arial" action="like" colorscheme="light">

Monday, June 1, 2015

လူတိုင်းကစားသင့်တဲ့ burpee

ယခုတင်ပြပေးမည့်လေ့ကျင့်ခန်းသည်၊လေ့ကျင့်ရလွယ်ကူပြီးကျားမ၊အသက်အရွယ်မရွေး၊လေ့ကျင့်နိုင်သလို
ခန္ဓာကိုယ်အစိတ်အပိုင်းအတော်များများကိုထိရောက်စေပြီး၊ကယ်လိုရီလောင်ကျွမ်းမှုလည်းများစေသော
Bodyweight exercise ကောင်းတစ်ခုဖြစ်သည်။ဤလေ့ကျင့်ခန်းကိုလေ့ကျင့်ရမည့်နည်းစနစ်အမှန်ကိုသိ
လိုပါက၊Youtube ပေါ်တွင်အလွယ်တကူရှာဖွေကြည့်ရှုနိုင်ပြီး၊ကမ္ဘာ့ fitness နယ်ပယ်တွင်အလွန်ပေါ်ပြူလာဖြစ်သောလေ့ကျင့်ခန်းဖြစ်သည်။
လေ့ကျင့်ရမည့်နည်းစနစ်မှာ-
-ပထမဦးစွာမတ်တပ်ရပ်ပါ။ထို့ နောက် squat(ထိုင်၊ထလုပ်သည့်အနေအထား)သို့ ထိုင်ချပါ။
-ထိုအနေအထားမှတဆင့်ဒိုက်ထိုးသည့်အနေအထားသို့ ၊ရောက်အောင်ခြေထောက်များကိုအနောက်သို့ 
ပစ်ပြီးဝပ်ချပါ။
-ထိုအနေအထားမှတဆင့်ခြေဖျားများကိုခန္ဓာကိုယ်အရှေ့ ဖက်သို့ ဆတ်ကနဲဆွဲယူလိုက်ပါ။ထိုအနေအထား
သည်ထိုင်၊ထလုပ်သည့်အနေအထားသို့ ရောက်ရှိသွားမည်ဖြစ်ပြီးထိုမှတဆင့်ဆတ်ကနဲ မတ်တပ်ရပ်လိုက်
ပါ။
ဤလေ့ကျင့်ခန်းသည်၊ပြုလုပ်ရလွယ်ကူသော၊ရိုးရှင်းသောလေ့ကျင့်ခန်းကောင်းတစ်ခုဖြစ်သည်။အကယ်၍
များစာဖတ်သူမှနားမလည်ပါက၊ကျွန်တော်နိုင်ဦး-၁၁၉၏တင်ပြပုံညံ့ဖျင်းခြင်းသာဖြစ်သည်။ထို့ ကြောင့်ဤလေ့ကျင့်
ခန်းကိုမလေ့ကျင့်မှီသရုပ်ပြဗီဒီယိုကိုတစ်ခါလောက်တော့ကြည့်ဖြစ်အောင်ကြည့်စေချင်ပါသည်။သို့ မှသာစနစ်တကျလေ့ကျင့်နိုင်ပြီးဤလေ့ကျင့်ခန်း၏အကျိုးကျေးဇူးကိုအပြည့်အ၀ရမည်ဖြစ်သည်။
ဤလေ့ကျင့်ခန်းကိုလေ့ကျင့်ခြင်းအားဖြင့်ထိရောက်မည့်ကြွက်သားအစိတ်အပိုင်းများသည်ယေဘူယျအားဖြင့်
ခန္ဓာကိုယ်တစ်ခုလုံးကိုထိရောက်စေသည့်အတွက်အသေးစိတ်တခုချင်းမတင်ပြတော့ပါ။ထိရောက်သော
အစိတ်အပိုင်းများကိုပုံတွင်မြှားပြစာတန်းထိုးတင်ပြထားပါသည်။burpee လေ့ကျင့်ခန်းသည်အခြေခံအ
ဆင့်လွန်ကစားသမားတိုင်းကစားနိုင်သော်လည်း၊စနစ်တကျလေ့ကျင့်ပါကခက်ခဲပင်ပန်းသည့်အတွက်
နှလုံးကျန်းမာသန်စွမ်းစေနိုင်သည့် cardio exerciseလည်ဖြစ်ပါသည်။
လေးစားလျက်-
နိုင်ဦး-၁၁၉

No comments:

Post a Comment