arial" action="like" colorscheme="light">

Sunday, March 3, 2013

စံချိန်တင်တဲ့ငွေရတုအာနိုးကလပ်စစ်ပြိုင်ပွဲ

ပရော်ဖက်ရှင်နယ်ကာယဗလအားကစားပြိုင်ပွဲများတွင်မောင်အိုလံပီယာပြိုင်ပွဲပြီးလျင်ဒုတိယအဆင့်
အမြင့်ဆုံးဖြစ်သောအာနိုးကလပ်စစ်ပြိုင်ပွဲသည်ကမ္ဘာတစ်ဝှမ်းမှကာယဗလ၀ါသနာအိုးများအဖို့ 
မျှော်တလင့်လင့်၊စောင့်ကြည့်နေရသောပြိုင်ပွဲဖြစ်သည်။မောင်အိုလံပီယာခုနှစ်ထပ်ကွမ်းအာနိုး
မတည်ကျင်းပပေးခဲ့သောထိုအာနိုးကလပ်စစ်ပြိုင်ပွဲသည်ယခုဆိုလျင်နှစ်ဆယ့်ငါးနှစ်မြောက်ငွေရ
တုပင်တိုင်ခဲ့ပေပြီ။ယခုနှစ်ပြိုင်ပွဲချန်ပီယံဒက်တာဂျက်ဆင်အဖို့လည်းယခင်ကဖလက်စ်ဝှီးလားတင်ခဲ့
သောအာနိုးကလပ်စစ်ချန်ပီယံဆုလေးကြိမ်၊တစ်ဦးတည်းပိုင်ရှင်စံချိန်ကိုချိုးကာသူသည်လည်း
ထိုကဲ့သို့ ပင်အာနိုးကလပ်စစ်လေးကြိမ်ချန်ပီယံဆုကိုပိုင်ဆိုင်သူဖြစ်လာခဲ့ခြင်းဖြစ်သည်။
ဆုရရှိသူစာရင်းမှာအောက်ပါအတိုင်းဖြစ်ပေသည်။

1-ဒက်တာဂျက်ဆင်
2-ဘင်ဂျမင်ပေါ်လ်စကီး
3-တိုနီဖရီးမင်း
4-ဂျွန်နီဂျက်ဆင်
5-ဟီဒီတာဒါယာမာဂီရှီ
6-စီဒရစ်မက်မီလန်
7-ဖရက်ဒ်စမော်လ်
8-အဒ်ဝပ်နန်း
9-ဒယ်ရင်ချာလ်း
10-ဖိုးဝ်အဘိဘ် စသည်တို့ ဖြစ်သည်။
ဆုကြေးငွေများမှာ-
ပထမ-ဒေါ်လာ-130000
ဒုတိယ-ဒေါ်လာ-75000
တတိယ-ဒေါ်လာ-50000
စတုတ္ထ-ဒေါ်လာ-30000
ပဉ္စမ-ဒေါ်လာ-15000
ဆဌမ-ဒေါ်လာ-10000
ကြွက်သားအကောင်းဆုံးဆု-ဘင်ဂျမင်ပေါလ်စကီး
ကိုယ်ဟန်ပြအကောင်းဆုံးဆု-ဒေါ်လာ-10000 ဖရက်ဒ်စမော်လ်

1-ဒက်တာဂျက်ဆင်

ပြိုင်ပွဲမစတင်မှီကတည်းကအားလုံးကနံပါတ်တစ်ပေးထားသည့်အတိုင်းပင်သူချန်ပီယံဖြစ်လာခဲ့သည်။
ဘရန့် ခ်ျဝါရန်၊ဗစ်တာမာတီးနက်စ်၊အီဗန်စင်တိုပီနီ၊ကိုင်ဂရီန်း၊ဒင်းနစ်ဝုဖ်စသည့်နာမည်ကျော်များမပါ
သည့်အတွက်ဒက်တာအတွက်ပွဲချောင်သည်ဟုအများကဝေဖန်ကြသော်လည်း၊ဒက်တာဂျက်ဆင်
သည်ယခုပြိုင်ပွဲကိုထိုက်တန်စွာအနိုင်ရသွားခြင်းပင်ဖြစ်သည်။အသက်လေးဆယ့်သုံးနှစ်ရှိနေသော်
လည်းခန္ဓာကိုယ်ကိုအထူးခြားဆုံးအနေအထားဖြင့်စင်မြင့်ထက်ပေါ်တွင်တင်ဆက်နိုင်သည့်အတွက်
ဒက်တာချန်ပီယံဖြစ်ရတာတန်သည်ဟုပြောချင်ပါသည်။
2-ဘင်ဂျမင်ပေါ်လ်စကီး




အားနည်းချက်ဖြစ်သည့်ကျောပြင်ကိုအကောင်းဆုံးပြုပြင်နိုင်ပြီးနောက်ယခုနှစ်ပြိုင်ပွဲတွင်တိုးတက်မှုများ
စွာဖြင့်ဒုတိယနေရာရယူနိုင်ခဲ့သူပေါ်လ်ကိုတော့လူအများကြိုက်နှစ်သက်ခဲ့ပေသည်။ထို့ အပြင်လူမသိ
သည့်ပေါ်လ်၏ထူးခြားချက်တစ်ခုမှာပြိုင်ပွဲမစတင်မှီ 24-နာရီအလိုကတည်းကအပြင်းအထန်ဖျားနေခဲ့
ပြီးမည်သည့်အဖတ်မှမစားဘဲစင်ပေါ်တက်လာခဲ့သော်လည်းသူ့ ခန္ဓာကိုယ်သည်လုံးဝမသိသာခဲ့ခြင်း
ပင်ဖြစ်သည်။သူလည်းထိုက်တန်စွာဒုတိယနေရာရခဲ့ခြင်းပင်ဖြစ်သည်။
3-တိုနီဖရီးမင်း


အသက်လေးဆယ့်ခြောက်နှစ်အရွယ်တိုနီဖရီးမင်းသည်လည်းအဖက်ဖက်မှတိုးတက်လာသည့်အနေအထား
အပြင်သူ့ ရာဇ၀င်တွင်အကောင်းဆုံးအနေအထားတမျှတင်ဆက်နိုင်သည်ဟုပင်ယူဆရမည်ဖြစ်
သည်။ပရိတ်သတ်အတော်များများကသူ့ ကိုဒုတိယနေရာအတွက်လျာထားကြသော်လည်းတတိယနှင့်
သာနှစ်သိမ့်လိုက်ရသူဖြစ်သည်။
4-ဂျွန်နီဂျက်ဆင်


တက္ကဆက်မှလူသန်ကြီးဂျွန်နီဂျက်ဆင်သည်လည်းအကောင်းဆုံးအနေအထားဖြင့်ယှဉ်ပြိုင်သွားခြင်း
ဖြစ်သည်။အကယ်၍သာသူ၏ပေါင်များသည်ခန္ဓာကိုယ်အပေါ်ပိုင်းနှင့်တွဲဖက်ညီခဲ့မည်ဆိုပါက၊ချန်ပီယံ
ပင်ဖြစ်နိုင်သူဖြစ်သည်။
5-ဟီဒီတာဒါယာမာဂီရှီ


ဂျပန်ဆာမူရိုင်းယာမာဂီရှီကတော့ပြိုင်ပွဲမတိုင်မှီရက်အနည်းငယ်အလိုတွင်လက်ကောက်ဝတ်ဒဏ်ရာ
ရရှိခဲ့သော်လည်း၊သူပြိုင်ခဲ့သော်သက်တမ်းတစ်လျောက်ယခုပြိုင်ပွဲ၏ရလာဒ်ကားအမြင့်ဆုံးဖြစ်သည်။
6-စီဒရစ်မက်မီလန်


နယူးယောက်ပရိုချန်ပီယံဟောင်း၊ဒုတိယလီဟေးနီဟုတင်စားခံရသူမက်မီလန်အတွက်မူယခုပြိုင်ပွဲ
၏ရလာဒ်ကားမတရားသလိုဖြစ်နေပေသည်။မာဆယ်ကွာလတီအနည်းငယ်လျော့နေသောကြောင့်
အကောင်းဆုံးအနေအထားမရှိသေးသောမက်မီလန်သည်ဆင်ပိန်လျင်ကျွဲလောက်ကျန်သည်ဟူသော
စကားအတိုင်းအားလုံးကသူ့  ကိုအနိမ့်ဆုံးအဆင့်လေးလောက်သတ်မှတ်ထားကြသော်လည်းဒိုင်များ
ကသူ့ ကိုအဆင့်ခြောက်ဖြင့်သာကျေနပ်စေလိုက်ခြင်းဖြစ်သည့်အတွက်ပရိတ်သတ်များရလာဒ်ကိုဝေ
ဖန်ကြ၏။
ယခုနှစ်အာနိုးကလပ်စစ်ပြိုင်ပွဲသတင်းအနှစ်ချုပ်ကိုပြိုင်ပွဲပြီးလျင်ပြီးချင်းကြိုးစားတင်ဆက်လိုက်ခြင်း
ဖြစ်ပါသည်။မကြာမှီဓါတ်ပုံ၊ဗီဒီယိုများကိုလည်းတင်ဆက်ပေးပါမည်။


လေးစားလျက်----
နိုင်ဦး----119
Email---intensemuscle@gmail.com
Email---muscleprofessor@gmail.com
Email---myanmarfitnesstrainer@gmail.com
www.myanmarfitness.com

1 comment:

  1. ဗဟုသုတရတယ်ဗျာ ကိုနိုင်ဦး.... ဓါတ်ပုံ ဗီဒီယိုတွေလည်း မျော်နေပါ့မယ်...

    ReplyDelete