arial" action="like" colorscheme="light">

Tuesday, March 12, 2013

သေမင်းတမန်ဆေးဝါးအန္တရယ်-၂


ကျွန်တော် ပြီးခဲ့တဲ့ ဆောင်းပါးကို သေမင်းတမန် ဆေးဝါးရန် လို့ ပေးလိုက်တာ  တကယ်လည်း တားမြစ်ဆေးဝါး သုံးစွဲသူဟာ သေမင်းတမန်ဧ။် ခေါ်ဆောင်ရာ ကို စောစီးစွာ လိုက်ပါနိုင်လို့ပါ။ အွန်လိုင်းမှာ တွေ့တဲ့ နယ်က မင်ဘာတစ်ယောက်က မေးပါတယ် တားမြစ်ဆေးဝါး ဟာ တကယ်ကို သေဘေး နီးလားတဲ့။ ကျွန်တော်ကလည်း တစ်လလောက် အရင် စမ်းသုံးကြည့်ပါ ဘာတွေ ကောင်းသလဲ ဘာတွေ ဆိုးသလဲ ပြီးရင် တစ်နှစ်လောက် ဆက်သုံးကြည့်လိုက်ပါ ထူးခြားမှုကို ခံစား၇ပါမယ် လို့ ပြောလိုက်ပါတယ်။ အခုတင်ဆက်ပေးတဲ့ ဆောင်းပါးကလည်း တားမြစ်ဆေးဝါးသုံးစွဲပြီး ကာယဗလ လောကမှ စောစီးစွာ ကြွေလွင့်သွားတဲ့ အတတ်ကြူးသူ လူတစ်ဦး ရဲ့ အကြောင်းကို ကိုယ်တွေ့ ကြုံခဲ့ရသူ ပညာတတ်လူငယ်တစ်ဦးမှ ပြန်လည် တင်ပြထားသည်ကို ကောက်နုတ်ရေးသားလိုက်ခြင်း ဖြစ်ပါသည်။     ဖြစ်စဥင်္လေးကတော့ အောက်ပါအတိုင်းဖြစ်သည်။
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်
။ဂျွန်ကို ကျွန်တော် နောက်ဆုံးအကြိမ်တွေ့ခဲ့ခြင်းမှာ သူမသေမီ တစ်ရက်အလိုနေ့တွင် ဖြစ်ပါသည်။
    ကျွန်တော် ချုံ့ပွဲချပြီး ငိုမိမတတ် ဖြစ်ခဲ့ရသည်။ ကျွန်တော်သည် သူ၏ ဆေးရုံအခန်းမှ အပြင်ဘက်သို့ လှမ်းမြင်ရသောရှုခင်းသည် အလွန်တရာမှလှပကြောင်း ဟန်ဆောင်ပြောရင်း ကျွန်တော်၏အသံနှင့် မျက်နှာအမူအရာတို့ကို မနည်းထိန်းချုပ်ခဲ့ရသည်။
    ကြည့်ပါအုံး၊ လူငယ်များစံထားတဲ့အရပ် ၆ ပေ ၂ လက်မရှိတဲ့၊ ကျွန်တော်ရဲ့သူငယ်ချင်း ဧရာမလူထွားအားကစားသမားကြီး အခုတော့ သူ့ကိုယ်ခန္ဒာဟာ လျော့လျဲလျဲနေပြီး ဖောင်းပွ ရောင်နေတဲ့ သူ့ရဲ့ဝမ်းဗိုက်ကြီးကို အသက်ရှုထုတ်လိုက်တိုင်း၊ ဖုံးအုပ်ထားတဲ့ ဆေးရုံလွှာချင်းစောင် ကို နိမ့်ချည်ကျချည်နဲ့ မြင်နေရတယ်၊ သူ့ကို မှတ်မိအောင် ကျွန်တော် မနည်းကြည့်ယူခဲ့ရတယ်။ သူ့ကို ကျွန်တော်နောက်ဆုံးအကြိမ် တွေ့ခဲ့တုန်းက သူ့ရဲ့ ကိုယ်အလေးချိန်ဟာ ပေါင် (၂၂၀)တောင် ရှိတယ်။ အခုတော့ သူ့မှာကိုယ်အလေးချိန် ပေါင် (၁၀၀)နီးပါးလောက်တောင် ကျသွားခဲ့တယ်။ နောက်ဆုံးအကြိမ်တွေ့ခဲ့တုန်းက သူ့ခေါင်းမှာ ထူပြစ်နက်မှောင်နေတဲ့ ဆံကေသာ အပြည့် ဖုံးအုပ်နေတယ်။ အခုတော့ သူ့ဆံပင်တွေ ကျွတ်ပြီး ကတုံးပြောင်လုနီးပါး ဖြစ်နေပြီ။ အရင်က နက်မှောင်ထင်ရှားလှတဲ့ မျက်ခုံးမွေးနှစ်ဖက်လည်း တက်တက်စင်ကျွတ်ပြောင်နေပြီ။ သူကစားပုံကို နောက်ဆုံးတွေ့မြင်ခဲ့ရတုန်းက စွတ်စိုချွေးပြန်နေတဲ့ သူ့ရဲ့အပေါ်ယံအရေပြား တွေဟာ ကြွက်သားတွေနဲ့အတူ လှုပ်ရှားလို့။ အခုတော့ သူ့အရေပြားတွေက ခြောက်သွေ့ရှုံ့တွပြီး ရွဲကျနေပြီ။ ပိုးစလို တွဲကျနေပြီ။ မီးခိုးစိမ်းပြာရောင်ပေါက်ပြီး၊ အိုမင်းရင့်ရော်သည့် လူနာအသွင် ပေါက်နေပြီ။

    သူ့ကို အားကစားရုံထဲမှာ ကျွန်တော် နောက်ဆုံးတွေ့မြင်ခဲ့ရတုန်းက သူ့အသံဟာ တစ်ခန်းလုံး လွှမ်းနေတယ်။ ဘယ်သူ့အသံနဲ့မှ မမှားနိုင်ခဲ့ဘူး။ သူ့အသံက ပြေးခုန်လွှားနေတဲ့ လူငယ်တွေ၊ အားနဲ့မာန်နဲ့အသံထွက်ပြီး အလေးမနေတဲ့ လူငယ်တွေရဲ့အပေါ်က စီးနေခဲ့တယ်။ အခုတော့ သူဟာ လေကို အသက်ရှုလို့တောင် မ၀တဲ့ဘ၀ ရောက်နေပြီ။ သူ့အသံလည်း လေပျော့လေးဖြစ်သွားလို့ ကျွန်တော် အတော်အားယူနားထောင်ခဲ့ရပါတယ်။ အမြဲပြောနေကျ စကားတွေအတိုင်းပါပဲ။ ဒါပေမယ့် တစ်ခါက ကျွန်တော်ကို အားရပါးရပြောခဲ့တဲ့ “ဟေ့ ... လာစမ်းပါဦး၊ မင်းရဲ့ပိန်တာရိုးကိုယ်လုံးပေါ်မှာ ကြွက်သားတွေထွက်လာအောင်၊ ဘယ်လိုကစား ရသလဲဆိုတာ၊ မင်းကိုငါ ဘယ်တော့မှ ပြပေးရမှာလဲကွ” ဆိုတဲ့ အသံမျိုးနဲ့တော့ မတူတော့ဘူး။ တခြားစီပါလား။ သူ့လေသံက လုံးလုံးကို ပျော့နေပြီ။ ကျွန်တော်ကတော့ “ကိုယ်လူကြီး ပူမနေနဲ့၊ ဆေးရုံကဆင်းတော့ ပြပေးရမှာပေါ့”လို့ ပြန်ဖြေလိုက်ရတယ်။
    ဂျွန် အသက်ငင်နေချိန်မှာ သူ့အသက်ဟာ (၃၅)နှစ်ပဲ ရှိသေးတယ်။ တစ်ခါက လူတစ်ယောက်ကို ကောက်ချီပြီး နှစ်ပိုင်းကျိုးသွားအောင် ချိုးပြနိုင်လောက်တဲ့ လူတစ်ယောက်၊ အခုတော့ အသက်ငင်နေပါပြီ။ အသက် (၁၅)နှစ်အရွယ်ကတည်းကစပြီး ကာယဗလအားကစား လေ့ကျင့်မှု လုပ်လာခဲ့သူတစ်ယောက်၊ ကိုယ်တိုင်စားသမျှ အစားအစာကို ဂရုတစိုက် တွက်ချက် စားသောက်ခဲ့သူတစ်ယောက်၊ ဆေးလိပ်မသောက်၊ အရက်မသောက်၊ ညဥ့်နက်အောင်မနေ၊ အိပ်ရေးအပျက်မခံခဲ့သူတစ်ယောက် အခုတော့ အသက်ငင်နေရှာပါပြီ။ ဂျွန်ဟာ ကိုယ်ပိုင် ကလေး နှစ်ယောက်ရှိပြီး အားကစားရုံမှာလည်း အားကစားသားမြေးတပည့် ဒါဇင်ပေါင်းများစွာ ရှိခဲ့သူ တစ်ယောက်၊ သူက လူငယ်တွေကို ကူညီတတ်သလောက် လူငယ်တွေရဲ့ ချစ်ခင်ကြည်ညို လေးစားမှုရရှိခဲ့တဲ့ လူတစ်ယောက်။ ဒီလို စံပြနမူနာထားလောက်တဲ့ အင်မတန်ပြည့်ဝသူ တစ်ယောက် အခုတော့ သူအသက်ငင်နေပြီဆိုတာ ကျွန်တော် ဘယ်လိုမှနားလည်လို့ မရနိုင်တော့ ပါဘူး။
    အခုတော့ ဂျွန်က အားကစားရုံထဲက ကလေးတွေအကြောင်း ကျွန်တော်ကိုမေးနေတယ်။ ဆေးရုံက သူနာပြုဆရာမလေးတွေအကြောင်း ရယ်စရာ မောစရာ ပြောလို့ပြီးတော့ သူအခုလို ဖျားပြီး ဆံပင်တွေကျွတ်တာဟာ “ကီမိုသာရဖီ” (Chemo-therpapy) ဆေးကုသမှုကြောင့် ဖြစ်ရတာလို့ ကျွန်တော်ကို လာမှ စိတ်မပူနဲ့တဲ့။ ဆရာဝန်တွေကို ပြစရာရှိတဲ့ တစ်ခုနှစ်ခုပြပြီးရင် သူဆင်းလာတော့မယ်၊ စောင့်သာကြည့်တဲ့။

    ဂျွန်ကို ကောလိပ်ကျောင်းမှာ ကျွန်တော် စတွေ့ခဲ့တယ်။ ကျွန်တော် ကောလိပ် ရောက်တော့လည်း အထက်တန်းကျောင်းတုန်းကလိုပဲ၊ အလေးဆက်မခဲ့တယ်။ ကျွန်တော်က “ဘရုတ်ကလင်း”မြို့ရဲ့ ခပ်ဆိုးဆိုးရပ်ကွက်တစ်ခုမှာ ကြီးပြင်းခဲ့တယ်။ အလေးကစားလို့ ဗလကောင်းအားသန်လာတော့၊ ကျွန်တော့်ကို ဘယ်သူမှ ရန်ရှာ၊ ဒုက္ခမပေးကြတော့ဘူး။ ကျွန်တော် ကိုယ့်သိက္ခာကိုလည်း ပြန်ပြီး လေးစားမိတယ်။ ကောလိပ်ကျောင်းရောက်တော့ ကျွန်တော် အားကစား (၆)မျိုးကို ကစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့် ကြံ့ခိုင်မှုအတွက် လုပ်ရိုး လုပ်စဉ် ကစားနေကြအတိုင်း အလေးကစားချင်တယ်။ ကျောင်းနားမှာပဲ ကျန်းမာရေး အားကစား ကလပ်တစ်ခု သွားတွေ့ခဲ့တယ်။ အဲဒီကလပ်မှာ ကျွန်တော် ဂျွန်ကို စတွေ့ခဲ့တယ်။
    ဂျွန်ဟာ နေရာတကာမှာ ထင်ပေါ်တယ်။ သူ့ရဲ့ အမူအရာတွေက သိမ်မွေ့နူးညံ့ပြီး လူကြီး လူကောင်းဆန်တယ်၊ လူအများထဲမှာ ဂျွန်ဟာ အလိုလိုကို ထင်ပေါ်တဲ့ လူတစ်ယောက် ဖြစ်နေတယ်။ သူပြောပြလို့တော့ မဟုတ်ဘူး။ သူများတွေဆီက သိရသမျှက ဂျွန်ဟာ ကမ္ဘာ့ချန်ပီယံ တစ်ကြိမ် ရဖူးတယ်။ တခြားသရဖူတွေလည်း တစ်ဒါဇင်မကတော့ အနိုင်ရဖူးတယ်၊ အမေရိကန် ဘောလုံးသမားတစ်ယောက် ဖြစ်တယ်လို့လည်း ကျွန်တော် သိခဲ့ရတယ်။ သူ့ဆီက ကျွန်တော် ပညာတစ်ခုရခဲ့တယ်။ လူတစ်ယောက်ဟာ ကမ္ဘာ့ချန်ပီယံ ဖြစ်ပေမယ့်လည်း ဟိတ်ဟန်မလုပ်ဘဲနဲ့ ရိုးရိုးလေးမှ ချစ်စရာကောင်းအောင် လူချစ်လူခင်များအောင် နေထိုင်ပြီး တိုးတက်မှုအတွက် ရုန်းကန်နေရတဲ့ လူငယ်အားကစားသမားတွေကို အကူအညီပေးလို့ရနိုင်တယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။
    သူ့မှာ လူငယ်လေးတွေကို အကူအညီပေးဖို့ မအားဘူး၊ အချိန်မရဘူးဆိုတာမျိုး ဘယ်တော့ မှ မရှိခဲ့ဘူး။ လူငယ်တွေကလည်း သူ့ကို စံပြုပြီး ကြည်ညိုလေးစားကြတယ်။ ဂျွန်မှာ ဂရုဏာစိတ် ထားတယ်၊ စိတ်လည်းရှည်တယ်။ သူဟာ တကယ့်လူကောင်းတစ်ယောက်ပဲ။ ဒါပေမယ့် သူဟာ “ဆေး”တော့ သုံးတယ်။
    ဂျွန်ကို ကျွန်တော် စသိခဲ့ရတဲ့အချိန်ကစပြီး သူနေမကောင်းလို့ ဆေးရုံတက်ရတဲ့ အချိန် အထိ သုံးနှစ်ကာလအတွင်းမှာ သူဟာ “အနာဘိုလစ်၊ စတီးရွိက်” (Anabolic Steroids)လို့ ခေါ်တဲ့ “ကြွက်သားကြီး ခွန်အားတိုးဆေး” တွေကို သုံးခဲ့တယ်။ “မာဆယ်” ဆိုတဲ့ လူတစ်ယောက် က အဲဒီဆေးတွေကို လက်စွဲအိတ်တစ်လုံးနဲ့ ယူလာပြီး ဂျွန်နဲ့ အခြားသူတွေကို ရောင်းပေးတယ်။ ဒီအလုပ်ကို အားကစားလောကအတွက် ပြင်သစ်အဆက်အသွယ် (French Connection) လို့ ခေါ်ကြတယ်။ ဒီအလုပ်ကို တိတ်တိတ်ပုန်း လျှို့ဝှက်လုပ်ကြတာ မဟုတ်ဘူး။ ပေါ်ပေါ်ထင်ထင် လုပ်တာ။ ဂျွန်ဟာ နေ့တိုင်း အားကစားရုံကို လာတယ်။ ဆေးတွေနဲ့ ကိရိယာတန်ဆာပလာတွေကို သူ့ရဲ့အ၀တ်အစားနဲ့ ပစ္စည်းသံဘီဒိုထဲမှာပဲ သိမ်းထားတယ်။ “အနာဘိုလစ်၊ စတီရွိုက်” ဆေးတွေကို အားကစားသမားအတော်များများက သုံးနေကြတော့လည်း ဒီကိစ္စကို ဘယ်သူကမှ ရေးကြီးခွင်ကျယ် စဉ်းစားမနေကြတော့ဘူး။ အဲဒီအားကစားရုံမှာ လူတိုင်းတော့ ဆေးမသုံးကြ ပါဘူး။ ဒါပေမယ့် သုံးတဲ့လူကိုလည်း ဘယ်သူကမှ မဝေဖန်ကြဘူး။ ဂျွန်ဟာ သူ့ရဲ့ ချိန်ပီယံဘွဲ့ရ ကိုယ်ခန္ဓာ၊ ကာယဗလ ကျမသွားဘဲ ကြွက်သားကြီးထွားမှုနဲ့ ခွန်အားတို့ကို ဆက်လက်ထိန်းသိမ်း ထားလိုတဲ့ ဆန္ဒရှိပုံကို မပြောဘဲနဲ့ နားလည်ခဲ့ကြတယ်။ ဂျွန်လို ချိန်ပီယံဖြစ်လာနိုင်ရေးအတွက် တစ်ကမ္ဘာလုံးမှာ အားကစားသမားတွေဟာ ကိုယ်အလေးချိန်တိုး၊ ခွန်အားလည်းတက်၊ ဇွဲသက်လုံ လည်း ကောင်းအောင် “အင်နာဘိုလစ်၊ စတီရွိုက်” ဆေးတွေကို သုံးစွဲတယ်လို့ သိနားလည် ထားခဲ့ ကြတဲ့အတွက် ဖြစ်ပါတယ်။
    အသက် (၃၀) အရွယ်ကျော်လာတဲ့ ဂျွန်ကို ပြိုင်ပွဲဝင်အားကစားသမားတစ်ဦးအနေနဲ့ ကြည့်မယ်ဆိုရင် အရွယ်လွန်စပြုလာခဲ့ပြီလို့ ဆိုရပါမယ်။ ဒီတော့ သူ့အနေနဲ့ သူ့ရဲ့ ကိုယ်ခန္ဓာကို ကောင်းနိုင်သမျှ အကောင်းဆုံးအခြေအနေမှာ ဖြစ်နိုင်သမျှ ကြာကြာထိန်းလိုတဲ့ စိတ်ရှိတာကို မည်သူက ဝေဖန်နေမည်အံ့နည်း။ တစ်ဖက်မှာလည်း အင်နာဘိုလစ်၊ စတီရွိုက် ဆေးတွေကို သံသယဖြစ်ပြီး သုံးစွဲဖို့ ငြင်းဆန်တဲ့ အားကစားသမားတွေလည်း ရှိနေတယ်။ ဘယ်သူမှ တိတိကျကျ သေသေချာချာ မသိဘူး။ ပန်းသေတယ်၊ ကိုယ်ခန္ဓာရဲ့ ထူးထူးဆန်းဆန်းနေရာတွေမှာ အမွေးတွေ ပေါက်လာတယ်။ ဆေးထိုးတဲ့နေရာမှာ မှားရင် သွက်ချာပါဒ လိုက်သွားနိုင်တယ်ဆိုတဲ့ အဆိုးဆုံး ကောလာဟာလတွေကလည်း ထွက်နေခဲ့တယ်။

    တစ်ချိန်တည်းမှာပဲ (စတီရွိုက်) ဆေးတွေသုံးစွဲခြင်းရဲ့ အာနိသင်အကြောင်းကိုလည်း အားကစားမဂ္ဂဇင်းတွေက သတိထားထောက်ပြပေးပြီး အလေးအနက် ရေးသားတဲ့ ဆောင်းပါးတွေ ဖော်ပြလာခဲ့ကြတယ်။ စတီရွိုက် သုံးစွဲခဲ့တဲ့ အာကစားသမားအတော်များများဟာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဘာမှဖြစ်ပုံမပေါ်ပဲ အားကစားပြိုင်ပွဲတွေမှာ မကြာခဏ တစ်ပန်းအသာရကြတယ် လို့လည်း လူတိုင်းက သိနေခဲ့ကြတယ်။
    ဒီလိုနဲ့ ဂျွန် နေမကောင်းဖြစ်လာခဲ့တယ်။ သူ့ရောဂါကို တိတိကျကျရှာဖွေတွေ့ရှိအောင် နည်းနည်းတော့ အချိန်ယူခဲ့ရတယ်။ ရှားရှားပါးပါးဖြစ်တတ်တဲ့ “ကျောက်ကပ် အကြိတ်ရောဂါ” (Kidney Tumor)ဖြစ်မှန်း သေသေချာချာသိခဲ့ရတယ်။ အသည်းနဲ့ ကျောက်ကပ်ဆိုင်ရာ ဆေးစစ်ချက် အခိုင်အမာ သိရှိခဲ့ရတဲ့အချိန်မှာတော့ အကြိမ်ကင်ဆာဟာ သွေးကြောနဲ့ အဆုတ် တို့ကတစ်ဆင့် ဂျွန်ရဲ့ တစ်ကိုယ်လုံးကို ပျံ့နှံ့နေပြီ။
    ဂျွန်ကို ကင်မိုသာရပီကုထုံးနည်းနဲ့ ကုသထားလို့တော့ အသေဖင့်နှေးခဲ့တဲ့ သဘောရှိတယ်။ ဒါပေမယ့် ဆေးတွေက ပြင်းလွန်းတဲ့အတွက် ကြောက်မက်ဖွယ်ရာကောင်းတဲ့ ပူးတွဲအာနိသင်တွေ ဖြစ်စေခဲ့ပြန်တယ်။ အော်ကလီဆန်ခြင်း၊ ခဏခဏအော့အန်ခြင်း၊ လည်ချောင်းတွေ ခြောက်သွေ့ နာကျင်ပြီး တံတွေးထွေးလျှင် သွေးပါခြင်း၊ ဆံပင်တွေ အဆုတ်လိုက်ကျွတ်ခြင်းတို့ ဖြစ်ခဲ့တယ်။
    အော်ဂလီဆန်ခြင်းကို ပြေဆေးတွေ ပေးခဲ့တယ်။ ဒါပေမယ့် အသက်ထွက်နှေးအောင်သာ တတ်နိုင်ခဲ့ကြတယ်။ စိတ်မချမ်းသာစရာအလုပ်ကို သက်ဆိုးရှည်အောင် လုပ်ပေးခဲ့သလိုသာ ဖြစ်ခဲ့ ပါတယ်။ လပိုင်းအတွင်းမှာပဲ ဂျွန်ဟာ အသက်ဆုံးပါးခဲ့တော့တယ်။
    ကျွန်တော် နောက်ကြောင်းပြန်စဉ်းစားကြည့်တော့ ဂျွန်ပြောသွားတဲ့ စကားတစ်ခွန်းကို သတိရနေမိတယ်။ (ကီမိုသာရပီ) ကုထုံးကြောင့် ဖြစ်ပေါ်လာတဲ့ ကြောင်စရာအော်ကလီဆန်မှုကို မဖြစ်စေချင်ရင် ဆေးခြောက်ရှုရတယ်လို့ သူကြားဖူးတဲ့အကြောင်း၊ ဒါပေမယ့် သူဆေးခြောက်ရှုတာ ကလေးတွေဆီပြန်ရောက်နိုင်တဲ့အတွက် သူ့အနေနဲ့ မကောင်းတဲ့နမူနာတစ်ခုဖြစ်သွားမှာ ကြောက်တဲ့အတွက် ဆေးခြောက်မရှုချင်ကြောင်း ဂျွန်က ပြောသွားခဲ့တယ်။

    သူ့စကားတွေဟာ အဓိပ္ပာယ်ပြောင်းပြန်ကောက်ရမယ့် အထေ့အငေါ့စကားကြီးတစ်ခွန်း အဖြစ်သာ ကျွန်တော အကဲဖြတ်ခဲ့မိပါတယ်။
    ကျွန်တော့်ရဲ့ အနာဂတ်နှစ်ကာလတွေမှာ ဖိစီးလာမယ့် ဆေးဝါးတွေအကြောင်းကို အဲဒီ တုန်းက ကျွန်တော်ဘာမှ သိပ်မသိခဲ့ပါဘူး။
    စတာရှိုက်လို့ ခေါ်တဲ့ ဆေးဝါးတွေဟာ လူတစ်ယောက်ကို ကြီးထွားအောင် လုပ်ပေးနိုင်တယ်၊ ခွန်အားပိုရှိအောင်လည်း လုပ်ပေးနိုင်တယ်လို့ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ကျွန်တော်စပြီး ကြားဖူးခဲ့ပါတယ်။ ကျွန်တော်ဟာ ဇီဝဗေဒအဓိကကောလိပ်ကျောင်းသားတစ်ဦး ဖြစ်တဲ့အလျောက် လူ့ရဲ့ကိုယ်ခန္ဓာ၊ ဓာတုဗေဒဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန်ဆက်စပ်နေတဲ့ သိမ်မွေ့တဲ့အဖွဲ့စနစ်တစ်ခု ဖြစ်တယ်ဆိုတာ ကျွန်တော်သိခဲ့တယ်။ လူရဲ့ခန္ဓာက သဘာဝအတိုင်း ထုတ်လုပ်ပေးတဲ့ ကြီးထွားမှုဟိုမုန်းနဲ့ လိင်အရွယ်ရောက်မှုဟိုမုန်းများဟာ စတာရွိုက်များသာ ဖြစ်ကြောင်း ကျွန်တော် သိထားခဲ့တယ်။ လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာဟာ သဘာဝအတိုင်း ပြုလုပ် ပေးနေတဲ့ အရေးအပါဆုံး အစီအစဉ်တစ်ခုကို အနှောင့်အယှက်ပေးခြင်းဟာ ဒုက္ခကို ဖိတ်ခေါ်ခြင်း သက်သက်ဖြစ်မယ်လို့ အဲဒီတုန်းက ကျွန်တော် သဘောပေါက်ခဲ့မိသလိုပဲ။ ကိုယ်ခန္ဓာအတွင်း လုပ်ဆောင်မှုချွတ်ယွင်းချက်များကို ပြုပြင်ပေးနေရန်အတွက် လူမမာများအနေနဲ့ (စတာရွိုက်) ဆေးသုံးရတယ်ဆိုတာက အဓိပ္ပာယ်တစ်မျိုးပါ။ ဒါပေမယ့် ပုံမှန်ကျန်းမာပြီး အလွန့်အလွန်ကို ကြံ့ခိုင်မှုနဲ့ပြည့်ဝတဲ့ သူများအနေနဲ့ (စတာရွိုက်)မှီဝဲပြီး အားကစားပြိုင်ဖက်တွေကို ရုံမှာ အနိုင်ရအောင် ကြိုးစားတာက တလွဲပါ။
    အချိန်ကြာလာတဲ့အခါမှာတော့ (စတာရွိုက်) ဆေးအကြောင်းတွေကို အားကစားရုံထဲမှာ သာမကတော့ဘူး။ အားကစားအကြောင်း ပြောကြတဲ့လူတွေ နေရာတကာမှာ ပြောဆိုဆွေးနွေးသံ တွေကို ကျွန်တော်စပြီးကြားခဲ့ရပြန်တယ်။ အားကစားမဂ္ဂဇင်းတွေထဲမှာ (စတာရွိုက်) ဆောင်းပါး တွေ ပါလာတာတွေ့ရပြီး၊ စတာရွိုက်သုံးစွဲမှုကို နိုင်ငံတကာစိုးရိမ်မကင်းဖြစ်လာပုံကို ကျွန်တော် သဘောပေါက်စ ပြုမိခဲ့တယ်။ ကျွန်တွေးဖက်ကို ကျွန်တော့်စိတ်ထဲက ယိမ်းယိုင်ခဲ့မိသေးတယ်။ လူအတော်များများ သုံးစွဲနေကြတယ်။ ပြီးတော့ အဲဒီအထဲမှာ လေးစားလောက်တဲ့ အားကစား သမားတွေကလည်း ပါနေခဲ့တယ်။ ယေဘုယျခြုံကြည့်လိုက်ရင်တော့ ဒီဆေးတွေဟာ ဆိုးကျိုးထက် ကောင်းကျိုးကို ပိုပြီးပေးနိုင်မှာပဲလို့ ကျွန်တော် ထင်ခဲ့မိတယ်။ ဂျွန်နဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေတစ်ယောက် သေဆုံးသွားပုံတို့ဟာ ရှားရှားပါးပါးနဲ့ ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘူးဆိုတာတော့ ဖြစ်နိုင်ဖွယ် ရှိခဲ့ပါသည်။

    ယခုတော့ ကျွန်တော့်ရဲ့သုတေသနလုပ်ငန်းများ ပြီးဆုံးခဲ့ပါပြီ။ ကျွန်တော့်စိတ်ထဲမှာ ရှိတာ တွေကို ပွင့်ပွင့်လင်းလင်း ပြောနေလို့ မရတော့ဘူး။ ကျွန်တော် ဒွိဟမရှိ၊ တိတိကျကျ ပြတ်ပြတ် သားသား ပြောနိုင်တာကတော့ ဆေးဝါးတွေ အထူးသဖြင့် (အင်နာဘိုလစ်၊ စတီရွိုက်)ဆေးဝါးတွေ ဟာ အားကစားနဲ့ ဘာမှမဆိုင်ဘူးဆိုတဲ့ အချက်ဖြစ်တယ်။ အင်နာဘိုလစ်၊ စတီရွိုက်ဆေးတွေက ပေးနိုင်မယ့် အကျိုးကျေးဇူးနည်းနည်းပါးပါးလေးအတွက် ကြောက်မက်ဖွယ်ရာ အန္တရာယ်တွေကို စွန့်စားမသုံးစွဲထိုက်ဘူး။ အကျိုးနဲ့အဆိုး မမျှဘူး။ အင်နာဘိုလစ်၊ စတီရွိုက်ဆေးတွေကို အလွန် မမာမကျန်းဖြစ်ပြီး အားဆုတ်ယုတ်နေတဲ့ လူနာတွေအတွက် ကျွမ်းကျင်တဲ့ ပါရဂူသမားတော်ကြီး များက ဆေးဝါးအဖြစ် ကုသပေးရေးအတွက်သာ သီးသန့်ထားသင့်ပါတယ်။ ဒီဆေးပေးပြီး၍လည်း လူအများရဲ့ တိုးတက်မှုအခြေအနေနဲ့ ဖြစ်လာတဲ့ ပူးတွဲအာနိသင်တွေကို သမားတော်ကြီးများက အစဉ်ဂရုတစိုက် စောင့်ကြပ်ကြည့်ရှုနေရပါမယ်။
    ကျွန်တော်ပြုလုပ်ခဲ့တဲ့ (၇)နှစ်ကြာ သုတေသနကာလအတွင်းမှာ ကျွန်တော်ဟာ စတီရွိုက် ဆေးဝါးနဲ့ ဟိုမုန်းဓာတုဗေဒ (တစ်နည်းအားဖြင့်) သွေးကြောတွင်းသို့ ဟိုမုန်းဓာတ် စိတ့်ဝင်မှု အကြောင်းအရာ ဘာသာရပ်ဖြစ်တဲ့ “အင်ဒိုကရင်းနော်လော်ဂျီ” (Endocrinology) အကြောင်း တွေကို ဆေးပညာစာအုပ်တွေမှာ တွေ့ရှိသမျှ ကျွန်တော် ရှာဖွေဖတ်ရှုမှတ်သားခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အဓိကရည်မှန်းချက်ကတော့ အင်နာဘိုလစ်၊ စတီရွိုက်များရဲ့ ဇစ်မြစ်၊ အသုံးဝင်ပုံ၊ အလွဲအမှား၊ အသုံးပြုကြပုံ၊ ဓာတုဗေဒဖွဲ့စည်းမှုနှင့် ပူးတွဲအာနိသင်များအကြောင်း သိနိုင်သမျှ အားလုံးသိရန် ဖြစ်ပါတယ်။ ကျွန်တော့်မှာ အော်ဂင်းနစ်၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ဇီဝကမ္မဗေဒ၊ ကောလိပ်ကျောင်းသုံးစာအုပ်တွေ အတော်အတန်ရှိပေမယ့် အင်နာဘိုလစ်၊ စတီရွိုက်နဲ့ ပတ်သက်လို့ အသစ်အဆန်း သိပ္ပံဘာသာရပ်တစ်ခု ဖြစ်နေပါတယ်။

ကျွန်တော့်မှာရှိတဲ့ ကောလိပ် ကျောင်းသုံးစာအုပ်တွေထဲမှာ အင်နာဘိုလစ် ဓာတုဗေဒအကြောင်းအရာကို အကျဉ်းချုပ်မျှသာ ဖော်ပြထားပါတယ်။ ကိုယ်ခန္ဓာအတွင်းမှ ထုတ်လုပ်ပေးတဲ့ ဟိုမုန်း (Endogenous Hormones) တွေ တော် နည်းပြပေးနေတဲ့ အထက်တန်းကျောင်း နပန်းအားကစားနဲ့ ဘောလုံးအသင်းက လူငယ်တွေတောင် စတာရွိုက်အကြောင်း ပြောလာကြတယ်။ အဲဒီနောက်တော့ “အင်နာဘိုလစ် စတာရွိုက်” ဆေးဝါးတွေဟာ လူတွေရဲ့ နေအိမ်နားအရောက် လမ်းစပေါက်လာခဲ့တယ်။ အထက် တန်းကျောင်းက ကျွန်တော်နဲ့ ကစားဖက် ဘောလုံးသမားတစ်ဦးဟာ အင်နာဘိုလစ် စတီရွိုက် ကို ကိုယ်တိုင်ထိုးတာ တွေ့ခဲ့ရတယ်။ အားကစားရုံမှာ သူဆေးထိုးခဲ့ပုံက သူ့မှာ ဘာမှ အပူအပင် မရှိ သလို ဘာမှမဆိုင်သလိုပဲ။ သူ့ရဲ့လုပ်ပုံက ဘေးအန္တရာယ်ရှိနိုင်တယ်ဆိုတာကို သူသဘောပေါက်ပုံ မရဘူး။ ဗီတာမင်မျိုးစုံပါတဲ့ မာလ်တီဗီတာမင်ဆေးထောင့်ကို စားတာကျနေတာပဲ။ ကျွန်တော် စဉ်းစားရခက်တာက ဒီလူဟာ ဆေးလိပ်မသောက်ဘူး၊ အချို့ဆိုရင် သကြားလုံးတောင် ရှောင်တယ်။ ညဥ့်နက်အောင်နေတဲ့သူ မဟုတ်ဘူး။ မှန်မှန်စောစောအိပ်တယ်။ အိပ်ရေး မပျက် မခံဘူး။ သူ့ကျန်းမာရေးကို အဲဒီလောက်အထိ ဂရုစိုက်ခဲ့တဲ့လူ။
    အထက်ပါအဖြစ်ကိုကြုံပြီး (၆)လအကြာမှာ ဂျွန် နေထိုင်မကောင်းဖြစ်ခဲ့တယ်။ ကျွန်တော့် မှာ ညီနှစ်ယောက်ရှိတယ်။ နှစ်ယောက်စလုံးက သူတို့လုပ်လို့ရသမျှ အားကစားအားလုံးမှာ ၀င်ကစားကြတယ်။ ကျွန်တော့်လိုပဲ အားကစားရုံထဲမှာလည်း ကာယဗလ အလေးမ လေ့ကျင့် ကြတယ်။ ဂျွန်ကွယ်လွန်ပြီးတဲ့နောက်မှာ ကျွန်တော့်ညီတစ်ယောက်က ကျွန်တော့်ကို ပြန်ပြောခဲ့လို့ သိရတာရှိတယ်။ ကျွန်တော်ကစားနေတဲ့ အားကစားရုံမှာ လူငယ်လေးတွေ အတော်များများဟာ ကြွက်သားကြီးခွန်အားတိုးစေမယ့် (အင်နာဘိုလစ်၊ စတီရွိုက်)ဆေးတွေ သုံးနေကြသတဲ့။ သူတို့ အသက်တွေက (၁၅)နှစ် (၁၆)နှစ်လောက်ပဲ ရှိကြသေးတယ်လို့ ပြောတယ်။ အဲဒီအချိန်မှာပဲ ဂျွန် သေဆုံးရခြင်းရဲ့ အကြောင်းရင်းဟာ (အင်နာဘိုလစ်၊ စတီရွိုက်)ဆေးတွေ သုံးလို့ဖြစ်နိုင်စရာ အကြောင်းရှိကြောင်း ရေးသားထားတဲ့ ဆောင်းပါးတိုလေးတစ်ပုဒ်ဟာ အမေရိကန်ဆေးပညာ အသင်းဂျာနယ် (Journal of American Medical Association) မှာ ပါလာတယ်။ ကျွန်တော်ဟာ အနီးဆုံးစာကြည့်တိုက်တစ်ခုကို အမြန်ဆုံးသွားပြီး “အင်နာဘိုလစ်၊ စတီရွိုက်”တွေအကြောင်း ရှာဖွေဖတ်ကြည့်ခဲ့မိတယ်။ ဒီဆေးတွေဟာ အလွန်တရာ ဖြစ်ခဲလှတဲ့ ကျောက်ကပ်အကြိမ်ကင်ဆာ ကို ဖြစ်စေနိုင်ပြီး လူကြီးတွေဖြစ်ရင် အသက်ဆုံးရှုံးနိုင်တဲ့အကြောင်း ဖတ်ခဲ့ရတယ်။ အဲဒီနေ့မှာပဲ စာကြည့်တိုက်မှာ “အင်နာဘိုလစ်၊ စတီရွိုက်”အကြောင်း ဆောင်းပါးအချို့ကို ကျွန်တော် ထပ်တွေ့ပြီး ဖတ်ခဲ့ရတယ်။ ကျွန်တော့်မှာ ပူပင်သောကစိတ်တွေလည်း တရိပ်ရိပ်နဲ့ ပိုမိုကြီးထွား လာတယ်။
    “အင်နာဘိုလစ်၊ စတီရွိုက်” ဆေးတွေနဲ့ပတ်သက်တဲ့ သိပ္ပံစာပေ အထောက်အထားများက ဒီဆေးတွေဟာ လူငယ်အားကစားသမားတွေကို ဖွံ့ဖြိုးထွားကျိုးစေနိုင်တယ်လို့ ဖော်ပြထားတယ်။
    ဒါပေမယ့် သွေးတိုးနိုင်တယ်။ ယောက်ျားတို့ရဲ့ လိင်ခွန်အားကျဆင်းသွားနိုင်တယ်။ အစာအိမ်လမ်းကြောင်းမှာ သွေးထွက်နိုင်တယ်။ သွေသကြား အားနည်းတဲ့ ဟိုက်ပိုဂလိုက်စီးမီး ယား (Hipoglycemia) ပိုဖြစ်စေနိုင်တယ်။ နှလုံးရောဂါ ပိုဖြစ်စေနိုင်တယ်။

အမျိုးသမီးတွေဟာ ယောက်ျားကြီးတွေနဲ့ တူလာနိုင်တယ်။ မမြင်နိုင်တဲ့ အဖုအကြိမ်တွေ ဖြစ်လာတတ်တယ်။ အသံတွေ သြလာတတ်တယ်၊ ကိုယ်ပေါ်မှာ အမွေးအမျှင်တွေ ပေါက်လာတတ်တယ်လို့လည်း သိရတယ်။ (အင်နာဘိုလစ်၊ စတီရွိုက်ဆေးများရဲ့ အန္တရာယ်)တွေဟာ ထင်ရှားလှပြီး တချို့ လက္ခဏာတွေကို ပြုပြင်ပြောင်းလဲယူလို့ မရနိုင်တော့ဘူး။ ဒါပေမယ့် ကျွန်တော်ဖတ်ခဲ့ရ၊ ကြားခဲ့ရ၊ မြင်ခဲ့ရသမျှမှာ အားကစားသမား အတော်များများဟာ ဆရာဝန်ရဲ့ ဆေးစစ်ချက်မပါဘဲနဲ့ “အင်နာ ဘိုလစ်၊ စတီရွိုက်” ဆေးတွေကို နှစ်ရှည်လများ၊ များပြားစွာ သုံးစွဲနေကြပုံကို ကျွန်တော် သိခဲ့ ရတယ်။ အခုဆိုရင် လူကြီးထွားပြီး ခွန်အားပိုသန်ဖို့၊ ပိုမြန်ဖို့အတွက် အထက်တန်းကျောင်းသား တွေနဲ့ သူတို့ထက်ငယ်တဲ့ သူတွေတောင် (အင်နာဘိုလစ်၊ စတီရွိုက်)ကို သုံးစွဲကောင်း သုံးစွဲနေကြပြီး သူတို့အားလုံးဟာ အင်နာဘိုလစ်၊ စတီရိုက်ဆေးဝါးတွေနဲံ မှီဝဲနေကြတယ်။
    အင်နာဘိုလစ်၊ စတီရွိုက်ဆေးဝါးတွေနဲ့ အားကစားအတွက် သုံးစွဲနေတဲ့ ဆေးဝါးတွေ အကြောင်းကို ကျွန်တော် အစွမ်းကုန်သိအောင် လေ့လာသင်ကြားယူတော့မယ်လို့ ကျွန်တော် ဆုံးဖြတ်ချက်ချခဲ့မိတော့တယ်။ ဒီဆေးဝါးတွေရဲ့ အကျိုးကျေးဇူးနဲ့ ဖြစ်နိုင်တဲ့ အန္တရာယ်အကြောင်း သင့်မြတ်မှန်ကန်တဲ့ အသိပညာတွေကို အားကစားသမားတွေ နားလည်အောင် ကျွန်တော် ကြိုးစားတော့မယ်။
    ဒီဆေးတွေ သုံးစွဲတဲ့အတွက် ရမယ့်အကျိုးနဲ့ ဆိုးရွားတဲ့ ဆုံးရှုံးမှုတွေကို အားကစားသမား တွေ ချင့်ချိန်စဉ်းစားပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်တာကို တွေ့ရအောင် ကျွန်တော် ကြိုးစား တော့မယ်။
    အဲဒီအချိန်အထိ၊ အင်နာဘိုလစ်၊ စတီရွိုက်ဆေးတွေမှာ ကောင်းတာလည်း နည်းနည်းပါးပါး တော့ ရှိရမယ်ဆိုတဲ့ အ ကြောင့် ပုံမှန်ထွားကျိုင်းမှုနဲ့ လိင်တိုးတက်ရင့်ကျက်မှုဖြစ်စဉ်အကြောင်း တွေတော့ စာအုပ်ထဲမှာ နည်းနည်းပါးပါး ထပ်တွေ့ခဲ့တယ်။ ဒါပေမယ့် ပြင်ပမှာ ထုတ်လုပ်ထားတဲ့ ဆင်သက်တစ်ဟိုမုန်း (Synthetic Homones) တွေကို ကိုယ်ခန္ဓာအပြင်ပမှ ထိုးသွင်းပေးလိုက်ရင် ဘယ်လိုဖြစ်လာသလဲဆိုတဲ့အကြောင်းကို ကျွန်တော်ဘာမှ မသိခဲ့ဘူး။ ကျွန်တော့် သုတေသန မပြီးခင်မှာ ကျွန်တော်ဟာ စတီရွိုက်နဲ့ ပတ်သက်တဲ့ သိပ္ပံဆောင်းပါး (၈၀၀)နီးပါးကို ကျွန်တော် ဖတ်ခဲ့ပြီးပြီး။ ကရင်းဗေဒ ဘာသာရပ်ဟာ အကျယ်ပြန့်သေးဘဲ နုဆဲအဆင့်မှာပဲ ရှိသေးပုံကို ကျွန်တော် သိခဲ့ရတယ်။ အင်နာဘိုလစ်၊ စတီရွိုက်ဆေးပြားများ၏ လုပ်ဆောင်ပုံကို အပြည့်အ၀ နားလည်နိုင်ရန်အတွက် သုတေသနများစွာ ဆက်လက်လုပ်ရန် လိုသေးတယ်။ ကျွန်တော်ဟာ စာကြည့်တိုက်ထဲမှာပဲ အချိန်ကုန်မခံခဲ့ပါဘူး။ အင်နာဘိုလစ်၊ စတီရွိုက်ကို မည်သည့်အခါတွင် သုံးစွဲကြသနည်း၊ မည်သူတွေ သုံးစွဲသနည်း၊ အဘယ်ကြောင့် သုံးစွဲကြသနည်း၊ မည်မျှ သုံးစွဲသနည်း၊ ပူးတွဲအာနိသင်များ မည်မျှများပြားစွာ ဖြစ်ပေါ်ခဲ့သနည်း။ အားကစားသမားများ အနေဖြင့် မည်ကဲ့သို့ ခံစားရသနည်း။ သုံးစွဲမှုကို ထိန်းချုပ်ရန် မည်ကဲ့သို့ ဆောင်ရွက်နေသနည်း စသည့် မေးခွန်းများကို သုတေသနပြုလုပ်ရန်အတွက် လူ (၉၀၀)ကျော်ကို လူတွေ့မေးမြန်းခြင်း များ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလူတွေထဲမှာ အားကစားသမားများ၊ နည်းပြဆရာများ၊ လေ့ကျင့်ရေးမှူး များ၊ အားကစား အုပ်ချုပ်ရေးတာဝန်ခံများ၊ အားကစားအသင်း ဆေးမှူးဆရာဝန်များ၊ ဆေးဝါး ထုတ်လုပ်သူများနှင့် အင်ဒိုကရင်းဗေဒပါရဂူများ ပါဝင်ခဲ့ပါတယ်။

    အင်နာဘိုလစ်၊ စတီရွိုက်ဆေးဝါး သုံးစွဲပုံအကြောင်းကို မေးရအောင်နဲ့ ဆေးဝါးသုံးမှု အတွက် ကျွန်တော်ရဲ့ ပူပင်သောကကို ပြောပြရအောင် အားကစားသမားတွေကို ကျွန်တော် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ သူတို့ဘက်ကလည်း “ဆရာ ကျွန်တော်တို့အခြေအနေ ဟန် မဟန် ဘယ်လိုလုပ်သိနိုင်မလဲဆရာ” လို့ ပြန်မေးတတ်ကြပါတယ်။ တချို့အားကစားသမားတွေရဲ့ ရည်းစားမလေးတွေကလည်း ကျွန်တော့်ကို ဖုန်းဆက်ပြီး သူတို့ကောင်လေးတွေကို စတီရွိုက် မသုံးစွဲအောင် ဆွဲထုတ်ပေးပါလို့ တောင်းပန်ခဲ့ကြတယ်။ သုံးစွဲတဲ့သူတွေကလည်း လူငယ်တွေ ဖြစ်နေကြတယ်။ အများစုက ကိုယ့်နည်းကိုယ့်ဟန်နဲ့ သိုသိုသိပ်သိပ်လေး သုံးစွဲနေပုံရပေမယ့် ရေရှည်ကျတော့ ဗဟုသုတခေါင်းပါးမှုကြောင့် ကြောက်လန့်စရာ ဖြစ်လာတယ်။ လူငယ်အားကစား သမားတွေဟာ ဆေးဝါးတွေကို ကိုယ့်စဉ်းစားဥာဏ်နဲ့ပဲ ဆုံးဖြတ် အသုံးပြုနေကြတယ်။ ဒီတော့ ကျွန်တော် ရှာဖွေလေ့လာသိရှိထားတာတွေကို ပြောပြမှဖြစ်တော့မယ်။ ကျွန်တော် ဒီစာအုပ်ကို ရေးချင်တဲ့အတွက် ကျွန်တော့် ဆေးပညာဆည်းပူးမှုကာလကိုတောင် ရွေ့ဆိုင်းယူခဲ့ရတယ်။ စာကြည့်တိုက်ထဲက ရှာဖွေမှတ်သားခဲ့တဲ့ အထပ်လိုက်မှတ်စုများ၊ ကျွန်တော်ပြုလုပ်ခဲ့တဲ့ ရာပေါင်း များစွာသော တွေ့ဆုံမေးမြန်းချက်မှတ်စုများ၊ စုဆောင်းထားတဲ့ သတင်းစာဖြတ်ပိုင်းများကို ကျွန်တော် ဆွဲထုတ်ရေးသားခဲ့ရပါပြီ။


    ကျွန်တော်၏ ရည်ရွယ်ချက်မှာ အားကစားသမားများအား အသိပညာပေး နိုးကြွစေပြီး အားကစားပြိုင်ပွဲများကို ခြောက်လှန့်လျက်ရှိပြီး တစ်ကမ္ဘာလုံးရှိ လူငယ်အားကစားသမားများ၏ ကျန်းမာရေးနှင့် အသက်ကို အန္တရာယ်ပြုလျက်ရှိသော ဘေးအန္တရာယ်ရှိ ဆေးဝါးများအကြောင်းကို အားကစာသမားများ၏ မိသားစုများကို သတိပေးရန် ဖြစ်ပါတော့တယ်။ အခုဖော်ပြ ပေးလိုက်တဲ့ ဖြစ်စဉ်လေးက တကယ်ဖြစ်ရပ်တစ်ခုပါ အောင်မြင်ချင်မှု တစ်ခု အတွက် မိမိဧ။် အသက်အန္တရာယ်ဘေးကို မသိလို့လား သိလျက်နဲ့များ ဇွတ်တိုးတဲ့ ပိုးဖလံ လိုလူမျိုးလား ဆိုတာတော့ စာဖတ်သူ ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ။ သင်သည်လည်း ကာယဗလ လိုက်စားသူ တစ်ယောက်ဆိုရင်တော့ တိုးတက်ဖို့အတွက် ဇြတ်လမ်းကနေ တားမြစ်ဆေးဝါး သုံးခြင်း မတော်တရော် နည်းလမ်းများသုံးခြင်း ကို ရှောင်ရှားပါ ၊ လေ့လာပါ တတ်သိနားလည်သူများဧ။် လမ်းညွှန်မှုကိုခံယူပါ Natural Bodybuilder တစ်ယောက်ကို အားကျပါ ၊ အတုယူပါ မိမိသည် Bodybuilder တစ်ယောက်ဆိုလျင် ကိုယ်ခန္ဓာကို အကောင်းဆုံးနှင့် သဘာဝ ကျကျ တည်ဆောက်ပါ အလျင်အမြန်နှင့် မတည်ဆောက်ပါနှင့် တစ်ဆင့်ချင်းသွားပါ တစ်နေ့ ဖြစ်လာပါမည်။ မိမိခန္ဓာ ကိုယ်ကို မိမိ ကိုယ်တိုင် မဖျက်စီးမိပါစေနှင့်။ အရရာသည် မိမိ ဧ။် ဆုံးဖြတ်ပိုင်ခွင့်အပေါ် မူတည်နေပါသည် မှန်ကန်သော ဆုံးဇြတ်ချက်ဖြင့် ကာယလေ နယ်ပယ်တွင် အန္တရာယ်ကင်းစွာ လျှောက်လှမ်းပါလို့ တိုက်တွန်းရင်း ချန်ပီယံ ဒိုရီယန်ရီတ်စ် ဧ။် သတိပေးစကား တစ်ခွန်း နှင့် အဆုံးသသတ်လိုက်ပါတယ် ။


If You want to be like Kevin levrons ,Flex Wheeler ,me or any other bodybuilder competing today. Do not do what we are doing today . do what we did 30 years That is what got us to where we are today.

တင်ဆက်သူ---အောင်အောင်
email---aungaung.aung24@gmail.com
http://muscleprofessor.blogspot.com/

2 comments:

  1. ကိုအောင်အောင်ရေ-ကျွန်တော်ဖတ်ဖူးသမျှခင်ဗျားဆောင်းပါးတွေထဲမှာဒီဆောင်း
    ပါးကအကောင်းဆုံးပဲဗျ။ကျွန်တော့်အတွက်တောင်သိပ်ဗဟုသုတဖြစ်စေပါတယ်။
    နောက်ပြီအရေးအသားကလည်းဖလားပဲဗျ။ဒီလောက်နဲ့ တော့မကျေနပ်နိုင်သေး
    ဘူးဗျ။ပထမ၊ဒုတိယနှစ်ပိုင်းလုံးကိုတွဲပြီးပုံတွေပြောင်းပြီးစာအုပ်အဖြစ်တင်မယ်
    ဗျာ။အဲဒါမှခင်ဗျားရဲ့ ပထမဦးဆုံးသော၊အထူးခြားဆုံးသောစာအုပ်ဖြစ်သွားမယ်
    ထင်တယ်ဗျ။
    လေးစားလျက်---
    နိုင်ဦး---၁၁၉

    ReplyDelete
  2. အရမ်းကို မိုက်တယ် အကိုရာ ကိုနိုင်ဦး ပြောသလို သိပ်ဗဟုသုတ ရစေပါတယ်။ စာအုပ်အဖြစ်တင်မယ်ဆိုတော့ ပိုကောင်းတာပေါ့ ပရင့်ထုတ်ပြီး ဂျင်မ် မှာ ပေးဖတ်ရမယ်ဗျ။ လက်တည့်စမ်းချင်သူတွေရှိတယ်လေ။ မျှော်နေမယ်ဗျာ စာအုပ်ကိုလည်း အကိုတို့ ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။

    ReplyDelete