arial" action="like" colorscheme="light">

Thursday, December 27, 2012

လီဟေးနီညွှန်ပြသောအောင်မြင်မှုလမ်းကြောင်းလေးများ



ကျွန်တော်တို့ ယနေ့ လေ့လာ လိုက်စားနေသော ကာယဗလ အားကစား သည် အခြားသော အားကစားများနှင့်မတူ အင်မတန်ကို စည်းကမ်းကြီးသော အားကစားတစ်ခု ဟု ဆိုလျင် မှားမည် မထင်ပေ။ ထောင့်စုံမှ အကွက်စေ့အောင် ဟာကွက်မရှိ ပြင်ဆင်လေ့ကျင့်နေထိုင်နိုင်မှ အောင်မြင်သော ကာယဗလ မောင်တစ်ယောက် ဖြစ်လာနိုင်မည်ဟု လီဟေနီ က ဆိုခဲ့သလိုပင် ကာယဗလ မောင်တစ်ယောက် ဖြစ်လာဖို့ ဆိုသာ မလွယ်ကူသလို  ကာယဗလ လေ့ကျင့်ခန်းများကို စည်းစနစ်ကျစွာ လေ့ကျင့်နိုင်ဖို့ ဆိုသည်မှာလည်း များစွာ အရေးကြီးပါသည်။ အာဟာရ ၊ လေ့ကျင့်ခန်း ၊ အအိပ် ၊အနေအထိုင် မည်မျှပင် ဆင်ခြင်စေဦးတော့ ကျွန်တော်တို့ဧ။် ကိုယ်ခန္ဓာကြီးသည်  စိတ်သွားတိုင်း ကိုယ်ပါဆို သကဲ့သို့ အရာရာကို စိတ်ပါလက်ပါ လုပ်နိုင်ဖို့ကလည်း တစ်ဖက်တစ်လမ်းမှ များစွာ အရေးပါသည်မှာ စာဖတ်သူလည်း သိပါသည်။မနုဿလူသားမှန်ရင် အပူမကင်းကြသည်မှာ သဘာဝပါ။ သားသမီးရေး ၊ မိသားစု အရေး ၊ စီးပွားရေး ၊ အချစ်ရေး ၊ အိမ်ထောင်ရေး စသည့် အရေးပေါင်းများစွာကြောင့် ကိုယ်လက်လေ့ကျင့်ခန်းများကို စိတ်ကရှိသော်လည်း ကိုယ်မလိုက်နိုင်သူများရှိသကဲ့သို့ တစ်ခါ တစ်ရံတွင် လူကိုယ်တိုင်က အားလပ်နေသော်လည်း စိတ်မပါလို့ မသွားဖြစ်သည့် နေ့တွေလည်းရှိပါသညထို လူသားများထဲတွင် ကျွှန်တော်တို့လည်း အပါအ၀င်ဇြစ်ပါသည်။ တစ်ခါတစ်ရံ ဂျင်မ်သို့ သွားမည်ြ့ပင်ပြီးခါမှ စိတ်ရှုပ်စရာ အကြောင်းအရာများခေါင်းထဲ ၀င်လာပြီး ပျက်ကွက်ခဲ့ရသည်မှာလည်း ဤ စိတ်ကြောင့်ပင်ဖြစ်သည်။ စိတ်သည် အရာရာကို လွှမ်းမိုးနိုင်သည်မှာ မှန်ပေသည်။ ထို သို့သော မကောင်းသည့် စိတ်များသည် တစ်ခါတစ်ရံဆိုလျင် ဘာမှ မဖြစ်သာသော်လည်း အစရှိအနှောင်နှောင် ဆိုသလိုပင် ပျင်းရီသည့် စိတ်ကြီး စွဲလမ်းသွားပါက မကောင်းပေ။ထို့သို့ သော စိတ်မျိုးသည် မမွေးမြူ ထားသင့်သည် အရာဖြစ်သည်ကို (၈)ထပ်ကွမ်း  လီဟေနီ ဧ။် ဂျင်မ် သွားရန် စိတ်မပါ ဖြစ်နေသူများ တစ်နည်းအားဖြင့် လေ့ကျင့်ခန်းလုပ်ရမည့်နေ့တွင် စိတ်လေနေသူများကို လမ်းညွှန်မှုပေးထားသည့် ဆောင်းပါးတစ်ပုဒ်ကို ကျွန်တော် လေ့လာမိသလောက် ဗဟုသုတ အတိုအထွာများမှ တစ်ဆင့် ဖြန့်ဝေလိုက်ပါသည်။
                                      
ကော်ဖီတစ်ခွက်သောက်လိုက်ပါ

          ကော်ဖီတစ်ခွက်သည် သင့်ကို ဂျင်မ်ထဲ ရောက်အောင် ကူညီနီုင်သည်ဆိုလျင် သင်ယုံပါသလား။ မယုံမရှိပါနှင့် ကော်ဖီသည် သင်ဧ။် လေးလံနေသော စိတ်ဓာတ်ကို နှိုးကြားတက်ကြွလာအောင် စွမ်းဆောင်နိုင်သကဲ့သို့ သင်ဧ။်လေ့ကျင့်ခန်း အပေါ်တွင်လည်း ပါဝါ တက်လာစေမှာ မလွဲဧကန်ပါ။ အလေးကြီးတွေလည်း ကိုင်နီုင်စေမဲ့ စိတ်ဓာတ်မျိုးပေးနိုင်သလို သင်လေ့ကျင့်ခန်းအပေါ်မှာလည်း ကြာကြာလေ့ကျင့်နိုင်တဲ့ ပါဝါ များ အမောခံနိုင်စွမ်းအားတွေ ပေးစွမ်းနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ သင် ဂျင်မ် မသွားခင်လေးကို ကော်ဖီခွက်ကြီးတစ်ခွက်သောက်လိုက်ပါ။ ဒါ ဟာ သင့်အတွက် အကောင်းဆုံး တွန်းအားပေးတဲ့ ဆေးတစ်ခွက်ဆိုလည်း မမှားပါဘူး။



မခံချင်စိတ်လေးမွေးကြည့်ပါ

          ကျွန်တော် ဒီလိုပြောလိုက်လို့ ခင်ဗျားတို့ တစ်မျိုးတော့ မမြင်ကြပါနဲ့လို့ အရင်ဆုံးပြောပါရစေ။ မိမိရဲ့ ဂျင်မ် မှာ လေ့ကျင်နေတဲ့ ကိုယ့်ထက် စီနီယာ ကျသူတွေကို ကြည့်ပြီး သူတို့ရဲ့ တိုးတက်မှု အပေါ်မှာ မခံချင်စိတ်လေးမွေးပြီး ငါလည်း သူတို့လို ဘာလို့ မဖြစ်နိုင်ရမှာလည်း ပခုံးနှစ်ဖက်ကြားက ခေါင်းပေါက်တဲ့လူသားအချင်းချင်းမှာ ငါ အတွက် မဖြစ်နိုင်တာ မရှိစေရဘူးလို့ သဘောထားပြီး သင့်ရဲ့ တွေဝေနေတဲ့ စိတ်တွေကို မေ့လိုက်ပါ။ ချက်ချင်း ဂျင်မ် သွားပြီး အလေးတေါကို ကိုင်လိုက်ပါ ပြီးတော့ စီနီယာတွေကို စိတ်ထဲကနေ စိန်ခေါ်ပြီး လေ့ကျင့်ကြည့်လိုက်ပါ။



စိတ်စွမ်းအားတက်ကြွစေမဲ့ သီချင်းနားထောင်ပါ

          သင်သည် ဂီတကိုလည်း စိတ်ဝင်တစား နားထောင်တတ်သူဆိုလျင် သင်နှင်မကွာ ရှိနေရမှာက နားကြပ်တစ်ခုနဲ့ မီဒီယာပလေယာတစ်ခုပါ။ ဂီတသံစဉ် ခပ်ပြင်းပြင်းနဲ့ ကြားလိုက်တာနဲ့ စိတ်ကို တက်ကြွစေမဲ့ သီချင်းမျိုးကို နားမှာတပ်ပြီး စိတ်ရှုပ်စရာတွေ မေ့လိုက်ပါ သင့်ရဲ့ ဂျင်မ် သွားမဲ့ ခရီးစဉ်မှာ  သူ့ကို မပါမဖြစ် ခေါ်ဆောင်သွားလိုက်ပါ။ ဒါမှမဟုတ် သင့်ရဲ့ ဂျင်မ် မှာ အဆိုပါ သီချင်းမျိုးကို ဖွင့်ခိုင်းလိုက်ပါ။ဂီတ သည်လည်း သင်ဧ။် စိတ်ညစ်ညူးနေမှု ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနီုင်ပါတယ်။







အဆုံးစွန်ထိ စိတ်ကူးယဉ်လိုက်ပါ

စိတ်သည် အရာရာကို ဦးဆောင်သည် စိတ်သွားတိုင်း ကိုယ်ပါသည်လို့ ပြောရလောက်အောင် သင်သည် သင်ဧ။် စိတ်ကို လွတ်လွတ်လပ်လပ် စိတ်ကူးယဉ်လိုက်ပါ။ မဖြစ်နိုင်သည့် အတွေးမျိုးတွေးကြည့်ပြီး မိမိ ကိုယ်ကို စိတ်ကူးယဉ်ကြည့်လိုက်ပါ။ ဥပမာ။  ။ သင်ဧ။် ဂျင်မ် နံရံတွင် ကပ်ထားသော ကာယဗလ မောင်များသည် သင်ဧ။် ပြိုင်ဘက်များ ဖြစ်သည် သင်သည် သူတို့ကို အနိုင်ယူမှ အောင်မြင်မည် ၊ အမှီလိုက်မည် ဆိုသည့် စိတ်မျိုးမွေးပြီး လေ့ကျင့်ကြည့်ပါ။



ဒီနေ့ အလုပ်ကို မနက်ဖြန်မရွှေ့ပါနဲ့

          သင်သည် ယနေ့ ဂျင်မ် သွားချင်စိတ် ဖြစ်ပေါ်နေသည် သို့သော်လည်း မသွားတော့ပဲ မနက်ဇြန်မှသွားမည် ဒီနေ့ တစ်ရက်ပျက်လိုက်တောဘာဇြစ်မှာလည်း ဆိုသည့် အတွေးမျိုးကို သင်ဧ။် အတွေးထဲမှ ထုတ်လိုက်ပါ။ ချန်ပီယံ ဖြစ်လိုသူသည် အများထက် တစ်စက္ကန့် စောနိုင်သမျှ စောနေမှ တော်ကာကျမည်ဟု ကျွှန်တော်က အကြံပေးလိုပါသည်။ သင်ဧ။် အနားယူနေသော အချိန်တွင် အခြား ပြိုင်ဘက်တစ်ယောက်သည်  သင်ကို အနိုင်ယူဖို့ ကြိုးစားနေသည်မှာ ဓမ္မတာ ပင်ဖြစ်သည်။ သင်ဧ။် တစ်နေ့တာ အစီအစဉ်ကို ဘယ်တော့မှ မနက်ဖြန်ကို မပြောင်းပါနဲ့။ သင် ဧ။် ရက်ချိန်းပေးတတ်သော အကျင့်စရိုက်ကပင် သင့်ကို ချန်ပီယံ ဖြစ်ဖို့အတွက်  နှေင့်နှေးစေပြီး သင့်ကို ရက်ချိန်းပြန်ပေးနိုင်သည်ဆိုတာကိုမမေ့ပါနဲ့။


                                         
လူပျင်းတွေကို အားမကျပါနဲ့

           ကျွန်တော် ဆိုလိုသည်ကို သင်သိမည်ထင်ပါသည်။ ဘယ်အရပ်ဌာနေမှာ နေသည်ဇြစ်စေ အဆိုပါ ပုဂ္ဂိုလ်မျိုးများကို သင့် ဘ၀ သက်တမ်း တစ်လျောက်တွင် သင်တွေ့ကြုံလာနိုင်သည်။ ထိုသို့ လူပျင်းမျိုး သည့် မည်သည့် အရာမှ စိတ်မ၀င်စား အိပ်လိုက် စားလိုက်နှင့် ဘ၀ ကို ရည်ရွယ်ချက်မှရှိ မျောလိုက်နေကြသည်ကို သင်လည်း အားကျနေမည် ဆိုလျင် သင် သည်လည်း လူပျင်းစာရင်းဝင် သွားနိုင်သည်။ ထိုသို့သော သူများဧ။် ဇာတ်သိမ်း ကောင်းမကောင်းကို သင့်ထက် ရှေ့က လူဖြစ်သော သင်အထက်လူကြီးများကိုမေးကြည့်ပါ။ ပြီးမှ သင်လည်း လူပျင်း ဖြစ်ချင်သလား၊ မဖြစ်ချင်သလား ဆုံးဖြတ်ပါ။



ကစားဖော် တစ်ယောက်ကို ရှာထားပါ

          ကစားဖော်သည် သင့်ကို ဂျင်မ် မရောက်ရောက်အောင် ဆွဲခေါ်နိုင်သည့် ကစားဖော်မျိုးဆို ပိုကောင်းပါသည်။ အထူးသဇြင့် မိမိထက် ပိုပြီး ဒီအားကစားကို ခရေစီ ဖြစ်သူဆို ပိုကောင်းပါသည်။ ဒါမှသာ သင်ဧ။် စိတ်လေနေသော နေ့မျိုးတွင် အဆိုပါ ကစားဖော်က သင့်ကို စွဲဆောင်ခေါ်ယူနိုင်မည် ဇြစ်သည်။ ထို့သို့  မဟုတ်ပဲ မိမိကဲ့သို့ စိတ်လေနေသော ကစားဖော်ဆိုရင်တော့ သင်အနေနဲ့ နောက်တစ်ယောက်ကို ပြောင်းရှာလိုက်ပါ။ အဘယ်ကြောင့်ဆိုသော် (၂)ယောက်စလုံး စိတ်လေနေပါက ပို ဆိုးသွားနိုင်ပါသည်။



အိပ်စက်ချိန်ကို အပြည့်အ၀ အသုံးချပါ

           အိပ်စက်ခြင်းသည် ဘ၀ဧ။် အခြေခံ အကျဆုံး မရှိမဇြစ် ပြုဖွယ်ကိစ္စတစ်ခု ဟုဆိုလျင်မမှားပေ။ သင်သည့် အိပ်စက်ချိန်ကိုလည်း အကြွေးမတင်ပါစေနဲ့ ။ ထို့သို အိပ်စက်ချိန်မပြည့်ဝခြင်း သည် သင်ဧ။်နက်ဇြန် အတွက် စိတ်ပိုင်းဆိုင်ရာ များအတွက် မကောင်းသော အရာများကို ဆောင်ကျဉ်းပေးနိုင်သည့် တစ်ခုထဲသော အနီးကပ် ရန်သူတစ်ဦး ဖြစ်လာနိုင်သည်။ ကျွှန်တော်တို့သည် ပိုက်ဆံမပေးရစေသာ အိပ်စက်ခြင်းကို အဘယ်ကြောင့် တွန့်ဆုတ်နေကြရပါသလဲ။ မိမိရဲ့ အိပ်စက်ချိန်ကို မိမိကိုယ်တိုင် ဂရုစိုက်သင့်ပါတယ်။ တစ်ညတာ အိပ်စက်ချိန်ကို ဘယ်တော့မှ အပျက်ကွက်ခံပြီး အချိန်မဖြုန်းပါနဲ့ အပိစက်ခြင်းက သင့်ကို ကြီးမားတဲ့ အကျိုးရလဒ်တွေကို ပေးစွမ်းနိုင်ပါတယ်။ အဆိုပါ (၈)ထပ်ကွမ်း လီဟေနီဧ။် အကြံညဏ်ပေး ဆောင်းပါးလေးကို စာဖတ်သူ ဖတ်ရှုပြီး ဂျင်မ် သွားရမှာ မပျင်းပါနဲ့ လေ့ကျင့်ခန်း လုပ်ရမှာ မပျင်းပါနဲ့ (အချိန်ပေးနိုင်သူများ) လို့ ထပ်မံ တိုက်တွန်းလိုက်ပါတယ်။


တင်ဆက်သူ----အောင်အောင်
email---aungaung.aung24@gmail.com

1 comment:

  1. ကိုအောင်အောင်ရေ--အစ်ကို့ ဆောင်းပါးကကျွန်တော့်အတွက်
    ကွက်တိပါပဲဗျာ။ကျေးဇူးပါ။
    နိုင်ဦး---၁၁၉

    ReplyDelete