားဟိုမုန်း Growth Hormone နှင့် Epinephrine ဟိုမုန်းများကိုအထွက်တိုးစေနိုင်သည်။တာတိုအမြန်ပြေးသည့်လေ့ကျင့်
ခန်းသည်ကြီးထွားဟိုမုန်းများကိုပိုမိုထွက်ရှိစေသောလေ့ကျင့်ခန်းကောင်းတစ်ခုဖြစ်သည်။
ခပ်မြန်မြန်၊အားနှင့်မာန်နှင့်လေ့ကျင့်ခြင်းသည်သာမန်နှေးနှေးလေ့ကျင့်သူများထက်ပို၍အခြားကြွက်
သားများ၏အကူအညီကိုယူရသည့်အပြင်ကယ်လိုရီများများကိုပို၍လောင်ကျွမ်းစေနိုင်ကြောင်းကို
သုတေသနများကကောက်ချက်ချတင်ပြထားပါသည်။

ထို့ ကြောင့်အဆီပိုကျစေရန်အတွက်ကယ်လိုရီများများကိုပို၍လောင်ကျွမ်းစေလိုပါက၊အလေးများ
ဖြင့်လေ့ကျင့်ရာတွင်အလေးကိုအောက်သို့ ဖြည်ချရာတွင်ဖြည်းဖြည်းခြင်းညှစ်အားဖြင့်သာချသင့်ပြီး
ပြန်တင်ရာတွင်မူ၊ရှိသမျှအားဖြင့်အစွမ်းကုန်ခပ်မြန်မြန်တွန်းတင်ရမည်ဖြစ်သော်လည်းပုံစံကျနနေရမည်ကိုတော့လုံးဝမမေ့ပါနှင့်။ထို့ အပြင်အဆီပိုကျစေလိုပါကထိုသို့ လေ့ကျင့်ခြင်းနှင့်ပြင်းအားမြှင့်ကြားညှပ်
ကာဒီရိုများကိုလေ့ကျင့်သင့်ပါသည်။
                                                                                                       တင်ဆက်သူ---
                                                                                                      နိုင်ဦး---119
Email---intensemuscle@gmail.com
www.myanmarfitness.com



No comments:

Post a Comment