ကာယဗလနှင့်ကြံ့ခိုင်မှုကိုလေ့လာလိုက်စားသူတိုင်းဂရုပြုမိသည့်အချက်တစ်ခုမှာကာဗိုဟိုက်ဒရိတ်များ
သည်ကိုယ်တွင်းမှအင်ဆူလင်ထွက်ရှိစေသည်ကိုသိပြီးသားဖြစ်သော်လည်းပရိုတိန်းသည်ကိုယ်တွင်း
တွင်အင်ဆူလင်အချို့ ထွက်စေသည်ဟုဆိုပါကယုံပါသလား။ပရိုတိန်းသည်အင်ဆူလင်နှင့်ဆန့် ကျင်
ဖက်ဂလူကာဂွန်ဟိုမုန်းကိုထွက်စေသော်လည်းအင်ဆူလင်ထွက်စေသည်ဟုဆိုပါကမယုံနိုင်ဟုဆိုလျင်
သက်သေပြပါမည်။
ဤသည်ပရိုတိန်း၏မြောက်များစွာသောအကျိုးကျေးဇူးများထဲမှတစ်ခုဖြစ်သည်။ပရိုကထွက်စေသော
အင်ဆူလင်သည်သွေးတွင်းမှအချိုဓါတ်ကိုမတိုးစေရုံသာမကတက်မလာအောင်လည်းထိန်းညှိပေးနိုင်
ပါသေးသည်။2012-ခုနှစ်မတ်လထုတ်၊Prevention ဂျာနယ်ထဲတွင်အောက်ပါအတိုင်းဖော်ပြထားသည်
ကို“Even though protein contains no glucose, ittriggers a ‘first-phase insulin response’
that occurs so fast, it keeps your blood sugarfrom rising as high later—and reduces
the total amount of insulin you need to handle a meal.” အထောက်အထားအနေနှင့်တင်ပြ
ပေးလိုက်ပါသည်။
တင်ဆက်သူ----
နိုင်ဦး---119
Email-intensemuscle@gmail.com
Email-muscleprofessor@gmail.com
www.myanmarfitness.com