arial" action="like" colorscheme="light">

Tuesday, April 16, 2013

ဂွဒ်ဘိုင်မစ္စတာဂျိုးဝီဒါ

 
 ကမ္ဘာ့ကာယဗလလောက၏ဖခင်၊ကာယဗလနှင့်ကြံ့ခိုင်မှုအားကစားလောက၏အင်ပါယာပြည့်ရှင်၊
မိမိ၏အိပ်မက်ကိုအကောင်အထည်ဖော်ပြီးကမ္ဘာ့လူသားများကိုအကျိုးအပြုဆုံးသူဟုတင်စားခေါ်
ဝေါ်ကြသည့်ကျွန်တော်တို့ ချစ်မြတ်နိုးသောကာယဗလအားကစားကိုအားကစားတစ်ရပ်အဖြစ်၊ကမ္ဘာ
ပေါ်တွင်ထင်ရှားအောင်စွမ်းဆောင်ပေးခဲ့သည့်၊ဂျူးလူမျိုး၊အပြည်ပြည်ဆိုင်ရာကာယဗလအဖွဲ့ ချူပ်
(IFBB)ကိုတည်ထောင်ခဲ့သူ၊မောင်အိုလံပီယာပြိုင်ပွဲ၏ဖန်တီးရှင်မစ္စတာဂျိုးဝီဒါသည်၊2013-ခုနှစ်၊
မတ်လ၊23-ရက်နေ့ ၊အသက်(၉၃)နှစ်အရွယ်တွင်ကွယ်လွန်သွားခဲ့ခြင်းပင်ဖြစ်သည်။

ဂျိုးဝီဒါသည်သာမာန်လူသားတစ်ယောက်အဖြစ်သာမွေးဖွားခဲ့သော်လည်း၊လူသာမာန်အဖြစ်သေဆုံးခဲ့
ခြင်းမျိုးမဟုတ်ပါ။သူ့ ကြောင့်ကမ္ဘာပေါ်တွင်အားကစားနည်းတစ်ရပ်အသက်ဝင်ထင်ရှားလာခဲ့ခြင်း၊
သန်းပေါင်းများစွာသောလူများ၏ဘ၀ကိုပြောင်းလဲစေခဲ့ခြင်းနှင့်အညတရများစွာကိုအထင်ကရများ
အဖြစ်သို့ ပို့ ဆောင်ပေးခဲ့သောဂျိုး၏စွမ်းဆောင်မှုများကိုအစားထိုးနိုင်မည့်သူမရှိပါ။ဂျိုးကွယ်လွန်ပြီး
နောက်လာမည့်အနာဂါတ်တွင်မောင်အိုလံပီယာပြိုင်ပွဲများနှင့်ကာယဗလအားကစားအပေါ်မည်သို့ 
အပြောင်းအလဲများဆိုက်ရောက်လာမည်ကိုစောင့်ကြည့်ရန်သာရှိပါသည်။

ယခုခေတ်တွင်လူအများကမောင်အိုလံပီယာများကဲ့သို့ ခန္ဓာကိုယ်မျိုးများနှင့်စာလျင်ကျန်းမာကြံ့ခိုင်
သောပုံစံမျိုးကိုသာနှစ်သက်လက်ခံလာကြသည့်အပြင်မောင်အိုလံပီယာများ၏ဆိုးကျိုးများသော၊
စတီးရွိုက်အသုံးပြုမှုကိုလည်းဝေဖန်ကန့် ကွက်လာကြသည့်အတွက်၊မားမားမတ်မတ်ဦးဆောင်မည့်
သူမရှိပါကမောင်အိုလံပီယာပြိုင်ပွဲများတိမ်ကောသွားစရာအကြောင်းရှိပါသည်။ထို့ အပြင်ယခုလက်ရှိ
ကမ္ဘာပေါ်တွင်လည်း၊တားမြစ်ဆေးဝါးများမသုံးသည့် Natural Bodybuilding နှင့် Men physique
ပြိုင်ပွဲများကိုအဖွဲ့ ချုပ်များအသီးသီးထူထောင်ပြီး၊အမည်အမျိုးမျိုးနှင့်ကျင်းပလာသည့်အပြင်၊ဆုကြေး
များ၊စပွန်ဆာများကလည်းမက်လောက်စရာဖြစ်သည့်အပြင်ပြိုင်ပွဲဝင်တစ်ဦးဖြစ်ရန်အတွက်ကာယဗလ
မောင်များကဲ့သို့အချိန်များစွာကုန်ရန်မလိုသည့်အတွက်လူအများစိတ်ဝင်စားမှုပိုလာသောကြောင့်မ
ကြာမှီကမ္ဘာကာယဗလအားကစားသည်အသွင်ပြောင်းသွားနိုင်ကြောင်းကိုသုံးသပ်မိပါသည်။

မည်မျှပင်အသွင်ပြောင်းသွားစေကာမူ၊ဤအားကစားသည်ကမ္ဘာတည်သရွေ့ တည်ရှိနေမည်ဖြစ်သလို၊
ဤအားကစား၏ဖခင်မစ္စတာဂျိုးဝီဒါသည်လည်းကာယဗလလိုက်စားသူတိုင်း၏အသည်းတွင်အစဉ်
တည်ရှိနေမည်ဖြစ်ပါကြောင်းနှင့်မစ္စတာဂျိုးဝီဒါသည်လည်းကောင်းရာသုဂတိလားပါစေဟုဆန္ဒပြု
လိုက်ပါသည်။

ဝမ်းနည်းစရာအဖြစ်များမှာယခု2013-ခုနှစ်အစပိုင်းတွင်၊ကမ္ဘာကျော်ကာယဗလချန်ပီယံနှစ်ဦးဖြစ်သည့်
နာဆာအလ်ဆွန်ဘက်တီနှင့်မတ်ဒူဗဲလ်တို့ နှစ်ဦးသည်လည်း၊၄င်းတို့ အသုံးပြုခဲ့သောစတီးရွိုက်ဆေး
များ၏ဆိုးကျိုးကြောင့်ကျောက်ကပ်ပျက်ဆီးကာကွယ်လွန်သွားခဲ့ကြခြင်းပင်ဖြစ်သည်။ဤသတင်းများ
ကိုကျွန်တော်အချိန်နှင့်တပြေးညီတင်ပြလိုသော်လည်းအကြောင်းအမျိုးမျိုးကြောင့်ကျွန်တော်စာမရေး
ဖြစ်သည့်အတွက်ယခုကဲ့သို့ ကြန့် ကြာနေခြင်းဖြစ်ပါသည်။မကြာမှီတွင်ဂျိုးဝီဒါ၏သီအိုရီများ၊ဘ၀ဇာတ်
ကြောင်းများကိုလည်းအလျဉ်းသင့်သလိုတင်ပြပေးသွားပါဦးမည်။

လေးစားလျက်----
နိုင်ဦး---၁၁၉
Email---intensemuscle@gmail.com
Email---muscleprofessor@gmail.com
Email---myanmarfitnesstrainer@gmail.com
www.myanmarfitness.com

No comments:

Post a Comment